Breaking News
အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံကို တိုက်ခိုက်မှု စတင်ခဲ့ပါသည်။
စစ်ရေးပစ်မှတ်များကို အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပြင်၊ လက်ရှိအချိန်တွင် အမေရိကန် စစ်ဟယ်လီကော်ပတာ အများအပြားသည် ကာရာကတ်စ် မြို့ပေါ်တွင် ပျံသန်းနေပါသည်။
အမေရိကန်၏ Apache နှင့် CH-47 စစ်လေယာဉ်များဟု သံသယရှိရသော လေယာဉ်များသည် ဗင်နီဇွဲလားနိုင်ငံရဲ့မြို့တော်ကာရာကတ်စ် မြို့ပေါ်တွင် ပျံသန်းနေသည်ဟု တွေ့ရှိရပါသည်။
Source-DW News
Kyaw Swar Peter ကမ္ဘာ့ရွှေ Daily Blog
Carpe Diam
02/01/2026
ဒီနေ့ဇန်နဝါရီလ၂ရက် သောကြာနေ့ တစ်ရက်တာကမ္ဘာ့ရွှေစျေးကိုလက်ရှိနည်းပညာပိုင်းအရ
ရေတိုဝယ်သင့်တဲ့စျေးတန်းဇုန်=4300-4280
ရေတိုရောင်းသင့်တဲ့စျေးတန်းဇုန်=4370-4390
ပြီးခဲ့တဲ့2025ခုနှစ်ရဲ့တစ်နှစ်တာကမ္ဘာ့ရွှေအဖွင့်စျေး=2624 တစ်နှစ်တာအတွင်းအမြင့်ဆုံးစျေး=4549 အနိမ့်ဆုံးစျေး=2614 အပိတ်စျေး=4318
31/12/2025
အခုကျရောက်တဲ့နှစ်သစ်2026မှာ Client လူကြီးမင်း မိတ်ဆွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြီး လိုအင်ဆန္ဒတွေပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်ကိုကျော်စွာမင်းမှနှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်
ခင်ဗျ
25/12/2025
ယနေ့ဒီဇင်ဘာ၂၅ရက်နေ့သည်ခရစ္စမတ်နေ့အားလပ်ရက်ဖြစ်သဖြင့်ယနေ့တစ်နေ့တာလုံး ကမ္ဘာ့ရွှေစျေးကွက်ပိတ်ပါတယ် ကမ္ဘာ့ရွှေtraderများအတွက်ပျော်ရွှင်ဖွယ်အားလပ်ရက်ဖြစ်ပါစေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန် စစ်မှုထမ်း ၁.၄၅ သန်းအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် "Special Warrior Dividend" (အထူးစစ်သည်တော် ဂုဏ်ပြုကြေး) အား တစ်ဦးလျှင် ၁,၇၇၆ ဒေါ်လာ ချီးမြှင့်မည်ဖြစ်ကြောင်း ယနေ့နံနက် ကကြေညာလိုက်ပါသည်။
09/12/2025
နောက်ဆုံးရသတင်း - အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ အမေရိကန်နိုင်ငံအတွက်ကြီးမားတဲ့ စီးပွားရေးသတင်းကောင်းတစ်ခုကို မကြာခင်ကြေညာလိမ့်မယ်လို့ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် Hassett က ပြောကြားလိုက်ပါတယ်
Source-AFP News
25/11/2025
Breaking News
🇺🇸🇺🇸🇺🇸🇺🇸🇺🇸🇺🇸
တက္ကသိုလ်ဘွဲ့ရ အမေရိကန်နိုင်ငံသားများ၏ အလုပ်လက်မဲ့ဖြစ်မှုနှုန်းထားသည် လက်ရှိစုစုပေါင်း အလုပ်လက်မဲ့ဦးရေ၏ ၂၅.၃ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပါသည်။
