Financial Advisor by K Zin = Insurance advisor

Financial Advisor by K Zin = Insurance advisor

Share

Without Effort, No Success

08/09/2025

ကျန်းမာရေးအာမခံ အတွက် တနှစ် 200,000/- ကျော်လောက် ပရီမီယံ သွင်းသွားရတယ်။ ဟုတ်ပြီ ... ၁၀ နှစ် လောက်နေလို့ ဘာမှ မဖြစ်ရင် သွင်းထားတဲ့ ငွေက ပြန်မရဘူး၊ အဲ့တော့ သိန်း ၂၀ ကျော်လောက် အလကား မဖြစ်သွားဘူးလား။

ကိုယ်ဘာမှ မဖြစ်ဘူးဆိုတဲ့ ဘက်က တွေးကြည့်လို့ပါ။

ရုတ်တရက် စဉ်းစားလိုက်ရင်တော့ သူပြောသလို စာဖတ်သူတွေလည်း ထင်မိပါလိမ့်မယ်။ တကယ်တမ်း ဘာမှ မဖြစ်ဘူး ကျန်းမာနေတယ် ဆိုတော့ ... ဒီကာလ အတွင်း အလုပ်ပုံမှန်လုပ်နိုင်လို့ သိန်း ၆၀၀ မက ရှာနိုင်ခဲ့တယ်။ မိသားစု စားဝတ်နေရေး ‌အခြေမပျက် ထောက်ပံ့နိုင်ခဲ့တယ်။
ဒီအနေအထား ကျန်းမာရေးအာမခံ အတွက် တရက် ၇၀၀/- လောက် သုံးလိုက်ရတာက ကိုယ့် Financial ပိုင်းကို မထိခိုက်သွားပါဘူး။
(ပြန်တွက်ကြည့်ကျေးဆိုရင် အင်တာနက်ဖိုး သရေစာ ကွမ်းဖိုးတွေကသာ ပိုများနေပါလိမ့်မယ်။)

(နောက် ၁၀ နှစ် အတွင်း ဘာမှ မဖြစ်ဘူး ကျန်းမာနေပါတယ်လို့ တခြားသူမမေးနဲ့၊ ကိုယ့်မိသားစု တယောက်ယောက်ကို မေးကြည့်လိုက်ရင်တောင် သူလည်း တပ်အပ်မပြောနိုင်ပါဘူး။)

ဖြစ်တဲ့ ဘက်က စဉ်းစားကြည့်ရအောင် -

- တခါလောက်ပဲ ဆေးရုံတက်လိုက်ရရင် ...
ကျန်းမာရေးအာမခံ မထားဘဲ ကိုယ့်ဘာသာ စုထားတဲ့ ငွေနဲ့ လုံလောက်နိုင်ဖို့ မသေချာပါဘူး။
- အကြွေးတောင်တင်သွားနိုင်တယ်။
- အဲ့နောက်ပိုင်းမှ ကျန်းမာရေးအာမခံ ထားမယ်ဆိုရင် တဖက်က လက်ခံဖို့ စဉ်းစားရပါပြီ။

- ကျန်းမာရေးအာမခံ ထားထားတဲ့သူက သိန်း ၅၀ ထိ ဆေးကုသခွင့်ရှိလို့ တော်ရုံတန်ရုံ ပူပန်နေစရာ မလိုတော့ပါဘူး။

ဒါ ပရီမီယံ တရက် ၇၀၀/- လောက်ပဲ သုံးသေးတာ။
တရက် ၁,၀၀၀/- ကျော် လောက် သုံးထားရင်
ဆေးရုံစရိတ် တွေအတွက် သိန်း ၁၀၀ အထိ စိတ်အေးရလိမ့်မယ်။

ဆေးရုံကို ပိုက်ဆံမပေးချင်ဘူး ဆိုရင်
ကိုယ့်ကိုယ်စား ရှင်းပေးမယ့်သူကို ရှာထားဖို့ လိုတယ်။
Crd
#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး

Photos from Financial Advisor by K Zin = Insurance advisor 's post 29/07/2025

အလုပ်တွေ ရှုပ်နေတာနဲ့ မတင်ဖြစ်တာကြာပေါ့ 🥰🥰

ကိုယ့်အပေါ် ယုံကြည်စွာ နဲ့ အားပေးကြသူအားလုံး ကျေးဇူးပါရှင့်🥰

Photos from Financial Advisor by K Zin = Insurance advisor 's post 20/07/2025

ခရီးသွားနေလို့ ကိုယ်တိုင် တတ်မယူလိုက်ရတဲ့ဆုလေး 😍❤️

Photos from Prudential Myanmar's post 09/04/2025
Photos from Financial Advisor by K Zin = Insurance advisor 's post 24/02/2025

Life’s unpredictable. But your financial security doesn’t have to be.




