05/12/2021
Omicron ကတော့ အင်မတန်စနစ်ကျတဲ့ စာလုံးကိုတောင် အကြီးကျယ်ပတ်မွှေနေပီနော်။ စာလုံးမှာ ၅၅၂ ယောက်ကူးစက်ခံရပီး ၁၃ယောက်သေဆုံးတဲ့။ အားလုံးဂရုစိုက်ကြပါဗျာ။ ဘေးရန်ကင်းပီး ကျန်းမာကြပါစေ။
https://www.channelnewsasia.com/singapore/covid19-new-cases-moh-dec-5-omicron-sq479-south-africa-flight-2359546?cid=FBcna&fbclid=IwAR1Q_rc9gAYDqTA5oO8BMkqH9x5d5ZSYcfnB_PvZfzcO0hony7EdRDuJ8L4
Singapore reports 552 new COVID-19 infections and 13 deaths; 1 more imported case tests positive for Omicron variant
SINGAPORE: Singapore reported 552 new COVID-19 cases and 13 deaths linked to the coronavirus as of noon on Sunday (Dec 5). The Ministry of Health (MOH) also reported one more imported COVID-19 case who has tested "preliminarily positive" for the Omicron variant. "The case is fully vacc
09/02/2020
လူပျိုဘွတုန်းက တနေ့ ၈နာရီလောက်မှမအိပ်ရရင် အိပ်ရေးမဝချင်ဘူး။ ခုတော့ တည တည ၂နာရီလောက်ကအသာလေး။ မနက်ဆို ၇နာရီမထိုးခင်ကုန်းရုန်းထ အလုပ်တွေဇယ်ဆက်အောင်များတယ်။ တပတ် ၇ရက်လုံးအဲ့အတိုင်းပဲ။ တတ်နိူင်ဘူးလေ ကိုယ့် အတ္တနဲ့ကိုယ်ပဲ ကိုယ်မှ တော်ရုံဘဝမနေချင်တာ။ သားသမီးယူဖို့လည်းစိတ်ကူးမရှိဘူး။ ဘဝမှာ ရှာလို့ရတုန်းရှာမယ်။ လောကီရော လောကုတ္တရာ ၂ဖြာလုံးအတွက် ဒီဘဝဒီခန္ဓာနဲ့ဒီဉာဏ်ရှိတုန်း တတ်အားသရွေ့အသားကုန်လုပ်မှာပဲ။ ဖြစ်တာမဖြစ်တာ ကံတရားကိစ္စပဲ။ ဘာအတွက်လဲမေးရင် လူဖြစ်တုန်း တန်အောင်ခိုင်းထားတာ။ မခိုင်းလည်း အချိန်တန်တော့လည်း သေမှာပဲမလား၊ ဆာတာပဲမလား။ လူလူသူသူနေချင်တယ်။ ဘဝခဏလေးကို အဆင့်အတန်းတခုရှိနေစေရမယ်။
05/02/2020
မြန်မာပြည်က လူငယ်တွေကို အလွန်အံ့သြမိတယ်။ သူတို့ပြောလိုက်ရင် တိုးတက်ရာတိုးတက်လမ်း မရှိဘူး၊ ဘယ်သူကမှ သူတို့ကိုလမ်းမဖွင့်ပေးဘူး၊ ဒါကြောင့် သူတို့ဒီအဆင့်မှာပဲ ရပ်နေရတယ်၊ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့၊ အစကကျွန်တော်အဟုတ်မှတ်နေခဲ့တာ။ တကယ်တမ်း နေရာပေးတော့မှ မလိုချင်ဘူးဆိုပဲ(လူတိုင်းတော့မဟုတ်ပါ အများစုကိုဆိုလိုတာပါ)။ မလုပ်နိုင်လောက်ဘူးဆိုပြီး ယုံကြည်မှုမရှိတာကတမျိုး၊ ဖိအားများလာမှာ၊ တာဝန်ယူမှုတာဝန်ခံမှုများလာမှာစိုးလို့ မလုပ်ချင်တာကတဖုံ။ ငယ်တုန်းလုပ်နိုင်တုန်းရုန်းနိုင်တုန်း မကြိုးစားချင်ဘူးလားမသိဘူး။ ဘယ်လိုတွေနားလည်ပေးရမှန်းကိုမသိတာ။ ပိုကောင်းတဲ့တခုကိုမှန်းထားလို့ လက်ရှိ အခွင့်အရေးကိုစွန့်လိုက်တာမျိုးကိုမပြောပါဘူး။ ရာထူးတိုးတာကို လစာတိုးတာလို့ပဲအရင်ကထင်ထားခဲ့ပုံရတယ်။ အထက်ကိုရောက်ရင် လေတိုက်တဲ့ဒါဏ်တော့ခံနိုင်ရည်ရှိဖို့လိုလာတာပေါ့။ တာဝန်ယူမှုတွေ၊ တာဝန်ခံနိုင်မှုတွေ၊ ခေါင်းဆောင်မှုတွေ၊ ဖိအားတွေတော့သေချာပေါက်ရှိလာမှာပေါ့။ ရာထူးအတွက်အဆင်သင့်ဖြစ်ဖို့ဆိုတာ မရခင်ကတည်းက ကိုယ့်ဟာကို သွေးထား၊ဖြည့်ထားရမှာ။ ရတော့မှ ဖြည့်မယ်ဆိုရင် သေချာတယ်ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဘာလို့ဆို သူကိုအစမ်းခိုင်းကြည့်ပြီး အဆင်ပြေမှတကယ်ပေးမှာကိုး။ အလွယ်လေးတော့ဘယ်ရမလဲလေ။
ကိုယ်တွေအဲ့အရွယ်က အရမ်းနေရာလိုချင်သလို နေရာရအောင်လည်း သေအောင်ကြိုးစားတယ်။ နေရာမရမှာကိုပဲ စိတ်ပူနေတာ။ ဒီဘဝ ဒီအဆင့်လောက်မှာ မတင်းတိမ်နိုင်တာ ခုချိန်ထိပဲ။ အသက်ရှိနေသရွေ့ တိုးတက်နေရမယ်။ နေရတဲ့ဘဝခဏတာလေးမှာ လူလူသူသူအဆင့်အတန်းရှိရှိနေချင်တယ်၊ ချောင်ထိုးခံရတဲ့ဘဝ၊ အနှိမ်ခံရတဲ့ဘဝကို လုံးဝအဖြစ်မခံနိုင်ဘူး။ လက်ရှိချိန်ထိလည်း ရောက်ချင်တဲ့နေရာကိုမရောက်သေးဘူး။ ဘာမှမဟုတ်သေးလို့ အများကြီးကြိုးစားရအုံးမှာ။ ကြိုးစားရမှာကိုမကြောက်ဘူး၊ ဘာမှမဖြစ်မယ့်ဟာကိုအချိန်ကုန်ခံပြီး သွားကြိုးစားမိနေမှာကိုသာကြောက်တာ။ ရလာတဲ့အခွင့်အရေးကိုအကျိုးရှိလို့ကတော့ သေသေကြေကြေချပြီးသားပဲ။ ထားလိုက်ပါတော့။ ပြောချင်တာ ခုမှတတ်သစ်စ ၂၀ ကျော်လူငယ်တွေအများစုဘာလို့များ အခွင့်အလမ်းရှိလျှက်နဲ့ မကြီးပွားမတိုးတက်ချင်ရတာလဲဆိုတာ စဉ်းစားမရတာ။ ဘာမှလည်း ခက်တဲ့အရာမဟုတ် ကိုယ်တွေနေ့စဉ်လုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်သေးသေးလေးတခုမှာကို နောက်လိုက်ဘဝကနေ နည်းနည်းလေးဆွဲတင်ပြီး ဦးဆောင်ခိုင်းတာကို သူတို့မှာ အနုမြူလက်နက်တီထွင်ခိုင်းနေတယ်မှတ်နေလားမသိ လုပ်ရမှာကို ကြောက်နေကြတာကိုအားမရတာပါ။ ဒီတိုင်းဆိုရင်တော့ မြန်မာပြည်ကြီး ကမ္ဘာအလယ်မှာ အလှူဒါနအလုပ်ဆုံး နံပါတ် ၁ ဆက်ဖြစ်နေမှာမလွဲပါ။
