28/05/2026
Traders များ အမြတ်ရပြီးနောက်မှာ စောင့်ကြိုနေတဲ့ သတိပြုစရာ အချက်တခု
▫️ မင်္ဂလာပါ .. ကျွန်တော်က ဒီ Content မှာတော့ Winners' Trap တခုအကြောင်းကို မျှဝေပေးချင်ပါတယ်ဗျ။ ဆိုလိုချင်တာက အနိုင်ရသူတွေ ကြုံရမယ့် ထောင်ချောက်တခုပါ။
▫️ ကျွန်တော်က Consultant တယောက်အနေနဲ့လဲ Trader Client တွေအတွက် ဆွေးနွေးပေးတဲ့အခါ အမြဲကူညီလေ့ရှိတဲ့ ကိစ္စတခုရှိပါတယ်။
အဲ့ဒါကတော့ "ရလာတဲ့အမြတ်ကို ထိန်းသိမ်းနိုင်ဖို့နဲ့ တိုးပွားလာစေဖို့" ကိစ္စပါ။
▫️ ကျွန်တော်တို့ Traders တွေဟာ အမြတ်ရှာရတာထက် ရှာထားတဲ့အမြတ်ကို ထိန်းသိမ်းရတာက ပိုခက်ခဲတတ်ပါတယ်။
▫️ ဈေးကွက်ထဲမှာ ငွေရှာတတ်ရုံနဲ့ မလုံလောက်ပါဘူး၊ အဲဒီငွေကို အိတ်ထဲရောက်အောင် ထည့်နိုင်ဖို့က ပိုအရေးကြီးပါတယ်။
▫️ ကျွန်တော်တို့ Traders တွေဘာကြောင့် အမြတ်တွေ ပြန်ကုန်သွားတာလဲ ? ဘယ်လိုကာကွယ်ကြမလဲ ? ဆိုတာကို ကျွန်တော့်အနေနဲ့ အကြံပြုချက်တွေနဲ့ မျှဝေပေးချင်ပါတယ်။
✨️ အမြတ်တွေ ဘာလို့ ပြန်ပါသွားတာလဲ?
အမြတ်ရပြီးမှ ပြန်ရှုံးရတဲ့ အဓိ အကြောင်းရင်း (4) ချက်ရှိပါတယ် -
1. Over-Confidence (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်း)
Trade တစ်ခု နိုင်သွားတဲ့အခါ ဦးနှောက်ထဲမှာ Dopamine တွေ ထွက်လာပါတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကို အကုန်သိတယ်လို့ ထင်လာပြီး Overconfidence ဖြစ် လာတတ်ပါတယ်။
အမြတ်အကြီးကြီး ရပြီးတဲ့အခါ ငါဘာလုပ်လုပ် မှန်နေပြီဆိုတဲ့ စိတ်နဲ့ Risk ကို လျှော့တွက်မိတတ်ကြပါတယ်။
ဒါဟာ အမြတ်တွေ အကုန်ပြန်ပါသွားဖို့ လမ်းစပါပဲ။
တနည်းအားဖြင့် "ပိုရချင်တာ" နဲ့ "ထိုက်တန်တာ" ကို မခွဲခြားနိုင်ခြင်းပေါ့။ Target ပြည့်သွားတာတောင် ထပ်ရဦးမလားဆိုပြီး အတင်းဝင်တာမျိုးက ရထားပြီးသားကို ပြန်ပေးရရုံတင်မကဘဲ အရင်းကိုပါ ထိခိုက်စေပါတယ်။
ဒါကြောင့် ကျွန်တော်အကြံပြုလိုတာကတော့ ..
✨️ အမြတ်ကြီးကြီးမားမား ရပြီးတဲ့နေ့မှာ Trading Chart ကိုနားလိုက်ပါ။ Trading App ထဲက ထွက်လိုက်ပါ။ "နောက်ထပ် ထပ်ရဦးမှာပဲ" ဆိုတဲ့ လောဘကို အနားပေးလိုက်တာက ကျွန်တော်တို့ရဲ့ အမြတ်ကို ကာကွယ်ခြင်းပါပဲ။
✨️ ကျွန်တော့်ရဲ့ Client တွေကို ထောက်ပြလေ့ရှိတဲ့ အတွေးတခုရှိပါတယ် .. " Trading ဆိုတာ ၂၄ နာရီလုံး ဈေးကွက်ထဲ ရှိနေဖို့ မဟုတ်ဘဲ မှန်ကန်တဲ့ အချိန်မှာ ရှိနေဖို့" ပဲ ဖြစ်ပါတယ်။
2. "House Money" ဆိုတဲ့ အတွေးအခေါ်ကို ဖျောက်ပါ။
"ဒါဘာလဲ ငါမသိသေးဘူး" လို့တွေးနေပြီ မဟုတ်လား? တကယ်တော့ ကျွန်တော်တို့ မြတ်ပြီးတိုင်းမှာ မသိမသာတွေးနေတဲ့ အရင်းနှီးဆုံး ရန်သူပါ။
အဲ့ဒါကတော့ Trader အများစုက အမြတ်ရလာရင် အဲဒီပိုက်ဆံကို "အလကားရတဲ့ ပိုက်ဆံ" လို့ သတ်မှတ်ပြီး ပေါ့ပေါ့ဆဆ Trade တတ်ကြပါတယ်။ အရင်းမဟုတ်တော့ဘူးဆိုပြီး Risk တွေ ပိုယူလာကြတာမျိုးပါ။
✨️ ကျွန်တော်တို့သိရမှာက အမြတ်ဟာ ကျွန်တော်တို့ရဲ့ လုပ်အားခပါ။ အရင်းနဲ့ အမြတ်ကို တန်ဖိုးချင်းအတူတူပဲ သဘောထားပါ။ ကျွန်တော်တို့ ပင်ပင်ပန်းပန်း အချိန်ပေးပြီး ရှာထားတဲ့ အမြတ်ကို ဈေးကွက်ထဲ ပြန်မလှူပစ်လိုက်ပါနဲ့။
