19/01/2025
♾️ တစ်သက်တာရွေးချယ် အသက်အာမခံ လို့ ဆိုတဲ့ အတိုင်း AIA Myanmar ရဲ့ Universal Life Insurance က ကျွန်မတို့ရဲ့ အသက် တစ်ရာအထိတိုင်အောင် အကာအကွယ်ပေးသွားမှာပါ။
ဒါဖြင့် ဘယ်လိုပုံစံနဲ့ အကာအကွယ် ပေးမှာလဲ❓️❓️❓️
🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️🔺️
♾️ (1) လသားမှ အသက် (65) နှစ်မတိုင်ခင်အထိသာ ဝယ်ခွင့်ရှိပြီး ဝယ်ပြီးတဲ့ နောက်ပိုင်း အသက်တစ်ရာအထိကို အကာအကွယ် ယူထားနိုင်ပါတယ်။
အာမခဲံ တစ်ခုထားခြင်းရဲ့ အဓိက ရည်ရွယ်ချက် က Protection အကာအကွယ် ရဖို့ပါ။
Protection အကြောင်း မပြောခင် နောက်ထပ် ရရှိနိုင်တဲ့ Savings Benefit ဖြစ်တဲ့ စုဆောင်းငွေ နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောချင်ပါတယ်။
💰 Savings benefit နဲ့ ပတ်သက်ပြီး တိုတို တုတ်တုတ် ပြောရမယ်ဆိုရင်..
မည်သည့် အသက်အာမခံဖြစ်စေ၊ အသက်အာမခံရဲ့ သဘောကိုက Long-term Financial Plan ဖြစ်တာကြောင့် အာမခံကြေးသွင်းပြီး 3 နှစ်လောက် အတွင်းမှာတော့ သွင်းခဲ့သော အာမခံကြေးတွေဟာ စုဆောင်းငွေအနေနဲ့ ကိုယ်သွင်းခဲ့ သလောက် ရှိနေမှာ မဟုတ်ဘဲ အနည်းငယ်သာ ရှိနေပါမယ်။ Universal Life Insurance သည်လည်း ထိုအတိုင်းပါဘဲ။ သို့သော် အာမခံကြေးသွင်းပြီး နောက် 10 နှစ် ၊15 နှစ် နှစ် 20 နောက်ပိုင်းလောက်မှာတော့ ကိုယ်သွင်းခဲ့သော ငွေတွေအားလုံးနီပါးဟာ ကိုယ့်ရဲ့ စုဆောင်းငွေအနေနဲ့ ရှိနေပါမယ်။
ကြိုက်တဲ့ အချိန် ပြန်ထုတ်သုံးလို့ ရပါမယ်။
ဥပမာ တစ်နှစ် သိန်း (100) သွင်းပါက နောက် အနှစ် 20 လောက်မှာ သိန်း (2,000) ဝန်းကျင်ကို စုဆောင်းငွေ အနေနဲ့ ပြန်ထုတ် သုံးနိုင်ပါမယ်။
📣 Savings အ ကြောင်းပြော ပြီးပြီဆိုတော့...အာမခံတစ်ခုရဲ့ အသက်လို့ ဆိုရမဲ့ Universal Life Insurance က ရရှိမယ့် Protection benefit ကို စပြောပါတော့မယ်။
👉 ပိုပြီး နားလည်လွယ်အောင်..Protection နဲ့ အတူ နှစ်စဥ်သွင်းရမဲ့ Premium ကြေးကိုပါ တွဲပြီး ပြောပြပါ့မယ်။
ဥပမာ.. အသက် 39 နှစ် အရွယ် အမျိုးသား တစ်ဦးက သိန်း (5,000) အကာအကွယ် Protection ယူမယ် ဆိုကြပါစို့။
သည့်အတွက် တစ်နှစ် ပေးသွင်းရမဲ့ အာမခံကြေးက သိန်း (100) ပါ။
ပုံမှန်ဆို..သိန်း (5,000) ပြည့်ဖို့ 1 နှစ်ကို သိန်း (100) နဲ့ နှစ်ပေါင်း 50 လောက် စုရမှာ ဖြစ်ပြီး အသက် 39 နှစ်မှ စပြီးစုပါက 89 နှစ်လောက်မှ သိန်း (5000) ပြည့်မဲ့ သဘောပါ။
