Success Myanmar Corporate Services

Success Myanmar Corporate Services

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Success Myanmar Corporate Services, Tax preparation service, No. 862, Kyar Pandon Mar Street, 41 Ward, North Dagon Township, Yangon.

Success Myanmar Corporate Services Firm is one-stop business service center that offers a variety of professional services including accounting, auditing, company secretary service (DICA), financial advisor and tax expert in Myanmar.

31/08/2026

📮ဒါမျိုးလက်မှတ်📃ကို ၅ နှစ်တခါ သက်တမ်းတိုးဖို့ လိုပါမယ် 📫

မိတ်ဆွေက နိုင်ငံခြားက ပစ္စည်းသွင်းတဲ့၊ နိုင်ငံခြားကို ပစ္စည်းပို့တဲ့ Export/Import လုပ်ချင်တယ်ဆိုရင်တော့ ထသကလိုင်စင်လို့ခေါ်တဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတငလက်မှတ်ဖြစ်တဲ့ ဒါမျိုး Export/Import registration Certificate အရင် လျှောက်ရပါမယ်နော်👇

Success Myanmar Corporate Services သည် မိတ်ဆွေတို့ ကုမ္ပဏီအတွက် Accounting, Auditing, Tax, DICA MYCO Services, Company Incorporation, Export Import Registration, Online Sale Registration,နှင့် စာချုပ်စာတမ်းကိစ္စများ ( eg. Partnership Agreement) စသည့်ဝန်ဆောင်မှုများကို စိတ်ချယုံကြည်နိုင်၍ မှန်ကန်စွာ ဝန်ဆောင်မှုပေးနေပါသဖြင့် ☎️09789969699, 09754784109 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

Your Trusted Partner, Success Myanmar 🇲🇲

29/08/2026

ကြုံရဆုံရ Auditor ဘဝ

Cash balances တွေမှာ အနှုတ်ပြနေလို့ အဝင်နည်းပီး အထွက်တွေများနေတာ ဘာကြောင့်လဲဆိုတာ ဖြေရှင်းချက်ပေးဖို့နဲ့ cash book update file ရှိရင် ပြန်ပေးဖို့တောင်းတာ ‘ဒီစာရင်းစစ် အတော်ရစ်တယ်’ လို့ ကတ်ကတ်လန် ရန်ပြန်တွေ့တဲ့ စာရင်းကိုင်နဲ့ လုပ်ငန်းရှင်တွေနဲ့ ကြုံဖူးသလား?

ဒီလို မပြည့်စုံဘဲ မှားယွင်းနေတဲ့စာရင်းကိုလည်း စာရင်းစစ်က မမေးမမြန်းဘဲ Unqualified Opinion( ပြင်ဆင်ချက်မပါသော ထင်မြင်ချက်) ပေးပီး စာရင်းစစ်လက်မှတ်နဲ့ Financial Statements ထွက်ပေးရမယ်လို့ ထင်နေကြသလား?

လုပ်ငန်းရဲ့ BOD Members တွေကို တွေ့ရှိချက်တွေကို report လုပ်ရတာ စာရင်းစစ်တာဝန်ဖြစ်ပေမဲ့ Members တွေကိုယ်တိုင်က အဲလိုမေးတဲ့မေးခွန်းတွေ မဖြေဘဲ ၊တောင်းတဲ့အချက်အလက်တွေမပေးဘဲ မပြည့်စုံတဲ့ အချက်အလက်တွေဖိုင်တွေဘဲပေးပီး ရက်ပိုင်းအတွင်း report ထွက်ဖို့ဘဲ မျှော်လင့်နေလို့ မရပါဘူး။

ဒါကြောင့် လုပ်ငန်းရှင်တွေနဲ့စာရင်းကိုင်တွေအတွက်

စာရင်းစစ်တယောက်ရဲ့ တာဝန်ခံမှု၊တာဝန်ယူမှုတွေကို Knowledge Sharing လုပ်ပေးချင်ပါတယ်ရှင်👇

29.8.2026

29.9.2026

29/08/2026

အိမ်ခြံမြေဝယ်ယူခြင်းအတွက် ဝင်ငွေခွန် စိစစ်မှုခံယူခြင်း နှင့် တံဆိပ်ခေါင်း ထုတ်ယူခြင်း လုပ်ငန်းစဉ် ( SOP) အား မျှဝေပေးလိုက်ပါတယ်နော်