3. Revenge Trading (အငြိုးနဲ့ပြန်လိုက်ခြင်း)
ကျွန်တော်တို့ Traders တွေဟာ ရထားတဲ့ အမြတ်ထဲက နည်းနည်းလေး ပြန်ပါသွားပြီး အမြတ်ကိန်းဂဏန်းတခု လျော့သွားတာကို မခံနိုင်ကြပါဘူး။ အဲ့ပမာဏ ပြန်ပြည့်အောင် ချက်ချင်းပြန်ရချင်တဲ့ စိတ်နဲ့ အတင်းကြီး ထပ်ရှာမိတာမျိုးပါ။
အမြတ်ရနေရင်းကနေ နည်းနည်းလေး ပြန်ရှုံးသွားတဲ့အခါ "မခံချင်စိတ်" ကနေ "အငြိုး" ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ Analysis မရှိတော့ဘဲ စိတ်အလိုလိုက်ပြီး Trade မိတော့တာပါပဲ။
ဒီစိတ်က Trader အတော်များများကို လမ်းမှားရောက်စေတဲ့ အဓိကရန်သူပါ။ အဲဒီအချက်အတွက် လက်တွေ့ကျကျ လိုက်နာနိုင်မယ့် အကြံပြုချက်အနေနဲ့ ..
✨️ တစ်နေ့တာအတွက် (သို့မဟုတ်) ရထားတဲ့အမြတ်ထဲက ဘယ်လောက်ရာခိုင်နှုန်း ထိခိုက်သွားရင် ဒီနေ့အတွက် လုံးဝရပ်နားမယ်ဆိုတဲ့ "နားချိန်" ကို ကြိုသတ်မှတ်ထားပါ။
✨️ စိတ်အေးအောင်ထားချိန်ယူပါ -
ရှုံးသွားတဲ့အခါ (သို့မဟုတ်) အမြတ်တွေ လျော့သွားတဲ့အခါ အနည်းဆုံး နာရီဝက်/ ၁ နာရီကနေ .. အများဆုံး ၃/၄ နာရီလောက်အထိ Chart တွေကို မကြည့်ဘဲ Market အပြင်ထွက်လိုက်ပါ။ မျက်စိရှေ့မှာ Chart တွေရှိနေသရွေ့ အငြိုးနဲ့ ဝင် Trade မိဖို့ အခွင့်အရေးက ပိုများနေလို့ပါ။
4. အမြတ်ကို ပုံမှန် ထုတ်ယူတဲ့ အလေ့အကျင့်မရှိခြင်း
အမြတ်ကို မြင်နေရရုံနဲ့ မပြီးပါဘူး။ တကယ်တမ်း လက်ထဲကို ရောက်မလာမချင်း အဲဒါ Screen ပေါ်က ဂဏန်းတွေပဲ ဖြစ်နေပါလိမ့်မယ်။
ဒါကြောင့် ဥပမာ .. တပတ်တခါ/ နှပတ်တခါ/ တလတခါ .. အမြတ်ငွေရဲ့ ဘယ်လောက် % (၃၀% မှ ၅၀% )ကို ထုတ်ယူမလား စသဖြင့် စနစ်ကျတဲ့ ကိုယ်ပိုင် Withdrawl Plan သတ်မှတ်ပါ။
လက်ထဲမှာ ပိုက်ဆံကို ကိုင်တွယ်ရမှသာ ကျွန်တော်တို့ ဦးနှောက်က Trading ကို အလုပ်တစ်ခုလို အလေးအနက်ထားလာမှာပါ။
ကျွန်တော်ကတော့ Client တွေကို မြတ်လာတဲ့အခါ ကူညီအကြံပြုပေးတဲ့ ကိစ္စတခုက ဒီလို Withdrawl Plan ပါပဲ။ ဒါက Winners တွေရဲ့ Hidden Trap ဆိုတာကို ကျွန်တော့်အတွေ့အကြုံတွေကနေ သိထားပြီးသားဖြစ်လို့ပါ။
✨️ ဒီလို Withdrawl Plan မှာ အရေးကြီးတဲ့အခန်းတခုအနေနဲ့ ပါဝင်လာသေးတာကတော့ Wallet တွေပါပဲ။
ဘာကြောင့်လဲဆိုတော့ "ငွေမလိုသေးလို့ အပြင်က ဘဏ်ထဲကိုလဲ မထုတ်ချင်သေးဘူး .. ဘဏ်ထဲဝင်လာရင်လဲ Personal Use တွေ ဟိုသုံးဒီသုံးနဲ့ ကုန်သွားတာပဲ" ဆိုတဲ့ Traders တွေလဲ ရှိတာပါပဲ.. ဒီလိုဆိုပြီး Acc ထဲရှိနေပြန်ရင်လဲ Risk ပိုယူမိပြန်ရော ဆိုရင်တော့ .. အမြတ်ကို ခွဲခြမ်းစိတ်ဖြာပြီး Wallet တွေထဲ ခွဲရွှေ့ထားဖို့၊ ခွဲစုထားပြီး ပမာဏတခုရခါမှ ပေါင်းထုတ်ဖို့ Plan တွေ လိုအပ်လာပါတော့တယ်။
ကိုယ်ချိတ်ဆက်ထားတဲ့ Acc မှာ Wallet ပါလာရင် အခွင့်အရေးအနေနဲ့ ကောင်းကောင်းအသုံးချပါ။ Broker တိုင်းမှာ Wallet ပါနေတာမျိုးတော့လဲ မဟုတ်ပါဘူး။
✨️ ဘာကြောင့် သီးသန့် "Reserve Wallet" ထားသင့်တာလဲ?
