28/08/2026
IAS vs IFRS
IAS (International Accounting Standards) နဲ့ IFRS (International Financial Reporting Standards) တို့ဟာ Financial Statements တွေကို ပြင်ဆင်ရာမှာ အသုံးပြုတဲ့ နိုင်ငံတကာ Accounting Standards တွေ ဖြစ်ပါတယ်။
IAS ဆိုတာဘာလဲ?
IAS (International Accounting Standards) ကို 1973 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ International Accounting Standards Committee (IASC) က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ နိုင်ငံအလိုက် မတူညီတဲ့ Accounting Practices တွေကို တစ်ပြေးညီဖြစ်စေပြီး နိုင်ငံတကာမှာ နားလည်နိုင်တဲ့ Financial Statements တွေ ဖြစ်လာစေရန် ဖြစ်ပါတယ်။
IFRS ဆိုတာဘာလဲ?
IFRS (International Financial Reporting Standards) ကတော့ IAS ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာတဲ့ Modern Financial Reporting Standards ဖြစ်ပါတယ်။
2001 ခုနှစ်မှာ International Accounting Standards Board (IASB) က IASC ရဲ့ တာဝန်ကို ဆက်ခံပြီး IFRS Standards အသစ်တွေကို စတင်ထုတ်ပြန်ခဲ့ပါတယ်။
IFRS ရဲ့ ရည်ရွယ်ချက်ကတော့ ယနေ့ခေတ် Global Business Environment အတွက် ပိုမိုသင့်တော်တဲ့ Financial Reporting System တစ်ခု ဖန်တီးရန် ဖြစ်ပါတယ်။
IAS = အရင်က ထုတ်ပြန်ခဲ့တဲ့ Accounting Standards များ
IFRS = လက်ရှိနဲ့ အနာဂတ် Financial Reporting အတွက် အသုံးပြုနေတဲ့ Standards များ
သို့သော် IAS Standards တွေအားလုံးကို ဖျက်သိမ်းလိုက်တာ မဟုတ်ပါဘူး။ လက်ရှိအသုံးဝင်နေတဲ့ IAS Standards တွေကို IFRS Framework အောက်မှာ ဆက်လက်အသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဥပမာ - IAS 1 (Presentation of Financial Statements), IAS 2 (Inventories), IAS 16 (Property, Plant and Equipment) စတဲ့ Standards တွေကို ယနေ့တိုင် အသုံးပြုနေပါတယ်။
IFRS အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ
IFRS ကို အသုံးပြုခြင်းအားဖြင့် -
✅နိုင်ငံတကာကုမ္ပဏီများအကြား Financial Statements တွေကို နှိုင်းယှဉ်ရလွယ်ကူစေတယ်။
✅Investors တွေအတွက် ပိုမိုယုံကြည်စိတ်ချရတဲ့ Information ရရှိစေတယ်။
✅Global Capital Market တွေမှာ ပါဝင်နိုင်မှု ပိုကောင်းစေတယ်။
✅Business Transactions အသစ်တွေကို Principles အပေါ်အခြေခံပြီး ဖြေရှင်းနိုင်စေတယ်။
အနှစ်ချုပ်ကတော့..
IAS နဲ့ IFRS ဟာ နှစ်ခုလုံး International Financial Reporting System ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
IAS က အရင်ခေတ်မှာ ဖန်တီးခဲ့တဲ့ Accounting Standards တွေဖြစ်ပြီး၊ IFRS ကတော့ ယနေ့ခေတ် Global Business Environment အတွက် ဆက်လက်တိုးတက်လာတဲ့ Standards တွေ ဖြစ်ပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းများရဲ့ Financial Information ကို ပိုမိုရှင်းလင်း၊ ယုံကြည်စိတ်ချရပြီး နှိုင်းယှဉ်နိုင်အောင် ဖန်တီးပေးရန် ဖြစ်ပါတယ်။
Tr May Thu
ချစ်ခြင်းအားဖြင့်
AFC
****
(စာရင်းကိုင် လမ်းကြောင်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း Comment မှာ မေးမြန်းခဲ့နိုင်ပါတယ်။)
Accounting & Finance Corner ရဲ့
မူရင်းပိုစ့်တွေကို shareနိုင်ပါသည်။
❌စာသားများCopy ကူးယူဖော်ပြခွင့်မပြုပါ။
ACCA
28. 9. 2026
10/08/2026
Gross Profit Vs Net Profit ❓❓❓
Save ထားပြီး ပြန်ဖတ်ပါ ။
ချစ်ခြင်းအားဖြင့်
AFC
****
(စာရင်းကိုင် လမ်းကြောင်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း Comment မှာ မေးမြန်းခဲ့နိုင်ပါတယ်။)
Accounting & Finance Corner ရဲ့
မူရင်းပိုစ့်တွေကို shareနိုင်ပါသည်။
❌စာသားများCopy ကူးယူဖော်ပြခွင့်မပြုပါ။
07/08/2026
Drop your answer: A, B, C, or D.