ကျွန်မတို့ အားလုံး ဒီအသက် 89 နှစ်အထိ နေရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။
အသက် 89 နှစ် မတိုင်ခင် အများစုက သေဆုံးသွားကြမှာပါ။
ဒါပေမဲ့ ဒီအာမခံကတော့ 39 နှစ်မှာ အာမခံထားပြီးသည့် နောက်ပိုင်း ( Inforce ဖြစ်တဲ့ အချိန်မှစပြီး) အသက် 40 မှာဘဲ ဖြစ်ဖြစ် ၊ 50 မှာဘဲ ဖြစ်ဖြစ်၊ 60 မှာဘဲ ဖြစ်ဖြစ် အာမခံ ထားပြီး ဘယ်အချိန်မှာ သေဆုံးသည် ဖြစ်ပါစေ၊ သိန်း (5,000) နှင့်အတူ စုဆောင်းငွေကိုပါ( စုဆောင်းငွေကို ထုတ်မသုံးထားလျှင်) မိသားစုက အမွေတစ်ခုအနေနဲ့ အကျိုးခံစားခွင့် ရရှိမှာပါ။
ဒါက တသက်တာ ရွေးချယ် အသက်အာမခံရဲ့ Main Benefit လို့ ပြောလို့ရတဲ့ အကာအကွယ် ပေးထားတဲ့ ပုံစံကို သိန်း (5,000) ဥပမာ အနေနဲ့ ပြောပြခြင်းပါ။
အကာအကွယ်ကို စိတ်ကြိုက် ထားလို့ရပါတယ်။
နောက်ထပ် Benefit တွေလည်း ရှိပါသေးတယ်။
🏨 အသက် 65 မတိုင်ခင် ကင်ဆာ ဖြစ်ခဲ့ရင် အကာအကွယ်ရဲ့ 25% ကြိုထုတ်ပေးခြင်း။
သိန်း 5,000 အကာအကွယ်ယူထားသူအတွက်ဆို သိန်း 1,250 ကြိုထုတ်ပေးမဲ့ သဘောပါ။
♿️အသက် 70 မတိုင်ခင် ထာဝစဥ် မသန်စွမ်း Totally Permanent Disability TPD ဖြစ်သွားခဲ့ရင် အာမခံထားငွေရော စုဆောင်းငွေကိုပါ Death Benefit လိုမျိုး အားလုံးကို တခါတည်းထုတ်ပေးခြင်း။
🚭 ဆေးလိပ်မသောက်သူဖြစ်ပါက သေဆုံးချိန်မှာ Non Smoker Bonus အနေနဲ့ 10 % အပိုဆောင်း ထုတ်ပေးခြင်း။
သိန်း (5,000) Protection ယူထားသူအတွက်ဆို သိန်း (500) ထပ်ရမဲ့ သဘောပါ။
ဒီအာမခံက ကိုယ်တိုင်လည်း ကြိုက်လို့ လက်ရှိဝယ်ထားပါတယ်။ လူတိုင်းနီးပါးမှာ ရှိထားသင့်တဲ့ အသက်အာမခံတစ်ခုလို့လည်း ယုံကြည်မိတယ်။
အသက်အာမခံ ကျန်းမာရေး အာမခံများနဲ့ ပတ်သက်ပြီး အသေးစိတ်သိလိုပါက အာမနာတမ်း မေးမြန်းနိုင်ပါတယ်ရှင့်။
Khin Chan Myae
Financial Services Consultant
AIA Myanmar
Ph: 09 966933262
Viber: 09 266600494
Email: [email protected]
AIA Myanmar (Head Office )
22nd Floor, Junction City Office Tower
Bogyoke Aung San Road, Yangon
03/12/2024
#အသက်အာမခံ ကျန်းမာရေး အာမခံမှာ လူအများစု မသိသေးတဲ့ အရေးအကြီးဆုံး အရာတစ်ခု ရှိပါတယ်။
ဘာလဲဆိုတော့..အာမခံဆိုတာ ငွေရှိတိုင်း ဝယ်နိုင်တဲ့ ကုန်ပစ္စည်းတစ်ခု မဟုတ်ပါ။
အာမခံတစ်ခုကို ဝယ်ခွင့်ရဖို့နဲ့ အကာအကွယ်ကို အပြည့်အဝရဖို့ဆိုရင်...
