Mya Thiri Aung: Professional Accounting Lab

Directions Website

Mya Thiri Aung: Professional Accounting Lab Study Guide/By one section သင်ချင်သူများ ဆက်သွယ်လို့ရပါတယ် 🍀

ကျောင်းသားတွေပဲ စာလုပ်ရတာမဟုတ်၊ သင်ပေးတဲ့လူတွေလည်း စာလုပ်ကြရပါတယ်။ စာသင်ရင်းနဲ့ ကျောင်းသားတွေ မေးလာတဲ့မေးခွန်းတွေ၊ အမေးမ...
18/09/2026

ကျောင်းသားတွေပဲ စာလုပ်ရတာမဟုတ်၊ သင်ပေးတဲ့လူတွေလည်း စာလုပ်ကြရပါတယ်။

စာသင်ရင်းနဲ့ ကျောင်းသားတွေ မေးလာတဲ့မေးခွန်းတွေ၊ အမေးများတာလေးတွေ၊ ကျောင်းသားတွေခက်လေ့ရှိတဲ့ နေရာလေးတွေကို မှတ်ထားပြီးတော့ ပိုမှတ်မိလွယ်အောင်၊ တွက်ရတာမမေ့အောင် Notes တွေကို chapter အလိုက် ပိုကောင်းတဲ့ version ရအောင် အမြဲ update လုပ်ရပါတယ်။

သင်တဲ့လူကတော့ ဘယ်လိုတွက်တွက်ရတယ်ဆိုပေမယ့် question တခုကို မသိသေးတဲ့ ကျောင်းသားနားလည်အောင် ဘယ်လိုချဉ်းကပ်ပြရင် ပိုကောင်းမလဲဆိုတာကိုအမြဲတမ်း upgrade လုပ်ရတာမို့လို့ သင်တဲ့လူတွေလည်း စာတွက်ကြရပါတယ်။

ကျောင်းသားတွေစာနားလည်ဖို့က အရာအားလုံးထက် ဦးစားပေးမို့လို့ ဘယ်အရာလေးမြင်မြင် မခက်ခဲအောင် ဘယ်လိုလုပ်ပေးရမလဲလို့ အမြဲတွေးနေမိတော့တာပါပဲ။ ဒါမှစာမကြောက်ကြတော့မှာကိုး….

Master Your ACCA Journey!!!

ACCA Foundation and Part-1 October 2026 Intake (3 months Online Live Class)💡Accounting အခြေခံလုံးဝ မရှိဘူး၊ ဘယ်ကနေစရမှာလ...
02/08/2026

ACCA Foundation and Part-1 October 2026 Intake
(3 months Online Live Class)

💡Accounting အခြေခံလုံးဝ မရှိဘူး၊ ဘယ်ကနေစရမှာလဲမသိတဲ့လူတွေက Foundation + LCCI အတန်းလေးတက်ပါ။ အခြေခံကနေစပြီးတော့ သီအိုရီတွေကျွမ်းကျင်ပိုင်နိုင်သွားတဲ့အထိ သင်ကြားပေးမှာဖြစ်ပါတယ်။

💡အခြေခံရှိပြီးသား၊ နောက်တဆင့်တက်ချင်တဲ့လူတွေကတော့ Part-1 အတန်းကိုတက်ပါ။ စာနဲ့အလှမ်းဝေးတာကြာနေပြီ၊ စာတွေသင်ထားပေမယ့်မေ့ကုန်ပြီဆိုရင်လည်းစိတ်ပူစရာမလိုဘူးနော်။ အခြေခံသီအိုရီတွေကနေစပြီးပြန်နွှေးရင်းနဲ့ သင်ကြားပေးသွားမှာပါရှင့်။

👇Study Materials 👇
- BPP, Kaplan kit
- Study hub
- Mock tests
- Exam ready notes

🍀 စာနားလည်ဖို့အဓိကသင်ကြားပေးပြီး Revision လည်းအထပ်ထပ်ပြန်ပေးတာမို့လို့ စာလည်းမကြောက်ရသလို၊ လက်တွေ့လုပ်ငန်းခွင်နဲ့လည်းချိတ်ဆက်ပြီးသင်ကြားရမှာပါနော်။

🍀 ဒါ့အပြင် အတန်းပြီးတာနဲ့ Teaching Notes နဲ့ recording လည်းချက်ချင်းတင်ပေးပြီးတော့ စာမေးပွဲမဖြေမချင်း အခမဲ့ စိတ်ကြိုက်စာမေးလို့လည်းရပါသေးတယ်ရှင့်

အမြန်နာမည်စာရင်းလာပေးထားလိုက်တော့နော်……

Master your ACCA Journey!!!!

