Cham Min Ko - Financial Service Consultant

Cham Min Ko - Financial Service Consultant

Share

Cham Min Ko
Financial Service Consultant
AIA Myanmar , Insurance
+959941528553

22/03/2026
21/12/2025

အသိအမှတ်ပြုခံရခြင်းနှင့် မိမိကိုယ်ကိုတိုးတက်စေခြင်း တို့ကြား ဆက်နွယ်မှု

အောင်မြင်မှုတစ်ရပ်ရဲ့ အစဟာ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်ခြင်းကနေ စတင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာဟာ လူတိုင်းမှာ မွေးရာပါ အလိုအလျောက်ရှိနေတာတော့ မဟုတ်ပါဘူး။ အချို့လူတွေအတွက်တော့ ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သိမြင်နိုင်ဖို့ အချိန်တော်တော်ကြာလိုအပ်တတ်ပါတယ်။ အဲဒီလိုအချိန်တွေမှာ “အသိအမှတ်ပြုခံရခြင်း” ဆိုတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေတဲ့ အရေးပါတဲ့ အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။

လူတစ်ယောက်ဟာ မိမိလုပ်ဆောင်မှု၊ ကြိုးစားမှု၊ သဘောထားနဲ့ စွမ်းရည်တွေကို အခြားသူတွေက တွေ့မြင်လက်ခံပြီး တန်ဖိုးထားပေးတဲ့အခါ ကိုယ့်ကိုယ်ကို ကြည့်မြင်ပုံကလည်း ပြောင်းလဲလာပါတယ်။ အရင်က “ငါက မပြည့်စုံသေးဘူး၊ ငါမလုပ်နိုင်လောက်သေးဘူး”၊ “ငါလုပ်နိုင်မယ်မထင်ဘူး” လို့ ထင်နေခဲ့သူတစ်ယောက်ဟာ အသိအမှတ်ပြုစကားတစ်ကြိမ်၊ အားပေးမှုတစ်ခါနဲ့တင် စိတ်ထဲမှာ အလင်းတစ်စင်း ပေါ်လာတတ်ပါတယ်။ အဲဒီအလင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်ဖို့ လမ်းစဖြစ်လာပြီး ပိုကောင်းမွန်ဖို့ ကြိုးစားချင်စိတ်ဖြစ်လာပါတယ်။

အသိအမှတ်ပြုခံရခြင်းက လူတစ်ယောက်ကို ကိုယ့်ရဲ့တန်ဖိုးကို ပြန်လည်သိမြင်စေပြီး ကိုယ်လုပ်တဲ့အလုပ်က အဓိပ္ပါယ်ရှိတယ်၊ ကိုယ်ရှိနေခြင်းက အရေးပါနေတယ်ဆိုတဲ့ ခံစားချက်ဟာ စိတ်အားအင်ကို တိုးမြှင့်သွားစေတယ်၊ အဲဒီစိတ်အားအင်ကနေတဆင့် ကိုယ့်စွမ်းရည်တွေကို ပိုမိုယုံကြည်လာပြီး အခက်အခဲတွေကို ကြောက်ရွံ့မှုနည်းနည်းနဲ့ ရင်ဆိုင်နိုင်လာပါတယ်။

ထို့အပြင် အသိအမှတ်ပြုခံရခြင်းက မိမိကိုယ်ကို အမြဲသံသယဖြစ်နေတဲ့ စိတ်အခြေအနေကိုလည်း လျော့ပါးစေသက်သာစေပြန်ပါတယ်။ အခြားသူတွေရဲ့ ယုံကြည်မှုကို မြင်တွေ့ရတဲ့အခါ “သူတို့က ငါ့ကို ယုံကြည်နိုင်ရင် ငါကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်နိုင်သင့်တယ်” ဆိုတဲ့ အတွေးက စိတ်ထဲမှာ တဖြည်းဖြည်း အမြစ်ထွက်လာပြီး အဲဒီအမြစ်က အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအသီးအပွင့်အဖြစ် ပြောင်းလဲသွားပါတယ်။

ဒါပေမယ့်လည်း အသိအမှတ်ပြုခံရခြင်းကို အပြည့်အဝ အားထားမနေသင့်ပါဘူး။ အပြင်ဘက်က လာတဲ့ အသိအမှတ်ပြုမှုဟာ ကိုယ့်အတွင်းပိုင်း ယုံကြည်မှုကို တည်ဆောက်ဖို့ အစပြုအချက်သာ ဖြစ်သင့်ပါတယ်။ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ကိုယ်တိုင် အသိအမှတ်ပြုနိုင်ခြင်းပါ။ ကိုယ့်ကြိုးစားမှုကို ကိုယ်တန်ဖိုးထားနိုင်လာတဲ့အခါ အခြားသူတွေက အသိအမှတ်ပြုမပေးနိုင်တဲ့အချိန်တွေမှာတောင် ကိုယ့်ယုံကြည်မှုက လွယ်လွယ်နဲ့ မပြိုလဲတော့ပါဘူး။