ထိုရာခိုင်နှုန်းသည် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းကာလနောက်ပိုင်း နှစ်ဆနီးပါး အဆိုးရွားဆုံး မြင့်တက်လာခြင်း ဖြစ်ပါသည်။
လက်ရှိတွင် အသက် ၂၅ နှစ်နှင့်အထက် အနည်းဆုံး ဘွဲ့တစ်ခုခုရရှိထားသူ အမေရိကန်နိုင်ငံသားဦးရေ၁.၉ သန်းကျော် အလုပ်လက်မဲ့ဖြစ်နေချိန်တွင် ယခုကဲ့သို့ အခြေအနေမျိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင် အသက် ၂၀ မှ ၂၄ နှစ်ကြား အမေရိကန်လူငယ်များ၏ အလုပ်လက်မဲ့နှုန်းသည် ၉.၂ ရာခိုင်နှုန်းအထိ ရှိလာပြီး၊ ၎င်းသည်လည်း ၂၀၂၁ ခုနှစ် မေလနောက်ပိုင်း အမြင့်ဆုံးနှုန်းထား ဖြစ်ပါသည်။
အဆိုပါနှုန်းထားသည် ယခင်နှစ်ကာလတူထက် ၂.၂ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး စီးပွားရေးကျဆင်းမှုကာလများ မှလွဲ၍ ယခုကဲ့သို့ အမေရိကန်
လူငယ်များ အလုပ်လက်မဲ့ဦးရေမြင့်တက်မှုမျိုး
သည်မရှိသလောက် နည်းပါးပါသည်။
လက်ရှိအမေရိကန်နိုင်ငံရဲ့အလုပ်သမားဈေးကွက်နှင့်အလုပ်အကိုင်ရရှိမှုနှုန်းထားသည် အသက်အရွယ်မရွေးပညာအရည်အချင်း အဆင့်အတန်းအားလုံးတွင် အားနည်းကျဆင်းလျက် ရှိပါသည်။
Source-Bloomberg
25/11/2025
အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီကျန်းဖျင့်တို့ရဲ့ဒီနေ့နံနက်ကရုတ်တရက်ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ရာထိုဆွေးနွေးမှုတွင် တရုတ်နဲ့ကုန်သွယ်ရေးကိစ္စ ထိုင်ဝမ်အရေး ရုရှား-ယူကရိန်းစစ်ပွဲရပ်စဲရေးနဲ့လာမည့်ဧပြီလတွင် ထရန့် တရုတ်နိုင်ငံသို့အလည်အပတ်လာရေးကိစ္စများကိုဆွေးနွေးသွားခဲ့ပြီး အပြုသဘောဆောင်သောရလဒ်များထွက်ခဲ့သည်ဟုသိရပါသည်
Trump discusses trade, Taiwan, Russia-Ukraine with Xi, to visit China in April Trump said the telephone call was “very good” and that the leaders spoke about purchases of soybeans and other farm products as well as curbing shipments of illegal fentanyl.
"လူတွေက ကုန်သွယ်ခွန်တွေ (Tariffs) တိုးမြှင့်ကောက်ခံတာကြောင့် ငွေကြေးဖောင်းပွမှုနှုန်း အရမ်းမြှင့်တက်လာမယ်လို့ ပြောကြတယ်။ တကယ်တမ်းကျတော့ အဲဒီလိုဖြစ်မလာပါဘူး။ ဖြစ်မယ်ဆိုရင် အခုချိန်မှာ သူတို့ပြောသလိုဖြစ်သင့်နေပါပြီ... ဒါကြောင့် ဒီဇင်ဘာအတိုးနှုန်းမလျှော့ချသင့်ဘူးဆိုတဲ့ အကြောင်းပြချက်ကို ဒီထက်ပိုခိုင်လုံအောင် ပေးကြပါတော့။"သူ့ပြောစကားကိုအခြေခံပြီးအနှစ်ချုပ်ပြောရမည်ဆိုရင်ကုန်သွယ်ခွန်တိုးကောက်ခြင်းက ငွေကြေးဖောင်းပွမှုမြှင့်တက်လာခြင်းကို မဖြစ်စေနိုင်တဲ့အတွက် လာမည့်ဒီဇင်ဘာလအတိုးနှုန်းလျှော့ချဖို့ဖြစ်နိုင်ခြေများလာပါလိမ့်မယ်။ ကမ္ဘာ့ရွှေလည်းရေရှည်အတက်လမ်းကြောင်းပေါ်ပြန်အခြေချပါလိမ့်မယ်Video Credit-Wall Street