အမြတ်ရတိုင်း ဘဏ်ထဲကို အကုန်ထုတ်လိုက်ရင် Personal Use အသုံးစရိတ်တွေထဲ ပါသွားတတ်သလို၊ တစ်ဖက်မှာလည်း Trading Acc ထဲအကုန်ထားပြန်ရင်လဲ အမှားတစ်ခုခုကြောင့် အမြတ်တွေ အကုန်ပြန်ပါသွားနိုင်ပါတယ်။
ဒါကြောင့် အလယ်က Stable Wallet တစ်ခုကို "အရန်" အဖြစ် သုံးရပါမယ်။
✨️ ဒီလို အသုံးပြုခြင်းကနေ ဘာအကျိုးကျေးဇူးတွေ ရလာနိုင်သလဲ ?
၁။ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံခြုံမှု (Psychological Safety)
ဘဏ်ထဲကငွေက အကျိုးရှိရှိမသုံးနိုင်ရင် ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ သီးသန့် Wallet ထဲမှာ အရန်ငွေ ရှိနေတာကို မြင်နေရရင် "ငါ့မှာ အရန်ရှိသေးတယ်" ဆိုတဲ့ စိတ်နဲ့ Trading ကို အေးအေးဆေးဆေး လုပ်နိုင်လာပါတယ်။
၂။ ရောင်းမှားဝယ်မှားဖြစ်ချိန်ရဲ့ ကယ်တင်ရှင် (The Lifeboat)
Trading မှာ တစ်ခါတလေ တွက်ချက်မှုမှားသွားတာ၊ ရောင်းမှားဝယ်မှားတွေကနေ Margin Call ထိတာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲဒီအခါမှာ အပြင်ကနေ ပိုက်ဆံအသစ် ထပ်စိုက်စရာမလိုဘဲ မိမိရဲ့ အမြတ်ထဲက ဖယ်ထားတဲ့ Reserve Wallet ထဲကနေ စက္ကန်းပိုင်းအတွင်း ပြန်ဖြည့်ပြီး Acc ကို ကယ်တင်နိုင်ပါတယ်။
၃။ အမြတ်ကို အမြတ်အဖြစ် ခွဲခြားမြင်နိုင်ခြင်း
Trading Account ထဲမှာ အကုန်စုထားရင် "ဒါ ငါ့အရင်းလား၊ ငါ့အမြတ်လား" ဆိုတာ ဝေဝါးလာပြီး Risk Management ပျက်စီးတတ်ပါတယ်။ Wallet ထဲ ခွဲထုတ်ထားမှသာ ဒါဟာ ငါ့ရဲ့ Net Profit ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်စေပါတယ်။
ဒီနေရာမှာ Trading Acc ထဲမှာ ဘယ်လိုချန်ထားမလဲ .. Wallet ထဲ ဘယ်လောက်ရွှေ့ထားမလဲ ..
အပြင်ဘဏ်ထဲကို ဘယ်လောက်ထုတ်ထားမလဲ .. ဒီလို Profit Withdrawl Plan တွေက အရေးကြီးပါတယ်။
ကိုယ့်မှာ အတွေ့အကြုံရှိတဲ့သူတွေနဲ့ တိုင်ပင်ဖို့ရှိရင် ကိုယ်နဲ့ကိုက်ညီတဲ့ Plan ကို တိုင်ပင်ပြီး စည်းကမ်းတကျ Follow လုပ်ပါလို့ အကြံပြုချင်ပါတယ်ခင်ဗျာ။
✨️ ဘာကြောင့်လဲဆိုတော့ ပိုင်ဆိုင်မှုဆိုတာ ရှာတတ်ရုံနဲ့ မပြီးပါဘူး၊ စနစ်တကျ နေရာချထားတတ်ဖို့လည်း လိုပါတယ်။ မိတ်ဆွေတို့ရော... "အမြတ်ရရင် ဘယ်လိုခွဲသိမ်းလေ့ရှိသလဲ ? "
နိဂုံးချုပ်အနေနဲ့ ပြောရရင် ...
▫️ ကျွန်တော်တို့ Trader တွေဟာ ပိုက်ဆံရှာရတာထက် ပိုက်ဆံကို ထိန်းရတာက ပိုခက်ခဲပါတယ်။
မိတ်ဆွေဟာ Professional Trader တစ်ယောက် ဖြစ်ချင်တယ်ဆိုရင် "အမြတ်ရှာတဲ့ စက်" တစ်ခုလို မဟုတ်ဘဲ "စီမံခန့်ခွဲနိုင်တဲ့သူ" တစ်ယောက်လို တွေးခေါ်ဖို့လိုပါတယ်။
ကျွန်တော် Client တွေကို ထောက်ပြလေ့ရှိတဲ့ ဥပမာတခုနဲ့ပြောရရင် ...
