13/10/2026
EXPONENTIAL GROWTH & COMPOUNDING
သင့်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ငွေဟာ အချိန်ကြာလာတာနဲ့အမျှ ဘယ်လို အဆပေါင်းများစွာ တိုးပွားလာနိုင်သလဲ?
Value Investing မှာ ရေရှည် Wealth တည်ဆောက်ဖို့ နားလည်ထားသင့်တဲ့ အရေးကြီးဆုံး သဘောတရားတွေထဲက တစ်ခုက Exponential Growth နဲ့ Compounding ပါ
1. Exponential Growth ဆိုတာ ဘာလဲ?
Exponential Growth ဆိုတာ ရှိပြီးသားပမာဏအပေါ်မှာ ရာခိုင်နှုန်းတစ်ခုနဲ့ ထပ်တိုးလာတဲ့ တိုးတက်မှုပုံစံကို ခေါ်ပါတယ်..
ဥပမာ တစ်နှစ်ကို 10% တိုးနေတဲ့ Investment တစ်ခုဆိုပါစို့..
ပထမနှစ်မှာ $1,000 ရှိရင် 10% တိုးပြီး $1,100 ဖြစ်လာပါတယ်..
ဒုတိယနှစ်မှာတော့ $1,000 အပေါ် 10% တွက်တာ မဟုတ်တော့ပါဘူး..
တိုးပြီးသား $1,100 အပေါ် 10% ထပ်တွက်တဲ့အတွက် $1,210 ဖြစ်လာပါတယ်..
ဒီလိုနဲ့ တိုးပြီးသားငွေပေါ်မှာ ထပ်တိုးလာတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ တစ်နှစ်ချင်း တိုးလာတဲ့ ငွေပမာဏက ပိုများလာပါတယ်..
ဒီသဘောတရားကို Finance အပြင် လူဦးရေတိုးပွားမှု၊ သိပ္ပံနဲ့ ဘက်တီးရီးယားပွားများမှုတွေမှာလည်း တွေ့နိုင်ပါတယ်..
2. Exponential Growth နဲ့ Compound Growth ဘာကွာသလဲ?
အခြေခံတိုးတက်မှုပုံစံက တူညီပါတယ်..
Finance မှာတော့ Interest, Dividend နဲ့ Investment Return တွေကို ပြန်လည်ရင်းနှီးမြှုပ်နှံပြီး တိုးပွားလာတဲ့ဖြစ်စဉ်ကို Compounding လို့ ခေါ်လေ့ရှိပါတယ်..
ဥပမာ
Linear Growth (ပုံမှန်ပမာဏအတိုင်း တိုးခြင်း)
1 → 2 → 3 → 4 → 5 → 6 → 7
Exponential Growth (ရာခိုင်နှုန်းအလိုက် အဆင့်ဆင့်တိုးခြင်း)
1 → 2 → 4 → 8 → 16 → 32 → 64
အစပိုင်းမှာ ကွာခြားချက် သိပ်မမြင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရလဒ်တွေက သိသိသာသာ ကွာခြားလာပါတယ်..
3. တစ်ပြားကနေ ဒေါ်လာသန်းပေါင်းများစွာအထိတိုးပွားခြင်း
သင့်ကို ရွေးချယ်စရာ နှစ်ခု ပေးထားတယ်ဆိုပါစို့..
Option A: ဒီနေ့ $5 Million ချက်ချင်းယူမလား?
Option B: ပထမနေ့မှာ 1 Cent ($0.01) ယူပြီး နောက်နေ့တိုင်း ရတဲ့ငွေကို နှစ်ဆတိုးပေးမယ်..
စုစုပေါင်း ရက် 30 ကြာမယ် ..ဘယ်ဟာကိုရွေးမလဲ?
လူအများစုက $5 Million ကို ချက်ချင်းရွေးချယ်ချင်ကြမှာပါ..