“စာတွေတော့လုပ်နေတာပဲ ရသလိုလို၊ မရသလိုလိုဖြစ်နေတာ ဘာကြောင့်လဲ?” 💭🤔ကျောင်းသားအများစုက စာကို “မြန်မြန်တွက်နိုင်ဖို့” ကိုပဲအ...
26/07/2026

“စာတွေတော့လုပ်နေတာပဲ ရသလိုလို၊ မရသလိုလိုဖြစ်နေတာ ဘာကြောင့်လဲ?” 💭🤔

ကျောင်းသားအများစုက စာကို “မြန်မြန်တွက်နိုင်ဖို့” ကိုပဲအာရုံစိုက်လေ့ရှိကြပါတယ်။ တကယ်တော့ စာနားလည်ဖို့က ပထမ ဖြစ်ပါတယ်။

နားလည်ဖို့ဆိုတာက -
၁။ ဘာသာရပ်တခုချင်းစီမှာရှိတဲ့ chapter အလိုက်

၂။ Chapter တခုချင်းစီမှာရှိတဲ့ ခေါင်းစဉ်အသေးစိတ်မှာ ဆိုလိုတဲ့ အကြောင်းအရာတွေကို သေချာနားလည်းမှတ်မိရဲ့လား၊ တကယ်ရော questions တွေမှာ apply လုပ်နိုင်ရဲ့လားဆိုတာ ဆန်းစစ်ဖို့လိုပါတယ်။

⁉️ သဘောတရားကို မသိရင်ဘာဖြစ်မလဲ ⁉️

သဘောတရားနားမလည်ရင် Kit ပဲတွက်တွက်၊ Old Question ပဲဖြေဖြေ quantities ပဲတက်လာပြီးတော့ မေးခွန်းကို တကယ်နားမလည်တာ၊ မေးခွန်းလှည့်တဲ့ဒဏ်ကို မခံနိုင်တာမျိုးဖြစ်လာပါတယ်။ အဲ့အခါ စာကိုကြောက်သွားတတ်ပါတယ်။

🍀 အဲ့ဒါကြောင့် စာလေ့လာတဲ့အခါ “ဘာကိုဆိုလိုတာလဲ၊ သူ့သဘောတရားက ဘာလဲ” ဆိုတာမျိုးတွေကို သေချာမှတ်ထားရင် စာမေ့လွယ်တာမျိုး၊ ရောသွားတာမျိုးမဖြစ်တော့ဘူးပေါ့ 🍀

💁 ကျောင်းသားနောက်ထပ် အဖြစ်များဆုံးကတော့👇

“အတန်းထဲမှာ ဆရာ/ဆရာမနဲ့တွက်ရင် နားလည်တယ်။ ကိုယ့်ဘာသာပြန်တွက်တဲ့အခါ ဘယ်နားကနေ စကိုင်ရမလဲမသိတာ” ဖြစ်ပါတယ်။

💡ဘယ်လိုဖြေရှင်းကြမလဲ 💡

👉စာနားလည်အောင် အရင်လုပ်ပါ။ အလွတ်ကျက်တာထက် concept မိအောင်လုပ်ပါ။

👉ဆရာ/ဆရာမတွေရဲ့ ပုစ္ဆာချဉ်းကပ်ပုံကိုလေ့လာပါ။ ဆရာ/ဆရာမတွေက ပုစ္ဆာရဲ့ ဘယ်နားလေးကနေစပြီး approach လုပ်သလဲသေချာကြည့်ပါ။ ပြီးရင် လိုက်စဉ်းစားပြီးလိုက်တွက်ပါ။ အဖြေမှန်ရဖို့ထက် တကယ်နားလည်ဖို့ကိုအရင် ဦးစားပေးပါ။

👉ကိုယ့်အတွက်အမြန်ဆုံးနဲ့ အမှန်ဆုံးနည်းလမ်းကိုရှာပါ။ ကိုယ်ကဘယ်နည်းလမ်းကိုသုံးရင် မြန်မြန်နဲ့ အဖြေမှန်လဲဆိုတာကို စာတွက်ရင်း သတိထားလေ့လာပါ။ အဲ့နည်းနဲ့ပဲများများ လေ့ကျင့်ရင် စာမေးပွဲမှာအချိန်မမှီတာမျိုးမဖြစ်တော့ဘဲ အမှားလည်းနည်းပါလိမ့်မယ်။

⚡️အဲ့တော့ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကိုသုံးပြီး လေ့လာကြည့်ပါ တခုခုတော့အထောက်အကူဖြစ်ပါလိမ့်မယ်နော် ⚡️

သိချင်တာရှိရင် သို့မဟုတ် စာလုပ်ရင်းကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်…..

Master Your ACCA Journey!!!