✨️ "Trading ဆိုတာ 100-meter အပြေးပြိုင်ပွဲမဟုတ်ပါဘူး၊ Marathon တစ်ခုပါ။ အမြန်ဆုံးပြေးနိုင်သူထက် ပန်းတိုင်အထိ အဆင်ပြေပြေ ရောက်သွားတဲ့သူကသာ အောင်မြင်သူဖြစ်ပါတယ်။"
✨️ ကျွန်တော်တို့တွေ "အမြတ်ရဖို့က နည်းစနစ် (System) ပေါ်မှာ မူတည်ပေမဲ့ အမြတ်တည်မြဲဖို့ကတော့ စရိုက် (Character) ပေါ်မှာ မူတည်ပါတယ်။"
✨️ Trading မှာ အမြတ်ရဖို့က "ကျွမ်းကျင်မှု" ဖြစ်ပေမဲ့ အမြတ်ကို ထိန်းသိမ်းဖို့ကတော့ "စိတ်ပညာနဲ့ စည်းကမ်း" ပဲ ဖြစ်ပါတယ်။
ကျွန်တော်က Consultant တဦးအနေနဲ့ Trader တွေနဲ့ ဆွေးနွေးတဲ့အခါ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ "လူကြီးမင်းမှာ အမြတ်ရဖို့ Plan ရှိသလို၊ ရလာတဲ့အမြတ်ကို မဆုံးရှုံးအောင် ကာကွယ်ဖို့ Plan ရော ရှိသလား?" ဆိုတာပါပဲ။
ဒီ Content ကို လေ့လာပြီးရင် သတိပြုစရာ အတွေးတခုရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Ko Myo
9.2.2026 (MMT 9:00 p.m)
လူကြီးမင်းတို့အနေနဲ့ Trading ကို Basic to Advanced Level အထိ Online Class များ စနစ်တကျ တက်ရောက်လေ့လာ လိုပါက ..
ယခု Telegram Acc : https://t.me/KoMyo17 မှတဆင့် လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
28/05/2026
Good morning!
28.5.2026
XAUUSD open price
1 Ounce = 4463
ရောင်းတိုင်းဝယ်တိုင်းမြတ်ကြပါစေခင်ဗျ
27/05/2026
"Wallet" ဆိုတာ ကျွန်တော်တို့ Trader တွေရဲ့ ငွေကိုသိမ်းထားပေးရုံတင် မဟုတ်ပါဘူး — Trader ရဲ့ 'စိတ်' ကို ထိန်းချုပ်ပေးတဲ့ စနစ်တစ်ခုပါ။
▪️ အခုမျှဝေပေးမယ့် Content ကတော့ .. ကျွန်တော်တို့ Trader တွေ သဘောကျတဲ့ "Wallet "တွေကို .. အသုံးချလို့ရမယ့် အားသာချက်တွေဖြစ်ပါတယ်။
▪️Trader အများစုဟာ .. Strategy ကောင်းကောင်းရှိရဲ့သားနဲ့ .. မြတ်ထားပြီးရင် ဘာလို့ ပြန်ကုန်သွားကြတာလဲ ?
▪️ အဖြေက ကျွန်တော်တို့အားလုံးသိပြီးသား .. "ငွေကြေးစီမံခန့်ခွဲမှု (Fund Management)" အားနည်းလို့ပါ။
▪️ ဒီအကြောင်းအရာကို ကျွန်တော့်ရဲ့ Page မှာ မျှဝေပေးထားတဲ့ Content တွေရှိပါတယ်။
ဒီထဲကမှ အခုတခါကတော့ .. Broker တွေမှာ ပံ့ပိုးပေးထားတဲ့ "Wallet" စနစ်ဟာ .. Trader တစ်ယောက်အတွက် ဘယ်လို "Hidden Values" တွေ ရှိနေလဲဆိုတာ .. အမြင်သစ်တစ်ခုကနေ ကြည့်ကြည့်ရအောင်ပါ။
✔️✔️ ၁။ Capital နဲ့ Profit ကို သီးသန့် ခွဲထုတ်ထားနိုင်ခြင်း (Separation of Funds)
▪️ MT5 Trading Account ထဲမှာ ငွေအားလုံး စုပြုံထားလိုက်တဲ့အခါ .. ကျွန်တော်တို့ Trader တွေဟာ .. အဲ့ဒီငွေအားလုံးကို "ကုန်နိုင်တဲ့ Risk" လို့ .. မသိစိတ်က သတ်မှတ်မိတတ်ပါတယ်။
▪️ ဒီလိုနဲ့ Trade တစ်ခု ရှုံးနိမ့်တဲ့အခါ .. အရင်းရော အမြတ်ပါ ပါသွားနိုင်ပါတယ်။
▪️ Wallet ရှိတဲ့အခါမှာတော့ .. Capital ကို "လုံခြုံစွာ ခွဲစုထားတဲ့အရန်ငွေ (Wallet)" နဲ့ .. "အလုပ်လုပ်မယ့်ငွေ (Trading Account)" ဆိုပြီး .. နှစ်ပိုင်း ခွဲခြားမြင်နိုင်သွားပါတယ်။
▪️ ဒီအမြင်က ကျွန်တော်တို့ကို . အကြောင်းမဲ့ Over-Trade လုပ်တာမျိုး၊ Risk ယူလွန်းတာမျိုးကနေ .. အလိုလို ကာကွယ်ပေးနိုင်သလို၊ "Safe Zone" တစ်ခု ဖန်တီးပေးထားနိုင်ပါတယ်။
✔️✔️ ၂။ အမြတ်ကို "အစစ်အမှန်" ဖြစ်အောင် ပြောင်းလဲခြင်း (Realizing Profits)
▪️ Trading Account ထဲမှာပဲ ရှိနေသေးတဲ့ အမြတ်ဟာ .. ကိန်းဂဏန်းတစ်ခုသက်သက်ပါပဲ။