ပထမအချက် အနေနဲ့ ..ရောဂါကြီးကြီးမားမားမရှိသေးတဲ့ ကျန်းမာရေးအခြေအနေ ဖြစ်ရပါမယ်။ တကယ်တော့ အာမခံကို ကျန်းမာခြင်းနဲ့ပဲ အဓိက ဝယ်ရတာပါ။
ဥပမာ.. #ကင်ဆာလို ရောဂါမျိုးတွေ ရလာတဲ့ အချိန်မှ ဆို.. အသက်အာမခံ ကျန်းမာရေးအာမခံတွေကို ဝယ်ခွင့်ရမှာ မဟုတ်ပါဘူး။ အာမခံဆိုတာ လူတိုင်းကြုံတွေ့ရမဲ့ အို၊ နာ၊ သေ ဆိုတဲ့ အရာတွေအတွက် ကိုယ်နဲ့ ကိုယ့်မိသားစုကို အထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ Plan တစ်ခု၊ Long-Term Plan တစ်ခုပါ။
နောက်တချက်ကတော့.. အာမခံ ဝယ်ယူခွင့်ရတဲ့ အသက်အရွယ် တစ်ခု ရှိနေရပါမယ်။
အရွယ်ရှိစဥ်မှာ ဝယ်ထားခြင်းက အာမခံကြေးက အရမ်းသက်သာပြီး အကာအကွယ်ဆ ပိုရပါတယ်။
အရွယ်လွန်မှဆို ဝယ်မရနိုင်ပါဘူး။
#အာမခံနဲ့ ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးလိုပါက အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင့်။
Khin Chan Myae
Financial Services Consultant
AIA Myanmar
IA ( N ) LI - 15064
Email [email protected]
18/11/2024
လူလူရယ်လို့ ဖြစ်လာပြီဆိုရင်.. လိုအင် ဆန္ဒတွေနဲ့ အတူ စိုးရိမ်ပူပန်မှုတွေ ဆိုတာလည်း ရှိကြပါတယ်။
ဆန္ဒများစွာထဲမှ...လူတိုင်းဟာ.. ကျန်းမာချင်ကြတယ်။ မကျန်းမာခဲ့သော် အကောင်းဆုံးကုသမှုတွေရချင်ကြတယ်။ သားသမီးတွေအနာဂတ်တွေကို လှပစေချင်ကြတယ်။ အရွယ်တစ်ခုရောက်လာတဲ့အခါမှာလည်း အေးအေးချမ်းချမ်း နေချင်ကြတယ်။💙😌
အခုခေါတ်မှာ..အတိုင်းအတာ တစ်ခုအထိ ဒီလို ဆန္ဒ တွေကို ဖြည့် ပေးပြီး ကျွန်မတို့ရဲ့ စိုးရိမ်ပူပန်မှုကို လွှဲပြောင်းယူနိုင်မဲ့ (Risk Transfer)
ဝန်ဆောင်မှု တွေ ရှိနေပါပြီ။ 💁♂️💁
ဒီလိုမျိုး ဝန်ဆောင်မှုတွေကို ပေးနိုင်တာကတော့ အသက်အာမခံ ကုမ္မဏီတွေပါဘဲ။ ☔️☔️
မြန်မာပြည်မှာတော့ ...AIA အပါအဝင် Foreign Company ကြီး ၅ ခုအပြင်....
Local Comany များစွာရှိပါတယ်။ 🌟🌟
သည်အထဲမှ....
ဘယ် Company တွေကတော့...
Claim Case တွေ ကို ကိုင်တွယ်ရာမှာ မြန်ဆန်ခြင်း ရှိမရှိ...✅️✅️
အာမခံ အမျိုးအစားတွေက ကိုယ့်လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု ရှိမရှိ....💡💡
Premium ကြေးနဲ့ Coverage Ratio ကိုတွက်ကြည့်ပြီး Cover အဆ ဘယ်လောက်ထိ ပေးထားသလဲ...🏆🏆
အကာအကွယ်ရရုံသာမဟုတ်ဘဲ .....☔️☔️
Education plan အတွက်ရော Retirement အတွက်ရော စုဆောင်းငွေဘယ်လောက်ထိ ပြန်ရနိုင်လဲ ???? 💰💰
စသဖြင့် နှိုင်းယှဥ်လေ့လာပြီး....