အသိအမှတ်ပြုခံရခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်လာစေတဲ့ အရေးပါတဲ့ လှုံ့ဆော်မှုတစ်ရပ်ဖြစ်ပါတယ်။ အဲဒီအသိအမှတ်ပြုမှုကနေ စတင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်လာနိုင်ခဲ့ရင်၊ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ကိုယ်တိုင် လက်ခံတန်ဖိုးထားနိုင်တဲ့ လူတစ်ယောက်အဖြစ် ကြီးထွားလာနိုင်ပါလိမ့်မယ်။

အားလုံးပဲ ကိုယ့်ကိုယ်ယုံကြည်နိုင်တဲ့ တစ်ဦးချင်းစီဖြစ်နိုင်ကြပါစေ ။

Sincerely

21/12/2025

အရောင်မတူတဲ့စာမျက်နှာဟာ ကျောချင်းကပ်ပြီး ရိုက်နှိပ်ထားလိမ့်မယ်လို့ ငါတို့ မမျှော်လင့်ခဲ့ဖူးဘူး

နိုင်ငံလေး တနိုင်ငံ ရှိဖူးတယ်....

2020 ခုနှစ်မှာ ကမ္ဘာကြီးတခုလုံး
ကိုရိုနာဗိုင်းရပ်ကူးစက်ပြီး ကိုဗစ်ကပ်ဆိုးဖြစ်တဲ့အခါ
အဲဒီနိုင်ငံလေးလည်း ငြိမ်သက်သွားတယ်
သူတို့ရင်ဆိုင်ရတဲ့ ရန်သူဟာ
မမြင်ရတဲ့ ပိုးမွှားလေးဆိုပေမဲ့
အဲဒီပိုးမွှားလေးကပဲ
သူတို့အတွင်းစိတ်ထဲက လှပတဲ့ "လူသားဆန်မှု" ကို
ဖော်ထုတ်ပေးခဲ့တယ်

2020 မတ်လ ပထမလှိုင်းထက်
2020 ဒီဇင်ဘာ ဒုတိယလှိုင်းက ပိုမြန်တယ်
ဒုတိယလှိုင်းထက် ပိုပြီး မြန်မြန်ပျံ့နှံ့တာ
ပြည်သူအချင်းချင်းရဲ့ မေတ္တာတရားပဲ

ခြံစည်းရိုးပေါ်မှာ ချိတ်ဆွဲထားတဲ့
စားစရာအိတ်လေးတွေကို မှတ်မိကြဦးမယ် ထင်တယ်
"ရှိသူကပေး၊ မရှိသူကယူ" ဆိုတဲ့ စိတ်ဓာတ်တွေက
လူထုအတွက် ဓမ္မသတ် ဖြစ်ခဲ့တယ်

ရောဂါပိုးတွေ့တဲ့ အိမ်ကို ဝိုင်းပယ်ခြင်းထက်
"ဘာလိုအပ်လဲ၊ ဘာကူညီပေးရမလဲ" ဆိုတဲ့ အသံများ
ခြံစည်းရိုးကြား ပျံ့လွင့်နေတယ်

ရပ်ကွက်လမ်းတွေ တိတ်ဆိတ်သွားပေမဲ့
ရပ်ကွက်လူထုရဲ့
လူသားခြင်းစာနာမှုအသံတွေ ဆူညံနေခဲ့ပေါ့

အဝါရောင်တိပ်များ တားထားသော ပိုးတွေ့အိမ်ရှေ့မှာ
ဆန်အိတ်၊ ဆီပုလင်း၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်တွေ
လာချပေးထားတဲ့
"အမည်မဖော်လိုသူ" အိမ်နီးချင်း စိတ်ဓာတ်တွေနဲ့
လှလိုက်တဲ့ နိုင်ငံလေးတခု ဆိုပါတော့ ။

နိုင်ငံလေး တနိုင်ငံ ရှိဖူးတယ်....

ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်တဲ့
PPEဝတ်စုံ အဖြူရောင်ကိုယ်စီနဲ့ ပရဟိတအသင်းတွေ
ဦးဆောင်မှုပေးတဲ့ အစိုးရဌာနတွေ
စေတနာ့ဝန်ထမ်း ရပ်ကွက်လူငယ်လေးများရဲ့
ချွေးစက်တွေနဲ့ လမ်းမများ လှခဲ့ဖူးတယ်

ဆံပင်ရှည်နဲ့ဆို လူနာထိတွေ့ရတာ အဆင်မပြေလို့
ပြိုင်တူ ဆံပင်တိုညှပ်ကြတဲ့ သူနာပြုတွေ
အိမ်မပြန်ဖြစ်တဲ့ ဆရာဝန်၊ ဆေးမှူးတွေ
တက်ညီလက်ညီရှိခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ

နိုင်ငံ့ခေါင်းဆောင်တွေကိုယ်တိုင်
စိတ်မချမ်းသာတဲ့ ပြည်သူကို
စိတ်သက်သာရစေမဲ့ စကားတွေ ညစဉ် ပြောခဲ့တယ်

ခရိုနီဖြစ်ဖြစ် ခရိုပြာဖြစ်ဖြစ်
အရေးကြီးရင် သွေးနီးကြမယ်ဆိုပြီး
ကိုဗစ်စင်တာကြီးတွေလှူတဲ့ သူဌေးကြီးတွေ

