Bright Life Insurance

Bright Life Insurance

Share

No One Can Save You But You.....

26/08/2026

🔍 သိထားသင့်တဲ့ Tumour Marker များ (CEA, CA, AFP, PSA)

💢Tumour Marker (ကင်ဆာအမှတ်အသားပစ္စည်း) ဆိုတာ ကင်ဆာဆဲလ်တွေ ကိုယ်တိုင်ကဖြစ်စေ၊ ကင်ဆာကို တုံ့ပြန်တဲ့အနေနဲ့ ခန္ဓာကိုယ်ကဖြစ်စေ ထုတ်လုပ်လိုက်တဲ့ ပရိုတင်းဓာတ် သို့မဟုတ် ဇီဝပစ္စည်းတွေ ဖြစ်ပါတယ်။

🧬 ဒီပစ္စည်းတွေကို သွေး၊ ဆီး သို့မဟုတ် ခန္ဓာကိုယ်အရည်တွေထဲမှာ စစ်ဆေးတွေ့ရှိနိုင်ပြီး ကင်ဆာရောဂါ ရှာဖွေရာမှာ၊ ကုသမှုထိရောက်မှုကို စောင့်ကြည့်ရာမှာနဲ့ ရောဂါပြန်ဖြစ်လာမလားဆိုတာကိုဆန်းစစ်ရာမှာ အဓိက အသုံးပြုကြပါတယ်။

🩺ဆေးပညာလောကမှာ လူသိအများဆုံးနဲ့ အသုံးအများဆုံး Tumour Marker (၄) မျိုးကို အလွယ်တကူ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်... 👇

၁။ 🧪 CEA (Carcinoembryonic Antigen)
🧬ဘယ်ကင်ဆာတွေနဲ့ သက်ဆိုင်လဲ: အူမကြီးကင်ဆာ (Colorectal cancer) မှာ အဓိက သုံးပြီး၊ အဆုတ်၊ အစာအိမ်၊ ပန်ကရိယနဲ့ ရင်သားကင်ဆာတွေမှာလည်း မြင့်တက်တတ်ပါတယ်။
💡 သိထားသင့်ချက်: CEA ပမာဏဟာ ဆေးလိပ်သောက်သူတွေ နဲ့ ရောင်ရမ်းနာရောဂါ (ဥပမာ- အသည်းခြောက်ခြင်း၊ အူလမ်းကြောင်းရောင်ရမ်းခြင်း) တွေမှာလည်း အနည်းငယ် မြင့်တက်တတ်ပါတယ်။ ဒါကြောင့် ကင်ဆာစစ်ဆေးဖို့ သက်သက်ထက် ကုသပြီးနောက် ပြန်ထွက်လာခြင်း ရှိမရှိ (Recurrence) စောင့်ကြည့်ဖို့နဲ့ ဆေးကုသမှု ထိရောက်မှုကို တိုင်းတာဖို့အတွက် ပိုပြီး အသုံးဝင်ပါတယ်။

၂။ 🎗️ CA (Cancer Antigen - ဥပမာ CA 19-9, CA 125 စသည်ဖြင့်)
ဘယ်ကင်ဆာတွေနဲ့ သက်ဆိုင်လဲ: CA အမျိုးအစားအလိုက် ကင်ဆာနေရာ ကွဲပြားပါတယ်။ ဥပမာအားဖြင့် CA 19-9 ဟာ ပန်ကရိယကင်ဆာ နဲ့ သည်းခြေလမ်းကြောင်းကင်ဆာတွေအတွက် ထင်ရှားပြီး၊ CA 125 ကတော့ အမျိုးသမီး သားဥအိမ်ကင်ဆာ (Ovarian cancer) အတွက် အဓိက သုံးပါတယ်။
💡 သိထားသင့်ချက်: ဒီအမှတ်အသားတွေဟာ ကင်ဆာမဟုတ်တဲ့ သာမန်ရောဂါအခြေအနေတွေ (ဥပမာ- ရင်သားရောင်ရမ်းခြင်း၊ ရာသီစက်ဝန်းဆိုင်ရာ အပြောင်းအလဲများနဲ့ အမျိုးသမီးအမျိုးမျိုးသော အကျိတ်အဖုပြဿနာများ) မှာလည်း ပမာဏတက်လာနိုင်ပါတယ်။