▪️ အဲ့ဒီအမြတ်ကို .. Wallet ထဲကို Internal Transfer လုပ်လိုက်တဲ့ အချိန်မှာတော့ .. ကျွန်တော်တို့ ဦးနှောက်က .. ဒါကို "အောင်မြင်မှုတစ်ခု" လို့ မှတ်ချက်ချလိုက်ပါတယ်။
▪️ ဒါဟာ .. Trader တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အေးဆေးတည်ငြိမ်မှု (Psychological Stability) အတွက် .. အရေးကြီးတဲ့ အဆင့်တစ်ခုအနေနဲ့ .. ကျွန်တော်သတ်မှတ်ပါတယ်။
▪️ ဘာကြောင့်လဲဆိုတော့ .. ကျွန်တော်တို့ Trader တွေ အမှားအယွင်း အများဆုံး လုပ်မိတာက .. "ရပြီးသားအမြတ်ကို ပြန်ရှုံးမှာ ကြောက်တာ" ပါ။
▪️ Wallet ထဲကို အမြတ်တွေ ရောက်သွားတာ မြင်ရတဲ့အခါ .. "ငါ အမြတ်ထုတ်နိုင်ပြီ" .. ဆိုတဲ့ စိတ်ကျေနပ်မှုက .. ကျွန်တော်တို့ကို ပိုပြီး .. တည်ငြိမ်တဲ့ Trader တစ်ယောက် .. ဖြစ်လာစေပါတယ်။
✔️✔️ ၃။ Risk Management ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခြင်း
▪️ ဥပမာ — ကျွန်တော်တို့မှာ $5,000 ရှိပေမယ့် .. တစ်နေ့ကို $200 ဖိုးပဲ Risk ယူပြီး Trade ချင်တယ်ဆိုပါစို့။
▪️ $4800 ကို Wallet ထဲမှာ ခဏသိမ်းထားပြီး .. $200 ကိုပဲ Trading Account ထဲ ထည့်ထားပါ။ ဒီ $200 ကုန်ရင် .. ဒီနေ့နားလိုက်မယ် ဆိုတာမျိုးပေါ့။
▪️ ဒါဆိုရင် စိတ်လှုပ်ရှားပြီး Over-Trading လုပ်မိရင်တောင် .. Wallet ထဲကငွေကို မထိခိုက်တဲ့အတွက် .. ကျွန်တော်တို့ Capital ကို အလိုအလျောက် Protect လုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
[ဒါပေမယ့် ရယ်စရာတခုပြောချင်တာကတော့ .. တခါကုန်တိုင်း တခါရွှေ့ပြီး .. တရက်ကို ၅ ကြိမ်လောက်တော့ ရွှေ့မနေမိစေနဲ့ပေါ့ရှင်။
အစကတည်းက .. တရက်စာ စိတ်ပိုင်းဖြတ်ထားတဲ့ Risk တခုတော့ထားရပါမယ်။]
✔️✔️ ၄။ "အရန်ငွေ" အနေနဲ့ အသုံးချခြင်း (Emotional Shock Absorber)
▪️ Market မှာ တစ်ခါတလေ မျှော်လင့်မထားတဲ့ အခြေအနေတွေကြောင့် .. တချို့သော Trader တွေဟာ .. ကိုယ်သတ်မှတ်ထားတဲ့ Risk ထက် ပိုပြီး .. Stop Loss ရွှေ့တာတွေ/ လွှတ်ထားတာတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီအချိန် Floating တွေ ဖြစ်ပြီး .. Equity မလုံလောက်တဲ့အခါ .. Margin Call ထိတတ်ပါတယ်။
▪️ ဒီလိုအချိန်မှာ Wallet ထဲကငွေကို .. ၂ မျိုးစီမံနိုင်ပါတယ်။
တမျိုးက .. "ကြိုသိမ်းထားတဲ့အတွက် .. Auto Cut မထိအောင် Wallet ထဲကနေ .. စက္ကန်းပိုင်းအတွင်း ရွှေ့ပြီး .. အရေးပေါ် အသက်ကယ်လေအိတ်လို အသုံးပြုနိုင်ပါတယ်။"
နောက်တနည်းကတော့ .. " ကိုယ့်ငွေများများ မကုန်သွားစေချင်တဲ့အခါဆိုရင် .. Wallet ထဲကို ကြိုရွှေ့ထားတဲ့အတွက် .. Acc ထဲမှာကျန်ရှိတဲ့ ပမာဏတခုကပဲ Loss ဖြစ်သွားပြီး .. Wallet ထဲမှာ ရှိနေတဲ့ ပမာဏက အသားတင် ကျန်နေပါလိမ့်မယ်။"
▪️ ဒါဟာ စိတ်ပူပန်မှုတွေ၊ ဝေခွဲရခက်ပြီး ဒွိဟဖြစ်တာတွေကို .. သိသိသာသာ လျော့ကျစေပါတယ်။
✔️✔️ ၅။ Profit ကို စနစ်တကျ ထိန်းချုပ်ခြင်း
▪️ ကျွန်တော်တို့ Trader အများစုက .. အမြတ်ရလာရင် .. အကုန်လုံးကို Trading Account ထဲမှာပဲ ထားပြီး .. အရင်ထက် Lot size တွေ ပိုမြှင့်ပြီး Trade တတ်ကြပါတယ်။
▪️ ဒါဟာ အမြတ်များလာနိုင်သလို၊ အရင်းကုန်သွားဖို့လည်း ပိုနီးစပ်ပါတယ်။
▪️ ဒါကြောင့် ရှုထောင့်သစ်အနေနဲ့ - Wallet ရှိတဲ့အခါ .. "ရလာတဲ့အမြတ်ရဲ့ 50% ကို Wallet ထဲရွှေ့မယ်၊ ကျန်တဲ့ 50% ကိုပဲ အရင်းထဲပေါင်းပြီး Lot size မြှင့်မယ်" ဆိုတဲ့ Management ကို ပြန်သုံးပြီး .. အမြတ်ကို ကာကွယ်နိုင်ပါတယ်။