စာသင်ကျောင်းကို ယာယီကိုဗစ်ဆေးရုံလုပ်ပြီး
ကူညီကြတဲ့ ပညာရေးဝန်ထမ်းတွေ

ဘုန်းကြီးကျောင်းကို ယာယီဆေးရုံလုပ်
သင်္ကန်းတကားကားနဲ့ ဆေးဝါး၊ အောက်ဆီဂျင်အိုး
သယ်ပိုးနေတဲ့ ရဟန်းသံဃာကိုရင်ကြီးတွေ

ဗလီနဲ့ ဘုရားကျောင်းရှေ့မှာ
လိုသူ ယူနိုင်ပါသည် လို့ စာကပ်ထားတဲ့
စားသောက်ဖွယ်ရာနဲ့ အိမ်သုံးဆေးဝါးတွေ

အနုပညာရှင်များလည်း အငြိမ်မနေ
သူတို့ အိမ်ခန်းထဲကနေ သီချင်းဆိုပြ၊ စကားပြောကြ
ကျွမ်းကျင်ရာနဲ့ ဖျော်ဖြေကြတယ်

Qဝင်နေသူ လူနာတွေထားတဲ့အဆောင်ရှေ့
အဆိုတော်တွေက သီဆိုဖျော်ဖြေကြတယ်

ဘာမှမလုပ်နိုင်ရင်တောင်
Tik tok ကနေ ပေါက်ကရ ကပြရင်း
ပြည်သူ့သောကကို နှစ်သိမ့်ကြတယ်

ကျနော်ကိုယ်တိုင် ကိုယ့်စာဖတ်သူထဲက
ရောဂါကူးစက်ခံရသူတွေကို ဖုန်းနံပတ်စုံစမ်းပြီး
အားပေးစကား လိုက်ပြောပေးခဲ့တယ်

လူရွှင်တော်ကြီးများကလည်း
Youtube နဲ့ TV channel တွေမှာ
ဟာသအစီစဉ်နဲ့ မွန်းကြပ်နေတဲ့ပြည်သူကို
ရယ်မောအောင် ဖျော်ဖြေကြတယ်

အဲဒီ အားပေးစကားတွေက
Stay Home ပြည်သူအတွက် နတ်ဆေးလုံး

အဲဒီနိုင်ငံလေးရဲ့ ပြည်သူတွေကလေ
TV သို့မဟုတ် ဖုန်း ဖန်သားပြင်ကို ကြည့်ရင်း
တယောက်ကိုတယောက် အားပေးခဲ့တယ်

"ငါတို့ အတူတူ ကျော်ဖြတ်ကြမယ်" တဲ့

အဲ့အချိန်က ပြည်သူအားလုံးရင်ထဲမှာ
အနာဂတ်အတွက် မျှော်လင့်ချက်ရှိတယ်
ညီညွတ်ခြင်းရဲ့ အရသာကို သိခဲ့ကြတယ်

လူချင်း ဝေးဝေးနေပေမဲ့
နှလုံးသားချင်း နီးနီးကပ်ထားကြတဲ့ ပြည်သူတွေ ။

နိုင်ငံလေး တနိုင်ငံ ရှိဖူးတယ်....

အာရှမှာ အလယ်အလတ်အဆင့်ပဲ ချမ်းသာပေမဲ့
2020 ခုနှစ် ကိုဗစ်ကပ်ဆိုးကြီးဖြစ်တဲ့အခါ
အခြားနိုင်ငံတွေ စီးပွားရေးကျသွားပေမဲ့
အဲဒီနိုင်ငံလေးရဲ့ GDP တက်ခဲ့တယ်
အာရှတိုက်ရဲ့
"စီးပွားရေးအရ အလားအလာအရှိဆုံးနဲ့
ကိုဗစ်ကြောင့်စီးပွားပျက်ကပ်ကို
ခံနိုင်ရည်အရှိဆုံး နိုင်ငံ "လို့ အသိမှတ်ပြုခံခဲ့ရတယ် ။

အခုတော့လည်း......

တိတ်ဆိတ်မှုကတဆင့်
ချောက်ခြားစရာအမှောင်ထုဖြစ်ခဲ့ပြီ
အပြန်လှန် ဖေးမဖူးတဲ့လက်တွေဟာ
လက်မြောက်သူမြောက်၊ လက်ပိုက်သူပိုက်ထားရ

တချိန်က
ကိုဗစ်ပိုးတွေ့တဲ့အိမ်ကို စားသောက်ဖွယ်အထုပ်တွေ
ဝိုင်းပေးဖူးတဲ့ ရပ်ကွက်လူထုဟာ
တအိမ်က တအိမ်ကို သံသယနဲ့ကြည့်ကြ

ခြံစည်းရိုးမှာ စားစရာလေးချိတ်ဖူးတဲ့အိမ်တွေက
ခြံစည်းရိုးကို သံဆူးကြိုးပိုမြင့်အောင် ကာကြ
သံသယနဲ့ ခတ်ထားတဲ့ ခြံတံခါးတွေဖြစ်ကြ