ဒါပေမယ့် Option B ကို ကြည့်ကြည့်ပါ။
• Day 1 = $0.01
• Day 2 = $0.02
• Day 3 = $0.04
• Day 4 = $0.08
• Day 15 = $163.84
• Day 20 = $5,242.88
• Day 30 = $5,368,709.12
ရက် 30 မြောက်နေ့ တစ်ရက်တည်းမှာတင် $5.36 Million ကျော် ရရှိပါတယ်
ရက် 30 အတွင်း ရရှိတဲ့ငွေအားလုံးကို ပေါင်းလိုက်ရင်တော့ $10.73 Million ကျော် ဖြစ်သွားပါတယ်..💸💸💰
ဒါဟာ တစ်နေ့ကို 100% နှုန်းနဲ့ နှစ်ဆတိုးနေတဲ့ သင်္ချာဥပမာတစ်ခုပါ..📖
လက်တွေ့ Stock Market မှာ ဒီလို Return ကို ပုံမှန်ရနိုင်တယ်လို့ မဆိုလိုပါဘူး..
ဒီဥပမာကနေ သင်ယူရမှာက အစပိုင်းမှာ တိုးတက်မှုနှေးသလို မြင်ရပေမယ့် Compounding အတွက် အချိန်ကြာလာတာနဲ့အမျှ ရလဒ်ကြီးမားလာနိုင်တယ်ဆိုတဲ့ သဘောတရားပါ..
4. Dividend Reinvestment နဲ့ Compounding
Dividend ပေးတဲ့ Quality Business တစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတယ်ဆိုပါစို့..
ရရှိလာတဲ့ Dividend တွေကို သုံးမပစ်ဘဲ Shares တွေ ထပ်ဝယ်မယ်ဆိုရင် သင့်ရဲ့ Share အရေအတွက် တဖြည်းဖြည်းတိုးလာနိုင်ပါတယ်..
နောက်ပိုင်းမှာ Shares ပိုများလာတဲ့အတွက် Dividend Income လည်း ပိုများလာနိုင်ပါတယ်..
Company ကလည်း Earnings နဲ့ Dividend ကို ရေရှည်တိုးပေးနိုင်မယ်ဆိုရင် Compounding ရဲ့ အကျိုးကျေးဇူးကို ပိုမိုခံစားရနိုင်ပါတယ်..
ဒါပေမယ့် Dividend နဲ့ Stock Price တို့ဟာ အမြဲတိုးနေမှာ မဟုတ်တဲ့အတွက် Business Quality နဲ့ Valuation ကို ဆက်လက်စစ်ဆေးဖို့ လိုပါတယ်..
5. Double Time ဆိုတာ ဘာလဲ?
Double Time ဆိုတာ ကိုယ်ရင်းနှီးထားတဲ့ငွေ နှစ်ဆဖြစ်ဖို့ ကြာမယ့်အချိန်ကို ဆိုလိုပါတယ်
ဥပမာ $10,000 ရင်းနှီးထားပြီး တစ်နှစ်ကို 8% နှုန်းနဲ့ တိုးနေမယ်ဆိုရင် ဘယ်နှနှစ်ကြာမှ $20,000 ဖြစ်မလဲ?
ဒါကို အလွယ်တကူ ခန့်မှန်းဖို့ Rule of 72 ကို အသုံးပြုနိုင်ပါတယ်..
6. Rule of 72: ငွေနှစ်ဆဖြစ်ဖို့ ဘယ်နှနှစ်ကြာမလဲ?
Rule of 72 က Investment Return နှုန်းပေါ်မူတည်ပြီး ကိုယ့်ငွေ နှစ်ဆဖြစ်ဖို့ ကြာမယ့်အချိန်ကို အကြမ်းဖျင်းတွက်တဲ့ နည်းလမ်းပါ..
Formula:
72 ÷ Annual Return (%) = Years to Double
ဥပမာ
• 6% Return → 12 နှစ်
• 8% Return → 9 နှစ်
• 10% Return → 7.2 နှစ်
• 12% Return → 6 နှစ်
Return နှုန်း ပိုမြင့်လေလေ ငွေနှစ်ဆဖြစ်ဖို့ ကြာချိန် ပိုတိုလာလေလေပါ..
