Myanmar Win Win Consulting Group

Myanmar Win Win Consulting Group

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Win Win Consulting Group, Accountant, Block43, No. 8, Nawaday Garden Housing, Hlaing Thar Yar Township, Yangon.

08/10/2024

အောက်ပါလိုအပ်ချက်များနှင့်ကိုက်ညီမှုရှိပြီး အလုပ်အမှန်တကယ် လိုအပ်နေသူများလျှောက်ထားနိုင်ပါသည်။

Accountant Female (5)Post

✅ အနည်းဆုံး ၁၀တန်းအောင်မြင်သူ ဖြစ်ရမည်။ ဘွဲ့ရဦးစားပေးမည်။

✅သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်ရှိရမည်။

✅LCCI Level 1,2,3 အောင်မြင်ပြီးသူ (or) Accounting နှင့်ပတ်သက်သော ဘွဲ့တစ်ခုခုရှိရမည်။

✅Auditing & Taxation ပိုင်းနားလည်ရမည်။

✅Accounting Excel knowledge များရှိရမည်။

✅3လပတ် လချုပ်စာရင်းနှင့် နှစ်ချုပ်စာရင်းဆွဲနိုင်ရမည်။အစိုးရရုံးသို့သွားလာနိုင်ရမည်။

✅ Team work ဖြင့်အလုပ်လုပ်နိုင်ပြီး ရိုးသားကြိုးစားသူဖြစ်ရမည်။

✅ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

✅ လှိုင်သာယာမြို့နယ်တွင် အလုပ်ဆင်းနိုင်သူဦးစားပေးမည်။

အလုပ်ချိန် (မနက် 8:30မှ- ညနေ 5:00)
ထမင်းစားနားချိန် (12:00 မှ 1:00ထိ)

ရုံးပိတ်ရက်- တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ။

🚧🚧လျှောက်ထားလိုသူများအနေဖြင့်

CV to Viber -09984881445
Email- [email protected]
လိပ်စာ - Block 43/8 ၊ နဝဒေးအိမ်ယာ၊ လှိုင်သာယာ မြို့နယ်

Photos from Myanmar Win Win Consulting Group's post 09/09/2024

ယနေ့ (၉-၉-၂၀၂၄) ရက်နေ့ဟာ ကျွန်မတို့ Myanmar Win-Win Consulting Group ရဲ့ ၅နှစ်ပြည့်နှစ်ပတ်လည်နေ့လေးဘဲဖြစ်ပါတယ်
တနှစ်ထက်တနှစ် ပိုမိုတိုးတက်အောင်မြင်လာတဲ့ ရလာဒ်လေးတွေကြောင့်လဲ ကျေနပ်ပီတိဖြစ်ရပါတယ် ယုံကြည်ပြီး အလုပ်များ အပ်နှံပေးကြတဲ့ Customer လုပ်ငန်းရှင်ကြီးများကြောင့်ကြိုးစားရတာ အားလည်းပိုရှိပါတယ် ယခုထက် ယုံကြည်မှုပိုရလာအောင် ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားနေမှာဘဲဖြစ်ပါတယ်
ယခုနှစ်တွင် ယခင်ရုံးခန်းအသေးလေးမှ ယခု ရုံးခန်း နေရာအသစ်သို့ ပြောင်းရွေ့ဖွင့်လှစ်နိုင်ခဲ့ပါပြီ
ရုံးခန်းအသစ်ပြောင်းရွေ့၍ ၅နှစ်ပြည့်နှစ်ပတ်လည်နေ့လေးတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစုနှင့် နေ့ဆွမ်းကပ်လှူ၍ အလှူဒါနပြုခဲ့သည်ကို သာဓုခေါ်ဆိုနိုင်စေရန် အလို့ငှါ မျှဝေပေးလိုက်ရပါတယ်ရှင့် 🙏🙏🙏

ကျွန်မတို့နှင့်လုပ်ငန်းအပ်နှံလိုသောလုပ်ငန်းရှင်များ ကျွန်မတို့ထံလူကိုယ်တိုင်လာရောက်လိုပါက
Block.43,No.8,နဝဒေးဉယျာဉ်အိမ်ယာ,လှိုင်သာယာမြို့နယ်ပါရှင့်
ဖုန်းနံပါတ်များကတော့
09404667760
09960907777
09960125515 ဘဲဖြစ်ပါတယ်ရှင့်

အားလုံးဘဲစိတ်၏ချမ်းသာကိုယ်၏ကျန်းမာခြင်းများနှင့်တလုံးတဝတည်းပြည့်စုံနိုင်ကြပါစေရှင့်🙏