အနုပညာရှင်စစ်စစ်တွေရဲ့ အသံလည်းတိတ်ဆိတ်ပြီး
ထွက်လာရင်လည်း နာကျင်မှူတေးသွားတွေ
အတိတ်ရဲ့ အရိပ်ကိုပဲ တဝဲလည်လည် စာသားတွေ
တိတ်ဆိတ်ခြင်းနဲ့ နက်ရှိုင်းရာအရပ်ကို
ပျောက်ကွယ်သွားကြပြီ

PPE ဝတ်စုံဖြူယူနီဖောင်းနဲ့ လူငယ်တွေလည်း
အချို့ကယုံကြည်ချက် ယူနီဖောင်းပြောင်းဝတ်ကြ
အချို့က နိုင်ငံခြားထွက်ကြ
အချို့က စစ်မှုထမ်းပေါ်တာဆွဲခံရ
အချို့က အရွယ်မရောင်ခင် အိမ်ထောင်ပြုကြ
အချို့က ဘာဆက်လုပ်ရမှန်းမသိဘဲ တွေဝေငေးနေကြ
အချို့က မပျော်ရတဲ့ဘဝကို မပျက်အောင်ဆင်ခြင်ကြ
အချို့က ဝင်ငွေနဲ့ထွက်ငွေမမျှတဲ့ ချို့တဲ့လူငယ်ဖြစ်ကြ

ညသန်းခေါင်ယံမှာ ကြားရတဲ့
သေနတ်သံနှင့် ဗုံးသံတွေက
ပြည်သူလူထုရဲ့ အိပ်မက်များကို ခြောက်လှန့်ခဲ့ပြီ

ညအချိန်မတော် အိမ်ရှေ့ကားကြီးရပ်ရင်
ငါ့သား၊ ငါ့မောင်၊ ငါတူ ဆိုပြီး ပူပန်ရပြီ

ခရီးသွားရင်
မှတ်ပုံတင်ထဲက မျဉ်းစောင်းကြောင့် ကြောက်ရ
လူငယ်တွေမို့ ကြောက်ရ

ပစ္စည်းတခု စျေးမေးပြီးမှ
ပြန်ချထားခဲ့ရတဲ့ အိမ်ရှင်မတွေ ။

စစ်ပွဲရဲ့မီးလျှံကြားထဲ
အနာဂတ်တွေ အရည်ပျော်ရင်း

"ငါတို့ အတူတူ ကျော်ဖြတ်ကြမယ်" ဆိုတဲ့
အားပေးစကားသံလည်း
အတိတ်မှာ ကျန်ခဲ့တဲ့ လွမ်းချင်းတပုဒ်အဖြစ်သာ

"စီးပွားရေးအရ
အာရှမှာ အလားအလာအရှိဆုံးနိုင်ငံ" ဆိုပြီး
မျှော်လင့်ချက်တွေ ရှိခဲ့ဖူးသမျှလည်း အတိတ်မျှသာ

ကိုဗစ်ကာလမှာ ပြည်သူလူထု ကြောက်ကြတာ
ရောဂါကူးစက်မှာ ဖြစ်ပေမဲ့
အခု ပြည်သူလူထု ပိုကြောက်နေရတာ
"လူသားဆန်မှုများ ပျောက်ဆုံးသွားခြင်း" နဲ့
" မလုံခြုံခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း" ဖြစ်မယ်

အခုချိန် ပြည်သူအားလုံး လွမ်းမောနေရတာ
ကိုဗစ်ကာလမှာ ဆုံးရှုံးခဲ့တဲ့
ဆွေမျိုးသားခြင်း လူ့အသက်များတင်မဟုတ်ဘဲ
အရင်က တဦးကိုတဦး ချစ်ခင်ခဲ့ကြတဲ့
"မြန်မာ့စိတ်ရင်း" ကိုပါ
လွမ်းမောတသနေကြတာ ဖြစ်ပါလိမ့်မယ်။

ဆန်းကျော်စွာဝင်း

(ဆောင်းပါးအား လေးစားစွာ credit ပေးပါသည်)

13/04/2025

ကျန်းမာတဲ့ စိတ်
ကျန်းမာတဲ့ကိုယ်
ကိုယ်စီကိုယ်ငှ ရရှိကြပြီး
အမောတွေပြေနိုင်ခွင့် ရှိကြပါစေ။

နှစ်သစ်ဆုတောင်း

10/12/2024

Celebrating my 8th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

12/10/2024

ကိုယ့်ကိုယ်ကို တည်ဆောက်ခြင်း

ကိုယ့်ကိုယ်ကို ဘယ်လိုတည်ဆောက်ယူရသလဲ ..
ဘယ်လိုတည်ဆောက်မလဲ …?