ဒါပေမယ့် Return မြင့်ဖို့ မျှော်လင့်တဲ့အခါ Risk ကိုလည်း ထည့်တွက်ရပါမယ်..
7. $100,000 ကနေ $3.2 Million အထိ ဘယ်လိုတိုးလာနိုင်သလဲ?
အသက် 20 မှာ $100,000 ကို စတင်ရင်းနှီးမြှုပ်နှံထားတယ်ဆိုပါစို့..
တစ်နှစ်ကို ပျမ်းမျှ 8% Compound Return ရပြီး နောက်ထပ်ငွေမထည့်ဘဲ အသက် 65 အထိ 45 နှစ်ကြာ ရင်းနှီးထားမယ်ဆိုရင်
Rule of 72 အရ 9 နှစ်တစ်ကြိမ် နှစ်ဆတိုးမယ်လို့ အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။
• အသက် 20 = $100,000
• အသက် 29 = $200,000
• အသက် 38 = $400,000
• အသက် 47 = $800,000
• အသက် 56 = $1,600,000
• အသက် 65 = $3,200,000
ဒါဟာ Rule of 72 ကို အသုံးပြုပြီး ခန့်မှန်းထားတဲ့ ဥပမာပါ..
တကယ့် 8% Annual Compounding Formula နဲ့ တွက်ရင် 45 နှစ်အကြာမှာ $3.19 Million ဝန်းကျင် ရရှိနိုင်ပါတယ်..
ဒီတွက်ချက်မှုမှာ Tax, Fees, Inflation နဲ့ Market Volatility တွေကို ထည့်မတွက်ထားပါဘူး..❌
8% Return ကိုလည်း အာမခံထားတာ မဟုတ်ပါဘူး❌
8. Value Investors တွေအတွက် ဘာသင်ခန်းစာရသလဲ?
Warren Buffett နဲ့ Charlie Munger တို့ရဲ့ ရေရှည် Investment Philosophy မှာ Compounding က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်..
Compounding ရဲ့ အကျိုးကျေးဇူးကို ရရှိဖို့ဆိုရင်
• စောစောစတင်ရင်းနှီးမြှုပ်နှံပါ။
• Earnings Power နဲ့ Free Cash Flow ကောင်းတဲ့ Quality Businesses တွေကို ရွေးချယ်ပါ။
• Intrinsic Value ကို ခန့်မှန်းပြီး Reasonable Price မှာ ဝယ်ပါ။
• Dividend နဲ့ Investment Income ကို သင့်တော်သလို ပြန်လည်ရင်းနှီးမြှုပ်နှံပါ။
• မလိုအပ်တဲ့ Trading နဲ့ Investment Fees တွေကို လျှော့ချပါ။
• Capital ကို ကာကွယ်ပြီး ရေရှည်အတွက် စိတ်ရှည်ပါ။
💡 Investment Success မှာ Return Rate တစ်ခုတည်းကို ကြည့်လို့မရပါဘူး❌
Time, Discipline, Business Quality နဲ့ Capital Protection တွေကလည်း အရေးကြီးပါတယ်✅
Compounding ရဲ့ အကျိုးကျေးဇူးကို ခံစားဖို့ အချိန်လိုပါတယ်..⏰
ဒါကြောင့် Retirement နီးလာမှ စတင်ဖို့ထက် ကိုယ့်ရဲ့ Financial Situation နဲ့ ကိုက်ညီတဲ့ Investment Plan ကို စောစောစတင်တည်ဆောက်တာ ပိုအကျိုးရှိပါတယ်..🎯
📈 Learn → Save → Invest → Reinvest → Compound → Build Long-Term Wealth
💬 သင့်ရဲ့ Investment Portfolio ကို နှစ်ဆတိုးဖို့ ဘယ်နှနှစ်အချိန်ပေးထားပါသလဲ?
5 Years | 10 Years | 15 Years | 20 Years?
The World is Fair & Square!🌐🌎
Education is Expensive!💸💸💰
Think→Learn→Grow→Invest→Build Wealth→Growing Wealth Wisely!📖💹💲♻️💸💸💰✅🎯