Photos from Myanmar Win Win Consulting Group's post 10/09/2023

(9-9-2023) ရက်နေ့
ကျွန်မတို့ Myanmar Win-Win Consulting Group ရဲ့ ကုမ္ပဏီ တည်ထောင်ခြင်း ၄နှစ်ပြည့် အထိမ်းအမှတ်နေ့လေး တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊လှူဖွယ်ဝတ္ထုအစုစုတို့နှင့်တကွ နေ့ဆွမ်းများအား ကပ်လှူပူဇော်ခဲ့ခြင်းကုသိုလ်ပြုခဲ့ပါတယ်ရှင့်

Photos from Myanmar Win Win Consulting Group's post 21/07/2023

FYI to everyone 🤗

Noti 51/2023 by MOC for Online businesses 🤗 🤗🤗

16/05/2023

#၀န်ထမ်းအလိုရှိပါသည်

No Agency

Myanmar Win Win Group Companyတွင် တာ၀န်ထမ်းဆောင်ရန် ၀န်ထမ်း အမြန်ခန့်ထားရန်ရှိပါသည်။

တစ်ပတ်အတွင်းလူတွေ့အင်တာဗျုးရှိပါမည်။ *Hlaing Thar Yar Nawaday Garden Housing ရုံးချုပ်တွင် အင်တာဗျူး ဝင်ရပါမည်*

* Facebook messanger မှမေးမြန်းခြင်း၊ လျောက်ထားခြင်းသည်းခံပါ။

Assistant Manager (၂) ဦး ( အစိုးရရုံးလုပ်ငန်းအတွေ့အကြုံရှိရမည် MIC လုပ်ငန်းပိုင်း အတွေ့အကြုံရှိသူဦးစီးပေးပါမည်)

ရုံးဝန်ထမ်း -ကျား/မ (၄)ဦး (အစိုးရရုံးလုပ်ငန်းအတွေ့အကြုံရှိရမည်MIC)

Internal Audit-(၃)ဦး

လစာ - ညိုနှိုင်း

✅ အနည်းဆုံး ၁၀တန်းအောင်မြင်သူ ဖြစ်ရမည်။ ဘွဲ့ရဦးစားပေးမည်။

✅ Computer Office (Word/Excel) ကျွမ်းကျင်စွာသုံးနိုင်ရမည်။

✅ Team work ဖြင့်အလုပ်လုပ်နိုင်ပြီး ရိုးသားကြိုးစားသူဖြစ်ရမည်။

✅ ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

✅ လှိုင်သာယာမြို့နယ်တွင် အလုပ်ဆင်းနိုင်သူဦးစားပေးမည်။

အလုပ်ချိန် (မနက် 8:30မှ- ညနေ 5:00)
ထမင်းစားနားချိန် (12:00 မှ 1:00ထိ)

ရုံးပိတ်ရက်- တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များ။

🚧🚧လျှောက်ထားလိုသူများအနေဖြင့်

📲📲Viber 09753871828

📩📩 Gmail- [email protected]

💁💁လိုအပ်သောစာရွက်စာတမ်းများ၊ ပညာရေးထောက်ခံချက် များနှင့် CV Formများအား
အောက်ဖော်ပြပါ Viber သို့ပေးပို့၍လျောက်ထားနိုင်ပါသည်။

☎️☎️ ရုံးချိန်အတွင်းသာ ဆက်သွယ်မေးမြန်းပေးပါရန်။

✍️✍️ မိမိလျောက်ထားလိုသည့် ရာထူး အား တိကျစွာရေးသားဖော်ပြပေးပါရန်။

ACမဟုတ်ပါCompanyမှတိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါသည်။

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက တိုက်၃၊အခန်း၃၊၉၉လမ်း၊နဝဒေးအိမ်ယာအပြင်ဘက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

Photos from Myanmar Win Win Consulting Group's post 02/04/2023

"ကုမ္ပဏီမှတ်ပုံတင်အရာရှိ (DICA) ၏ (1.4.2023) ကုမ္ပဏီများသို့ အသိပေးကြေညာချက်"
ကုမ္ပဏီဆိုင်ရာ ဝန်ဆိုင်မှုလုပ်ငန်းများအတွက် ကျွန်တော်တို့ MWW Consulting Group မှ လူကြီးမင်းတို့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနေပါပြီ ခင်ဗျ🤗🙏🙏🙏

If you need us, pls contact to Chat Box, Ph: 09 404667760, 09 960907777 သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျ......🤗🙏🙏🙏

ရုံးခန်းလိပ်စာ - တိုက်-၃၊ အခန်း-၃၊ ( ၉၉ ) လမ်း၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး သို့ လာရောက် စုံစမ်းနိုင်ပါတယ်ခင်ဗျ….🤗🙏🙏🙏

