05/11/2025
Correction penနဲ့ဖျက်လည်းအဆင်မှမပြေတာ Journal ရိုက်ရမှာပေါ့လို့ 🥺🫶
Commercers is organized with the aim of providing Business Accounting & Management knowledges
05/11/2025
Correction penနဲ့ဖျက်လည်းအဆင်မှမပြေတာ Journal ရိုက်ရမှာပေါ့လို့ 🥺🫶
21/08/2025
ဂျာကြီး - Audit လာရင်ကျွေးဖို့ ဝယ်ထားတဲ့ ကိတ်မုန့်နဲ့ အသီးတွေကဘယ်ရောက်သွားတာလဲ? 😕
မလာဘူးထင်ပြီးကြိတ်ထားသော မိမိတို့ ရုံးအုပ်စု-
27/07/2025
ရှင်းစရာကတော့ရှိကိုရှိပါတယ်။ ဆရာရေ LCCI Class လေးလုပ်ပေးပါ။ စျေးအများကြီးကျလည်း မတတ်နိုင်လို့ပါ။ ဟုတ်ပါပြီ ၃၅၀၀၀ + စာအုပ်လေးလည်းပါမယ်။ မရပါဘူးဆရာရေ။ လျှော့ပါအုံး။ 15000 ဟုတ်ပါပြီ။ စာအုပ်လေးကတော့ ဖြုတ်လိုက်ပါပြီ။ Ebook လေးပေးပါမယ်။
၁၅၀၀၀ ဆိုတော့ အစစ်လား၊ ကျားဖြန့်လား၊ မယုံရင် "အပ်မယ်သေချာရင်" telegram link လေးပေးပါ့မယ်။ အရင် Join ပါခင်ဗျာ ဆိုလို့ Join တယ်။ ပြီးရင်စာမပြန်တော့ဘူး။ Video တွေ ဒေါင်းတယ်ဖြန့်တယ်။ ပြီးမှ မအပ်ဖြစ်တော့ဘူးဆိုပြီးလုပ်ရော။ အဲ့လိုတွေဆိုလည်း သည်းမခံနိုင်ပါဘူးခင်ဗျာ။ Commercers တို့ဟာ ၂၀၂၀ ခုနှစ်ကတည်းက ဗဟုသုတ မျှဝေပြီး Seminar ပေါင်းများစွာ Job Partners +200 (လုပ်ငန်းကြီးများအပါအဝင်) ရှိပါတယ်။ နောင်ပိုင်းတကယ်လေ့လာလိုမှ သင်တန်းလေးကို Join ပေးလိုပါကြောင်း၊ မဟုတ်ပါက Blacklist ဖော်ပြမည်ဖြစ်ပါကြောင်းပြောဆိုလိုက်ရပါသည်။ မိမိတို့ Page Admins များကိုလည်း နောက်နောင်စကားလုံးမကြမ်းစေရန်ထိန်းသိမ်းသွားပါမည်။
19/07/2025
မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် မြန်မာ့အရေးအတွက် အသက်စွန့်ကြိုးပမ်းခဲ့သော အာဇာနည်ခေါင်းဆောင်များနှင့်တကွ အာဇာနည်လူငယ်များကို အစဥ်အမြဲသတိရလျက် ...
12/07/2025
မင်္ဂလာပါနော် အက်မင်တို့ အလုပ်တွေများနေတာကြောင့် Content လေးတွေသိပ်မတင်ဖြစ်တာကြာပါပြီခင်ဗျ။ ဒီနေ့မှာတော့ ငွေစာရင်းလောကကို စဝင်သူတိုင်းအမှတ်မှားနေတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်ခင်ဗျ။ ဒါကတော့ Excel accounting နဲ့ပတ်သက်လို့ အကြောင်းအရာလေးပါခင်ဗျ။
အဲ့တော့တော်တော်များများမှတ်ကြတာက Excel accounting ကသက်သက်၊ LCCI-ACCA တို့ပို့ချတဲ့ Accounting ကသက်သက်ဆိုပြီးအမှတ်မှားနေကြတာရှိပါတယ်။ Excel accounting တက်လိုက်ရင် ရပြီဆိုပြီးထင်ကြတာမှားပါတယ်။
What is Excel accounting?
