31/03/2024
စျေးရောင်းမယ်ဆိုပီး Page ထောင်ထားတာ
စျေးမရောင်းဖစ်သေးတော့ တင်ချင်တာ ပဲ တင်တော့မယ် နော် ✌
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lone Ma lay, Financial Consultant, Yangon.
31/03/2024
စျေးရောင်းမယ်ဆိုပီး Page ထောင်ထားတာ
စျေးမရောင်းဖစ်သေးတော့ တင်ချင်တာ ပဲ တင်တော့မယ် နော် ✌
ရန်ကုန် to ကျိုက်ထီးရိုးဘုရား
Budget Trip လေး ပြောပြမယ် နော်
ရန်ကုန် မှ့ ကျိုက်ထို ရထားခ - 8000
ရထားပေါ် ထမင်းစားရေသောက် - 4000
ကျိုက်ထို ဘူတာ မှ့ ကင်မွန်းစခန်း - 2000
တောင်တက်ကားခ - 4000
တည်းခိုခန်း/ ၁ရက်စာ ထမင်းဘိုး - 15000
(ကိုယ်တွေက ၁၀ ယောက်ခန်း ၂ရက် မို့ ၂၃၀၀၀ ကုန်ခဲ့ပါတယ် )
တောင်ဆင်းကားခ - 4000
ကတက်ချောင်း/ဘုရား၃ဆူ/ဘူတာ - 4000
( တုတ်တုတ်ဆရာ ဖုန်းနံပါတ် ပေးပါမယ် )
အပြန်ရထားခ - 8000
တစ်ညအိပ် စရိတ် လှူတာ မပါ 49000 ကုန်ပါမယ်
နောက် တစ်ည ထပ် အိပ်လျှင် 15000 ထဲ့ပေါင်းရုံပါ
( ထမင်းဆိုင်တည်းလျှင် )
ရထား လက်မှတ်
ရန်ကုန် ဘက် အထက်တန်းဆို ၃ရက်ကြိုဖြတ်ပါ ရိုးရိုးတန်းဆို ၁ရက်ကြို ဖြတ် ပါ
ရန်ကုန် က အသွားကို မရက် သွားပါ
ဥပမာ ၃ ရက် ၅ ရက် ၁၇ရက် / ၂၁ ရက် အာ့လို မဖြစ် တဲ့ရက်တွေဆို လေအိတ်ရထား ထွက်တာပါ 😁
( လိပ်စာ ကြိုတင်လက်မှတ်များကို ဗိုလ်ချူပ်လမ်း နဲ့ ဆူးလေဘုရားလမ်း လမ်းထောင့် )
🚅ကျိုက်ထို ဘက်ခြမ်း က ဆို ရောက်ရောက်ချင်း ဘူတာ မယ် ပြန်မယ့်နေ့အတွက် နာမည် စာရင်းပေးခဲ့ပါ သူတို့ ဖုန်းနံပါတ် လဲ တောင်းသွားပါ အထက်တန်း လိုချင်လျှင် တဂျီဂျီ ဖုန်းဆက်ပါ 😁 သဘောကောင်းကြပါတယ် ဖုန်းနံပါတ်တော့ရှိတယ် မထည့်ပေးတော့ဘူးးနော်
🥘ရထားပေါ် ထမင်း ကတော့ ပဲခူး မကျော်ခင် ဖက်ထမင်းစားမလား order လိုက်ကောက်ပါတယ် တပွဲ ၃၅၀၀ ပါ ရေသန့်တွေ အလေးခံ မသယ်ပါနဲ့ ရထားပေါ်မယ် ၅၀၀ပဲ ရှိပါတယ် ဘူရားပေါ်မယ်လဲ ၈၀၀ , ၁၀၀၀ ပါပဲ ရထားပေါ်မယ် စားစရာ စုံပါတယ် ၀ယ်စားရင်တော့ ကိုယ်စား ကိူယ်ရှင်းပါ 🤭 💸💸💸
🚎ကျိုက်ထို ဘူတာ ကနေ ကင်မွန်းစခန်း တစ်ယောက် ၂၀၀၀ ပါ အာ့ထက် ပိုမပေးပါနဲ့ ၃၀၀၀ , ၄၀၀၀ တွေ တောင်းတက်လို့ပါ
🚙တောင်တက်ကားက ဂိတ်မယ် စာရင်းပေးလျှင် ကားနံပါတ် ရေးပေးလိုက်ပါတယ် သူတို့ပေးတဲ့ ကားနံပါတ် နဲ့ စီးရတာပါ
🏡တည်းခိုခန်း ကတော့ အရင် တစ်ခေါက်က ရိုးရိုးလေး ၂ မယ် တည်းတာပါ ၂၅ ယောက်အဖွဲ့မို့ Hall ခန်း ၂ခန်းယူပါတယ် အခန်းထဲကကြည့်လျှင်ကို View အရမ်းလှပါတယ် အာ့တုန်းက ၁၀လပ်ုင်းမို့ စျေးက ၁ခန်း ၃သောင်း ပဲရှိပါတယ် ခုတော့ မရပါ ၁၅၀၀၀၀ တောင်းပါတယ် အာ့နဲ့
ရိုးရ်ုးလေး ၁ မယ် တည်းခဲ့ပါတယ် ရေချ်ုးခန်း အိမ်သာ အရမ်းသန့်ပါတယ် အခန်းကတော့ အဆင်ပြေတယ် ဆိုရုံလောက်ပါ သူလဲ လက်ဖက်ရည် ဆိုင် ရှိလို့ View မိုက်ပါတယ် ရင်ပြင်တော်ပေါ် နဲ့တော့ နည်းနည်း လှမ်းပါတယ် ထမင်းဆိုင်တွေဆိုတာပိုဝေးပါ 😁
လူနည်းစု ဆို ထမင်းဆိုင် တည်းပါ ထမင်းဘိုး ၃နပ်စာ အပါကို မှ့ ၁၅၀၀၀ တညိးပါ ရေချိုးလို့လဲရတယ် စောင်ခေါင်းအုံးလဲ ပေးတယ် ပြောပါတယ် အခန်းတော့သွားမကြည့်ဖစ်ခဲ့ပါ
ထမင်း ဆိုင် အ၀စား ၆၀၀၀ ,၇၀၀၀ တွေ များပါတယ်
အရန်ဟင်း နဲ့ စားလျှင် ၂၅၀၀ ပါ
ထမင်းဘိုး စျေးသက်သာချင်လျှင်တော့ လေယာဥ်ကွင်း ၀န်းကျင် မယ်
အ၀စား 3000 / 3500 တွေ ရှိပါတယ် ဆန်တော့သိပ်မကောင်းပေမယ့် စားလို့ဖစ်ပါတယ် ( သန့်ရှင်းမှု့တော့ အားနည်းပါတယ် )
Budget တွက်ပြထားတာပါ ကိုယ်တွေ အဖွဲ့တော့ Budget ဆိုပီးးသွားတာ အပြန် ခွက်ဆွဲခဲ့ရပါတယ်
ဘာ့ကြောင့်ဆို ပိန်ဆေးမြစ် တို့ တောင်ဆိတ်ဆီ တို့ ရထားပေါ် အစားသောင်းကျန်းခြင်းတို့ ကတက်ချောင်း ရေဆာ ရေသောက်တို့ ဘာညာသာရကာတွေ များ တော့ ကုန်တာတော့ တော် တော်လေး ကုန်ပါတယ်
🥴🥴🥴🥴
မချစ်ချစ် နဲ့ ၁၀ယောက်အဖွဲ့ 👭👭👬👬👬