31/07/2026
❓❓❓"Accountant တစ်ယောက် ဖြစ်ဖို့ Certificate တစ်ခုတည်းနဲ့ တကယ်ရော လုံလောက်ရဲ့လား?"❓❓❓
Accounting Career ကို စတင်ချင်တဲ့သူတွေကြားမှာ…
“ဘယ် Certificate ရရင် အလုပ်ရမလဲ?”
“Certificate တစ်ခုရရင် Accountant ဖြစ်ပြီလား?”
ဆိုတဲ့ မေးခွန်းတွေ ရှိတတ်ပါတယ်။
တကယ်တော့ Professional Career တစ်ခုမှာ…
Certificate ဆိုတာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့်…
Certificate တစ်ခုတည်းနဲ့ Career တစ်ခုလုံးကို တည်ဆောက်လို့ မရပါဘူး။
Accountant တစ်ယောက်အတွက် လိုအပ်တာတွေက…
📌 Knowledge
Accounting Concepts, Principles နဲ့ Standards တွေကို နားလည်ထားခြင်း
📌 Skills
Accounting Software အသုံးပြုနိုင်ခြင်း၊ Data Analysis လုပ်နိုင်ခြင်း၊ Problem Solving Skills ရှိခြင်း
📌 Experience
လက်တွေ့လုပ်ငန်းခွင်မှာ Knowledge ကို အသုံးချနိုင်ခြင်း
📌 Professional Attitude
တာဝန်ယူမှု၊ အချိန်စီမံခန့်ခွဲမှုနဲ့ Continuous Learning လုပ်နိုင်ခြင်း
တို့ ဖြစ်ပါတယ်။
Qualification တစ်ခုရရှိခြင်းက…
Career တံခါးကို ဖွင့်ပေးနိုင်တဲ့ Key တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီတံခါးကို ဖွင့်ပြီးနောက်…
ကိုယ့်ရဲ့ Knowledge, Skills နဲ့ Experience တွေကပဲ ကိုယ့် Career ကို ဆက်လက်တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် Accounting ကို လေ့လာတဲ့အခါ…
“Certificate ရဖို့”
တစ်ခုတည်း မဟုတ်ဘဲ…
“Professional Accountant တစ်ယောက်ဖြစ်လာဖို့”
ဆိုတဲ့ ရည်မှန်းချက်နဲ့ လေ့လာသင့်ပါတယ်။
အောင်မြင်တဲ့ Career တစ်ခုဆိုတာ…
Certificate တစ်ခုရရှိခြင်းနဲ့ မပြီးဆုံးပါဘူး။
သင်ယူမှု၊ လေ့ကျင့်မှုနဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီး တဖြည်းဖြည်း တည်ဆောက်လာတာ ဖြစ်ပါတယ်။
ချစ်ခြင်းအားဖြင့်
AFC
****
(စာရင်းကိုင် လမ်းကြောင်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း Comment မှာ မေးမြန်းခဲ့နိုင်ပါတယ်။)
Accounting & Finance Corner ရဲ့
မူရင်းပိုစ့်တွေကို shareနိုင်ပါသည်။
❌စာသားများCopy ကူးယူဖော်ပြခွင့်မပြုပါ။
&FinanceCorner
29/07/2026
Accounting Career အတွက် ရင်းနှီးမြှုပ်နှံမှုကို ဘယ်လိုမြင်သင့်လဲ?
ACCA လမ်းကြောင်းကို စဉ်းစားတဲ့အခါ လူအများဆုံး စိုးရိမ်ကြတာက…
“သင်တန်းကြေး ဘယ်လောက်ကုန်မလဲ?”
“Exam Fee ရှိတယ်…”
“Registration Fee, Annual Fee တွေပါ ပေးရမယ်ဆိုတော့ များသွားမလား?”