- Excel accounting ဆိုတာကတော့ ကျွန်တော်တို့ ငွေစာရင်းအချက်အလက်တွေရေးဆွဲစာရင်းသွင်းကြတဲ့အခါမှာ Computerised system ကိုဘယ်လိုအသုံးပြုရတယ်၊ Excel မှာဘယ်လို ဖော်မျူလာတွေချိတ်ပြီးသုံးကြတာဆိုတာကို သင်ရပါတယ်။ အဲ့ဒါသင်ဖို့အတွက်မိမိမှာ Basic accounting knowledge ရှိဖို့လိုပါတယ်။ Excel accounting မှာ Excel အသုံးပြုပြီးစာရင်းတွေဘယ်လိုသွင်းတယ်၊ စာရင်းဘယ်လိုချိတ်တယ်၊ Table ဘယ်လိုတွေဆွဲတာကိုပဲသင်ပေးတာဖြစ်ပြီး Accounting ရဲ့ Concepts, ဗဟုသုတများကို ပြန်လည်အသေးစိတ်သင်ပေးတာမျိုးမဟုတ်ပါဘူးခင်ဗျာ။ အဲ့တော့ မိမိတို့အနေနဲ့ ငွေစာရင်းလောကထဲစဝင်မယ်ဆိုရင် LCCI/ACCA/AAT တို့ကပို့ချတဲ့ ထိုက်သင့်တဲ့ Level တစ်ခုပြီးမြောက်သင့်ပါတယ်ခင်ဗျ။
ဒါကြောင့်မလို့ Excel accounting တန်းတက်လိုက်ရုံနဲ့တော့မပြီးသေးပါဘူးခင်ဗျာ။ Excel accounting တက်ဖို့ မိမိမှာ စာရင်းဗဟုသုတနဲ့အခြေခံတွေရှိဖို့လိုပါသေးတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျ
19/06/2025
ယနေ့ June 19 ရက်နေ့ မှာ ပြည်သူပြည်သားများအားလုံး စိတ်ရွှင်လန်းချမ်းသာ၍ လုပ်သမျှအောင်မြင်ကြပါစေကြောင်း Commercers မှ ဂုဏ်ပြုဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ 💗
22/05/2025
Trial Balance အဲ့ပုံစံအတိုင်းဆို Suspense Account ဘယ်ဘက် Side မှာပေါ်မလဲပြောပြပေးပါခင်ဗျ 🥹
07/05/2025
မဂင်္ဂါသာ ဇာတ်သိမ်းသွားတယ် Acca ကအခုထိတက်လို့ကို မပြီးဆုံးနိုင်သေးသော ☺️
29/04/2025
Company Law တွေကို သေချာလည်းကျွမ်းရမယ်၊ လုပ်သက်လည်း 10နှစ်အထက်လည်းရှိရမယ်၊ အသက်လည်း 20ကျော်လေးဖြစ်ရမယ်ဆိုလို့ မွေးလာကတည်းက သေချာ Train ပေးထားပါတယ် ☺️
17/04/2025
2020 ခုနှစ် ကိုဗစ်ကာလတွင် မိဘပြည်သူမောင်နှမများအား စီးပွားစီမံခန့်ခွဲမှုနှင့် ငွေစာရင်းကိုင်ပညာရပ်ဆိုင်ရာ ဗဟုသုတ၊ရသ ဆောင်းပါးများကို အားသွန်ခွန်စိုက် ပို့ချပံ့ပိုးလာသည်မှာ ယနေ့ April 17 ရက်နေ့တွင် 5နှစ်တိတိပြည့်တင်းခဲ့ပါပြီ။
ယခုမြန်မာ့နှစ်သစ်ကူးမှစတင်ကာ ပြည်သူပြည်သားများအားလုံး ဘေးရန်ခပ်သိမ်းကင်းဝေးကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လွတ်လပ်ခြင်းအစစ်အမှန်ရရှိကာ နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ 💗
10/04/2025
Subscription account တို့ဘာတို့မှတ်မိပါသေးသလားခင်ဗျာ 🫣
Non profit organization တို့ရဲ့ Founder တွေကမတည်ထားတဲ့ Capital ကိုမည်သို့ခေါ်ဆိုပါသလဲ?