၃။ 🧬 AFP (Alpha-Fetoprotein)
ဘယ်ကင်ဆာတွေနဲ့ သက်ဆိုင်လဲ: အသည်းကင်ဆာ (Hepatocellular carcinoma) နဲ့
မျိုးပွားခြင်းဆိုင်ရာကင်ဆာ (Germ cell tumors) တွေမှာ အဓိက မြင့်တက်တတ်ပါတယ်။
💡 သိထားသင့်ချက်: အသည်းရောင်အသားဝါ ဘီ သို့မဟုတ် စီ ပိုးရှိသူတွေ၊ အသည်းခြောက်ဝေဒနာ ခံစားနေရသူတွေမှာ AFP ပမာဏ ပုံမှန်ထက် မြင့်နေတတ်ပါတယ်။ ဒါကြောင့် အသည်းကင်ဆာ အလွယ်တကူ ဖြစ်ပွားနိုင်ခြေရှိသူတွေကို စောင့်ကြည့်စစ်ဆေးရာမှာ အဓိက အသုံးပြုကြပါတယ်။

၄။ 👨‍⚕️ PSA (Prostate-Specific Antigen)
ဘယ်ကင်ဆာတွေနဲ့ သက်ဆိုင်လဲ: အမျိုးသားတွေမှာ ဖြစ်ပွားတတ်တဲ့ ဆီးကျိတ်ကင်ဆာ (Prostate cancer) အတွက် သီးသန့် အသုံးပြုတဲ့ အဓိက Marker ဖြစ်ပါတယ်။
💡 သိထားသင့်ချက်: PSA ပမာဏ မြင့်တက်လာတိုင်း ကင်ဆာဖြစ်နေပြီလို့ အပြီးအပြတ် မဆိုနိုင်ပါဘူး။ ဆီးကျိတ်ကြီးရောဂါ (BPH)၊ ဆီးကျိတ်ရောင်ရမ်းခြင်းတို့ကြောင့်လည်း PSA တက်လာနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်များအနေနဲ့ ဒီနှုန်းထားကို အခြေခံပြီး လိုအပ်ပါက ထပ်မံစစ်ဆေးမှုများ (အသားစယူခြင်း ကဲ့သို့စစ်ဆေးမှုများ) ဆက်လုပ်သင့် မသင့် ဆုံးဖြတ်ကြပါတယ်။

🧬Tumour Marker စစ်ဆေးချက်တွေဟာ ရောဂါရှာဖွေရာမှာ အထောက်အကူပြု ပစ္စည်းတွေဖြစ်ပေမဲ့ ၎င်းတစ်ခုတည်းနဲ့ ကင်ဆာရှိကြောင်းအတည်ပြုလို့တော့ မရပါဘူး။ ရောဂါလက္ခဏာများ၊ ဓာတ်မှန်နဲ့ ပုံရိပ်ဖော်စစ်ဆေးချက်များ (Ultrasound, CT Scan) အပြင် အသားစယူခြင်း Biopsy နဲ့ တွဲဖက်ပြီးမှသာ ဆရာဝန်ကြီးများက တိကျသေချာစွာ အဆုံးအဖြတ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။



#ကျန်းမာရေးဗဟုသုတ

Photos from GNEWS's post 26/08/2026
Photos from Dr. Thu Ra's post 26/08/2026
Photos from AIA Myanmar's post 25/08/2026
25/08/2026

Transient Ischaemic Attack
(TIA)
တခဏတာလေဖြတ်သွားခြင်း

🧑‍⚕️ တခဏတာလေဖြတ်သွားခြင်းကို လေဖြတ်ခြင်းအငယ်စား​(mini -​strokes) ဟု မှားယွင်း​ခေါ်ဆိုလေ့ရှိကြသည်။ အမှန်တကယ်တော့ ထိုတခဏတာလေဖြတ်ခြင်းများသည်လည်း လေဖြတ်ခြင်းကဲ့သို့ အရေးပါပြင်းထန်ပြီး ရှေ့ပြေးအကြို လက္ခဏာ​လည်းဖြစ်ပါသည်။

🤔​Transient Ischaemic Attack ဆိုတာဘာလဲ။
🧑‍⚕️​တခဏတာ (24) နာရီ​အတွင်း​ပြန်ကောင်းသွားသော လေဖြတ်ခြင်းဖြစ်ပါသည်။
👉​ဖြစ်ရသည့် အကြောင်း​ရင်း​မှာ​ ဦးနှောက်အတွင်း​ဆဲလ်များကိုထောက်ပံ့နေသော သွေး​လှည့်ပတ်​မှု​ခဏတဖြုတ်ရပ်သွားခြင်းကြောင့်ဖြစ်ပါသည်။ သွေး​လှည့်ပတ်​မှု​မရသည့် တခဏတွင် ဦးနှောက်အတွင်း ဆဲလ်များအလုပ်ကောင်းစွာမလုပ်တော့ပဲ အချိန်ကြာလာသည်နှင့်အမျှသေဆုံးသွားနိုင်ပါသည်။ အချို့မှာနာရီပိုင်းအတွင်းပြန်ကောင်းသွားတတ်သော်လည်း ခဏတဖြုတ်လေဖြတ်ခြင်းသည် အရေးပေါ်​အခြေအနေ​ဖြစ်ပြီးကုသမှုလိုအပ်ပါသည်။