ACCA July 2026 Intake🍀 Foundation in Accountancy🍀 Applied Knowledge (Part - 1) အတွက် အတန်းလေးတွေစတင်လက်ခံနေပါပြီနော်။✨ဘယ...
11/06/2026

ACCA July 2026 Intake

🍀 Foundation in Accountancy
🍀 Applied Knowledge (Part - 1) အတွက် အတန်းလေးတွေစတင်လက်ခံနေပါပြီနော်။

✨ဘယ်သူတွေတက်သင့်လဲ✨
Foundation အတန်းက LCCI အခြေခံကနေစပြီးတော့ သင်ကြားပေးမှာဖြစ်တဲ့အတွက် Accounting အခြေခံလုံးဝမရှိတဲ့သူတွေ တက်သင့်တဲ့အတန်းဖြစ်ပါတယ်။ ဒီအတန်းပြီးရင်တော့ Financial ရော Management Accounting ရောပါအခြေခံခိုင်သွားစေမှာပါနော်။

Applied Knowledge (Part - 1) ကတော့ Accounting အခြေခံရှိတဲ့လူတွေအတွက်ဖြစ်ပါတယ်။ Accounting principles and knowledge တွေ Financial Statements တွေဘယ်လိုဆွဲလဲ၊ Decision-making ဘယ်လိုလုပ်လဲဆိုတာတွေကို လေ့လာချင်တဲ့သူတွေတက်သင့်ပါတယ်။

✨ဘာတွေနဲ့လေ့ကျင့်ကြမလဲ ✨
👉 စာမေးပွဲအောင်ဖို့ Exam focus notes တွေ
👉 Mock Test
👉 BPP/Kaplan kit
👉 Studyhub တွေနဲ့လေ့ကျင့်ရမှာဖြစ်ပါတယ်။

✨Study Support✨
စာမေးပွဲမဖြေမချင်း အချိန်မရွေးစာမေးနိုင်တဲ့အပြင် Recording access ကလည်း ၂ လကြာရမှာဖြစ်ပါတယ်။

ဒါ့အပြင် စာတွေ့ချည်းပဲမဟုတ်တဲ့ လက်တွေ့လုပ်ငန်းခွင်မှာ စာတွေကိုဘယ်လို apply လုပ်မလဲ၊ Accountant ရှူထောင့်ကတင်မဟုတ်ဘဲ Audit point of view ကနေပါဘယ်လိုစဉ်းစားသလဲအစရှိတဲ့တာတွေပါသင်ကြားပေးမှာဖြစ်ပါတယ်။

Note: CDM ကျောင်းသားများ၊ ငွေကြေးအခက်အခဲရှိသူများ chat box မှာပြောပြီး အခမဲ့သင်ကြားနိုင်ပါတယ်။

Master Your ACCA Journey!!




10/06/2026

စာရင်းကိုင်ပညာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Assets, Liabilities, Equity, Income နဲ့ Expenses ဆိုတာ ဘာလဲ? Nature တစ်ခုနဲ့တစ်ခု ဘယ်လိုကွာခြားလဲဆိုတာကို ခေါင်းထဲစွဲသွားအောင် တိုတိုနဲ့လိုရင်း ရှင်းပြပေးထားပါတယ်။

Mya Thiri Aung: Professional Accounting Lab





09/06/2026

စာရင်းထဲမှာ အမြတ် (Profit) ရနေပေမယ့် လက်ထဲမှာ ဘာလို့ ပိုက်ဆံအစစ် (Cash) မရှိတာလဲ? 🤔💸

Accounting ကျောင်းသားတွေ စာမေးပွဲမှာရော လက်တွေ့လုပ်ငန်းခွင်မှာပါ အမြဲမှားတတ်တဲ့ Profit နဲ့ Cash ရဲ့ မတူညီတဲ့ အချက်ကို အလွယ်ဆုံးနားလည်ဖို့ ရှင်းပြပေးထားပါတယ်။

Mya Thiri Aung:Professional Accounting Lab

05/06/2026

Accrual Accounting နဲ့ Cash Accounting ဘာတွေကွာသလဲ။ ဘယ်လုပ်ငန်းတွေမှာ ဘယ် Accounting Type ကိုသုံးလို့ရလဲဆိုတာ လေ့လာကြမယ် 🍀

Mya Thiri Aung: Professional Learning Lab

31/05/2026

Interview တိုင်းမှာမေးတတ်တဲ့ Financial Statements တွေအကြောင်း မိနစ်ပိုင်းအတွင်းမှတ်ကြမယ်။ FS တွေက ဘာအတွက်အသုံးဝင်သလဲဆိုတာအဆုံးထိကြည့်သွားရင် knowledge တခုခုရသွားမှာပါနော်....

Mya Thiri Aung: Professional Accounting Lab

Address

Yangon

Alerts

Be the first to know and let us send you an email when Mya Thiri Aung: Professional Accounting Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category