ကိုယ့်ပုံစံအစစ်အမှန်ကို ရိုးသားစွာလက်ခံခြင်းအဆင့်ကနေ
ကိုယ့်ပုံရိပ်အတိုင်း ယုံကြည်ချက်ရှိရှိဆက်သွားနိုင်ဖို့
ဘာတွေပြင်ဆင်ရမလဲ
ဘာတွေလုပ်ရမလဲ
ဘယ်လိုနည်းလမ်းတွေက အကျိုးရှိစေမလဲ

ပြင်ဆင်ပြောင်းလဲခြင်းအဆင့်ကနေ
ခိုင်မာစွာရပ်တည်အောင်မြင်ခြင်းအဆင့်အထိ
သွားချင်တဲ့ ဘယ်သူမဆို ပထမအဆင့်အနေနဲ့
ဒါတွေလုပ်ဖို့လိုပါတယ်

၁။ ဆေးလိပ်ဖြတ်ခြင်း

၂။ အကောင်းမြင်စိတ်မွေးမြူခြင်း

၃။ လူအများနှင့်ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်ခြင်း

၄။ တရားထိုင်ခြင်း (သို့မဟုတ်) စိတ်ငြိမ်သက်အောင်ကျင့်ယူခြင်း

၅။ လေ့ကျင့်ခန်းလုပ်ခြင်း

၆။ စာဖတ်ခြင်း

ဒီ ၆ ချက်ကို အကျင့်ဖြစ်သွားတဲ့အခါ
ဒုတိယအဆင့်ဖြစ်တဲ့
ရည်ရွယ်ချက်ပန်းတိုင်ဆီသွားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိဖို့ လိုက်နာကျင့်သုံးဖို့ လွယ်ကူလာပါလိမ့်မယ်

ဆက်လက်ပြီး ဝေမျှပေးသွားပါဦးမယ်

🤍

Cham Min Ko - Financial Service Consultant

ဖြစ်ပါတယ်

More Information ;
AIA Myanmar - MOM team
FSC - Cham Min Ko
Email : [email protected]
Phone : +959 941528553
Office Address : 22F,Juction City Tower,
Bogyoke Aung San Road,
Yangon,Myanmar.







11/10/2024

ကျွန်တော်ငယ်ငယ်က အဖွားနဲ့စျေးဝယ်ပြီးပြန်လာရင်
အဖွားက စျေးခြင်းလေးထဲကပစ္စည်းတွေထုတ်ဖယ်ပြီးတာနဲ့ ကျွတ်ကျွတ်အိတ်ခေါ် ပလပ်စတစ်အိတ်လေးတွေကို ခေါက်တန်တာခေါက် လုံးချေတန်တာလုံးချေပြီး မီးဖိုချောင်ထောင့်မှာချိတ်ထားတဲ့ကြိမ်ခြင်းထဲထည့်တာဖြစ်ဖြစ် မီးဖိုချောင်ဝါးထရံမှာညှပ်ထားတာဖြစ်ဖြစ်လုပ်လေ့ရှိတယ် အဲ့လိုပဲ စုံစီနဖာ ဘူးပလုံးလေးတွေကိုလဲ သင့်တော်ရာခြင်းတစ်ခုခုထဲထည့်သိမ်းထားတတ်ပါသေးတယ်
ဒီလိုလုပ်တာဘာကြောင့်လဲဆိုတာ ကျွန်တော်နားမလည်ဘူး အလကားရတဲ့ဟာကို အလုပ်ရှုပ်ခံပြီးဘာလို့သိမ်းနေတာလဲပေါ့ ကလေးဆိုတော့လဲ ကလေးအတွေးပေါ့လေ
တစ်ခါတော့ ကျွန်တော်သိချင်စိတ်ဖြစ်လာတာနဲ့ အဖွားကို ဘာလို့သိမ်းတာလဲမေကြီးရဲ့ ရှုပ်ကရှုပ်နဲ့လို့ လို့ပြောမိတယ် (ကျွန်တော်တို့နယ်မြို့ကလေးမှာတော့ အဖွားကို မေကြီးလို့ခေါ်ဝေါ်သုံးနှုန်းကြပါတယ် )
အဖွားက -“အသုံးမတည့်တဲ့ပစ္စည်း အသုံးမဝင်တဲ့ပစ္စည်းရယ်လို့မရှိဘူး အသုံးမဝင်သေးတာ သုံးစရာမလိုသေးတာနဲ့ မသုံးတတ်တာမျိုးပဲ ရှိတာ အခုလိုစုထားသိမ်းထားတော့ လိုအပ်လာတဲ့အခါ အသုံးမဝင်ပေဘူးလား လောလောဆယ်သုံးမရသေးတာနဲ့ပဲ အားလုံးကိုလွှင့်ပစ်ဖယ်ထုတ်စရာမလိုပါဘူး ငါ့မြေးကြီးလာရင် အလိုလိုနားလည်လာပါလိမ့်မယ် “ လို့ပြန်ဖြေခဲ့ဖူးတယ်
အံ့ဩစရာကောင်းတာက
အဖွားရဲ့ပလပ်စတစ်အိတ်လေးတွေဟာ အမြဲအသုံးဝင်ခဲ့တာပါပဲ
ဘုရားပွဲမုန့်လက်ဆောင်ထည့်ဖို့ အမှိုက်စိုတွေထည့်ဖို့
ဒါမှမဟုတ် မီးသွေးထည့်ဖို့ ထင်းစလေးတွေသိမ်းဖို့
မိုးရာသီကျောင်းတက်ရက်တွေထဲ စာအုပ်ကလေးတွေရေမထိဖို့ကိုလဲ အမြဲကာကွယ်ပေးနိုင်ခဲ့ပါသေးတယ်