Photos from Myanmar Win Win Consulting Group's post 17/02/2023

🌿🌿🌿 Environmental Management Plan (EMP) Site Survey process at " Soki Bag & Accessories (Myanmar) Co., Ltd. " (Garment Factory) by Myanmar Win-Win Consulting Group 🌿🌿🌿
သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ အစီအရင်ခံစာဝန်ဆောင်မှုလုပ်ငန်းစဉ်တွေသာမက အောက်ပါလုပ်ငန်းများအားလုံးအတွက်လည်း လူကြီးမင်းတို့အတွက် MWW Group မှ အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနေပါပြီခင်ဗျ 📣📣📣 စိတ်ချယုံကြည်၍ အလုပ်အပ်နှံကြသော လုပ်ငန်းရှင်အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျ 🙏🙏🙏
👉New Company Registration (ကုမ္ပဏီအသစ်တည်ထောင်ခြင်း)
👉Company Secretaries Services (ကုမ္ပဏီနှင့်စပ်လျဉ်းသော ဝန်ဆောင်မှုများ)
👉Annual Return(AR) ( နှစ်စဉ်အစီရင်ခံစာတင်ပေးခြင်း)
👉Changing of Company Name (ကုမ္ပဏီအမည်ပြောင်းလဲခြင်း)
👉Changing of Company Address ( ကုမ္ပဏီလိပ်စာပြောင်းလဲခြင်း)
👉Changing of Company Shares (ကုမ္ပဏီရှယ်ယာပြင်ဆင်ခြင်း)
👉Changing of Company Members & Officers ( ကုမ္ပဏီအဖွဲ့ဝင်များပြောင်းလဲခြင်း)
👉မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ MIC Permit (or) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ Endorsement Permit များရရှိသည်အထိဆောင်ရွက်ပေးခြင်း
👉ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လမ်းညွှန်ချမှတ်ထားသည့် EMP (or) IEE အစီစဉ်ရေးဆွဲပေးခြင်း
👉ကုမ္ပဏီ/စက်ရုံ/အလုပ်ရုံ/ဆိုင်ခန်းများအတွက် စည်ပင်လိုင်စင်လျှောက်ပေးခြင်း
👉UMFCCI အသင်းဝင်ကဒ်လျှောက်ပေးခြင်း
👉အထည်ချုပ်လုပ်ငန်းရှင်များအတွက် Myanmar Garment
👉Manufacturing Association (MGMA) အသင်းဝင်ကဒ်လျှောက်ပေးခြင်း
👉စက်မှုလုပ်ငန်းရှင်များအတွက် Myanmar Industrial Association (MIA)အသင်းဝင်ကဒ်လျှောက်ပေးခြင်း
👉Exporter Importer Registration Card (EIR) Card @ ( Pa Tha Ka ) & Smart Card များ လျှောက်ထားပေးခြင်း
👉စက်မှုလိုင်စင် (Industrial License) လျှောက်ပေးခြင်း
👉EI လိုင်စင်လျှောက်ပေးခြင်း
👉မီးစက်လိုင်စင် / ဘွိုင်လာလိုင်စင်လျှောက်ထားပေးခြင်း၊ ဓါတ်လှေကားအသုံးပြုခွင့်လိုင်စင် လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်များ လျှောက်ပေးခြင်း
👉ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားပေးခြင်း
👉စာရွက်စာတမ်းများဘာသာပြန်ခြင်း / နိုတြီဝန်ဆောင်မှု (အင်္ဂလိပ်- မြန်မာ - တရုတ် )
👉ကုမ္ပဏီများအတွက် အခွန်စာရင်းများ ရေးဆွဲပေးခြင်း
- သုံးလပတ်အစီရင်ခံစာ
- နှစ်ချုပ်အစီရင်ခံစာ
အထက်ပါ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဆက်သွယ်စုံစမ်းလိုပါက page messenger ( သို့မဟုတ်) 0️⃣9️⃣4️⃣0️⃣4️⃣6️⃣6️⃣7️⃣7️⃣6️⃣0️⃣ 🔔🔔🔔0️⃣9️⃣9️⃣6️⃣0️⃣9️⃣0️⃣7️⃣7️⃣7️⃣7️⃣
လူကိုယ်တိုင်လာရောက်စုံစမ်းချင်သူ မိတ်ဆွေများအတွက် -
ရုံးခန်းလိပ်စာ - တိုက်-၃၊ အခန်း-၃၊ ( ၉၉ ) လမ်း၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ 🙏🙏🙏

Photos from Myanmar Win Win Consulting Group's post 14/02/2023

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၁၇/၂၀၂၃) အရ တရားရုံးအမိန့်ဖြင့်သာ ပြန်လည်မှတ်ပုံတင်နိုင်မည့် Struck Off Companies Lists 100 pcs 🛎 🛎 🛎

ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ရန် လွယ်ကူပေမယ့် ရေရှည်လုပ်ငန်း ရပ်တည်နိုင်ဖို့ဆိုတာ အင်မတန် ထင်သလောက် မလွယ်ကူပါဘူး... ✍️ ✍️

ဒါကြောင့် ယခုလိုမျိုး မှတ်ပုံတင်အရာရှိကနေ ပယ်ဖျက်တဲ့စာရင်းထဲ မိမိကုမ္ပဏီပါမသွားအောင် ဒါရိုက်တာတွေအားလုံး သက်ဆိုင်ရာ ဥပဒေတွေကို သိရှိထားပြီး လေးစားလိုက်နာသင့်ပါတယ်…… ✍️ ✍️