#အခွန်

Photos from Success Myanmar Corporate Services's post 29/08/2026

ကုသသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် SC/16432, SC/16433 များ အပေါ် အချိန်နှင့်တပြေးညီ ဝင်ရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် မြတ်မာနိုင်ငံစာရင်းကောင်စီ၏ ညွှန်ကြားချက်အရ ဝေမျှလိုက်ပါတယ်ရှင့်

27/08/2026

ဒို့တွေ ဧည့်သည်တွေပါတကား 🫥

အလုပ်လုပ်တဲ့အခါ ပြသာနာတွေက ကြုံလာတဲ့အခါ စိတ်အေးအေးဘဲထားပီး သံဝေဂတရားလေးနဲ့ဘဲ စိတ်အပန်းဖြေလိုက်ပါတယ်

တခါတလေတော့ မောတာပေါ့လေ

28.8.2026

26/08/2026

DICA MyCo အကောင့်မေ့သွားခဲ့ရင်

ဘယ်လိုလုပ်မလဲ?
ဘယ်လောက်ကြာမလဲ?

သိချင်သူများအတွက်

Success Myanmar Corporate Services သည် မိတ်ဆွေတို့ ကုမ္ပဏီအတွက် Accounting, Auditing, Tax, DICA MYCO Services, Company Incorporation, Export Import Registration, Online Sale Registration,နှင့် စာချုပ်စာတမ်းကိစ္စများ ( eg. Partnership Agreement) စသည့်ဝန်ဆောင်မှုများကို စိတ်ချယုံကြည်နိုင်၍ မှန်ကန်စွာ ဝန်ဆောင်မှုပေးနေပါသဖြင့် ☎️09789969699, 09754784109 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

Your Trusted Partner, Success Myanmar 🇲🇲

25/08/2026

ဒီ update ရော သင်သိပီးပီလား

ကားအမည်ပေါက်အတွက် အခွန်စည်းကြပ်ပေးဆောင်မှုကို online VAVS System ကတဆင့် တခါတည်း ပေးဆောင်လို့ ရနေပါပီတဲ့နော်

အဲဒါလာပြောပြပေးတာ..

ဝန်ဆောင်မှုတော့ မပေးပါဘူးရှင့်

#ကားအမည်ပြောင်းအခွန်

#အခွန်

Photos from Success Myanmar Corporate Services's post 22/08/2026

ဒါရော သင်သိပီးပီလား?

1.9.2026 မှာ စတင်အသက်ဝင်လာမဲ့ အိမ်ခြံမြေ ရောင်းသူဘက်မှ အိမ်ခြံမြေ( အခြေပစ္စည်း) မြတ်စွန်းငွေမှ ၁၀% နှုန်းထားဖြင့် အခွန်ဆောင်ပီး အခွန်ကင်းရှင်းကြောင်းထောက်ခံချက်နဲ့အတူ ဝယ်ယူသူဘက်မှ ဝင်ငွေခွန်သည်းကြအ်ထားသည့် အထောက်အထားအား ပူးတွဲတင်ပြမှသာ အမည်ပေါက်ပြောင်းတာ လုပ်လို့ရပါတော့
မည်။

အိမ်ခြံမြေအမည်ပေါက်ပြောင်းခြင်းအတွက်

အခွန်စည်းကြပ်မှု လုပ်ငန်းစဉ်များ

အကြောင်းသိကောင်းစရာများ

#အခွန်ကင်းရှင်းကြောင်းထောက်ခံချက်

19/08/2026

https://www.facebook.com/share/p/1DoHrxrFfp/?mibextid=wwXIfr

E-filing tax returns တင်နည်းသင်တန်း မဖွင့်ဘူးလားလို့ မေးကြတဲ့ ညီမ၊မမတို့အတွက်

YouTube ကနေ လေ့လာလို့ရမဲ့ IRD link ကို ရှယ်ပေးလိုက်ပါတယ်နော်

Link လေးရှယ်ပေးတဲ့ ဒီ page လေးကို like and share ပီး review လေးပေးခဲ့ပါဦး 🫶

https://www.youtube.com/

14/08/2026

MSME လုပ်ငန်းရှင်များအတွက် တနှစ်အတိုးနှုန်း ၃%_၅% ဖြင့် MAME ချေးငွေလျှောက်ထားနိုင်ရန် SME Member Card (သို့) MSME လုပ်ငန်းယာယီလိုင်စင် ရှိသူများ ဖြစ်ဖို့ လိုပါမယ်

MSME လုပ်ငန်းရှင်များအနေဖြင့် ကြော်ငြာပါ MSME ချေးငွေလျောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးခြင်း
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓


