24/10/2026
“သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ဘယ်လိုဂါရဝပြု လက်ဆောင်နဲ့ကန်တော့ဖို့စဉ်းစားထားတာလဲ”
အဝတ်အစားလား…
စားစရာလား…
ဒါမှမဟုတ် ငွေကြေးနဲ့ကန်တော့မလား…
ကျမကတော့ ဒီနှစ် သီတင်းကျွတ်မှာ
မိဘတွေကို ပစ္စည်းတစ်ခုထက် ပိုတန်ဖိုးရှိတဲ့အရာလေး ပေးဖို့အကြံပြုချင်ပါတယ်
အဲ့ဒါကတော့…
“ကျန်းမာရေးအတွက် ကြိုတင်စီစဉ်ပေးထားတဲ့ အစီအစဉ်လေးတစ်ခုပါ။”
သီတင်းကျွတ်ဆိုတာ
မိဘတွေ၊ ဆရာသမားတွေ ကိုတန်ဖိုးထားရတဲ့လေးစားရသူတွေကို ကန်တော့ကြတဲ့အချိန်အခါသမရလေးဖြစ်ပါတယ်။
တစ်နှစ်မှာ တစ်ခါဂါရဝလက်ဆောင်တွေနဲ့ကန်တော့တာတွေကလည်း ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နည်းလမ်းတွေပါပဲ။
ဒါပေမယ့် ကျမတို့ရဲ့ မိဘတွေ အသက်ကြီးလာတာနဲ့အမျှ
တကယ်လိုအပ်လာတာက
ပစ္စည်းလက်ဆောင်တွေထက် ကျန်းမာရေးအတွက် အကာအကွယ်နဲ့ ကြိုတင်စီစဉ်ထားမှု ဖြစ်လာတတ်တယ်။
ဥပမာ—
မိဘတွေ နေမကောင်းဖြစ်လာတဲ့အခါ
“ဆေးရုံတက်ရရင် ဘယ်လောက်ကုန်မလဲ…”
“ဒီကုန်ကျစရိတ်ကို ဘယ်လိုဖြေရှင်းမလဲ…”
ဆိုပြီး သားသမီးတွေ စိတ်ပူရတာမျိုး မဖြစ်စေချင်ဘူး။
ဒါကြောင့် ကိုယ်တတ်နိုင်တဲ့အတိုင်းအတာနဲ့
မိဘတွေရဲ့ ကျန်းမာရေးအတွက် အစီအစဉ်လေးတစ်ခု ကြိုစီစဉ်ပေးထားမယ်ဆိုရင်—
အဲ့ဒါဟာ သီတင်းကျွတ်မှာ ကန်တော့တဲ့ လက်ဆောင်တစ်ခုထက်ပိုပြီး
“သားသမီးတစ်ယောက်ရဲ့ မေတ္တာနဲ့ တာဝန်ယူမှု” လို့ ကျမမြင်တယ်။
ပြီးတော့ မိဘတွေကို ကန်တော့တဲ့အခါ
“အမေ… အဖေ… ဒီနှစ် သား/သမီးက လက်ဆောင်အနေနဲ့ ဒါလေးပေးချင်တယ်” လို့ ပြောမယ့်အစား—
“အမေတို့ အဖေတို့ ကျန်းမာရေးကောင်းကောင်းနဲ့ အကြာကြီးနေစေချင်လို့ ဒီအစီအစဉ်လေး ကြိုလုပ်ပေးထားတာပါ”
လို့ ပြောနိုင်ရင်…
အဲ့ဒီစကားလေးက မိဘတွေအတွက်
တန်ဖိုးရှိမယ်လို့ ကျမထင်တယ်။
ဒီသီတင်းကျွတ်မှာ
မိဘတွေကို ဘာပေးရမလဲ စဉ်းစားနေတယ်ဆိုရင်…
လက်ဆောင်တစ်ခုအနေနဲ့ပဲ မစဉ်းစားဘဲ
မိဘတွေရဲ့ အနာဂတ်ကျန်းမာရေးအတွက် ဘာတွေကြိုလုပ်ပေးနိုင်မလဲဆိုတာလည်း စဉ်းစားကြည့်ပါနော်။
ဘာလို့လဲဆိုတော့—
ပစ္စည်းတွေက တစ်နေ့ပျက်သွားနိုင်ပေမယ့်
ကိုယ့်မိဘတွေအတွက် ကြိုစီစဉ်ပေးထားတဲ့ မေတ္တာကတော့ အဓိပ္ပါယ်မပျောက်ဘူးလေ။
သီတင်းကျွတ်မှာ မိဘတွေကို ကန်တော့ကြတဲ့အခါ
ပစ္စည်းလက်ဆောင်လေးနဲ့အတူ
ကျန်းမာရေးအတွက် အစီအစဉ်လေးတစ်ခုပါ လက်ဆောင်ပေးကြရအောင်နော်။ ❤️
Don’t copy, please share!
Kay Khine Wint
09696600490
MDRT 2026
Premier Club Member 2026
Financial Services Consultant
AIA Myanmar
Life & Health INSURANCE
#ကျန်းမာရေးအာမခံ
#အသက်အာမခံ