ကျွန်တော်အခု အဖွားရဲ့နည်းလမ်းကို ကောင်းကောင်းအသုံးချနိုင်ခဲ့ပြီပဲ
ဒီ page ဟာ ဒီနေ့မနက်ပိုင်းအထိ သက်ဝင်လှုပ်ရှားခြင်းမရှိခဲ့ပဲ ဒီအတိုင်းသိမ်းထားခံရတဲ့ page တစ်ခုပါပဲ
လွန်ခဲ့တဲ့ ၁၀နှစ်ဝန်းကျင်က အပျော်ဖတ်စာတွေတင်ဖို့ attention ယူရုံ အပျော်တမ်းဖွင့်ထားတဲ့ page ပါ
Follower 28k ရှိတဲ့ ဒီ page ကို ရောင်းထုတ်ပစ်ဖို့လဲ အကြိမ်ကြိမ်စဉ်းစားမိဖူးတယ်
ဒါပေမယ့် ကိုယ်တိုင်ဖန်တီးထားပြီးမှ ကိုယ့်ပိုင်ဆိုင်မှုကို ငွေပမာဏနည်းနည်းနဲ့ လဲပစ်ရမှာကိုလဲ နှမျောစိတ်လေးကကပ်လာတတ်တော့ မရောင်းဖြစ်ခဲ့ပဲ အခုထိရှိနေတာမျိုးပေါ့
နောက်တစ်ခုက page ကိုတော်တော်လေးသိလာကြပြီးမှ ရောင်းထုတ်လိုက်ရင်နောက်ထပ် ဒီလိုအင်အားတစ်ခုရှိတဲ့ page ပြန်လုပ်ဖို့မလွယ်မှန်း မလုပ်နိုင်တော့မှန်း သဘောပေါက်သွားတာလဲပါပါတယ်

အခုတော့
အဖွားရဲ့ ကျွတ်ကျွတ်အိတ်လေးတွေနဲ့ တူတဲ့
မသုံးပဲပစ်ထားခဲ့တဲ့ page က အသုံးဝင်လာပါပြီ
ဆက်လက်ပြီး ဒီ page နဲ့ Professional အလုပ်ကို တရားဝင်လုပ်ကိုင်ဖို့ အဆင်သင့်ခဲ့ပါပြီ

Page ကို ကူညီသောအားဖြင့် Like & Share လေးလုပ်ပေးဖို့ မေတ္တာခံယူပါရစေခင်ဗျာ

ကျေးဇူးတင်ပါတယ် 🤍
အားလုံးကို နှလုံးသားအတွင်းကလာတဲ့ မေတ္တာများနဲ့ ကာကွယ်ပေးနေတဲ့ AIA Insurance Myanmar (MOM team) မှ
Financial Service Consultant -Cham Min Ko
ဖြစ်ပါတယ်

More Information
AIA Myanmar - MOM team
FSC - Cham Min Ko
Email : [email protected]
Phone : +959 941528553
Office Address : 22F,Juction City Tower,
Bogyoke Aung San Street,
Yangon,Myanmar








10/10/2024

အာမခံဝယ်ထားမိလို့ ဆုံးရှုံးရတဲ့သူရယ်လို့မရှိပါဘူး
အာမခံကို ကြိုမဝယ်ထားမိလို့ နောင်တရတဲ့သူတွေပဲ ရှိနေခဲ့မှာပါ
ဒီအဖြစ်မျိုးတွေအဖြစ်ခံနိုင်ပါသလား …..

နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုအမျိုးမျိုးတွေကြားကနေ
ဖြစ်လာနိုင်တဲ့ အကျိုးဆက်များစွာအတွက် ကြိုတင်ပြင်ဆင်မှုတွေ ကြိုတင်အကာအကွယ်ယူထားမှုတွေဟာ
အနာဂတ်မှာ ငါဘယ်လိုရှင်သန်နိုင်တော့မှာဆိုပြီး ကြိုတွေးထားတဲ့ အစီအစဉ်အမြဲချထားတဲ့သူတွေပဲ လုပ်လေ့ရှိကြတဲ့ လုံခြုံမှုတစ်ခုဖြစ်ပါတယ်
တစ်နည်းပြောရရင် ကိုယ်ဖြစ်လာမယ်လို့ ထင်ထားတဲ့ ဆိုးဝါးမှုတွေကို ကိုယ်တိုင်ဖြေရှင်းစရာမလိုအောင် အာမခံကုမ္ပဏီတွေဆီ လွှဲအပ်ထားတာမျိုးပါ

AIA Insurance မှာတော့

* ကျန်းမာရေးစောင့်ရှောက်မှုအာမခံ
*အလုံးစုံတစ်သက်တာအာမခံ
*စုငွေအာမခံ
* Cancer Care
*Personal Accident စတဲ့ အာမခဲအမျိုးအစားတွေနဲ့
ကိုယ့်မိသားစုနဲ့ ကိုယ့်ကိုယ်ကိုပါ ကာကွယ်နိုင်ပါတယ်

၁ လသားအရွယ်ကနေ ပင်စင်စားအရွယ်အထိ
သင့်တင့်မျှတပြီး ကိုယ်ရယူချင်တဲ့ အကာအကွယ်အတိုင်း အာမခံထားလို့ရတဲ့အချိန်မှာ အာမခံထားခြင်းဟာ
ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်မိသားစုအပေါ် လက်တွေ့ကျကျ မြတ်နိုးလေးစားခြင်းတစ်မျိုးပါ
လူကြီးမင်းတို့က ကိုယ့်ကိုယ်ကိုချစ်ပါ
ကိုယ့်မိသားစုအပေါ်ချစ်ပါ