✔️✔️ ၆။ ငွေထုတ်ယူမှု စနစ်ကျခြင်း (Withdrawal Efficiency)
▪️ ဖွင့်ထားတဲ့၊ Margin ခေါ်ထားတဲ့ .. Order တွေ ရှိနေချိန်မှာ .. Withdrawl ထုတ်ဖို့စီစဥ်တဲ့အခါ .. တခါတလေ အခက်အခဲ ရှိတတ်ပါတယ်။
▪️ Wallet စနစ်ကတော့ .. ဖွင့်ထားတဲ့ Order တွေနဲ့ မသက်ဆိုင်တဲ့ .. သီးသန့် Fund တစ်ခုရှိနေစေတဲ့အတွက် .. ငွေထုတ်ယူမှု လုပ်ငန်းစဉ်ကို ပိုမို ချောမွေ့ မြန်ဆန်စေပါတယ်။
✔️✔️ ၇။ Trading ကို "Business" လို မြင်တတ်လာခြင်း (Professional Mindset Shift)
▪️ ကျွန်တော်တို့ရဲ့ ပိုက်ဆံအားလုံးကို .. Trading Account ထဲမှာပဲ စုပြုံထားတာက .. တချို့အချိန်မှာ "လောင်းကစား" ဆန်ဆန်ပြုလုပ်တဲ့စိတ်မျိုး ဖြစ်စေတတ်ပါတယ်။
▪️ ဒါကြောင့် .. Trading က ကိုယ်ပိုင် Company တခုဆိုရင် .. Wallet ကို "Company ရဲ့ ဘဏ် Acc " လို့ သဘောထားပြီး၊ Trading Account ထဲကငွေကို "Company ရဲ့ လက်ကျန်ငွေ" လို့ သတ်မှတ်လိုက်ပါ။
▪️ ဒီလို Wallet စနစ်ကို သုံးစွဲခြင်းက .. ကျွန်တော်တို့စိတ်ကို .. "လုပ်ငန်းရှင် (Business Owner)" အဆင့် ကူးပြောင်းပေးလိုက်တာဖြစ်ပါတယ်။
✔️✔️ အနှစ်ချုပ်အနေနဲ့ .. "Professional Trader တစ်ယောက်ဟာ Strategy မှာတင် Professional ဆန်တာမဟုတ်ဘဲ .. Equity (ပိုင်ဆိုင်မှု) ကို စီမံခန့်ခွဲတဲ့နေရာမှာလည်း စနစ်ကျပါတယ်။
✔️✔️ Wallet ကို အသုံးချတတ်ခြင်းဟာ ကျွန်တော်တို့ရဲ့ Trading ခရီးလမ်းကို အထောက်အကူပြုစေနိုင်တာကြောင့် .. ကောင်းကောင်းအသုံးချနိုင်ဖို့ .. ဒီ Content ကနေ .. မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
Ko Myo
21.4.2026 ( MMT - 7:40 p.m )
ဒီလို Content တွေကို အချိန်နဲ့တပြေးညီ .. လေ့လာဖို့ .. ကျွန်တော့်ရဲ့ Telegram Channel ကို .. အခမဲ့ Join ထားနိုင်ပါတယ်။
https://t.me/komyofxtrading
ကျွန်တော့်ဆီမှာ Trading ကို Basic to Advanced Level အထိ Online Class များ စနစ်တကျ တက်ရောက်လေ့လာ လိုပါက ယခု Telegram Acc : https://t.me/KoMyo17 မှတဆင့် လာရောက် မေးမြန်းဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
27/05/2026
ဒီနေ့ May လ 27 ရက်နေ့မှာ XAUUSD 1 Ounce ကို 4527 ကနေ 4497 ထိ မနက်ခင်းမှာ $30 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4503 စျေးတန်းမှာရှိနေပါတယ်
Market က Over All အကျ Structure ထဲမှာရှိနေပေမဲ့ လက်ရှိမှာတော့ 4575-4590 Zone နှင့် 4585-4555 Zone ကြား Sideway ပြေးနေတာကိုတွေ့ရပါတယ်
Sideway ကို Follow လုပ်နိုင်ပြီး
Break Out Confirm ရခဲ့ရင်လဲ Break တဲ့ဘက်ကို Follow လုပ်နိုင်ပါတယ်
4575-4590 Zone အထက်ကို Break ခဲ့ရင်တော့ 4640/4670 နားထိ အတက်ရှိနိုင်ပြီး
4585-4555 Zone အောက် Break ဆင်းခဲ့ရင်တော့ 4420/4385 နားထိ အကျရှိနိုင်ပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4575-4590 Zone နှင့် 4485-4455 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4485-4455 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4450 အောက် HTF အရ Break ခဲ့ရင်တော့ 4420-4400 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4575-4590 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4645-4665 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
27/05/2026
Good morning!