ကိုယ့်လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံး အကျိုးအများဆုံးရှိနိုင်တဲ့ အာမခံ အမျိုးအစားတွေကို
ငွေရှာနိုင်တုန်း...
ကျန်းမာနေတုန်းမှာ...🎉🎉
ကြိုတင်စီမံထားသင့်ပါတယ်ရှင့်။
💝💝
Khin Chan Myae
Financial Services Consultant
AIA Myanmar
02/11/2024
💝💝အာမခံဆိုတာ မထင်မှတ်ထားတဲ့ ဘဝအချိုးအကွေ့တွေ ကြုံရသည့်တိုင် လူနေမှု အဆင်အတန်းတစ်ခု ကို နိမ့်ဆင်း မသွားရအောင် ကာကွယ်ပေးနိုင် သော အရာတစ်ခုပါ။
💯💯တနည်းအားဖြင့် Life Harmony Guard ပါပဲ။
"Life insurance is a safeguard that helps maintain your current standard of living and provides peace of mind throughout your lifetime."
🔔🔔တကယ်တမ်း အကာအကွယ်ယူထားသင့်တဲ့ အရာတွေကတော့ မိမိပိုင်ဆိုင်သောတန်ဖိုးကြီး ပစ္စည်းတွေမှသည် တန်ဖိုးဖြတ်မရနိုင်သော လူ့အသက်တွေထိ အားလုံးပါ။
🔥🔥ဘယ်အရာအတွက် အာမခံအရှိသင့်ဆုံးလဲ မေးလာခဲ့ရင် တန်ဖိုးအကြီးဆုံး လူ့အသက်ကို အာမခံ အကာအကွယ် ရှိထားသင့်တာပါဘဲ။ အရာအားလုံးကို စွမ်းဆောင်နိုင်ကြတာ သက်ရှိလူသားတွေပဲ မဟုတ်ပါလား။
😍 ကျန်းမာ ပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။😍
အသက်အာမခံ ကျန်းမာရေးအာမခံများနဲ ပတ်သက်ပြီး အသေးစိတ်သိလိုပါက..အခမဲ့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။
Khin Chan Myae
Financial Services Consultant
AIA Myanmar
Ph: 09 966933262
Viber: 09 266600494
Email: [email protected]
AIA Myanmar (Head Office )
22nd Floor, Junction City Office Tower
Bogyoke Aung San Road, Yangon
29/09/2024
ဆေးကုသစရိတ်ကို ငွေထုတ်ကြီးပိုက်ပြီး ဖြေရှင်းစရာမလိုတဲ့..တစ်ခုတည်းသော နည်းလမ်းကတော့..ကျန်းမာရေး အာမခံဆောင်ထားခြင်းပါ။
"လူမသေ ငွေမရှား" တဲ့... ဆေးကုသစရိတ်ကြီးတွေ ရှိလာတဲ့အခါ ပြောကြတဲ့ စကားတစ်ခု။
တကယ်တော့ ကြိုးကြိုးစားစား ရှာဖွေထားခဲ့ရတဲ့ ငွေကြေးတွေကို ဆေးကုသစရိတ်အတွက် ဘယ်သူမှ သုံးမပစ်ချင်ပါဘူး။ ဒီငွေတွေက ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့ စိတ်ကူး အိမ်မက်တွေကို ပုံဖော်ဖို့ပါ။ မတတ်သာလို့သာ မသုံးချင်ဘဲ သုံးလိုက်ရတာ..။
ဒီလိုမျိုး မသုံးချင်ဘူးဆိုရင်.. ကျန်းမာနေတုန်း..ကျန်းမာရေးအာမခံတွေ အကြောင်း သေချာလေ့လာပြီး ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အာမခံအမျိုးအစားကို ရွေးချယ်ပြီး ကြိုကြိုတင်တင် စံမံထားပါလို့ တိုက်တွန်းချင်ပါတယ်။
အသက်အာမခံ ကျန်းမာရေး အာမခံများနဲ့ ပတ်သက်ပြီး အသေးစိတ် သိလိုပါက အားမနာတမ်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင့်။
Khin Chan Myae
Financial Consultant
AIA Myanmar
License No. IA ( N ) LI - 15064
Ph: 09 966933262
Email: [email protected]
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
The only way to avoid paying out-of-pocket for medical expenses is by having health insurance.
