11/09/2025
Manulife ပိုက်ကျော်ခြင်းဖလား 🏆
ပွဲစဉ်တွေကိုတော့ စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်နေ့ထိ ကျင်းပမှာပါစျေးပွဲတော်လံရှိတယ်နော်
စက်တင်ဘာ ၂၀ ရက်နေ့ ဗိုလ်လုပွဲမှာလည်းကျန်းမာရေးဟောပြောပွဲအစီအစဉ်၊ဖျော်ဖြေရေးအစီအစဉ်များ၊စျေးပွဲတော်နဲ့အခြားရင်ခုန်စရာအစီအစဉ်များစွာရှိတဲ့အပြင် လာရောက်ကြည့်ရှူသူများအတွက်ကံစမ်းမဲအစီအစဉ်တွေလဲရှိတာမို့ လာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်
နေရာက 👉သုဝဏ္ဏ အားကစားရုံ ပြိုင်ပွဲရုံ အမှတ် (၁)မှာနော်
05/09/2025
September ၅/၆/၇ (၃)ရက်မှာ စျေးဝယ်ရင်းCity rewards မှာpointတွေယူဖို့မမေ့ကြနဲ့အုံးနော်💕💕
24/03/2025
🍀Wellness challenge Awarding ceremony
23/03/2025
🍀Today Team Activity 🍀
UAT 2024 ACADEMIC YEAR AWARDING CEREMONY
04/02/2025
Fabulous February Love Kick Off 💕💕
18/01/2025
အသက်အာမခံဆိုတာ
ပိုင်ဆိုင်မှုပုံစံတစ်မျိုး (kind of asset) ဖြစ်ပါတယ် ။
ဒီပိုင်ဆိုင်မှုကိုဘယ်သူပိုင်သလဲဆို
ကာယကံရှင်ကိုယ်တိုင် ပိုင်ဆိုင်ပါတယ်
သူမရှိတော့ရင် သူ့မိသားစုကပိုင်ဆိုင်ပါမယ်
ဒီပိုင်ဆိုင်မှုကိုဘယ်မှာသုံးမလဲဆို
Emergency cases တွေပေါ်လာရင်သုံးပါမယ်
မပေါ်ခဲ့ရင်လည်း saving တစ်ခုအနေနဲ့ရှိနေပါမယ်။
ရွှေ၊ငွေ၊အိမ်၊ခြံ၊မြေ၊ကားစတာတွေက
Tangible လို့ခေါ်တဲ့ ထိတွေ့လို့ရတဲ့ ပြလို့ရတဲ့
ပြန်ရောင်းလို့ရတဲ့ ပိုင်ဆိုင်မှုဖြစ်ပါတယ်
အသက်အာမခံ၊ကျန်းမာရေး၊ပညာရေးအာမခံတွေကတော့ intangible လို့ခေါ်တဲ့ ကိုင်ပြလို့မရတဲ့ပိုင်ဆိုင်မှုအမျိုးအစားပါ
သာမန်အချိန်မှာ စာရွက်တစ်ရွက်/စာချုပ်တစ်ခုအနေနဲ့သာရှိပါလိမ့်မယ်
ပြန်ရောင်းလို့လည်းမရပါဘူး
ဘာလို့လည်းဆိုတော့ အမြတ်ပေါ်ဖို့ရင်းနှီးထားရတဲ့လုပ်ငန်းသဘာဝမဟုတ်လို့ပါပဲ ။
အသက်အာမခံရဲ့မူလသဘောတရားအရ
နှစ်စဉ်ပုံမှန်ထည့်သွင်းနေရပါမယ်
အရေးပေါ်ဖြစ်လာရင် သွင်းထားတဲ့ငွေထက်အဆပေါင်းများစွာများတဲ့လျော်ကြေးကိုရနိုင်ပြီး
ဘာမှဖြစ်မလာရင် စုငွေအတိုင်းရှိနေမယ့်ပုံစံဖြစ်ပါတယ် ။
သူ့ရဲ့ထူးခြားမှုကတော့
သိန်းတစ်ထောင်တန်တဲ့ပိုင်ဆိုင်မှုတစ်ခုဟာ
သာမန်အချိန်မှာ စာချုပ်တစ်ခုအနေနဲ့ရှိနေပြီး
သင့်ရဲ့နာမကျန်းဖြစ်လာတဲ့အခါ ထွက်ပေါ်လာပါမယ်
အဲဒီပိုင်ဆိုင်မှုရဖို့အတွက် နှစ်စဉ်သိန်းဆယ်ဂဏန်းလောက်ပုံမှန်သွင်းနေရုံပါပဲ။
ပိုင်ဆိုင်မှုတွေ တိုးပွားကြပါစေ
နာရေးကိစ္စ/ နာမကျန်းကိစ္စတွေကြောင့်
ရှိနေပြီးသားပိုင်ဆိုင်မှုတွေကို လျော့ပါးသွားခြင်းမရှိပါစေနဲ့
🍀🍀🍀
အာမခံ appointment များအတွက်
မက်ဆန်ဂျာမှတဆင့် ဆက်သွယ်နိုင်ပါတယ် ။
09/01/2025
2025 Manulife Myanmar
Grand Kick off
08/01/2025
လမ်းလျှောက်ရင်းဆုတွေရနိုင်မယ့် challenge လေး ပါဝင်ဆင်နွှဲလို့ရပါတယ်ရှင့်
💕🍀💕🌈💕
Manulife Wellness Challenge 2025 အတွက် စာရင်းပေးပြီးသွားပြီလား။
ကျန်းမာပျော်ရွှင် Challenge ရဲ့ Winner တွေကိုတော့ စုစုပေါင်း (၂၃) ဦးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ Winner တွေထဲမှာမှ -
ခြေလှမ်းအများဆုံး ရရှိတဲ့ Grand Prize Winner (၃) ဦး အတွက်
• ပထမဆုကို Redmi Watch 4 ဆုလက်ဆောင်
• ဒုတိယဆုကို SONY Wireless Headphone (WH-CH520) ဆုလက်ဆောင် နဲ့
• တတိယဆုကို Air Purifier ဆုလက်ဆောင်တွေ အပြင်
1st Runner Up (၁၀) ဦး အတွက် တစ်ဦးလျှင် ကျပ် (၁) သိန်းတန် City Mart Gift Voucher ဆုလက်ဆောင်
2nd Runner Up (၁၀) ဦး အတွက် တစ်ဦးလျှင် ကျပ် (၅) သောင်းတန် City Mart Gift Voucher ဆုလက်ဆောင်စီ ရွေးချယ်ပြီး ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စာရင်းပေးသွင်းထားသူတွေအားလုံးအတွက်လည်း ဆုလက်ဆောင်ရရှိနိုင်မယ့်အခွင့်အရေးတွေလည်း ရှိနေပါတယ်နော်။ ဒါဆို ကျန်းမာတဲ့ ခြေလှမ်းတွေ စတင်ဖို့ ဒီလင့်ခ်မှာ [https://bit.ly/4j5aTxp] စာရင်းသွင်းပြီး ဒီ Viber Channel [https://bit.ly/3PeWcKw] လေးကို Join ထားလိုက်ရအောင်။
Have you registered for the Manulife Wellness Challenge 2025 yet?