ကုမ္ပဏီတစ်ခုဟာ နှစ်စဉ် တစ်နှစ်လျှင် မဖြစ်မနေလုပ်ဆောင်ရမည့် အချက် (၂) ခု ရှိပါတယ်...........👇 👇 👇
(၁) ကုမ္ပဏီတည်ထောင်ပြီး (၂)လအတွင်း နှစ်စဉ် အစီရင်ခံစာ ပထမအကြိမ်နှင့် နောက်ပိုင်း နှစ်တွေမှာလည်း နှစ်စဉ်နှစ်တိုင်း ကုမ္ပဏီထောင်ခဲ့သည့် လရောက်တိုင်း မဖြစ်မနေ Annual Return(AR) တင် မဖြစ်မနေ တင်ရမှာဖြစ်ပါတယ် 👌

(၂) မိမိ ကုမ္ပဏီ၏ လုပ်ငန်းအတွက် စာရင်းရှိသည်ဖြစ်စေ ဝင်ငွေကြေညာလွှာ ပုံမှန်တင်ပေးရမယ်မှာဖြစ်သလို၊ နှစ်စဉ် ဘဏ္ဍာရေးနှစ် (Budget Year) ကုန်ဆုံးပြီး (၃)လအတွင်း (ဧပြီ၊ မေ၊ ဇွန် စသည့် လရောက်တိုင်း) မိမိလုပ်ငန်း၏ အရှုံးအမြတ် နှစ်ချုပ်စာရင်းအား သက်ဆိုင်ရာအခွန်ရုံးသို့ မဖြစ်မနေ တင်ပေးရမှာပါဗျ.....✍️

👉👉ကုမ္ပဏီကိုသာ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်ပြီဆိုပေမယ့် ကုမ္ပဏီနဲ့ပတ်သက်တဲ့ အခွန်ဆိုင်ရာ ကိစ္စရပ်အားလုံးအတွက် ပေးရန်ရှိ၊ ရရန်ရှိတွေကတော့ ကျန်ရှိနေမှာပါခင်ဗျ…..✍️ ✍️ မဖြစ်မနေရှင်းလင်းပေးရမှာပါဗျ ✍️

👉အဲ့လို မရှင်းလင်းခဲ့ဘူးဆိုရင် နောက်ပိုင်း မိမိ လုပ်ငန်း ပြန်လည်လုပ်ချင်လို့ ကုမ္ပဏီအသစ်တစ်ခု ပြန်လည်တည်ထောင်မယ်ဆိုရင်တော့ မရနိုင်တော့ပါဘူး......❌❌❌

👉👉ပထမတည်ထောင်ပြီးသား ကုမ္ပဏီ၏ Status ကို Register Status ဖြစ်အောင် မဖြစ်မနေ ပြန်လည် ဖြေရှင်းပေးပြီးမှသာလျှင် ပြန်လည်ဖွဲ့စည်းတည်ထောင်ခွင့်ရပါမယ်🙏🙏

👉👉ထို့အပြင် မိမိနှင့်အတူ ပါဝင်လုပ်ဆောင်မယ့် ဒါရိုက်တာ တစ်ဦးဦးဟာဆိုရင်လဲ အခြား Struck Off ဖြစ်နေတဲ့ ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်နေရင်လဲ မိမိကုမ္ပဏီဟာ မှတ်ပုံတင်အရာရှိထံမှ ခွင့်ပြုချက်မရရှိဘဲ အဲ့ဒါရိုက်တာပါဝင်နေတဲ့ ကုမ္ပဏီအတွက် registered status ပြန်ဖြစ်မှသာ မိမိကုမ္ပဏီအတွက် Company Incorporation Certificate ရရှိနိုင်မှာပါ.....✍️ ✍️

👉👉👉အမှတ်စဉ် (၂) အတွက်ကတော့ မတင်ဖြစ်ခဲ့ရင်တော့ နောက်ကျကြေးတွေ၊ ဒဏ်ကြေးလေးတွေ ပေးရပါလိမ့်မယ်ဗျ

ကုမ္ပဏီနှင့်ပတ်သက်တဲ့ ဝန်ဆောင်မှုများ လိုအပ်လျှင်ဖြစ်စေ၊ အခြားသိချင်တာလေးတွေရှိလျှင်ဖြစ်စေ ကျွန်တော်တို့ MWW Group က လူကြီးမင်းတို့အတွက် အမြဲအဆင်သင့်ရှိနေပါပြီခင်ဗျ…..စိတ်ချယုံကြည်စွာဖြင့်လုပ်ငန်းများ အပ်နှံနိုင်ပါပြီခင်ဗျ…🙏🙏🙏
ဆက်သွယ်စုံစမ်းလိုပါက page messenger (or) Ph: 09 404667760, 09 960907777 သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျ…👌👌👌
အကယ်၍ လူကိုယ်တိုင်ကိုယ် လာရောက်စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့
ရုံးခန်းလိပ်စာ - တိုက်-၃၊ အခန်း-၃၊ ( ၉၉ ) လမ်း၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ အရောက်လှမ်းခဲ့လိုက်ပါ🙏

