05/09/2026
ကျန်းမာနေတုန်းမှာ Insurance လုပ်ဖို့ ဘာကြောင့်လိုတာလဲ? 🤔
လူတော်တော်များများက Insurance ဆိုရင်—
“နေကောင်းနေသေးတာပဲ…
လိုလာမှ လုပ်မယ်လေ”
လို့ တွေးတတ်ကြပါတယ်။
ဒါပေမယ့် Insurance ရဲ့ အရေးကြီးဆုံးအချိန်က လိုအပ်လာတဲ့အချိန် မဟုတ်ပါဘူး။
မလိုအပ်သေးတဲ့အချိန်မှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့အချိန် ဖြစ်ပါတယ်။ 🛡️
ဒီနေ့ ကျန်းမာနေတယ်။
အလုပ်လုပ်နိုင်တယ်။
ဝင်ငွေကောင်းတယ်။
ဒါပေမယ့် မနက်ဖြန်မှာ ဘာဖြစ်မလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး။
ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာတဲ့အခါ
ဆေးကုသစရိတ်က မိသားစုရဲ့ စုဆောင်းငွေ၊ အိမ်စရိတ်၊ ကလေးတွေရဲ့ ပညာရေးစရိတ်တွေအပေါ် သက်ရောက်လာနိုင်ပါတယ်။
ဒါကြောင့်—
Insurance ဆိုတာ ဖျားနာဖို့ မျှော်လင့်ပြီး ဝယ်ထားတာမဟုတ်ပါဘူး။
မမျှော်လင့်ထားတဲ့အခြေအနေတွေ ဖြစ်လာတဲ့အခါ
မိသားစုရဲ့ ငွေကြေးအခြေအနေ မတုန်လှုပ်အောင် ကြိုတင်ပြင်ဆင်ထားတာပါ။ ❤️
ဒီ Weekend မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ—
“မနက်ဖြန် မမျှော်လင့်ထားတဲ့အရာတစ်ခု ဖြစ်လာခဲ့ရင်
ငါ့မိသားစုအတွက် အဆင်သင့်ဖြစ်ပြီလား?”
Prepare today. Protect tomorrow. 💙
09/08/2026
🌿 ကျွန်တော် ဘာကြောင့် ငွေကြေးဆိုင်ရာအကြံပေးသူ (Financial Service Consultant) တစ်ယောက် အဖြစ် လုပ်ဖြစ်တာလဲ?
🌿 ငွေကြေးဝန်ဆောင်မှုနယ်ပယ်မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာရင်း လူအများကြီးနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။
🌿 လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အိပ်မက်တွေ၊ မိသားစုတာဝန်တွေ၊ ဘဝရည်မှန်းချက်တွေ ရှိကြပါတယ်။ သူတို့ရဲ့ ငွေကြေးလိုအပ်ချက်တွေနဲ့ ဘဝအခြေအနေတွေကို နားလည်လာရင်း မိမိနဲ့ မိသားစုရဲ့ အနာဂတ်ကို ကြိုတင်ကာကွယ်ပြင်ဆင်ထားခြင်းရဲ့ အရေးကြီးမှု ကိုလည်း ပိုပြီး နားလည်လာ ခဲ့ပါတယ်။
🌿 ဒါကြောင့် အာမခံလောကမှာ ငွေကြေးဆိုင်ရာအကြံပေးသူ (Financial Service Consultant) အဖြစ် ဆက်လက်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ တာပါ။
🌿 ကျွန်တော့်အတွက် အာမခံလောကမှာ ငွေကြေးဆိုင်ရာအကြံပေးသူ (Financial Service Consultant) ဆိုတာ အာမခံတစ်ခုကို ရောင်းချဖို့သက်သက် မဟုတ်ပါဘူး။ လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို နားထောင်ပေးဖို့၊ မိသားစုအခြေအနေ၊ တာဝန်ယူမှုနဲ့ အနာဂတ်ရည်မှန်းချက်တွေကို နားလည်ပေးဖို့၊ ပြီးတော့ သူတို့နဲ့ သင့်တော်မယ့် အနာဂတ်ငွေကြေးအကာအကွယ်နဲ့ အာမခံအစီအစဉ်တွေ ကို နားလည် အောင် မျှဝေပေးဖို့ ဖြစ်ပါတယ်။
🌿 လူတိုင်းအတွက် တူညီတဲ့အာမခံအစီအစဉ်တစ်ခုတည်းက သင့်တော်နိုင်မှာ မဟုတ်ပါဘူး။ လူတစ်ဦး ချင်းစီရဲ့ ဘဝအခြေအနေ၊ မိသားစုတာဝန်နဲ့ လိုအပ်ချက်တွေက မတူကြလို့ပါ။ ဒါကြောင့် ကျွန်တော်က ရောင်းချခြင်းထက် နားလည်ပေးခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ ရေရှည်လက်တွဲနိုင်တဲ့ ဆက်ဆံ ရေး ကို ပိုပြီး တန်ဖိုးထားပါတယ်။