24/11/2025
Breaking News
🇪🇺🇺🇦🇺🇲 The Telegraph သတင်းဌာန၏ နောက်ဆုံးရသတင်းဖော်ပြချက်အရ၊ ဥရောပသမဂ္ဂသည် ရုရှား-ယူကရိန်း စစ်ပွဲနှင့်ပတ်သက်သော ထရန့်၏ အချက် (၂၈) ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ထဲမှ အချက်လေးချက်ကို လုံးဝပြင်ဆင်ပေးရန်တန်ပြန်ငြိမ်းချမ်းရေးအဆိုပြုချက်တစ်ခု ထုတ်ပြန်ကြေညာလိုက်သည် -
• ဥရောပသမဂ္ဂသည် ထရန့်၏ အဆိုပြုချက် နံပါတ်(၆) ကို ပယ်ချသည် - ယူကရိန်းစစ်တပ်၏ အများဆုံးတိုးချဲ့ရန်အင်အားပမာဏအပေါ် ကန့်သတ်ချက်များ မထားရှိရ။
• ဥရောပသမဂ္ဂသည် ထရန့်၏ အဆိုပြုချက် နံပါတ်(၇) ကို ပယ်ချသည် - ယူကရိန်းသည် NATO (မြောက်အတ္တလန္တိတ် ကာကွယ်ရေးမဟာမိတ်စာချုပ်အဖွဲ့) သို့ ဆန္ဒအလျောက်လွတ်လပ်စွာ ဝင်ရောက်နိုင်ခွင့်ရှိပြီး၊ ကြားနေနိုင်ငံအဖြစ် ရပ်တည်ရန် အတင်းအဓမ္မဖိအားပေးခံရမည် မဟုတ်ပါ။
• ဥရောပသမဂ္ဂသည် ထရန့်၏ အဆိုပြုချက် နံပါတ်(၈) ကို ပယ်ချသည် -
ယူကရိန်းသည် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များကို ဆန္ဒနဲ့အညီ လွတ်လပ်စွာ နိုင်ငံတွင်းဖိတ်ခေါ်ခွင့်ရှိသည်။
• ဥရောပသမဂ္ဂသည် ထရန့်၏ အဆိုပြုချက်နံပါတ် (၂၁) ကို ပယ်ချသည် - နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ လက်ရှိရောက်နေသောစစ်မျက်နှာပြင်များမှ နောက်ဆုတ်ပေးခြင်းမရှိဘဲ ရပ်တန့်ပေးခြင်းမရှိဘဲ ချက်ချင်း အပစ်အခတ်ရပ်စဲခြင်း နယ်မြေများလဲလှယ်ခြင်းကို လုံးဝလက်မခံပါ။
23/11/2025
လာမည့်ဒီဇင်ဘာလ အမေရိကန်ဘဏ်တိုးနှုန်းဆုံးဖြတ်ချက်တွင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် 0.25% ဘဏ်တိုးနှုန်းလျှော့နိုင်ခြေအလားအလာသည် ပြီးခဲ့တဲ့သောကြာနေ့ကနေစပြီး 70%နားအထိ တိုးမြှင့်လာကြောင်းသိရတယ် ပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့ည အမေရိကန်နိုင်ငံရဲ့စက်တင်ဘာလအလုပ်လက်မဲ့နှုန်းထား 4.3%အထိ မြင့်တက်လာခြင်းကြောင့် အခုလိုဒီဇင်ဘာလဘဏ်တိုးနှုန်းလျှော့နိုင်ခြေအလားအလာပိုများလာခြင်းဖြစ်သည် အကယ်၍ အခုလာမည့်အပတ် ထွက်မည့်အမေရိကန်ငွေကြေးဖောင်းပွမှုသတင်းအချက်အလက်တွေသာအခြေအနေကောင်းပါက ဒီဇင်ဘာလအတိုးနှုန်းလျှော့နိုင်ခြေအလားအလာ 90%နားအထိပင်ရောက်သွားနိုင်ပါသည်
Source-Poly Market
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok
05032