27.5.2026
XAUUSD open price
1 Ounce = 4511
ရောင်းတိုင်းဝယ်တိုင်းမြတ်ကြပါစေခင်ဗျ
26/05/2026
အရှုံးကျတော့ အဆုံးထိစောင့်ပြီး အမြတ်ကျတော့ ဘာလို့ စောပိတ်မိနေတာလဲ?"
▫️ ကျွန်တော်တို့ Trader တွေဟာ Trading လုပ်တဲ့အခါ Profit ထွက်နေချိန်မှာ TP (Take Profit) ထိတဲ့အထိ မစောင့်နိုင်ဘဲ လက်က Close ကို သွားနှိပ်ပြီး စောပိတ်မိတာဟာ Psychology (စိတ်ပညာ) အရ အရမ်းအဖြစ်များတဲ့ ပြဿနာတစ်ခုပါ။
▫️ ဒါကို "Fear of Missing Out on Profit" လို့လည်း ခေါ်ကြပါတယ်။
ဒီစိတ်ကို ထိန်းချုပ်ပြီး TP အထိ စိတ်အေးအေးထားပြီး စောင့်နိုင်ဖို့နဲ့ ပိုမိုရင့်ကျက်တဲ့ Trader တစ်ယောက်ဖြစ်လာစေဖို့ ကျွန်တော့်အ နေနဲ့ အကြံပြုချက်တချို့ကို မျှ ဝေ ပေးချင်ပါတယ်။
၁။ "အမြတ်ဆုံးရှုံးမှာ ကြောက်စိတ်"
ဈေးကွက်က ကိုယ့်ဘက်ကို ရောက်နေပြီဆိုရင် ကျွန်တော်တို့ဆီမှာ " နောက်ပြန်လှည့်လာရင် ငါ့အမြတ်တွေ ပြန် လျော့သွားတော့မှာပဲ" ဆိုတဲ့ (Loss Aversion) စိတ်က ဝင်လာတတ်ပါတယ်။
ဒါဟာ လူ့သဘာဝအရ ကိုယ့်လက်ထဲရောက်နေတဲ့အရာကို လက်မလွှတ်ချင်တဲ့စိတ်ပါ။
ဒါကို ကျော်လွှားဖို့ဆိုရင် ကျွန်တော်တို့ဟာ စျေး (Market)ကို မကြည့်ဘဲ ကိုယ်တည် ဆောက်ထားတဲ့ စနစ် (System) ကိုပဲ ယုံကြည့်ဖို့ လိုပါတယ်။
၂။ မေ့ထားလိုက်ပါ။
ကျွန်တော်တို့ Trader တွေ TP မစောင့်နိုင်ရခြင်းရဲ့ အဓိကအကြောင်းရင်းက Screen ကို ခဏခဏ ကြည့်နေလို့ပါ။
ဈေးနှုန်းအတက်အကျ (Candlestick movements) တွေကို စက္ကန့်မလပ် ကြည့်နေရင် စိတ်လှုပ်ရှားမှု (Emotions) က ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်အ ပေါ်ကို လွှမ်းမိုးသွားပါလိမ့်မယ်။
ဒါ ကြောင့် Trade တစ်ခု ဖွင့်ပြီးတာနဲ့ TP (Take Profit) နဲ့ SL (Stop Loss) ကို သေချာရိုက်ထားပါ။ ပြီးရင် Screen ကို ပိတ်ပြီး တခြားအလုပ်တစ်ခုခု သွားလုပ်ပါ။
အဲ့လိုထားခဲ့ဖို့ ကိုယ်စိတ်က ထားရဲတဲ့ Lot Size ကို သုံးတာပို ကောင်းပါတယ်။
၃။ Trade Management ကို ပြောင်းလဲပါ။
အမြတ်ကို အဆုံးထိ မစောင့်ရဲဘူးဆိုရင် "အကုန်ပိတ်လိုက်တာ" မျိုးထက် ပိုကောင်းတဲ့ နည်းလမ်းတွေ သုံးကြည့်ပါ။
TP ရောက်မှ အကုန်ပိတ်တာမျိုး မဟုတ်ဘဲ လမ်းခုလတ်မှာ (ဥပမာ .. အမြတ် 50% ကို အရင်ယူပါ။ ကျန်တဲ့ 50% ကိုမှ TP ထိအောင် ထားပါ။ ဒါဆိုရင် စိတ်ထဲမှာ အေးသွားပါလိမ့်မယ်။)
(Move SL to Break Even) - ဈေးက ကိုယ့်ဘက်ကို အတော်အတန် ရောက်သွားပြီဆိုရင် SL ကို Entry Point ဆီ ရွှေ့ထားလိုက်ပါ။ "အနည်းဆုံးတော့ မရှုံးတော့ဘူး" ဆိုတဲ့ စိတ်က ကျွန်တော်တို့ကို TP ထိတဲ့အထိ စောင့်နိုင်ဖို့ သတ္တိပေးပါလိမ့်မယ်။
၄။ Risk to Reward (RR) Ratio ကို တန်ဖိုးထားပါ။
ကျွန်တော်တို့ဟာ TP ထိအောင် မစောင့်ဘဲ စောစောပိတ်တတ်ရင် ရေရှည်မှာ ကျွန်တော်တို့ ရှုံးတဲ့အခါ အပြည့်ရှုံးပြီး နိုင်တဲ့အခါ နည်းနည်းပဲ နိုင်တာမျိုး ဖြစ်သွားပါလိမ့်မယ်။
ဥပမာ - လူကြီးမင်းက 100 ရှုံးဖို့ကျ တော့ ဝန်မလေးဘဲ စောင့် နေပြီး 100 မြတ်ဖို့ကျတော့ မစောင့်နိုင်ဘူးဆိုရင် လူကြီးမင်း ရဲ့ Win Rate ဘယ်လောက်ကောင်းကောင်း Acc က တိုးတက်လာမှာ မဟုတ်ပါဘူး။