Profit business တွေမှာတော့ Equity လို့ခေါ်ဆိုပါတယ်။
31/03/2025
တစ်ဦးတည်းအားဖြင့် မကြိုးပမ်းနိုင်ပါ၍ တတ်နိုင်သည့်နည်းလမ်းလေးနဲ့ထောက်ပံ့ချင်တဲ့အတွက် ပိုစ့်တင်လိုက်ရပါတယ်။
Commercers တို့ကပို့ချထားတဲ့ LCCI Fundamental Accounting Course များကို 15000 ကျပ်ဖြင့်သာဝယ်ယူပြီး Lecture Videos များရယူလိုက်ပါ။ ရရှိလာသည့်ငွေကြေးများကို ငလျင်ဒဏ်ကူညီထောက်ပံ့ရေးအတွက် အသုံးချသွားနိုင်ရန်ရည်ရွယ်ပါသည်။
သင်တန်းလေးမှာဆိုရင် စုစုပေါင်း သင်ခန်းစာ ၁၅ ခန်းရှိပါတယ်။
အခြေခံမပါလို့လည်းစိတ်ပူစရာမလိုပါဘူးခင်ဗျ။ Accounting သင်တန်းဆိုပေမယ့် စီးပွားရေးလုပ်ငန်းတွေရဲ့ သဘောတရား၊ ပတ်ဝန်းကျင်အကြောင်းအရာတွေကိုအရင်ဆုံးသင်ကြားပေးတာမလို့ ကိုယ့်အနေနဲ့ စာရင်းအခြေခံမပါဘူးဆိုလည်း စိုးရိမ်စရာမလိုပါဘူးခင်ဗျာ။
သင်ကြားပေးမယ့် သင်ခန်းစာတွေကတော့
အခန်း ၁ - စာရင်းကိုင်ပညာ နိဒါန်း
အခန်း ၂ - စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ
အခန်း ၃ - စာရင်းကိုင်ပညာ၏ အရေးပါမှု
အခန်း ၄ - စာရင်းရေးသွင်းခြင်းခေါ် Bookkeeping
အခန်း ၅ - Assets, Liabilities & capital
အခန်း ၆ - နှစ်ဖက်စာရင်းရေးသွင်းခြင်းစနစ်/ Double Entry System
အခန်း ၇ - ကနဦးစာရင်းရေးသွင်းသည့်စာအုပ်များ/ Books of original entry
အခန်း ၈ - ၂ ကော်လံငွေစာရင်းစာအုပ်၊ 2column cash book
အခန်း ၉ - ၃ ကော်လံငွေစာရင်းစာအုပ်၊ 3column cash book
အခန်း ၁၀ - အသေးသုံးငွေစာရင်းစာအုပ်၊ Petty Cash book
အခန်း ၁၁ - ကြွေးဆုံးနှင့်ကြွေးဆုံးလျာထားချက်များ
အခန်း ၁၂ - တန်ဖိုးလျှော့စရိတ်များ
အခန်း ၁၃ - Expense & Income Adjustments
အခန်း ၁၄ - အရှုံးအမြတ်စာရင်းရေးဆွဲခြင်း၊ Statement of Profit or Loss
အခန်း ၁၅ - စာရင်းအမှားများကိုပြင်ဆင်ခြင်း (Correction of Errors) စတဲ့သင်ခန်းစာ ၁၅ခန်းကို မြန်မာငွေ ၁၅၀၀၀ ကျပ်နဲ့သာ သင်ကြားရမှာဖြစ်ပါတယ်။
ထို့ကြောင့်စိတ်ဝင်စားပါက Page messenger သို့ဖြစ်စေ 00428355771 သို့ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။
1. Commercers ဆိုတာ ဘာလဲ??
Commercers ဆိုတာ မြန်မာနိုင်ငံကလူငယ်တွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းကနေအထောက်အကူပြုပေးမယ့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများစုပေါင်းပြီး တည်ထောင်ထားတဲ့ အဖွဲ့လေးပဲဖြစ်ပါတယ်။
2. လက်ရှိမှာ Commercers အနေနဲ့ ဘာ တွေလုပ်နေပါလဲ?
လက်ရှိမှာတော့ ကျောင်းပိတ်ရက်ကာလအတွင်း Community အကျိုးပြု Business articles တွေဖြစ်တဲ့ Business Accounting and management articles တွေကိုရေးနေပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ စီးပွားရေးတက္ကသိုလ်မှကျောင်းသားကျောင်းသူများအတွက် အထောက်အပံ့ဖြစ်စေမယ့် Programs များကိုလည်းလက်ရှိမှာ ပြင်ဆင်နေပါတယ်။