🌿 ကျွန်တော့်ရဲ့ လုပ်ငန်းခွင်ခရီးတစ်လျှောက် ယုံကြည်ပေးခဲ့ကြတဲ့ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက် ဟောင်းများနဲ့ Client များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
🙏လူတိုင်း ကျန်းမာပျော်ရွှင်ပြီး မိမိနဲ့ မိသားစုအတွက် ပိုမိုလုံခြုံတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🌿
02/08/2026
🌿 ကျွန်တော့်ရဲ့ Financial Journey လေးတစ်ခု မျှဝေချင်ပါတယ် 🌿
Financial Service နယ်ပယ်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာရင်း သင်ယူခဲ့ရတဲ့ အရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်။
လူတွေရဲ့ ဘဝတိုးတက်ဖို့ဆိုတာ စုငွေ (Savings) နဲ့ ရင်းနှီးမြှုပ်နှံ (Investment) တာတို့၊ ချေးငွေ (loan) တွေနဲ့ လုပ်ငန်းထဲမှာ ရင်းနှီးအလုပ်လုပ်ရုံတင်မကပါဘူး။
မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာ မိမိတို့ရဲ့ အနာဂတ်နဲ့ မိသားစုကို ကာကွယ်နိုင်ဖို့လည်း အရေးကြီးပါတယ်။
Microfinance နယ်ပယ်မှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံတွေကနေ လူတွေရဲ့ ငွေကြေးလိုအပ်ချက်နဲ့ စိန်ခေါ်မှုတွေကို နားလည်ခွင့်ရခဲ့ပါတယ်။
ယခု Life Advisor အဖြစ် ဆက်လက်ပြီး မိမိတို့ရဲ့ အနာဂတ်အတွက် Financial Protection Planning ကို နားလည်ရွေးချယ်နိုင်အောင် မျှဝေကူညီပေးနေပါတယ်။
📞 လူကြီးမင်းတို့ရဲ့ Financial Protection Planning အတွက် လိုအပ်ရင် ဆက်သွယ်ပါ ခင်ဗျ။
လူတိုင်း ကျန်းမာပျော်ရွှင်ပြီး လုံခြုံတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ။ 🙏
Aung Myo Linn @ Ko Linn
Financial Services Consultant
09 5280461
09 797045013 (Viber)
[email protected]
02/07/2026
လူတိုင်းမှာ စိတ်ဖိစီးမှုတွေ တခါတရံ ရှိတတ်ကြပါတယ်၊ အဲလို စိတ်ဖိစီးမှုတွေ ရှိလာခဲ့ရင် အောက်က နည်းလမ်းလေးတွေ သုံးကြည့်ကြရအောင်နော်
🌿 စိတ်ဖိစီးမှုတွေကို လျော့နည်းစေဖို့ 🌿
လူတိုင်းမှာ စိတ်ဖိစီးမှု (Stress) ဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့် နည်းနည်းဂရုစိုက်ပေးရုံနဲ့ စိတ်ကို ပိုမိုပေါ့ပါးအောင် ထိန်းသိမ်းနိုင်ပါတယ်။
✅ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ
✅ တစ်နေ့ ၂၀-၃၀ မိနစ် လမ်းလျှောက်ပါ
✅ အိပ်ရေးဝဝ အိပ်ပါ
✅ စိတ်ပူစရာတွေကို ချရေးပါ
✅ မိသားစု၊ သူငယ်ချင်းတွေနဲ့ စကားပြောပါ
✅ ကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုခုကို အချိန်ပေးပါ
✅ Social Media နဲ့ သတင်းကြည့်ချိန်ကို အနည်းငယ် လျှော့ပါ
✅ ကိုယ့်ကိုယ်ကို အနားပေးပြီး အရာရာကို တစ်ဆင့်ချင်းစီ လုပ်ဆောင်ပါ
🌱 စိတ်ကျန်းမာရေးကလည်း ကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အချိန်နည်းနည်းလေး ပေးလိုက်ပါ။
#စိတ်ကျန်းမာရေး
28/06/2026
💙 ကျွန်တော်တို့ ဘာကြောင့် နေ့တိုင်း အလုပ်ကြိုးစားနေရတာလဲ...