ရန်ကုန်တိုင်းဒေသကြီးမှ MSME လုပ်ငန်းရှင်များအနေဖြင့် ချေးငွေ
လျှောက် ထားနိုင်ရန်အတွက် အောက်ဖော်ပြပါစာရွက်စာတမ်းများအား ပြင်ဆင် နိုင်ရန် နှင့် အသေးစိတ်သိရှိလိုပါကအောက်ပါဖုန်းနံပါတ်များအားစုံစမ်းမေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ။
၁။ MSME ချေးငွေအဆိုပြုလွှာ
၂။သက်တမ်းရှိ SME Member card
၃။သက်တမ်းရှိလုပ်ငန်းမှတ်ပုံတင်/လိုင်စင်ရရှိပြီးသူ
၄။ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်
လက်မှတ် (မိတ္တူ)ဒါရိုက်တာများစာရင်းရှယ်ယာ ရှင်များအစည်းအဝေးမှတ်တမ်း
၅။ ချေးငွေလျှောက်ထားသူအမည်ပေါက်၊အာမခံ ပိုင်ဆိုင်မှုအထောက်အထား ၊ဘိုးဘွားပိုင်မြေ၊ဂ ရန်မြေ၊လန(၃၉)၊လယ(၃၀)(က)(ခ)
၆။လုပ်ငန်းရှင်လိုင်စင်ဓါတ်ပုံ၊မှတ်ပုံတင်(မိတ္တူ)
၇။လုပ်ငန်းသမိုင်းကြောင်းအကျဥ်းချုပ်
၈။ချေးငွေလျောက်ထားသည့်လုပ်ငန်းဖြင့်ချေးငွေ ထုတ်ချေးထာခြင်းရှိ/မရှိ ဝန်ခံဂတိပြုလွှာ
၉။ဘဏ္ဍာရေးရှင်းတမ်း ၁ နှစ်(သို့) ၃ နှစ်
၁၀။ချေးငွေအသုံးပြုမည့်အစီအစဥ်
၁၁။ပြန်လည်ပေးဆပ်မည့်အစီအစဥ်
၁၂။လုပ်ငန်းတွင်ခန့်ထားသည့်လုပ်သားဦးရေ
နှင့်လစာနှုန်းထား
၁၃။ချေးငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းအစီ
အစဥ်(Business plan)
၁၄။လုပ်ငန်းဓါတ်ပုံ (ရှေ့၊နောက်၊ဝဲယာ
အတွင်းအပြင်)
၁၅။အာမခံပစ္စည်းဓါတ်ပုံ (ရှေ့၊နောက်၊ဝဲယာ အတွင်းအပြင်)
၁၆။(၁)နှစ် ( သို့ )(၃)နှစ် အခွန်ပေးဆောင်ထားမှု(သို့) အခွန်ကင်းရှင်းကြောင်းအထောက်အ ထား
၁၇။ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် များ
တွင်ဖွင့်လှစ်ထားသော MSME Agency များမှ လုပ်ငန်းအမှန်တစ်ကယ်ဆောင်ရွက်နေကြောင်းထောက်ခံချက်

ချေးငွေထုတ်ချေးခြင်းမပြုရန် ကန့်သတ်တားမြစ်ထားသောလုပ်ငန်းများ

-အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊
-အာမခံလုပ်ငန်းများ၊
-အသေးစားငွေရေး၊ကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ၊
-အဖိုးတန် သတ္တုကျောက်များရောင်းဝယ်ရေး၊
-အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံများ (ခရီးသွားလုပ်ငန်းမှ အပ)၊
-ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများ၊
-ပေါက်ကွဲစေတတ်သောပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း (လက်နက်များ၊ ခဲယမ်းမီးကျောက်များ)၊
-မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော အရာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ခြင်းလုပ်ငန်းများ၊
-ဥပဒေအရ ကိုက်ညီမှု မရှိသော တားမြစ်ကန့်သတ်ထားသော လုပ်ငန်းများ၊
-သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လုပ်ငန်းများ၊

စုံစမ်းမေးမြန်းရန်

- ၀၉-၄၅၀၈၆၉၁၇၄

၀၉-၄၂၅၂၈၅၁၃၄

ဖုန်း၀၉-၂၆၀၂၀၀၈၄၃
ဖုန်း၀၉-၇၉၈၄၇၃၄၇၂
ဖုန်း ၀၉-၇၉၉၂၅၅၁၃၉
၀၉-၇၈၈၉၃၃၈၉၄
၀၉-၉၈၅၂၂၂၇၅၃

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Address


No. 862, Kyar Pandon Mar Street, 41 Ward, North Dagon Township
Yangon