13/09/2023
"Forex Trading Advance Classပြီးဆုံးခြင်း အမှတ်တရ"
28.8.2023မှ 1.9.2023အထိ သင်ကြားပေးခဲ့သော
Forex Trading Basic (Free Class)ပြီးဆုံးပြီးနောက်
အဆိုပါ Classတွင်ပါ၀င်သော သင်တန်းသားနှစ်ဦးအားရွေးချယ်၍
Advance Levelကို FISCAL APEX MYANMAR Office တွင်
7.9.2023 မှ 12.9.2023အထိ အခမဲ့ သင်ကြားပေးခဲ့ပါတယ်။
___________________________________________________________________________
🕯️Candlestick များအကြောင်း
📉 Supply Zone, Demand Zoneများရှာဖွေခြင်း
📈 Moving Average
🌈 Bollinger Bands
💱 Ichimoku
✅ Fibonacci
♻️Risk Management
💲ကိုယ်ပိုင် Strategy တည်ဆောက်ခြင်းနှင့်
Back Test & Forward Testဖြင့် စမ်းသပ်ခြင်းများကို
သင်ကြားပေးခဲ့ပါတယ်။
___________________________________________________________________________
Fiscal APEX Myanmar တွင် အခုလိုမျိုး Free Classများ
ရံဖန်ရံခါပြုလုပ်ပေးခြင်းအပြင်
အထူး Promotion များလဲ ရရှိနိုင်သောကြောင့် လက်မလွတ်ချင်ဘူးဆိုရင်
Pageကို Like & See Firstလေးလုပ်ပြီး အစဉ်မပျက်စောင့်ကြည့်သင့်ပါတယ်။
Telegram Link - https://t.me/+SGffvTMdhS80YjI1
Fiscal Apex Myanmar
International Consultant Co,Ltd.
[email protected]
17/08/2023
Broker တွေကို ဘယ်လိုရွေးချယ်သင့်လဲ?
DD နဲ့ NDDဘယ်ဟာပိုကောင်းလဲ ?
မိတ်ဆွေတို့ဟာ Forexကိုစိတ်၀င်စားတယ်၊
အများကြီးလည်း လေ့လာလေ့ကျင့်ပြီးပြီ၊
Trading Strategy လည်းကောင်းကောင်းရှိနေပြီး
Emotion ပါ ထိန်းချုပ်နိုင်ပြီဆိုရင်တော့ Live Account ဖွင့်ဖို့အတွက်
Brokerရွေးချယ်တဲ့ အဆင့်ကိုရောက်လာကြမှာပါ။
Broker ရွေးချယ်တဲ့အခါမှာ
အရင်ဆုံးအနေနဲ့ Brokerအမျိုးအစားတွေကို သိထားဖို့လိုပါတယ်။
Broker အမျိုးအစား (၃)မျိုးရှိပါတယ်။
♻️ Dealing Deak Broker (ကိုယ်တိုင်အလျော်အစား ပြုလုပ်သောBroker)
♻️ Non Dealing Desk Broker (ကိုယ်တိုင်အလျှော်အစားမလုပ်သော Broker)
♻️ Hybrid Broker ( DD ရော NDDပါ ပြုလုပ်သော Broker)
📈Dealing Desk Broker 📉
Dealing Desk Broker ကိုတော့ DDဆိုပြီး အတိုကောက်ခေါ်လေ့ရှိပါတယ်။
DDလုပ်မယ်ဆိုရင်တော့ လူတိုင်းအလွယ်တကူလုပ်ခွင့်မရှိပါဘူး။
Trading Account တွေအားလုံးကို အလျော်အစားလုပ်ပေးနိုင်လောက်တဲ့
ပိုင်ဆိုင်မှုကို ကမ္ဘာ့ဘဏ်မှာ Deposit တင်ပြီးမှ လုပ်ခွင့်ရမှာပါ။
ကိုယ်တိုင်အလျော်အစားလုပ်နိုင်ဖို့ဆိုတာလည်း
တော်ရုံတန်ရုံပိုင်ဆိုင်မှုလောက်နဲ့တော့ မရပါဘူး။
Liquidity Provider တွေအကုန်လုံးက DDလုပ်ကြပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အဓိကဘဏ်က ဗဟိုဘဏ်ဆိုရင်
Liquidity Providerတွေဆိုတာက KBZ, AYA, CB....etc...ပုံစံမျိုးပါ။
