09/28/2026
ကိုဗစ်ကာလ ချေးငွေလိမ်လည်ယူခဲ့မှုများကို IRS နှင့် SBA တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် အရေးယူမည်
===================
အမေရိကန် အစိုးရမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ထုတ်ပေးခဲ့သည့် PPP နှင့် EIDL စီးပွားရေး ချေးငွေများအနက် လိမ်လည်ထုတ်ယူထားသည်ဟု သံသယရှိသော ချေးငွေ ဒေါ်လာ ၂၀၀ ဘီလီယံကျော်ကို အသေးစား စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရေးဌာန (SBA) က ပြည်တွင်းအခွန်များ ဦးစီးဌာန (IRS) သို့ တရားဝင် လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ IRS အနေဖြင့် ချေးငွေလျှောက်ထားစဉ်က SBA သို့ တင်ပြခဲ့သည့် လုပ်ငန်း ဝင်ငွေများနှင့် စာရင်းအမှန်များကို ကွန်ပျူတာစနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ စာရင်းမကိုက်ညီဘဲ ကွဲလွဲနေသည့် ချေးငွေ ပမာဏ ဒေါ်လာ ၁၀၀ ဘီလီယံခန့် စတင် ပေါ်ထွက်လာနေပါတယ်။
အဆိုပါ စစ်ဆေးတွေ့ရှိချက်များအရ IRS ဘက်မှ အခွန်ရှောင်လွှဲမှုများအတွက် အပိုအခွန်နှင့် ဒဏ်ကြေးများအပြင် အခွန်လိမ်လည်မှုဆိုင်ရာ ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဝင် စစ်ဆေးမှုများ စတင်နေပြီ ဖြစ်ပါတယ်။ SBA အကြီးအကဲ Kelly Loeffler နှင့် IRS အကြီးအကဲ Frank J. Bisignano တို့က လုပ်ငန်းဆိုင်ရာ မှတ်တမ်းအကုများဖြင့် မသမာသော နည်းလမ်းသုံးကာ လိမ်လည်ခဲ့သူများကို အမြင့်ဆုံး ဒဏ်ကြေးများအထိ အဆုံးထိ လိုက်လံတောင်းခံ အရေးယူသွားမည်ဟု သတိပေးပြောကြားထားပါတယ်။
ယင်းအပြင် SBA သည် ဒေါ်လာ ၃၉ ဘီလီယံဖိုး လိမ်လည်မှု သံသယရှိသူ ၈၇၀,၀၀၀ အား အမည်ပျက်စာရင်း သွင်းခဲ့ရာ အရင်အရေးယူမှုများနှင့် ပေါင်းလျှင် စုစုပေါင်း ချေးငွေယူထားသူ ၁ သန်းနီးပါး (ဒေါ်လာ ၄၉ ဘီလီယံခန့်) သည် နောက်ပိုင်းတွင် SBA ချေးငွေများနှင့် 8(a) အစိုးရ ကန်ထရိုက် စာချုပ်များ လျှောက်ထားခွင့် လုံးဝ ပိတ်ပင်ခံလိုက်ရပါတယ်။ ထို့ပြင် သံသယဖြစ်ဖွယ် ချေးငွေ ဒေါ်လာ ၂၂ ဘီလီယံကိုလည်း ပြန်လည်ကောက်ခံနိုင်ရေး ဘဏ္ဍာရေးဝန်ကြီးဌာန (Treasury) သို့ လွှဲအပ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
-Loan