ပိုက်ဆံပိုရှာဖို့လား?
ကားအသစ်ဝယ်ဖို့လား?
အိမ်ကြီးကြီးဆောက်ဖို့လား?
တကယ်တော့...
အများစုက ကိုယ်ချစ်ရတဲ့ မိသားစု ပိုလုံခြုံပြီး ပိုအဆင်ပြေတဲ့ဘဝနဲ့ နေထိုင်နိုင်ဖို့ ကြိုးစားနေကြတာပါ။
ဒါပေမယ့် ဘဝမှာ မမျှော်လင့်ထားတဲ့ အရာတွေ ဖြစ်လာနိုင်ပါတယ်။
ကိုယ်သာ မနက်ဖြန် အလုပ်မလုပ်နိုင်တော့ရင်...
ဒါမှမဟုတ် ကိုယ်မရှိတော့တဲ့ တစ်နေ့ရောက်လာခဲ့ရင်...
👨👩👧👦 မိသားစုရဲ့ စားဝတ်နေရေး
📚 သားသမီးတွေရဲ့ ပညာရေး
🏠 အိမ်စရိတ်နဲ့ နေ့စဉ်အသုံးစရိတ်တွေကို ဘယ်သူက ဆက်လက်တာဝန်ယူပေးမလဲ?
🛡 Life Insurance ဆိုတာ သေခြင်းအကြောင်း ပြောနေတာမဟုတ်ပါဘူး။
💙 ကိုယ်ချစ်တဲ့သူတွေကို ဘယ်အခြေအနေမျိုးမှာမဆို ဆက်လက်စောင့်ရှောက်ပေးချင်တဲ့ မေတ္တာနဲ့ တာဝန်ယူမှုအကြောင်း ပြောနေတာပါ။
"မိသားစုကို ချစ်တယ်" ဆိုတဲ့ စကားကို ဒီနေ့ လက်တွေ့အကောင်အထည်ဖော်ဖို့ စဉ်းစားကြည့်ရအောင်။
29/05/2026
မိုးရာသီဆိုတာ သဘာဝအလှတရားတွေ ပေါ်ထွက်သလို ကျန်းမာရေး အန္တရာယ်တွေပါ တိုးလာတဲ့အချိန်ပါ။
အထူးသဖြင့် မိမိတို့ရဲ့ ချစ်လှစွာသော သားသား၊ မီးမီးမီးလေးတွေမှာ အလွယ်တကူဖြစ်ပွါးနိုင်တဲ့ ရောဂါများအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
🌧 မိုးရာသီကျန်းမာရေးအန္တရာယ်များ 🌧
🦟 သွေးလွန်တုပ်ကွေး
🤒 ဝမ်းပျက်ဝမ်းလျှော
🤧 ဖျားနာခြင်း
မမျှော်လင့်တဲ့ ဆေးရုံကုသမှုတွေကြောင့် 💸 ငွေကြေးဖိအား မဖြစ်စေဖို့
🛡 Health Insurance လေးတစ်ခုထားရှိပါ။
✔️ ဆေးကုသစရိတ်သက်သာစေပါတယ်
✔️ မိသားစုလုံခြုံစိတ်ချရပါတယ်
✔️ အရေးပေါ်အခြေအနေတွေမှာ ငွေကြေးဖိအား လျော့နည်းစေပါတယ်
💙 “ကျန်းမာရေးကို ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါ”
👉 cb မှာ မေးမြန်းပြီး သင့်မိသားစုအတွက် သင့်တော်တဲ့ Plan ကို ရွေးချယ်လိုက်ပါ။
20/05/2026
"ငါးနှစ်၊ ဆယ်နှစ် ဆက်တိုက် Premium ပေးသွင်းရမှာ ကြောက်နေတဲ့သူတွေအတွက်..."