Photos from Myanmar Win Win Consulting Group's post 27/01/2023

📣 📣 📣 DICA 's Announcement ( 7/2023 )

" မြန်မာနိုင်ငံကုမ္ပဏီများဥပ​ဒေအရ အမည်ခံဒါရိုက်တာများခွင့်မပြု​ကြောင်းနှင့် ကုမ္ပဏီတွင်ပါဝင်သူများကို အမည်ခံအစုရှယ်ယာရှင်များအဖြစ်ခွင့်မပြု​ကြောင်း ထုတ်ပြန်​ကြော်ငြာခြင်း "

" ကုမ္ပဏီထောင်လျှင် သိထားရမယ့် ရှယ်ယာ အမျိုးအစားများ "

ယခုနောက်ပိုင်း မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေဟာ စီးပွားရေးတစ်ခုလုပ်တဲ့အခါ ယခင်လိုလုပ်ငန်းလိုင်စင်သက်သက်နဲ့လုပ်ကိုင်တာမျိုးမဟုတ်တော့ဘဲ တရားဝင်ကုမ္ပဏီတွေထောင်ပြီးလုပ်ကိုင်လာကြတာတွေ့ရတယ်။ ကုမ္ပဏီထောင်ပြီးလုပ်ကိုင်တာဟာ ကိုယ့်အတွက်အခွင့်အရေးတွေလည်းပိုတိုးလာသလို၊ အခွန်ဆိုင်ရာကိစ္စစာရွက်စာတမ်းကိစ္စတွေကြောင့်လည်း ကယိကထများပါတယ်။ ကုမ္ပဏီအဖြစ်လုပ်ကိုင်ကြတဲ့အခါ တစ်ဦးတည်းပိုင်လုပ်တဲ့ လုပ်ငန်းတွေရှိသလို၊ စပ်တူရှယ်ယာ လုပ်ငန်းတွေကိုပါ လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ ရှယ်ယာ ရောင်းချချင်တာပဲ ဖြစ်ဖြစ်၊ ဝယ်ချင်တာပဲ ဖြစ်ဖြစ် ဘာမှမလုပ်ခင်မှာ ရှယ်ယာအမျိုးအစားတွေနဲ့ တစ်ခုချင်းရဲ့ Rules and Regulation တွေကို နားလည်ထားမှ အဆင်ပြေနိုင်မှာပါ။ ကျွန်တော်တို့တွေ ကုမ္ပဏီအသစ်တည်ထောင်ခြင်းအတွက် Online ကနေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) သို့ MyCO Website မှတဆင့် တင်ပြလျှောက်ထားသည့်အခါ ရွေးချယ်ရတဲ့ ရှယ်ယာအမျိုးအစား (Share Class) တွေအကြောင်း ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

Share ဆိုတာ ဘာလဲ?

Share ဆိုတာ Company တစ်ခုရဲ့ ရင်းနှီးမြုပ်နှံမှု (သို့) ငွေအရင်းအနှီးကို အချိုးအစားအလိုက် ပိုင်ဆိုင်မှု ယူနစ်တစ်ခု ဖြစ်ပါတယ်။ အစုစပ်ပါဝင်သူတွေ (ရှယ်ယာရှင် )တွေက Company ရဲ့ အမြတ်အစွန်းတွေကို တောင်းဆိုခံစားခွင့် ရှိရုံသာမက Companyရဲ့ အကြွေးတွေနဲ့ အရှုံးတွေကိုလည်း တာဝန်ခံရပါမယ်။ Share တွေကိုတော့ Company တွေ၊ ရှယ်ယာရှင်တွေ အပေါ်လိုက်ပြီး အမျိုးမျိုး ခွဲခြားထားပါတယ်။

(I) Ordinary Share (ORD)
Ordinary Share ဆိုတာက တော်တော်များများ အသုံးပြုကြလေ့ရှိတဲ့ Share ပုံစံ အမျိုးအစားပါ။ သူတို့မှာ Company ရဲ့ လုပ်ငန်းဆောင်တာတွေ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လာရင် မဲပေးပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ကိုသူတို့ရထားတဲ့ Share ရာခိုင်နှုန်းအလိုက် အခွင့်အရေးတွေ ရရှိကြပါတယ်။
Ordinary Share မှာ
(၁) Class A Share
(၂) Class B Share
(၃) Class C Share ဆိုပြီးပြန်ခွဲတတ်ပါတယ်။

(၁) Class A Share (A)