ဆိုတဲ့ ကုန်ကျစရိတ်ပိုင်း ဖြစ်ပါတယ်။
ဒါပေမယ့် Qualification တစ်ခုကို လေ့လာခြင်းဆိုတာ…
အသုံးစရိတ်တစ်ခု (Cost/Expense) မဟုတ်ဘဲ
ကိုယ့်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှု (Investment) တစ်ခု လို့ မြင်ဖို့လိုပါတယ်။
ဘဝမှာ အကျိုးရှိတဲ့အရာတွေကို ရရှိဖို့ အချိန်၊ ကြိုးစားမှုနဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။
Accounting Career လည်း အတူတူပါပဲ။
ACCA ဆိုတာ တစ်ခါတည်း အားလုံးပြီးမြောက်ဖို့ မလိုအပ်ပါဘူး။
တစ်ဆင့်ချင်း…
📌 Foundation Level
➡️ အခြေခံ Accounting Knowledge တည်ဆောက်ခြင်း
📌 နောက်တစ်ဆင့်
➡️ Knowledge & Skills တိုးတက်အောင် လေ့လာခြင်း
📌 Professional Level
➡️ Career Development အတွက် ဆက်လက်တက်လှမ်းခြင်း…
ဆိုပြီး ကိုယ့်ရဲ့ အခြေအနေနဲ့ ကိုက်ညီအောင် တဖြည်းဖြည်း လှမ်းသွားနိုင်ပါတယ်။
အရေးကြီးတာက…
“ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ” တစ်ခုတည်း မကြည့်ဘဲ…
“ဒီရင်းနှီးမြှုပ်နှံမှုက နောင်မှာ ကိုယ့် Career အတွက် ဘယ်လောက်တန်ဖိုးရှိလာမလဲ”
ဆိုတာကို စဉ်းစားဖို့ ဖြစ်ပါတယ်။
ကြီးမားတဲ့ Career တစ်ခုဆိုတာ
တစ်နေ့တည်းနဲ့ မတည်ဆောက်နိုင်ပါဘူး။
မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးပြီး
တစ်လှမ်းချင်း၊ တစ်ဆင့်ချင်း လှမ်းသွားခြင်းကပဲ
အနာဂတ်အောင်မြင်မှုကို တည်ဆောက်ပေးပါတယ်။
💡 Part 3 ကို ဆက်လက် မျှဝေပေးသွားပါမယ်။
ချစ်ခြင်းအားဖြင့်
AFC
****
(စာရင်းကိုင် လမ်းကြောင်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း Comment မှာ မေးမြန်းနိုင်ပါတယ်။)
Accounting & Finance Corner ရဲ့
မူရင်းပိုစ့်တွေကို shareနိုင်ပါသည်။
❌စာသားများCopy ကူးယူဖော်ပြခွင့်မပြုပါ။❌
29/07/2026
— စာရင်းကိုင်သင်တန်း စတက်မယ်ဆို LCCI လား? ACCA Foundation Level လား? 🤔
(Part 1)
📚 Accounting Career စတင်မယ့်သူများ သိထားသင့်တဲ့အချက်
“စာရင်းကိုင်သင်တန်း တက်ချင်ပါတယ်… LCCI တက်ရမလား? ACCA တက်ရမလား?”
ဒီမေးခွန်းက Accounting စတင်လေ့လာချင်သူတွေနဲ့ အနာဂတ်အတွက် ပြင်ဆင်နေသူတွေကြားမှာ အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရင်ကတည်းက…
“စာရင်းကိုင် = LCCI” ဆိုတဲ့ အယူအဆက အရမ်း အားကောင်းခဲ့ပါတယ်။ ဒါကြောင့်မို့လည်း Accounting လေ့လာချင်သူ အများစုက LCCI ကိုပဲ ပထမဆုံး ရွေးချယ်ခဲ့ကြတာပါ။
ဒါပေမဲ့ ဒီနေ့ခေတ်မှာ ကိုယ့်ရဲ့ Career Pathway ကို စဉ်းစားတဲ့အခါ...
Certificate တစ်ခု ရရှိရုံတင် မဟုတ်ဘဲ "အဲဒီ Certificate က ကိုယ့်ကို ဘယ်နေရာအထိ ဆက်လက်တိုးတက်စေနိုင်မလဲ" ဆိုတာက ပိုပြီး အရေးကြီးလာပါတယ်။
အခုချိန်မှာ မေးသင့်တဲ့ မေးခွန်းတွေကတော့ —
🤔 ဒီ Qualification မှာ Official Exam Pathway ရှိရဲ့လား?
🤔 International Recognition စံနှုန်းမီရဲ့လား?
🤔 Professional Accounting Career ထိ ရောက်အောင် ဆက်လက် တက်လှမ်းနိုင်ရဲ့လား?
UK Qualification တိုက်ရိုက် စာမေးပွဲလမ်းကြောင်းအတိုင်း စဉ်ဆက်မပြတ် ခိုင်ခိုင်မာမာ သွားချင်သူများအတွက် ACCA Foundation Level ကဲ့သို့သော UK Exam-based Pathway များ ကို ပိုမိုရွေးချယ်
စဉ်းစားလာကြပါတယ်။
Accounting Career ဆိုတာ…
“သင်တန်းတစ်ခု ပြီးဆုံးသွားခြင်း” မဟုတ်ပါဘူး။
“အနာဂတ်မှာ ဘယ်လမ်းကြောင်းကို ဆက်သွားမလဲ” ဆိုတဲ့ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ စတင်တာပါ။
💡 Part 2 ကို ဆက်လက် မျှဝေပေးသွားပါမယ်။
ချစ်ခြင်းအားဖြင့်
AFC
****
(စာရင်းကိုင် လမ်းကြောင်းနဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း Comment မှာ မေးမြန်းခဲ့နိုင်ပါတယ်။)
Accounting & Finance Corner ရဲ့
မူရင်းပိုစ့်တွေကို shareနိုင်ပါသည်။
❌စာသားများCopy ကူးယူဖော်ပြခွင့်မပြုပါ။