"ရှာရတဲ့ငွေကလည်း ခက်ခဲ၊ ကုန်ဈေးနှုန်းကလည်း တက်နေတဲ့ အခုလိုအချိန်မှာ… Insurance ဝယ်ဖို့ နေနေသာသာ ‘နှစ်စဉ် အာမခံကြေး ပုံမှန်ပေးသွင်းရမယ်’ ဆိုတဲ့ Commitment ကြီးကို မြင်တာနဲ့တင် အတော်များများ လန့်ကြောက်သွားတတ်ကြပါတယ်။
'ငွေတွေ အလကား ကုန်သွားမလား?' 'နောက်နှစ်တွေမှာ ပုံမှန်မသွင်းနိုင်ရင် ဘာဖြစ်မလဲ?'
ဒီလိုတွေးပြီး ကြောက်နေမိတာ သဘာဝကျပါတယ်ခင်ဗျာ။ ဒါပေမယ့် ဒီကြောက်စိတ်ကြောင့် ကျွန်တော်တို့ မေ့လျော့နေတဲ့ 'တကယ့် အကြောက်တရား ၃ ခု' ရှိပါတယ်။
၁။ မမျှော်လင့်ဘဲ ဆေးရုံတက်ရရင် အလုပ်မလုပ်နိုင်တော့တဲ့အပြင် ကိုယ့်စုဘူးလေးပါ ပြောင်သွားမှာကို မကြောက်ဘူးလား?
၂။ ကိုယ်မရှိတော့တဲ့နေ့ကျရင် မိသားစုက အကြွေးတွေ၊ လစဉ်စရိတ်တွေကြားမှာ မျက်ရည်ကျကျန်ရစ်ခဲ့မှာကို မကြောက်ဘူးလား?
၃။ အသက်ကြီးလို့ အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ ဘယ်သူ့ဆီကမှ ထောက်ပံ့ကြေးမရဘဲ လက်မှိုင်ချနေရမှာကို မကြောက်ဘူးလား?
အာမခံ Premium ကြေးဆိုတာ ပိုက်ဆံအလကား ကုန်သွားတာ မဟုတ်ပါဘူး။ အထက်ကပြောတဲ့ 'တကယ့် အကြောက်တရားကြီး ၃ ခု' ကို ကာကွယ်ဖို့ ကိုယ့်ပိုက်ဆံကို ကိုယ့်စုဘူးထဲမှာ စနစ်တကျ ပြန်စုနေတာ ပါ။
တစ်လစာ သို့မဟုတ် တစ်နှစ်စာ စုစုပေါင်းပမာဏကို ကြည့်ရင် များတယ်ထင်ရပေမယ့် တစ်ရက်စာ တွက်ချက်လိုက်ရင် အပြင်မှာ ကော်ဖီတစ်ခွက်၊ မုန့်တစ်ပွဲဖိုးထက် မပိုပါဘူး။ နေ့စဉ် အသေးအဖွဲ ကုန်ကျစရိတ်လေးတွေကို စနစ်တကျ စုဆောင်းရုံနဲ့ မိသားစုအတွက် ခိုင်မာတဲ့ Financial Shield (ငွေကြေးဒိုင်း) တစ်ခု တည်ဆောက်နိုင်ပါတယ်။
'ငါ တကယ် ပုံမှန် သွင်းနိုင်ပါ့မလား?'