Class A Share ကတော့ လုပ်ငန်း ရဲ့ CEO, Chairman တွေ၊ ထိပ်သီးအရာရှိကြီး တွေကိုပေးထားတဲ့ Share ပါ။ သူ့မှာ အခြား Class Share တွေထက် Voting Right (မဲပေးပိုင်ခွင့်) တွေအများကြီး ရှိပါတယ်။ ပုံမှန်ဆိုရင် Class A Share တွေအပြင်ကို ထုတ်မရောင်းပါဘူး၊ ပြီးတော့ ရှယ်ယာရှင် အချင်းချင်းလည်း လွှဲပြောင်း ရောင်းချလို့လည်းမရပါဘူး။ အမြတ်ဝေစု ခွဲဝေရင်ဖြစ်ဖြစ်၊ လုပ်ငန်းကို ရောင်းချပြီး ရှယ်ယာခွဲရင်ပဲဖြစ်ဖြစ် Class A Share တွေကို အရင်ဆုံးပေးရပါတယ်။
ဥပမာ - Company တစ်ခုကအကြွေးတင်နေလို့ Share တွေထုတ်ရောင်းတာဘဲဖြစ်ဖြစ်၊ Company တစ်ခုလုံးကို ရောင်းချတာဘဲ ဖြစ်ဖြစ်လုပ်ခဲ့ရင် အကြွေးရှင်တွေကို အရင်ဆုံး အပြည့်အဝ ပေးချေရပါတယ်။ ပြီးရင် Class A Share ပိုင်ဆိုင်သူတွေကို ခွဲဝေပေးရပါတယ်။

(၂) Class B Share (B)

Class B Share ဆိုတာက Class A Share ထက် Voting Right နည်းပါတယ်။ အမြတ်ခွဲဝေမှုမှာလည်း Class A နဲ့ နောက်မှသာ Class B ကို ခွဲဝေပေးလေ့ရှိပါတယ်။ Class B Share တွေကိုတော့ Class A လိုမဟုတ်ဘဲ လွှဲပြောင်းလို့၊ ရောင်းချလို့ရပါတယ်။ Class B Share ပမာဏနဲ့ ဝယ်ယူထားတဲ့ အချိန်ကာလ တစ်ခုကြာလာပြီဆိုရင် Class A Share အဖြစ်သို့ ပြောင်းလဲလို့ရတတ်ပါတယ်။ (နောက်ဆုံးတစ်ချက်ကတော့ ကုမ္ပဏီ ဖွဲ့စည်းပုံစည်းမျဉ်းပေါ်မူတည်ပါတယ်)

(၃) Class C Share (C)

Class C Share ကတော့ Share တွေကို ၁နှစ်၊ ၂နှစ်လောက်ဝယ်ထားပြီး ပြန်ရောင်းချင်တဲ့ Investors တွေအတွက် ပိုအဆင်ပြေပါတယ်။ Class C Share မှာတော့ Voting Right မရှိပါဘူး ။ Class B လိုမျိုး သူရဲ့ Share တွေလို့လည်း လွှဲပြောင်း ရောင်းချလို့ရပါတယ်။

(II) Preference Share (PRF)

Preference Share ပိုင်ဆိုင်သူများသည် ပုံမှန် အားဖြင့် Ordinary Share ပိုင်ဆိုင်သူများလို Voting Right မရှိကြပါဘူး။ Preference Share ပိုင်သူများကို Ordinary Share ပိုင်ဆိုင်သူများနဲ့အတူ လိုတဲ့ အမြတ်ကို ခွဲဝေပေးလေ့ ရှိပါတယ်။ Company ဒေဝါလီခံရရင် Company ရဲ့ ပိုင်ဆိုင်မှု (Assets ) ထဲကနေပြီး Preference ရှယ်ယာရှင်များကို ခွဲဝေပေးအပ်ရပါတယ်။ အများအားဖြင့် Preference Share တွေရဲ့ အမြတ်က ပုံသေသတ်မှတ်ထားလေ့ ရှိပါတယ်။
ဥပမာ။ ။ တစ်လကို ၅ သိန်းဆိုရင် လုပ်ငန်းမြတ်မြတ်ရှုံးရှုံး ၊ ၅သိန်း ပေးချေပေးရပါတယ်။

(III) Redeemable Share (RED)
Redeemable Share ဆိုတာက တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ Share တွေကို အချိန်တစ်ခု (သို့) အခြေအနေ တစ်ခုရောက်ရင် ငွေသား(သို့) ပိုင်ဆိုင်မှုတစ်ခုအဖြစ် ပြန်လည်ရွေးနှုတ်လို့ရတဲ့ Share အမျိုးအစားတစ်ခုပါ။ Company ကလည်း ပြန်လည် ဝယ်ယူလို့ရပါတယ်။ ပုံမှန်အားဖြင့် Share မဝယ်ခင်ကတည်းက ပြန်လည်ရွေးနှုတ်လို့ရတဲ့ အချိန်အပိုင်းအခြား (သို့) အခြေအနေတွေကို ထည့်သွင်းရေးဆွဲလေ့ရှိပါတယ်။
Redeemable Share တွေကတော့ လုပ်ငန်းအခြေအနေနဲ့ ဝယ်ယူသူတွေပေါ်မှာ မူတည်ပြီး စည်းကမ်းတွေကိုတော့နှစ်ဦး နှစ်ဖက် ညှိုနှိုင်းပြီး သတ်မှတ်ကြပါတယ်။