A total of 23 winners will be selected from Manulife Wellness Challenge! Here’s what you can win:
Grand Prize Winners (3 participants with the most steps):
• 1st Prize: Redmi Watch 4
• 2nd Prize: SONY Wireless Headphone (WH-CH520)
• 3rd Prize: Air Purifier
1st Runner-Up (10 participants):
Each will receive a 100,000 MMK City Mart Gift Voucher.
2nd Runner-Up (10 participants):
Each will receive a 50,000 MMK City Mart Gift Voucher.
Besides, all registered participants will also have a chance to win additional prizes! Don’t wait—kickstart your healthy journey today by registering here via this link: [https://bit.ly/4j5aTxp] and join our Viber Channel here: [https://bit.ly/3PeWcKw]. Let’s take those steps toward wellness together!
07/01/2025
မဂ်လာပါရှင် 💕🌈💕
နှစ်သစ်မှာ အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာ လိုအင်ဆန္ဒတွေပြည့်စုံပါစေ 🍀
ဒီနေ့တော့ အသက်အာမခံအပေါ်မှာ အပြောများကြတဲ့ အချက်လေးနဲ့ ပြောပြပါရစေ
" #အသက်အာမခံဆိုတာသေမှရတာ_စိတ်မဝင်စားဘူး "
ဒါမျိုးပြောသံအမြဲကြားရပါတယ်
အမြဲတမ်းလည်း ရှင်းပြနေရတုန်းပါ🍀
အသက်အာမခံရဲ့အကျိုးခံစားခွင့်မှာ
မိမိကိုယ်တိုင်သေဆုံးသွားမှကျန်ရစ်သူမိသားစုက
လျော်ကြေးရတယ်ဆိုတာ နောက်ဆုံးအဆင့်မှပါ။
#မသေလည်းရပါတယ် ✅✅✅
ဘယ်လိုအခြေအနေတွေမှာရတာလဲ❓❓❓
အကြောင်းတစ်ခုခုကြောင့်
ထာဝစဉ်မသန်စွမ်းဖြစ်သွားတဲ့အခါ
အလုပ်လုပ်လို့မရတော့လောက်အောင်
ကာလကြာရှည်လေဖြတ်သွားခြင်း /
အဆင့်မြင့်မားသောကင်ဆာရောဂါများဖြစ်ပွားခြင်း
နှလုံး၊ကျောက်ကပ်၊အသည်း၊ အဆုတ်စတဲ့ကိုယ်တွင်းကလီစာများမှာပြင်းထန်ရောဂါများဖြစ်ပွားလာခြင်းတွေမှာ
အသက်အာမခံရဲ့ငွေကြေးအကာအကွယ်တွေကို မိမိကိုယ်တိုင်ရယူခံစားနိုင်ပါတယ် ✅
ဒါတွေရနေလို့လည်းအာမခံဆိုတာထားနေကြတာပါ
နောက်တစ်ခုက
အာမခံသက်တမ်းပြည့်လို့ ကျန်းမာနေဆဲအသက်ရှင်နေဆဲဖြစ်တဲ့အခါ
စုငွေအားလုံးကိုအခွန်ကင်းလွတ်ခွင့်နဲ့အတူ
ပြန်ထုတ်ယူနိုင်တာကလည်း ကိုယ်တိုင်အတွက်ပါပဲ
အချုပ်အားဖြင့် အသက်အာမခံဆိုတာ
✅မိမိရှင်သန်နေဆဲကာလမှာလည်း
အရေးပေါ်ရန်ပုံငွေအဖြစ်အသုံးဝင်သလို
✅ပြန်ထုတ်ယူတဲ့အခါမှာလည်း
ငွေဖြူအဖြစ်အသွင်ပြောင်းလဲသွားတာမို့
" #သေမှရတယ်"ဆိုတာကြီးကို အခုပဲမေ့ထားလိုက်ပါနော်
*****
နှစ်သစ်မှာ အားလုအဆင်ပြေကြပါစေ
အာမခံဆိုင်ရာဆွေးနွေးလိုသူများ
မက်ဆန်ဂျာမှတဆင့် ဆက်သွယ်နိုင်ပါတယ် ။
ကျေးဇူးတင်ပါတယ်နော် 💕🌈💕