Photos from Financial Advisor by K Zin = Insurance advisor 's post 11/02/2025

ရည်းစားလိုချင်ပါတယ်ဆိုတဲ့ single လေးတွေအတွက် blind date အစီအစဉ်လေးတွေရှိပါတယ်😍

အဆိုတော်တွေရော လာမှာမို့ဆုံကြမယ်နော် …

လာမယ့် ဖေဖော်ဝါရီလ ၁၄ရက်နေ့ Valentine Day မှာ ချစ်ခြင်းမေတ္တာတွေကိုမျှဝေဖို့ ပရူဒန်ရှယ်အာမခံက အသင့်ရှိနေပါပြီ။ ❤️

ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ဝန်ကြီးများရုံးမှာကျင်းပမယ့် Love in the City ပွဲမှာ ပရူဒန်ရှယ်အာမခံလည်း program partner အနေနဲ့ ပါဝင်ထားပါတယ်။

အမှတ်တရဓါတ်ပုံတွေရိုက်ကာ လက်ဆောင်တွေရယူနိုင်ပြီး ကိုယ်ချစ်ရတဲ့သူတွေအတွက် ချစ်ခြင်းမေတ္တာနှင်းဆီပန်းတွေကိုပါ တစ်ခါတည်း ပေးလို့ရမယ့် အစီအစဉ်တွေရှိနေတာမို့ အရောက်လှမ်းလာဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

✨ လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတ ✨

Photos from Financial Advisor by K Zin = Insurance advisor 's post 14/01/2025

Spreading smiles and security with Prudential.🙆‍♀️🙆‍♀️



Advisor by K Zin = Insurance advisor
#အာမခံအကြံပေး

28/12/2024

တပူပေါ် နှစ်ပူ မဆင့်ရအောင်၊ မိသားစု ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် ... အကြွေး သိန်း ၁၀၀၀ ရှိနေရင် (သို့) ရရန်/ ပေးရန်တွေရဲ့ လည်ပတ်နေရရင် ... သိန်း ၁၀၀၀ အသက်အာမခံ အကာအကွယ်တော့ ရှိထားဖို့ လိုပါတယ်။

တရက်ကို ကျပ် ၅,၀၀၀/- ကျော်လောက် စုသွားနိုင်ရင် ... သိန်း ၁၀၀၀ အာမခံ အကာအကွယ် ရနေပါတယ်။

ခုလိုမျိုး ကြုံခဲ့ရင် -
▪️ကျန်ခဲ့တဲ့ မိသားစု ဒုက္ခမရောက် ...
လက်ရှိကနေ လက်မဲ့ဘဝ မဖြစ်တော့။
▪️အာမခံက ရတဲ့ အကျိုးခံစားခွင့်နဲ့
အကြွေးလည်း ဆပ်ပြီးသား ဖြစ်သွားမယ်။
(သံသရာထိ မပါတော့ဘူး)
▪️မိသားစု လည်း အိုးပိုင်အိမ်ပိုင်နဲ့
အခြေအနေမပျက် ကျန်ခဲ့စေမယ်။
▪️ကိုယ် စိတ်ချလို့ရစေမယ့် အတိုင်း
ရှေ့ဆက်သွားစေနိုင်မယ်။

အကြွေး သိန်း ၅၀၀ ဆပ်ပြီးသွားချိန်မှာ ဖြစ်သွားခဲ့ရင် မိသားစုအတွက် သိန်း ၅၀၀ အသားတင် ကျန်ခဲ့မယ်။

👍 ဘာမှ မဖြစ်ခဲ့ရင်လည်း သွင်းထားတဲ့ ပရီမီယံငွေတွေဟာ သက်တမ်းပြည့်ချိန် ပြန်ရမှာမို့ ငွေစုပြီးသားလည်း ဖြစ်သွားစေတယ်။
အကြွေးလည်းကျေ ... ငွေလည်း သီးသန့်စုပြီးသာ ဖြစ်နေမယ်။

ကိုယ့်မိသားစုအတွက် ဘယ်လောက် စိတ်ချရစေတဲ့ ငွေကြေး စီမံမှုမျိုးလဲ။

မိသားစုတခုမှာ ဝန်ထုပ်ဝန်ပိုး အကြွေးပမာဏပေါ် မူတည်ပြီး အသက်အာမခံနဲ့ ပြင်ဆင်ကာကွယ်ထားနိုင်တယ်။

အရာရာ ကို ငွေနဲ့ ပုံဖော်ရတာမို့ ...
▪️တိုးပွားဖို့ အရေး ကြိုးစားရသလို
▪️ကာကွယ်ထားဖို့ အရေးလည်း ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

Risk Management ကို ကောင်းကောင်း စီမံထားဖို့ လိုပါတယ်။ Risk Managment ဟာ Business မှာလည်း အရေးကြီးသလို ... Life မှာလည်း အရေးပါပါတယ်။

ကိုယ့် Generation တွေ အနာဂတ်ကာလမှာ လက်ရှိထက် Life Style မနိမ့်ကျသွားဖို့ဟာ ဦးဆောင်နေတဲ့သူပေါ် အများကြီး မူတည်ပါတယ်။

အာမခံထားပါ လို့ ဆိုတာထက်
မမြင်ရတဲ့ အနာဂတ်ကို ကြိုတင်ကာကွယ်ပါ လို့ ဆန္ဒပြုရင်း -

#ကျော်ကျော် (တောင်ငူ)
#အာမခံအကြံပေး




Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Sule Pagoda
Yangon