ကိုယ့်ကိုယ်ကိုယ်ကြီးကြီးမှန်းစေချင်ပါတယ်။ ကြီးကြီးမှန်းဖို့ဆိုတာ ပိုက်ဆံပေးရတာမှမဟုတ်ပဲ၊ ဘယ်သူ့မှလည်း ဂရုစိုက်စရာမလိုဘူး။ ကြီးကြီးမှန်းရင်း မဖြစ်ခဲ့ရင်တောင်အနည်းလေး အလယ်အလတ်လောက်တော့တင်ကျန်မယ်မလား။ ဆန္ဒဓိပတိဆိုတဲ့ ဖြစ်ချင်စိတ်လေးပဲလိုတာပါ။ အဲ့ဒါရှိရင် ကျန်တာတွေကသူ့ဟာသူတွန်းအားအဖြစ်ပြောင်းပြီးဖြစ်သွားမယ်လို့ထင်ပါတယ်။ လူစွမ်းအားအရင်းအမြစ်နည်းပါးလွန်းလို့ငြီးမိတာပါ။
28/01/2020
ချောင်းထဲမှာနေရင် အလွန်ဆုံး ငါးကြင်းပဲဖြစ်နိုင်မယ်။ငါးမန်းဖြစ်ချင်ရင် ပင်လယ်ထဲသွားမှရမယ်။ပင်လယ်ထဲထိ သွားရဲတဲ့သတ္တိတော့လိုတာပေါ့။
25/01/2020
အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ဘယ်တော့မှမလိမ်မိစေနဲ့။ နေ့စဉ်လုပ်ရမယ့်ကိစ္စ၊ လုပ်ရမယ့်တာဝန်တွေပျက်ကွက်တာဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် လိမ်ညာမိနေလို့ပါ။ ရပါတယ် ဒီနေ့မလုပ်ဖြစ်လည်း ဘာဖြစ်လဲ နောက်နေ့လုပ်လို့ရတာပဲ။ တရက်တည်းနဲ့တော့ ဘာမှဖြစ်မသွားပါဘူးဆိုတာကနေ အကျင့်ကောင်းတခု စပျက်စီးတော့တာပဲ။
21/01/2020
သူဌေး နေရာကမစဉ်းစား နေသေးသရွေ့တော့ လုပ်ငန်းရှင်ဖြစ်ဖို့မပြောနဲ့ ဝန်ထမ်းဘဝမှာတောင်အောင်မြင်မှုမရနိုင်ပါ။
18/01/2020
စိတ်ဓာတ်ကျနေတဲ့အချိန်တခြားသူတယောက်ကို စိတ်ဓာတ်တက်ကြွလာအောင် အားပေးလိုက်ပါ။ကိုယ်တိုင် စိတ်ဓာတ်အင်အားတွေပြန်တက်လာပါလိမ့်မည်။
14/01/2020
တချိန်တခါကနာမည်ကြီးလှတဲ့ Sentosa Merlion ကြီးခုတော့ ခေတ်ကုန်သွားလို့ သူ့ကို အစားထိုးဖို့ လဲဖြိုခံလိုက်ရပြီ။ ထာဝရဆိုတာမရှိပါ။ အရာရာပြောင်းလဲနေတဲ့ယနေ့ခေတ်မှာ ရေရှည် ရှင်သန်နိုင်ဖို့ပိုခက်ပါတယ်။ ဒီနေ့ဒီလောက်ဝင်ငွေရနေပြီဆိုပြီး ငြိမ်နေတဲ့သူအတွက် အနာဂတ်က ရင်လေးစရာဖြစ်လာမယ့်အနေအထားပါ။
ကျွန်တော်တို့လည်း Merlion ကြီးလိုအဖြစ်မခံနိုင်ရင် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲဖို့လိုပါတယ်။ ပြောင်းရင်ပြောင်း မပြောင်းရင်တချိန်မှာ Merlion လိုဂျောင်းရပါလိမ့်မယ်။ ပြောင်းလဲမှုတွေအချိန်နှောင်းသွားမှ နောင်တမရချင်ရင်(ကိုယ့်အတွက်နေရာမကျန်တော့တာမျိုးမဖြစ်ချင်ရင်) ခုတည်းက ပြောင်းလဲမှုတွေစလုပ်ထားရပါမယ်။
၂၀၂၀ ဟာကျွန်တော့်တို့အတွက်တော့ အပြောင်းအလဲတွေနဲ့ အစွမ်းကုန်ကြိုးစားရမယ့်နှစ်တခုပါ။ ခင်ဗျားတို့ရော?????
28/04/2019
သင်တို့ရဲ့ စီးပွားရေးအဆင်ပြေချောမွေ့နေစေရန် ကျွန်တော်တို့မှ အစဉ်တစိုက်ကူညီဆောင်ရွက်ပေးသွားပါမည်။