လူကြီးမင်းတို့အတွက်
လုံခြုံစိတ်ချတဲ့ အနာဂတ်ကို ကျွန်တော်တို့က ဖန်တီးပေးချင်တဲ့ စစ်မှန်တဲ့ နှလုံးသားနဲ့ AIA Myanmarပါခင်ဗျာ

ကျေးဇူးတင်ပါတယ် 🤍
အားလုံးကို နှလုံးသားအတွင်းကလာတဲ့ မေတ္တာများနဲ့ ကာကွယ်ပေးနေတဲ့ AIA Insurance Myanmar (MOM team) မှ

Financial Service Consultant - Cham Min Ko
ဖြစ်ပါတယ်

More Information ;
AIA Myanmar - MOM team
FSC - Cham Min Ko
Email : [email protected]
Phone : +959 941528553
Office Address : 22F,Juction City Tower,
Bogyoke Aung San Street,
Yangon,Myanmar






08/10/2024

တိကျခိုင်မာတဲ့ ဘဝရည်မှန်းချက်တစ်ခုပိုင်ဆိုင်ထားပြီဆိုပါစို့
ဘာတွေပြင်ဆင်ထားလဲ
ဘာတွေမျှော်လင့်ထားသလဲ
အို နာ သေ ဒီအရေးအတွက်ရောထည့်တွက်ထားသလား
ဘဝဆိုတာ သွားရင်း လာရင်း နာရင်းဖျားရင်း နေဝင်သွားခဲ့ကြရတာချင်းအတူတူ
ပိုကောင်းမွန် ပိုငြိမ့်ညောင်းတဲ့အနာဂတ်တွေပိုင်ဆိုင်ရဖို့စိတ်ပူနေရတယ်ဆိုရင် ကျွန်တော်ပြောပြချင်နေတဲ့ပုံပြင်လေးတစ်ခုရှိပါတယ်

ငယ်ငယ်ကသင်ခဲ့ရတဲ့ သင်ရိုးစာထဲကပုံပြင်
အားလုံးသိထားကြတဲ့ “ ရွဲကုန်သည်နှစ်ဦး”

ရွာစဉ်လှည့် ရွဲပတ်ရောင်းတဲ့ ကုန်သည်နှစ်ယောက်က အထည်ကြီးပျက်မြေးအဖွားနဲ့တွေ့တဲ့အခါ စိတ်ရင်းမှန်ပေါ်ခဲ့ကြတဲ့ ပုံပြင်
တစ်ယောက်က မြေးအဖွားပေးတဲ့ခွက်ကို ရွှေမှန်းသိတယ် တန်ဖိုးကိုသိတယ် မတော်လောဘနဲ့ နောက်ဆုံးရင်ကွဲနာကျ ဇာတ်သိမ်းသွားတယ်
တစ်ယောက်က တန်ဖိုးကို တတ်နိုင်သမျှညီမျှခြင်းချပေးပေမယ့် စေတနာမှန်တော့ အတိုင်းထက်အလွန်တံခွန်နဲ့ကုက္ကားဆိုသလို ထိုက်သင့်တာထက်ပိုပိုင်ဆိုင်သွားတယ်
ဝန်ထမ်းနဲ့လုပ်ငန်းရှင်တွေ သင်ခန်းစာယူလို့ရတဲ့ အဖြစ်အပျက်ပေါ့

မြေးအဖွားဆီကရော
ကျွန်တော်တို့ဘာရနိုင်လဲ
ဘာရနိုင်မယ်ထင်လဲ

ဒီမြေးအဖွားက အရင်က ကျိကျိတက်ချမ်းသာတဲ့သူဌေးကြီးရဲ့ ကျန်ရစ်သူမိသားစု
ရွဲလေးတစ်လုံးအတွက် ရွှေခွက်ကို ကြေးခွက်ထင်ပြီး လဲယူခဲ့လို့ ကြားထဲကနေ အသည်းတယားယားဖြစ်ခဲ့ကြဖူးလား
မဖြစ်ခဲ့ဖူးဘူးဆိုရင် တန်ဖိုးကိုနားမလည်တာလဲဖြစ်နိုင်တယ်
ပုံပြင်ပဲ ဆိုပြီး သာမန်သဘောထားတာလဲဖြစ်နိုင်တယ်
ဒါပေမယ့်
ပုံပြင်သည် သင်ခန်းစာဖြစ်တယ်
ဘယ်ပုံပြင်ကမှ သာမန်မဟုတ်ပါဘူး

ဒီမြေးအဖွားလိုမျိုးဆက်လက်ကျန်တွေဟာ
မိသားစုဦးဆောင်သူ မရှိတော့တဲ့အခါ အင်မတန်ဆင်းရဲပင်ပန်းကြရတယ်
လူတွေမေ့ပစ်တာခံရတယ်
မျက်နှာငယ်ကြရတယ်
မြင့်ရာကနေနိမ့်ရာကို ပြုတ်ကျလာတဲ့ခံစားချက်ကို
သေချာတွေးကြည့်ရင်
ခံပြင်းစရာကြီးဖြစ်မနေဘူးလား
ခံပြင်းစရာကြီးပါပဲ
တလူလူလွှင့်ခဲ့သမျှမာန ရေဆုံးမြေဆုံးထိခိုက်တာကိုး