'ငါ့ဝင်ငွေနဲ့ဆို ဘယ်လောက် ပမာဏက အသင့်တော်ဆုံးလဲ?'
စိုးရိမ်စိတ်တွေ ရှိနေရင် စိတ်မပူပါနဲ့။
လူကြီးမင်းဆို့ အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Plan ကို အခမဲ့ တိုင်ပင်တွက်ချက်ပေးပါမယ်။
အသေးစိတ် သိချင်တယ်၊ တွက်ချက်ပေးကြည့်စေချင်တယ်ဆိုရင် ဆက်သွယ်လိုက်နော်။
Aung Myo Linn @ Ko Linn
Financial Services Consultant
09 5280461
09 797045013 (Viber)
[email protected]
Foster Financial Services
AIA Myanmar
17/05/2026
အာမခံက စျေးကြီးလား???
အပြင်မှာ ပုံမှန်နေ့လည်စာပုံစား တစ်ခါထွက်စားရင်ဘယ်လောက်ကျလဲ
အနဲဆုံး တစ်သောင်းခွဲ နှစ်သောင်းလောက်ကျမယ်မလား
နေ့လည်စာနှစ်ခါစားစာလောက်ပမာဏနဲ့ တစ်နှစ်စာ ပြင်းထန်ရောဂါအကာအကွယ်စထားလို့ရတယ်
ကျန်းမာရေးအာမခံ၊ အသက်အာမခံအကာအကွယ်ကို သိန်းထောင်ချီ၊ သောင်းချီပြီးထားချင်ရင်လည်း တစ်နှစ်ကို Premium သိန်းရာဂဏန်းသွင်းပြီး အကာအကွယ်ယူနေတဲ့သူတွေ အများကြီးပဲ
အာမခံဆိုတာ လူတန်းစားတစ်ရပ်အတွက်ပဲမဟုတ်ပါဘူး
အခြေခံလူတန်းစား၊ လူလတ်တန်းစား၊ အထက်တန်းလွှာ လူတန်းစားအရပ်ရပ်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အာမခံကိုအသုံးပြုလို့ရတယ်
တကယ်တော့ နေ့စဉ်ကိုယ်ဖြတ်သန်းနေရတဲ့ ပတ်ဝန်းကျင်ကနေ ဆေးရုံအခန်းထဲကိုရောက်သွားဖို့ဆိုတာ ခြေတစ်လှမ်းစာအကွာပဲလိုပါတယ်
ပုံမှန်ကျန်းမာနေတဲ့ဘဝမှာ နေ့စဉ်ကုန်ကျစရိတ်ဆိုတာရှိတယ်
ဆေးရုံအခန်းထဲရောက်သွားပြီဆိုရင်တော့ နေ့စဉ်ကုန်ကျစရိတ်က သာမန်ကုန်ကျစရိတ်ထက် ၁၀ ဆ ပိုသွားတာလည်းဖြစ်နိုင်တယ်၊ အဆ ၁၀၀ ပိုသွားတာလည်းဖြစ်နိုင်တယ်
ပုံမှန်နေ့စဉ်ကုန်ကျစရိတ်ထဲက ပမာဏအနဲငယ်လောက်ကိုချွေတာလိုက်နိုင်ရင်တော့
၁၀ ဆ၊ အဆ ၁၀၀ လောက်ပိုသွားနိုင်တဲ့ ဆေးရုံတက်ကုန်ကျစရိတ်တွေကို ကြိုတင်စီမံထားလို့ရပါတယ်
မိသားစု အပြင်ဆိုင်ကောင်းကောင်းမှာ ညစာတစ်ခါလောက်ထွက်စားလိုက်ရင် အနဲဆုံး သုံးသိန်းလောက်ကုန်ပါတယ်
ဒီညစာတစ်ခါထွက်စားတဲ့ပမာဏနဲ့ တစ်နှစ်ကို ဆေးရုံတက်စရိတ် သိန်း ၈၀ လောက်ကို ကြိုတင်စီမံထားလို့ရတယ်
အာမခံက စျေးမကြီးပါဘူး
စျေးကြီးတာက ဆေးရုံစရိတ်တွေပါ
စျေးကြီးတာက ကျောင်းစရိတ်တွေပါ
စျေးကြီးတာက တစ်ခုခုဖြစ်ပြီးမှ အာမခံမထားလိုက်ရဘူးဆိုတဲ့နောင်တတွေပါ
17/05/2026
သွေးတိုးရောဂါဟာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ လေဖြတ်ခြင်းစတဲ့ ရောဂါဖြစ်ပွားနိုင်ခြေကို အဆမတန်မြင့်တက်စေပြီး သိသာထင်ရှားတဲ့ ရောဂါလက္ခဏာမပြဘဲ အသက်ဆုံးရှုံးနိုင်သည်အထိ တိတ်တဆိတ် အန္တရာယ်ပြုနိုင်ပါတယ်။ ရောဂါလက္ခဏာမပြသရွေ့၊ နေထိုင်ကောင်းနေသရွေ့ ရောဂါရှိကြောင်း သိရှိနိုင်ဖို့လည်း ခဲယဉ်းပါတယ်။