Broker Company တွေက သူတို့ရဲ့ကိုယ်ပိုင် Serverရရှိဖို့အတွက်
Liquidity Providerတွေဆီကနေတဆင့် ပြန်ယူကြရပါတယ်။
📈No Dealing Death Broker📉
Non Dealing Desk Broker တွေကိုတော့ NDDဆိုပြီး အတိုကောက်ခေါ်ကြပါတယ်။
NDDတွေရဲ့လည်ပတ်ပုံကတော့ ပွဲစားပုံစံမျိုးပါပဲ။
မိတ်ဆွေက ၀ယ်မည်ဆိုလျှင် တစ်ဖက်ကရောင်းတဲ့လူနဲ့ ချိတ်ဆက်ပေးပါလိမ့်မယ်။
သူကတော့ ရောင်းဈေး၀ယ်ဈေးကွာဟချက်ဖြစ်တဲ့ Spreadကနေ အမြတ်ယူပါတယ်။
တစ်နည်းအားဖြင့်ဆိုရင်တော့ Liquidity Provider နဲ့ Traderတွေကြားက
ပွဲခယူပြီး ပွဲစားလုပ်တဲ့ သဘောပါပဲ။
မိတ်တွေတို့ အရောင်းအ၀ယ်ပြုလုပ်သမျှကို LPဆီတိုက်ရိုက်တင်ပေးတာပါ။
📈 Hybrid Broker📉
ဒီကောင်ကတော့ ပိုပြီးလူလည်ကျပါတယ်။
မိတ်ဆွေတို့ရဲ့Accountက ရာဂဏန်း၊ ထောင်ဂဏန်းဆိုရင်
မိတ်ဆွေတို့ရဲ့ Account မှာဖြစ်လာမယ့် အရှုံးအမြတ်ပမာဏကို
သူလျော်ပေးနိုင်တဲ့အတွက် အဲ့လိုAccountမျိုးကို
DD(ကိုယ်တိုင်အလျော်အစား)လုပ်မယ်။
အကယ်၍ မိတ်ဆွေတို့ Account ဟာ
သိန်းဂဏန်း၊ သန်းဂဏန်းဖြစ်မည်ဆိုလျှင်
အဆိုပါ Account မှာဖြစ်လာမည့် အရှုံးအမြတ်ကို
သူ့အနေနဲ့ လျော်ပေးနိုင်ခြင်းမရှိဟုယူဆပြီး
မိတ်ဆွေ Account ကို NDDလုပ်၍
(Liquidity Provider)ထံ တိုက်ရိုက်ပို့ပြီး
Spread စားပါလိမ့်မည်။
Broker အမျိုးအစားတွေသိသွားပြီဆိုတော့
ဘယ်လို Broker မျိုးကိုရွေးချယ်ရမလဲ၊ ဘယ်Brokerကပိုကောင်းလဲဆိုတာ
ရွေးချယ်ရခက်နေမယ်လို့ ထင်ပါတယ်။
ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောပြပါမယ်။
မိတ်ဆွေတို့ရွေးချယ်တဲ့ Broker ဟာ
NDDအစစ်ကြီးဖြစ်နေရင်တောင်
အဲ့ဒီ NDD Brokerဟာ Liquidity Provider ကနေတဆင့်
ပြန်ခွဲထားခြင်းဖြစ်သောကြောင့်
အဆုံးသက်မှာ DD(ကိုယ်တိုင်အလျော်အစားလုပ်သူ)ဆီပဲ
ရောက်သွားမှာပါ။
အဲ့လိုဆို ယုံကြည်ရတဲ့ Broker မရှိတော့ဘူးလားဆိုပြီး
မေးစရာဖြစ်လာပါလိမ့်မယ်။
အဲ့လိုလည်းမဟုတ်ပါဘူး Liquidity Provider တွေဟာ
ကမ္ဘာ့ဘဏ်မှာ Deposit တင်ထားရပြီး
ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့
ခွင့်ပြုချက်လက်မှတ်ရမှ လုပ်ခွင့်ရှိတာပါ။
ကျွန်တော်အခုလိုရှင်းပြနေရတာက
မြန်မာနိုင်ငံမှာ လွဲမှားနေကြတဲ့
NDDက စိတ်ချရတယ် DDကမကောင်းဘူးဆိုတဲ့အစွဲကို
ဖျောက်ပေးချင်လို့ပါ။
(မှတ်ချက် - မြန်မာနိုင်ငံက Brokerတော်တော်များများဟာ
DDလုပ်နေကြပါတယ်။ DD Brokerကများမှ
20/70,50/50 အစရှိသဖြင့် တစ်နိုင်တစ်ပိုင် အလျော်အစားလုပ်နေကြတာပါ။ သို့သော်လည်း NDDဟုသာ လက်သီးလက်မောင်းတန်း၍ ကြေညာနေတာကိုတွေ့ရပါတယ်။
၀န်ထမ်း၏အပြစ်လို့ပြောလို့မရပါ။ ၀န်ထမ်းတွေဟာ
DD,NDDခွဲခြားသိဖို့နေသာသာ Demo Account က တလွဲအမြတ်တွေကိုပြပြီး False Hope ပေးကာ Over Marketing ဆင်းဖို့ကိုပဲ
အားထုတ်နေကြသောကြောင့်ဖြစ်သည်။)
အခု ကျွန်တော်သေချာရှင်းပြပေးတဲ့အတွက်