🤔​ခဏတဖြုတ်လေဖြတ်ခြင်း(Transient Ischaemic Attack) ၏ရောဂါ​လက္ခဏာ​တွေက​ဘာတွေ​လဲ။
🧑‍⚕️ အောက်ပါလက္ခဏာများအနက်မှ တစ်ခု​သို့မဟုတ်တစ်ခုထက်ပို၍ဖြစ်နိုင်ပါသည်။
👉​ကိုယ်​တစ်ခြမ်း​လေးလံသွားခြင်း၊အားနည်းသွားခြင်း၊မလှုပ်ရှားနိုင်ပဲဖြစ်သွားခြင်း
👉 စကားပြောရန်ခက်ခဲခြင်း၊စကားမပြောနိုင်ပဲဖြစ်သွားခြင်း၊
👉 စကားပြောလေးလာခြင်း၊သို့မဟုတ်​စကားလုံးမပီပြင်ပဲ ပလုံးပထွေးဖြစ်ခြင်း
👉 မျက်နှာတစ်ခြမ်းရှိကြွက်သားများကောင်းစွာမလှုပ်ရှားနိုင်ခြင်း၊သို့မဟုတ်​မျက်နှာရွဲ့စောင်းသွားခြင်း
👉 ရုတ်တရက်​အမြင်​အာရုံ​တစိတ်တပိုင်း၊သို့မဟုတ်​အားလုံးကွယ်သွားခြင်း၊မျက်စိရှေ့တွင်ကန့်လန့်ကာချလိုက်သကဲ့သို့ဖြစ်သွားခြင်း၊
👉​အမြင်အာရုံဝါးလာခြင်း၊နှစ်ထပ်မြင်ခြင်း
👉​ရုတ်တရက်​နားမကြားတော့ခြင်း
👉​အနံ့မရခြင်း
👉​အရသာမသိတော့ခြင်း
👉ခြေလက် ထုံနေပြီးထိတွေ့ခြင်းကိုမသိခြင်း
👉 ဟန်ချက်ညီအောင်မထိန်းနိုင်ပဲ ဒယိမ်းဒယိုင်ဖြစ်ခြင်း
👉​ခေါင်းမူးခြင်း၊ချာချာလည်ခြင်း
👉​ပျို့ခြင်း၊အန်ခြင်း
👉 လည်ပင်းတောင့်နေခြင်း
👉 စိတ်ကျ​လွယ်​တက်လွယ်ဖြစ်ခြင်း၊ပုံမှန်​ပြုမူပုံမှ ကွဲထွက်ခြင်း
👉​စိတ်ရှုပ်ထွေးခြင်း၊ဒေါသထွက်လွယ်ခြင်း
👉​သတိမေ့လွယ်ခြင်း
👉 ရုတ်တရက်​ပြင်းထန်စွာခေါင်းကိုက်ခြင်း
👉​မူးမေ့သွားခြင်း၊သတိလစ်လဲကျသွားခြင်း
စတာ​တွေထဲက​တစ်ခု​(သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်နိုင်ပါသည်။

🤔​နောက်ဆက်တွဲပြဿနာ တွေက ဘာတွေ လဲ။
🧑‍⚕️​ခဏတဖြုတ်လေဖြတ်ခြင်း သည်​အရေးပေါ်အခြေအနေဖြစ်ရသည့်အကြောင်းရင်းမှာ လေဖြတ်ခြင်း၏ရှေ့ပြေး​အကြို လက္ခဏာ ဖြစ်သောကြောင့်ဖြစ်ပါသည်။
🚨​20 % သောလူနာများတွင် ရက်ပေါင်း​ ( 90)​အတွင်း​လေ​ဖြတ်ခြင်း​ဖြစ်တတ်​ပြီး​၎င်းတို့ထဲမှ​တစ်ဝက်ခန့်မှာ ခဏတစ်ဖြုတ်​လေဖြတ်ခြင်းဖြစ်ပြီး (2)ရက်အတွင်းဖြစ်တတ်ပါသည်။