ဒါကြောင့် ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့ကို အစွဲပြုပြီး ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်တဲ့ အလေ့အကျင့်ကောင်းတွေ လုပ်ဆောင်ဖို့ အကြံပြုပါရစေ။
၁။ လူတစ်ယောက်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ရှိ၊ မရှိ ပုံမှန်စစ်ဆေးပါ။
၂။ မိမိချစ်ခင်ရသူတွေကိုလည်း သွေးပေါင်ချိန် စစ်ဆေးဖို့ တိုက်တွန်းပါ။
၃။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးပါ။ (အငန်ဓာတ်နဲ့ အသင့်စား အစားအစာတွေကို လျှော့စားပါ။)
၄။ နှစ်သက်ရာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ရင်း တက်ကြွစွာ နေထိုင်ပါ။
၅။ စိတ်ဖိစီးမှု လျှော့ချကာ စိတ်အပန်းဖြေဖို့အတွက် လုံလောက်စွာ အနားယူဖို့ အချိန်ပေးပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၄ ဘီလီယံဝန်းကျင်ဟာ သွေးတိုးရောဂါ ခံစားနေရပြီး လူ ၄ ယောက်မှာ ၁ ယောက်သာလျှင် ရောဂါကို မှန်ကန်၊ ထိရောက်စွာ ထိန်းချုပ်နိုင်ကြပါတယ်။ AIA Myanmar နဲ့အတူ ကျန်းမာအောင်နေထိုင်တဲ့ နည်းလမ်းတွေအပေါ် လက်ခံထားတဲ့အမြင်တွေကို ပြန်လည်သုံးသပ်ရင်း သွေးတိုးရောဂါ ကာကွယ်နိုင်မဲ့ အလေ့အကျင့်ကောင်းတွေကို စတင်လုပ်ဆောင်ကြပါစို့။
Hypertension, often referred to as a “silent killer”, usually shows no obvious symptoms while significantly increasing the risk of heart attack, stroke, and kidney disease. Many people may not realise they have it until complications arise.
This World Hypertension Day, AIA Myanmar encourages everyone to take steps to protect their health by building simple, healthy habits:
1. Know your numbers and check your blood pressure regularly
2. Encourage your loved ones to get screened
3. Choose healthier foods (reduce salt and processed foods)
4. Stay active with exercise you enjoy
5. Manage stress and make time for rest and mindfulness
According to the World Health Organization (WHO), around 1.4 billion people worldwide live with hypertension, yet only about one in four have it under control. With AIA Myanmar, let’s take action today to build healthier habits and live healthier, longer, better lives.