DD, NDDဟာ အရေးမပါတော့မှန်း နားလည်သွားလောက်ပြီမို့လို့
ကိုယ့် Company က ဘာလဲဆိုတာကို သေချာမေးပြီး
ရိုးသားစွာ Marketing ဆင်းဖို့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ အဓိကရွေးချယ်သင့်တဲ့အရာတွေက
💲ငွေကြေးပိုင်းဆိုင်ရာမှာ စိတ်ချရမှုရှိမရှိ၊
♻️ငွေသွင်းငွေထုတ် မြန်မမြန်၊
🏆ဘယ်အဖွဲ့အစည်းကနေ ဘယ်လိုလိုင်စင်တွေရထားလဲ
✌️ရိုးသားမှုရှိမရှိ
👍Spread ဘယ်လောက်ယူသလဲ
🌛Swap ဘယ်လောက်ယူသလဲ
💲 Commission ဘယ်လောက်ယူသလဲ
💱ကိုယ်အရောင်းအ၀ယ်လုပ်ချင်တဲ့ Instrumentals စုံမစုံ
✅မိမိအရောင်းအ၀ယ်ပြုလုပ်ခြင်းကြောင့်မဟုတ်ဘဲ
Technical Errorကြောင့်ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုများအပေါ်
တာ၀န်ယူမှု၊ တာ၀န်ခံမှု ရှိမရှိ။
အထက်ပါအချက်တွေနဲ့ပဲ Brokerကိုရွေးချယ်သင့်ပါတယ်။
Telegram Link -https://t.me/teamaogfx
Ye' Phyo
TEAM A.O.G
09444464425
[email protected]
Fiscal Apex Myanmar
International Consultant Co,Ltd.
Unit 27, Room No(7/05), 52th Street (Lower Block),
Botahtaung Township, Yangon, Myanmar.
04/08/2023
❗❗❗ Warning ❗❗❗
ယနေ့ည 7:00PMတွင်
အမေရိကန်နိုင်ငံ၏ Nonfarm Payroll
(လယ်သမားမဟုတ်သော အလုပ်သမားများ၏ လုပ်ခလစာပြဌာန်းခြင်း)
သတင်းထွက်ရှိမည်ဖြစ်သောကြောင့်
ဒေါ်လာအညွှန်းကိန်းအပေါ် ကြီးကြီးမားမား Impact ဖြစ်စေနိုင်ပါတယ်။
အဆိုပါ သတင်းရဲ့ Effectသည်
လက်ရှိ Trend ကို Directionပြောင်းပေးနိုင်လောက်အောင်
အင်အားကြီးမားသောကြောင့်
USDနှင့် ပတ်သတ်ဆက်နွယ်နေသော
Major Currencies pairs များနှင့် Metals, Commodities များကို
အရောင်းအ၀ယ်ပြုလုပ်ရာတွင်
"အထူးသတိပြု၍" အရောင်းအ၀ယ်ပြုလုပ်ကြပါရန် အကြံပြုလိုပါတယ်။
ဈေးကွက် volatility များချိန်တွင်
TP , SLထားသော်လည်း Slippage ဖြစ်ပေါ်ကာ
TPသတ်မှတ်ထားသောအမြတ်ထက် ပိုမို၍ရရှိခြင်း၊
SLသတ်မှတ်ထားသော အရှုံးထက် ပိုမို၍ရှုံးနိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
Fiscal APEX Myanmar
03/08/2023
Broker အမျိုးအစား ဘယ်နှမျိုးရှိတယ်လို့
ထင်ပါသလဲ? ဘာတွေလဲ?
လူကြီးမင်းတို့သိထားတဲ့အတိုင်း ဖြေပေးခဲ့ကြပါ။
အဖြေမှန်ကို နောက်ရက်မှာတင်ပေးပါမယ်။
Telegram Link -https://t.me/teamaogfx
Ye' Phyo
TEAM A.O.G
09444464425
[email protected]
Fiscal Apex Myanmar
International Consultant Co,Ltd.
Unit 27, Room No(7/05), 52th Street (Lower Block),
Botahtaung Township, Yangon, Myanmar.
26/07/2023
ဒီနေ့ည 12နာရီခွဲမှာ
အမေရိကန် ဘဏ်တိုးနှုန်းသတင်းထွက်ဖို့ရှိပါတယ်။
ဈေးအလှုပ်အခက် ကောင်းစွာဖြစ်ပေါ်နိုင်ပြီး
ညသန်းခေါင်အချိန်မှာဖြစ်သောကြောင့်
သတိလက်လွတ်ဖြစ်သွားနိုင်ပါတယ်။
Entry များရှိနေပါက ဂရုစိုက်သင့်ပါတယ်ဗျ။