🤔​ဘယ်အကြောင်းတွေကြောင့် ဖြစ်နိုင်သလဲ။
🧑‍⚕️​သွေးကြောပိတ်၍လေဖြတ်ခြင်း (Ischaemic stroke) နှင့် TIA (Transient ischemic attacks) တခဏတာလေဖြတ်သွားခြင်းတို့သည် တူညီသောအကြောင်းရင်းကြောင့်ဖြစ်ပါသည်။
👉 ဦးနှောက်အတွင်း သွေးခဲပိတ်ဆို့ခြင်း​(thrombosis)
👉 ခန္ဓာကိုယ်​အတွင်း​မည်သည့်​နေရာတွင်​မဆို​ဖြစ်ပေါ်နိုင်သော သွေးခဲ​ ( ဥပမာ​ခြေသလုံးသွေးပြန်ကြောတွင်းသွေးခဲပိတ်ဆို့ခြင်း၊) မှ​သွေး​လှည့်ပတ်​မှု​အတိုင်းသွား၍ ဦးနှောက်အတွင်း ပိတ်ဆို့ခြင်း(thromboembolism)
👉 ဦးနှောက်အတွင်း သွေးကြောငယ်လေးများကိုလက်စထရောစုပုံရာမှ ပိတ်ဆို့ခြင်း(Lacunar stroke)
👉 အကြောင်းရင်းသေချာမသိရပဲဖြစ်ခြင်း (Cryptogenic TIA)
စ​တာတွေ​ကြောင့်ဖြစ်နိုင်ပါသည်။

🤔​ဘယ်လို​လူမျိုးတွေ​မှာ​ခဏတဖြုတ်လေဖြတ်ခြင်း (Transient Ischaemic Attack) ဖြစ်တတ်သလဲ။
👉​သွေးတိုးရောဂါရှိသူများ
👉​ဆီးချို​ရောဂါ​ရှိသူများ
👉 ဆေးလိပ်​သောက်​သူများ၊ V**e သုံးစွဲ​သူများ
👉 နှလုံးစည်းချက်မမှန်သည့်ရောဂါရှိသူများ (Atrial Fibrillation)
👉 အရင်က​လေဖြတ်ဖူးခြင်း​(သို့မဟုတ်)​ခဏတဖြုတ်လေဖြတ်ခြင်း​ဖြစ်ဖူးသူများ
👉​နှလုံးရောဂါရှိသူများ
👉​သွေး​တွင်း​ကိုလက်စထရော များ သူများ
👉​အဝလွန်သူများ
👉 သွေးနီဥဆဲလ်များ ပုံမှန်မရှိသူများ (polycythemia, sickle cell anaemia)
👉 ကိုဗစ်ရောဂါဖြစ်ဖူးသူများ(သွေးပျစ်ခြင်းကြောင့်)
👉​အရက်​အလွန်အကျွံ​သောက်သူများ
👉​စိတ်ကြွဆေးနှင့်​မူးယစ်ဆေးဝါးသုံးစွဲသူများ
👉​အသက်အရွယ်ကြီးသူများ​(>55နှစ်)
👉​အမျိုးသား​များတွင်​ခဏတဖြုတ်လေဖြတ်ခြင်း​အဖြစ်များပါသည်။

🤔​ခဏ​တဖြုတ်လေ​ဖြတ်ခြင်း​ဖြစ်​မှန်းဘယ်လိုသိနိုင်မှာလဲ။
🧑‍⚕️​ဆရာဝန်တွေက ရောဂါ​ရာဇဝင်​ကိုမေးမြန်းခြင်း၊စမ်းသပ်စစ်ဆေးခြင်းအပြင် လိုအပ်ပါ​က​သံလိုက်ဓါတ်မှန်ရိုက်ခြင်း(MRI) ၊ ကွန်ပျူတာ​ဓါတ်​မှန်​ရိုက်​ခြင်း​(CT) ၊လည်ပင်းသွေးကြောကိုစစ်ဆေးခြင်း( carotid doppler) စ​တာတွေ​ပြုလုပ် ရန်လိုအပ်ပါသည်။
🚨​သို့ရာတွင်​ခဏတဖြုတ်လေဖြတ်ခြင်း သည်​ကွန်ပြူတာ​ဓါတ်​မှန်​နှင့် သံလိုက်ဓါတ်မှန် တို့တွင်​ဘာမှမတွေ့ရပဲရှိတတ်ပါသည်။ 🤔​ဘယ်လို​ကာကွယ်​ရမလဲ။
🧑‍⚕️​ခဏတဖြုတ်လေဖြတ်ခြင်း (Transient Ischaemic Attack) မဖြစ်ရလေအောင်
👉​ဆီးချိုပုံမှန်ထိန်းခြင်း
👉​သွေးတိုးရောဂါရှိသူများ တွင်သွေးကျဆေးများပုံမှန်သောက်ခြင်း
👉​ကိုယ်အလေးချိန်ပုံမှန်ထိန်းခြင်း၊
👉 ဟင်းသီးဟင်းရွက်​ပိုစားခြင်း၊အဆီအစိမ့် လျော့စားခြင်း၊ဆားနှင့် အငန်လျော့စားခြင်း၊
👉 ဆေးလိပ်​ဖြတ်ခြင်း ၊ v**e သောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
👉​အရက်အလွန်အကျွံသောက်ခြင်း မှရှောင်ကြဥ်ခြင်း
👉ကိုလက်စထရော များခြင်း​ရှိပါက​စနစ်တကျ​ကုသမှု​ခံယူ ခြင်း
👉ရောဂါ​လက္ခဏာ ပြ​လာ​ပါက​စောစော​ကုသ မှုခံယူခြင်း
စသည်ဖြင့် ကာကွယ် နိုင် ပါသည်။