(IV) Redeemable Preference Share (REDP)
Redeemable Preference Share ဆိုတာကတော့ ရှင်းပါတယ်။ Redeemable Share နဲ့ Preference Share (၂)ခုရဲ့ ဝိသေသတွေပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ Shareholder ကတော့ Preference Share လိုပဲ လစဉ်(သို့) နှစ်စဉ် ၊ ပုံမှန် ငွေ ပမာဏ တစ်ခုရနေသလို အချိန်တစ်ခုရောက် ရင် Redeemable Share လိုပဲ ပြန်လည်ရောင်းချခြင်း (သို့) Company ကပြန်လည်ဝယ်ယူခြင်း ပြုလုပ်ရပါတယ်။

(V) Management Share (MGM) နဲ့ Employee Share (EMP)

Management Share နဲ့ Employee Share ကတော့ လုပ်ငန်းထဲမှာလုပ်ကိုင်နေရတဲ့ဝန်ထမ်းတွေကို လုပ်သက်အချိန်တစ်ခုကြာတဲ့အခါမှာ ထုတ်ပေး (သို့မဟုတ်) ထုတ်ရောင်း တဲ့ ရှယ်ယာအမျိုးအစားပါ။ ရည်ရွယ်ချက်ကတော့ သစ္စာရှိဝန်ထမ်းတွေကို ပိုကြိုးစားအောင်/ အလုပ်မှာတည်မြဲအောင်၊ အခြားရှယ်ယာရှင်တွေရဲ့ လုပ်ငန်းအပေါ် မျှော်လင့်ချက်တွေကို နားလည်ပြီး ပူးပေါင်းဖော်ဆောင်ဖို့ မက်လုံးအနေနဲ့ ထုတ်ပေးတဲ့ရှယ်ယာအမျိုးအစားပဲဖြစ်ပါတယ်။ သူလည်းပဲ အပြင်ကို ထုတ်ရောင်းခွင့်မရှိပါဘူး။

Management Share ကတော့ ကုမ္ပဏီရဲ့ မန်နေဂျာတွေ၊ ဒါရိုက်တာတွေကို ထုတ်ပေးထားတဲ့ ရှယ်ယာအမျိုးအစားဖြစ်ပြီး Employee Share ကတော့ကျန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ရှယ်ယာအမျိုးအစားပါ။ ဒီ Management Share နဲ့ Employee Share ရှယ်ယာရှင်အနေနဲ့ကတော့ ကျန်တဲ့ရှယ်ယာအမျိုးအစားတွေကို အမြတ်ခွဲဝေပြီးမှ ကျန်တဲ့ အမြတ်ကို ခွဲဝေယူရတာပါ။ (Management Share နဲ့ Employee Share ကတော့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်းပဲ ကျင့်သုံးလေ့ရှိပါတယ်)

Company အများစုကတော့ စတင်တဲ့အချိန်မှာ Voting Right အရင်းအနှီးနဲ့ ခွဲဝေမှုတွေတန်းတူ ဖြစ်စေဖို့ အတွက်တော့ Ordinary Share နဲ့ စတင်ကြတာဖြစ်ပါတယ်။ Share အသစ်တွေထုတ်ပေးတာကတော့ ပြောင်းလွယ်ပြင်လွယ်ပြီး မတူညီတဲ့ အခွင့်အရေးတွေလိုအပ်လာတဲ့အခါကျရင် အထက်ပါ Ordinary Share တွေကို ပြန်လည်ခွဲဝေရောင်းချ သတ်မှတ်ခြင်းဖြစ်ပါတယ်။ Company တစ်ခုက Share Class အမျိုးမျိုးခွဲခြား ထုတ်ပေးလို့ရသည့် အပြင် Shareholder (Members) တွေအနေနဲ့လည်း Share Class တစ်ခုထက်ပိုပြီး ပိုင်ဆိုင်လိုရပါတယ်။ ဒီလိုပိုင်ဆိုင်ခြင်းအားဖြင့် မတူညီသော အခွင့်အရေးတွေ (ဥပမာ- မဲပေးခွင့် (သို့) အမြတ်များရပိုင်ခွင့်) တွေမှာ အကျိုးအမြတ်များရရှိနိုင်ပါတယ်။

Credit : 𝗕𝗮𝗹𝗮𝗻𝗰𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀

ကုမ္ပဏီနှင့်ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းလေးတွေအတွက် MWW Consulting Group သို့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျ 🙏🙏🙏