There’s a saying that goes, “As long as you're alive, we can make money again,” often said when facing high medical costs for healthcare. In reality, no one wants to spend the money they have worked so hard to save on medical expenses. That money is meant for fulfilling dreams and goals for yourself and your family. It’s frustrating to have to spend it on something unplanned, like medical bills.
If you want to avoid this, while you're healthy now, take the time to research and select a health insurance plan that fits your needs. Preparing ahead by choosing the right health insurance will save you from financial stress in the future.
If you'd like to discuss life or health insurance in more detail, please feel free to reach out.
Khin Chan Myae
Financial Consultant
AIA Myanmar
License No. IA ( N ) LI - 15064
Phone: 09 966933262
Email: [email protected]
27/09/2024
❣️ပြောကို ပြောချင်လွန်းလို့ပါ...❣️
အထူးသဖြင့် 35 to 39 အရွယ်အတွက် တစ်သက်တာရွေးချယ် အသက်အာမခံ ရဲ့ Benefit တွေကိုပါ...
ဘယ်လို Benefit တွေ ရှိနေလို့ပါလဲ...
🔥Benefit 1🔥
ကိုယ့်ရဲ့ Retirement ကာလ အတွက် ငွေစုဆောင်းသွားရင်း တချိန်တည်းမှာပင် မိသားစုအတွက် Protection
အဆ 50 လောက်ရရှိတာကြောင်ပါဘဲ..
ဥပမာ..Retirement ကာလ အတွက် တစ်နှစ် ၁၀ သိန်း ပုံမှန် Saving စုသွားရင်းဖြင့်. တဖက်မှာလည်းအကာအကွယ် သိန်း ၅၀၀ ကို အာမခံထားသူ မည်သည့် အချိန်တွင် သေဆုံးသည် ဖြစ်ပါစေ ကိုယ့်မိသားစုက ရရှိမှာဘဲဖြစ်ပါတယ်။
Saving ဆိုတာက..ကိုယ့်ရဲ့ Bank account လို ကိုယ်တိုင် ပြန်ထုတ်သုံးနိုင်ပါတယ်..အဓိကကတော့ မိမိရဲ့ Retirement အတွက်ရည်ရွယ်စုဆောင်းထားတဲ့ ကိုယ်ပိုင်ငွေပါ။
🔥Benefit 2🔥
နောက်တခုကတော့... "တစ်သက်တာရွေးချယ် အသက်အာမခံ" ဆိုသည့်အတိုင်း..အကာအကွယ်ကို မိမိအသက်တစ်ရာအထိကို အကာအကွယ်ပေးထားတာပါ။
🔥Benefit 3🔥
Cancer ရောဂါဖြစ်ခဲ့ရင် သိန်း ၅၀၀ ရဲ့ ၂၅% ဖြစ်တဲ့ ၁၂၅ သိန်း ကြိုထုတ်ပေးပါတယ်။
🔥Benefit 4🔥
Totally Permanent Disability TPD ထာဝစဉ် မသန်စွမ်း ဖြစ်ခဲ့သော် သိန်း 500 Plus Savings အားလုံး ထုတ်ပေးပါတယ်။
🔥Benefit 5🔥
Non Smoker Bonus 10% of Protection
ဒီလို benefits တွေရှိခြင်းကြောင့်..တစ်သက်တာရွေးချယ် အသက်အာမခံ Universal Life Insurance ဟာ..လက်ရှိမှာတော့ မြန်မာပြည်ရဲ့ အကောင်းဆုံးသော အသက်အာမခံ အမျိုးအစားပဲ ဖြစ်ပါတယ်။
နောက်ထက်သိလိုပါကလည်း အားမနာတမ်း ဆွေးနွေးမေးမြန်နိုင်ပါတယ်ရှင်။
အေးချမ်းလုံခြုံသော အနာဂတ်များ ပိုင်ဆိုင်ကြပါစေ။
Khin Chan Myae
Financial Services Consultant
Myanmar
Ph: 09 966933262
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
❣️I really feel the urge to share this...❣️
Especially for those aged 35 to 39, here are the benefits of Universal Life Insurance :
🔥 Benefit 1 🔥
It allows you to save for your retirement while providing protection for your family at the same time, with up to 50 times the coverage.