လူတိုင်း​ကျန်းမာ ရေးကို လက်လှမ်း မှီ စေရန်
ရည် သန်လျက်
Yangon Medical Network

References
https://my.clevelandclinic.org/health/diseases/14173-transient-ischemic-attack-tia-or-mini-stroke
https://www.mayoclinic.org/diseases-conditions/transient-ischemic-attack/symptoms-causes/syc-20355679
Davidson's Principles and Practices of Medicine

Photos from Bright Life Insurance's post 22/08/2026

Congratulations to me ❤️❤️

21/08/2026

ရန်ကုန်ဆေးရုံကြီးမှာ အခမဲ့ ကုသပေးနေတဲ့အစီအစဉ်ကြေညာပြီ

လတ်တလော ရန်ကုန်မြို့မှာ အဖြစ်များနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ရောဂါလက္ခဏာ ခံစားရပါက ဆေးဖိုးဝါးခအတွက် ပူပန်စရာမလိုဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ "အခမဲ့" သွားရောက်ကုသနိုင်ပြီ ဖြစ်ပါတယ်။

သိသိသာသာ လျော့ကျလာတဲ့ လူနာသစ်အရေအတွက်
သြဂုတ်လ (၉) ရက်နေ့လောက်က စတင်ပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာတွေ ရုတ်တရက် များပြားခဲ့ရာကနေ သြဂုတ် (၁၃) ရက်နေ့အထိ ရန်ကုန်ဆေးရုံကြီးကို လာရောက်ကုသသူ (၁၈၀) ကျော်အထိ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်ကျော်ကြာလာချိန်မှာတော့ လမ်းဘေးစားသောက်ဆိုင်တချို့ ပိတ်ထားတာနဲ့ ပြည်သူတွေရဲ့ ကြိုတင်ဂရုစိုက်မှုတွေကြောင့် လက်ရှိမှာ လူနာသစ်ဝင်ရောက်မှုဟာ တစ်ရက်ကို (၂၀) ဝန်းကျင်အထိ သိသိသာသာ လျော့ကျသွားပြီ ဖြစ်ပါတယ်။

အိမ်မှာ ကြိတ်မကုဘဲ အခမဲ့ လာရောက်ပြသပါ
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပါမောက္ခချုပ် ဒေါက်တာမိုးခိုင်က လူနာသစ် လျော့ကျလာပေမဲ့ ရောဂါလက္ခဏာဖြစ်လာရင် အိမ်မှာ ကိုယ့်ဘာသာကိုယ် ကြိတ်မကုဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အမြန်ဆုံး လာရောက်ကုသဖို့ တိုက်တွန်းထားပါတယ်။ အထူးသဖြင့် ဆေးရုံကြီးမှာ ဝမ်းရောဂါနဲ့ ပတ်သက်ရင် လိုအပ်တဲ့ ကုသမှုအားလုံးကို အခမဲ့ ဆောင်ရွက်ပေးနေတယ်လို့ တရားဝင် အသိပေးထားပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ မိမိနဲ့ မိသားစုဝင်တွေထဲမှာ မသင်္ကာစရာ ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ငွေကြေးအကုန်အကျအတွက် မပူပန်ဘဲ ရန်ကုန်ဆေးရုံကြီးကို အမြန်ဆုံး သွားရောက်ပြသ ကုသမှုခံယူနိုင်ဖို့ သတင်းကောင်းပါး အသိပေးလိုက်ရပါတယ်။

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon
11143