ဆက်သွယ်စုံစမ်းလိုပါက page messenger (or)
Ph: 09 404667760, 09 960907777 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်
ရုံးခန်းလိပ်စာ - တိုက်-၃၊ အခန်း-၃၊ ( ၉၉ ) လမ်း၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Photos from Myanmar Win Win Consulting Group's post 16/01/2023

တောင်ဒဂုံမြို့နယ်ရှိ CMP အထည်ချုပ်စက်ရုံအတွက် Boiler License လျှောက်ထားပေးခြင်း by MWW Consulting Group 🤗 🤗 🤗

စိတ်ချယုံကြည်စွာ လုပ်ငန်းအပ်နှံသူ Client တစ်ဦးချင်းစီတိုင်းကို ကျွန်တော်တို့ MWW Consulting Group မှ ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျ....လုပ်ငန်းရှင်များအားလုံး နှစ်သစ်အခါသမယမှာ စီးပွားရေးတွေ အစစအရာရာ အဆင်ပြေချောမွေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျ🙏🙏🙏

အောက်ပါဝန်ဆောင်မှုလေးတွေ စိတ်ဝင်စားလို့ ဝန်ဆောင်မှု ရယူလိုသူများအတွက် MWW Group သို့ Hello သာ လုပ်ရင်း.......☎️☎️☎️ အကောင်းဆုံး ဝန်ဆောင်မှုတွေ ရယူဖို့ ဖိတ်ခေါ်ပါတယ်ဗျ .....🙏🙏🙏

👉New Company Registration (ကုမ္ပဏီအသစ်တည်ထောင်ခြင်း)
👉Company Secretaries Services (ကုမ္ပဏီနှင့်စပ်လျဉ်းသော ဝန်ဆောင်မှုများ)
👉Annual Return(AR) ( နှစ်စဉ်အစီရင်ခံစာတင်ပေးခြင်း)
👉Changing of Company Name (ကုမ္ပဏီအမည်ပြောင်းလဲခြင်း)
👉Changing of Company Address ( ကုမ္ပဏီလိပ်စာပြောင်းလဲခြင်း)
👉Changing of Company Shares (ကုမ္ပဏီရှယ်ယာပြင်ဆင်ခြင်း)
👉Changing of Company Members & Officers ( ကုမ္ပဏီအဖွဲ့ဝင်များပြောင်းလဲခြင်း)
👉မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ MIC Permit (or) ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ Endorsement Permit များရရှိသည်အထိဆောင်ရွက်ပေးခြင်း
👉ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လမ်းညွှန်ချမှတ်ထားသည့် EMP (or) IEE အစီစဉ်ရေးဆွဲပေးခြင်း
👉ကုမ္ပဏီ/စက်ရုံ/အလုပ်ရုံ/ဆိုင်ခန်းများအတွက် စည်ပင်လိုင်စင်လျှောက် ပေးခြင်း
👉UMFCCI အသင်းဝင်ကဒ်လျှောက်ပေးခြင်း
👉အထည်ချုပ်လုပ်ငန်းရှင်များအတွက် Myanmar Garment
Manufacturing Association (MGMA) အသင်းဝင်ကဒ်လျှောက်ပေးခြင်း
👉စက်မှုလုပ်ငန်းရှင်များအတွက် Myanmar Industrial Association (MIA)အသင်းဝင်ကဒ်လျှောက်ပေးခြင်း
👉Export & Import Certificate ( Pa Tha Ka ) & Smart Card များ လျှောက်ထားပေးခြင်း
👉စက်မှုလိုင်စင် (Industrial License) လျှောက်ပေးခြင်း
👉EI လိုင်စင်လျှောက်ပေးခြင်း
👉Boiler License လျှောက်ထားခြင်း
👉မီးစက်လိုင်စင် / ဓါတ်လှေကားအသုံးပြုခွင့်လိုင်စင် လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်များ လျှောက်ပေးခြင်း
👉ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားပေးခြင်း
👉စာရွက်စာတမ်းများဘာသာပြန်ခြင်း / နိုတြီဝန်ဆောင်မှု (အင်္ဂလိပ်- မြန်မာ - တရုတ် )
👉ကုမ္ပဏီများအတွက် အခွန်စာရင်းများ ရေးဆွဲပေးခြင်း
- သုံးလပတ်အစီရင်ခံစာ
- နှစ်ချုပ်အစီရင်ခံစာ
အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဆက်သွယ်စုံစမ်းလိုပါက page messenger (or) Ph: 09 404667760, 09 960907777 သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျ.....👍👍👍
ရုံးခန်းလိပ်စာ - တိုက်-၃၊ အခန်း-၃၊ ( ၉၉ ) လမ်း၊ နဝဒေးဥယျာဉ်အိမ်ရာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Category

Address


Block43, No. 8, Nawaday Garden Housing, Hlaing Thar Yar Township
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00