For example, if you save MMK 1 million per year for your retirement, you'll also be protected with an insurance coverage of MMK 50 million. In the event of your death at any time, your family will receive that amount.
The savings act like your own bank account. The key goal here is to save for your retirement with your own funds.
🔥 Benefit 2 🔥
As the name suggests, a "Universal Life Insurance Plan" provides protection throughout your entire life.
🔥 Benefit 3 🔥
If you are diagnosed with cancer, 25% of your MMK 50 million coverage (equivalent to MMK 12.5 million) will be paid out in advance.
🔥 Benefit 4 🔥
In the case of Total Permanent Disability (TPD), you will receive the full MMK 50 million plus all your savings.
🔥 Benefit 5 🔥
For non-smokers, there’s an additional bonus of 10% of the total protection coverage.
Because of these benefits, the Lifetime Choice plan (Universal Life Insurance) is currently the best type of life insurance in Myanmar.
If you would like to know more, feel free to reach out anytime for a discussion.
Wishing you a peaceful and secure future!
Khin Chan Myae
Financial Services Consultant
Ph: 09 966933262
23/09/2024
သူများနိုင်ငံက သူတွေလို ကိုယ့်နိုင်ငံမှာလည်း ဆေးကုသစရိတ်တွေကို Insurance card လေး နဲ့ ပေါ့ပေါ့ပါးပါး ဖြေရှင်းလို့ရနေပါပြီနော်...
Insurance card လေးဆိုတာက..စဥ်းစားကြည့်ရင်
1. ကိုယ့်ကျန်းမာရေးကို တန်ဖိုးထားခြင်း
2. ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်း
3. ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ကျန်းမာရေး အန္တရာယ်မှ ကာကွယ်ပေးခြင်း (Wealth Protection)
4. မိသားစုကို တန်ဖိုးထားခြင်း
စတဲ့ အဓိပ္ပာယ်များစွာ သက်ရောက်မှုရှိပါတယ်။
ဒါကြောင့်မို့ Insurance card လေးဟာ နေကောင်းကျန်းမာနေတဲ့ အခုအချိန်မှာ ပိုင်ဆိုင်ထားသင့်တဲ့ စစ်မှန်တဲ့အားကိုးရာ တစ်ခုလို့ ဆိုချင်ပါတယ်။
19/09/2024
🍀🍀သင့်တင့်တဲ့ ပုံမှန် ဝင်ငွေတစ်ခုရှိနေပေမဲ့ ဘဝရှေ့ရေးကို ငွေကြေးနဲ့ ပတ်သက်ပြီး ပူပန်မှုတွေရှိနေတာ..ဘာကြောင့်ပါလဲ????
🍀🍀 ဘာကြောင့်ဆို.. အကြောင်းတစ်ခုခုကြောင့် ငွေမရှာနိုင်တော့ရင်..သားသမီး ပညာရေးတွေ ၊ မိသားစု ငွေကြေးအခြေအနေတွေမှာ ကမောက်ကမ ဖြစ်နိုင်တာကြောင့်ပါ။
🍀🍀ဒီလိုစိုးရိမ်မှုတွေကို ဘယ်လိုလျှော့ချကြမလဲ????
အားလုံးသိကြတဲ့အတိုင်း.. ရင်းနှီးမြှပ်နှံမှုတွေ လုပ်ခြင်း၊ ငွေကြေး လုံလောက်စွာစုဆောင်းထားခြင်း စတဲ့နည်းတွေနဲ့ လျှော့ချနိုင်ပါတယ်။
🍀🍀နောက်တစ်ခုကတော့ အာမခံအကာအကွယ်ကို ယူထားခြင်းပါ..
ဝင်ငွေရဲ့ ၅% မှ ၁၀% လောက်ကို အာမခံမှာ ပုံမှန်စုသွားရုံဖြင့် ကြီးမားတဲ့ငွေကြေးအကာအကွယ် ကိုရရှိမှာဖြစ်ပြီး...
အနာဂတ်စိုးရိမ်မှုတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တယ် ဆိုတာပါဘဲ။
🍀🍀အာမခံနဲ့ပတ်သက်ပြီး အသေးစိတ် သိလိုပါက အားမနာတမ်း ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင့်။
Khin Chan Myae
Financial Consultant
License No. IA ( N ) LI - 15064
[email protected]
AIA Myanmar