တကယ်လို့ပေါ့လေ
ဒီနေ့ခေတ်လိုသာဆို အဲ့ဒီမြေးအဖွားရဲ့ သူဌေးကြီးအနေနဲ့
သူ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ အာမခံဝယ်
သူ့မိသားစုအတွက်အာမခံလျော်ကြေးတွေကိုသာ
ဘယ်သူဘယ်လောက်ယူဆိုပြီး ခွဲဝေပေးထားခဲ့ရင်
သူမရှိတော့တဲ့အခါ ကျန်ရစ်သူတွေက အာမခံလျော်ကြေးတွေပိုက်ပြီး စိတ်လက်ကြည်သာနေသွားရုံပဲ
ကျောင်းကောင်းကောင်းထားဖို့ သူ့မြေးမအတွက်သူကြိုတင်ပြီး စုငွေအာမခံသဘောမျိုးသာထားခဲ့ရင်
ဒီမြေးအဖွား ရွှေခွက်ကို ကြေးခွက်လို့ထင်နေတဲ့အခြေအနေလဲမရောက်လောက်တော့ဘူး

ဒီပုံပြင်ကိုဖတ်ပြီး ကျွန်တော်ကတော့ အသည်းရောအူရောယားနေတော့တာပဲ
ဒီနေ့ခေတ်မှာ ဝင်ငွေတစ်ခုတည်းနဲ့
အိမ်ထောင်ဦးစီးက ငွေရှာရုံတစ်ခုတည်းနဲ့
ပြည့်စုံချမ်းသာရတဲ့မိသားစုမျိုးမရှိတော့ပါဘူး
မိသားစုဝင်အကုန်လုံးက ဝင်ငွေကိုယ်စီဖန်တီးကြရတာပါပဲ
အနာဂတ်အတွက် စုဆောင်းဖို့
ကျန်းမာရေးအတွက် ငွေအသင့်ရှိနေဖို့
မမြင်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် လုံလောက်တဲ့ ငွေအင်အားရှိနေဖို့ဆိုတာ
တော်တော်မလွယ်မှန်း အားလုံးသိနေကြပြီးသားပါ
လွယ်မယ့်နည်းကို မရှာခဲ့ကြတာတစ်ခုပဲ

ဒီပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ
ဒီပြဿနာတွေအတွက် အဆင်သင့်ဖြစ်နေအောင် ဘယ်လိုစီမံခန့်ခွဲမလဲ
နောင်လာမယ့် ၁၀ နှစ်အတွင်းကို ကြိုတင်တွက်ချက်ပြင်ဆင်ထားနိုင်ပြီလား
နောက် ၁၀ နှစ်ကိုလှမ်းကြည့် ဘာတွေမြင်ချင်လဲ
နောက် ၁၀ နှစ်ကနေ လက်ရှိအခြေအနေကို လှမ်းကြည့်ပါဦး
ဘာတွေမြင်နေရလဲ
လက်ရှိကနေ ပြီးခဲ့တဲ့ ၁၀ နှစ်ကိုကြည့်ရင်ရော…..

ဒီပြဿနာတွေအတွက် ကျွန်တော့်မှာ အဖြေအဆင်သင့်ရှိနေပါတယ်
လုံခြုံတဲ့အနာဂတ်
ပျော်ရွှင်တဲ့အိမ်ထောင်ရေး
ဒါတွေအတွက်
အနာဂတ်ကို စိတ်ချဖို့ ကျွန်တော်နဲ့တိုင်ပင်ဆွေးနွေးလို့ရပါပြီ
လူကြီးမင်းရဲ့ မနက်ဖြန်တွေ ပြည့်ဝလုံခြုံနွေးထွေးဖို့က
ကျွန်တော်တို့တာဝန်ပါ
အနာဂတ်မှာ စိတ်ချမ်းသာစွာ ပျော်ရွှင်သွားဖို့ ဒီစာဖတ်သူရဲ့ တာဝန်အဖြစ် ကျွန်တော်ပေးအပ်ချင်ပါတယ်

ကျေးဇူးတင်ပါတယ် 🤍
အားလုံးကို နှလုံးသားအတွင်းကလာတဲ့ မေတ္တာများနဲ့ ကာကွယ်ပေးနေတဲ့ AIA Insurance Myanmar (MOM team) မှ

Cham Min Ko - Financial Service Consultant
ဖြစ်ပါတယ်

More Information ,

AIA Myanmar - MOM team
FSC - Cham Min Ko
Email : [email protected]
Phone : +959 941528553
Office Address : 22F,Juction City Tower,
Bogyoke Aung San Street,
Yangon,Myanmar






21/05/2024

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ အိမ်ပေါ်က ဆင်းလာတဲ့ငါတို့အဖွဲ့

Photos from Cham Min Ko - Financial Service Consultant's post 28/02/2024

☹️

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Bogyoke Aung San Road
Yangon