၅။ Trading Journal ထားပါ။
ကျွန်တော်တို့ စောစောပိတ်လိုက်လို့ လွတ်သွားတဲ့ အမြတ်တွေကို မှတ်တမ်းတင်ထားပါ။
တစ်လလောက်နေလို့ အဲ့ဒီပမာဏကို ပြန်တွက်ကြည့်ရင် "ငါ့ရဲ့ စိတ်မရှည်မှုကြောင့် ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေ ဘယ် လောက်ရှိပြီလဲ" ဆိုတာကို မြင်ရပြီး နောက်ပိုင်းမှာ နှ မြောစိတ်နဲ့ စောင့်နိုင်လာပါလိမ့်မယ်။
ဒီ နေရာမှာ Trading Journal မမှတ်နိုင်ရင် Demo Acc တခုနဲ့ ပုံစံတူတခု ဝင်ထားပြီး တလကြာရင် Real and Demo အမြတ် (2) ခုကို ယှဥ်ကြည့်ပါ။
အနှစ်ချုပ်အ နေနဲ့ ကျွန်တော် အကြံပြုလိုတာက တော့
▫️ Trading ဆိုတာ "စောင့်ဆိုင်းခြင်း အတတ်ပညာ" ပါ။ အခွင့်အရေးကို စောင့်ရသလို၊ အမြတ်ရဖို့ကိုလည်း စောင့်ရပါတယ်။
▫️ ကျွန်တော်တို့ရဲ့ Strategy ကို ယုံကြည်ပါ။ TP ထိမှ ပိတ်တာဟာ ကျွန်တော်တို့ရဲ့ အရည်အချင်း (Skill) ကို တည်ဆောက်နေတာ ဖြစ်သလို၊ ကျွန်တော်တို့ရဲ့ Discipline (စည်းကမ်း) ကိုလည်း ခိုင်မာစေပါတယ်။
ဒီအချက်အလက်တွေကို အခြေခံပြီး TP မ စောင့်ရဲတဲ့စိတ် ကို ပြုပြင်ကြည့်ပါခင်ဗျာ။
Ko Myo
12.2.2026 (8:00 p.m - MMT)
လူကြီးမင်းတို့အနေနဲ့ Trading ကို Basic to Advanced Level အထိ Online Class များ စနစ်တကျ တက်ရောက်လေ့လာ လိုပါက ..
ယခု Telegram Acc : https://t.me/KoMyo17 မှတဆင့် လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
26/05/2026
ဒီနေ့ May လ 26 ရက်နေ့မှာ XAUUSD 1 Ounce ကို 4580 ကနေ 4527 ထိ မနက်ခင်းမှာ $53 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4537 စျေးတန်းမှာရှိနေပါတယ်
မနေ့က Gap နဲ့စျေးဖွင့်လာခဲ့ပေမဲ့ US Holiday ကြောင့် စျေးငြိမ်နေခဲ့တာဖြစ်ပြီး လက်ရှိ Market က Gap ကိုပြန်လာဖြည့်တာကို တွေ့ရပါတယ်
စျေးတက်လာဖို့အတွက်က Trend ထောက်နိုင်တဲ့ 4530-4510 Support Level ဝန်းကျင်ကိုစောင့်ကြည့်ရပါမယ်
ဒီ စျေးတန်းကနေပြန်တက်လာပါက 4560/4580/4610 နားထိ အတက်ရှိနိုင်ပါတယ်
Trend က်ို Break ပြီး 4500-4490 Zone အောက် 4H အရစျေးပိတ်ခဲ့ရင်တော့ 4450/4420 ထိ စျေးအကျအားကောင်းနိုင်ခြေရှိပါတယ်
စျေးတက်လာပါက 4605-4625 Zone နှင့် 4645-4665 Zone တွေကို အဓိကစောင့်ကြည့်ရပါမယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4575-4590 Zone နှင့် 4530-4510 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4530-4510 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4500 အောက် HTF အရ Break ခဲ့ရင်တော့ 4460-4445 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4575-4590 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4645-4665 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17
26/05/2026
Good morning!
26.5.2026
XAUUSD open price
1 Ounce = 4571
ရောင်းတိုင်းဝယ်တိုင်းမြတ်ကြပါစေခင်ဗျ
25/05/2026
စျေးကွက်က Trade လို့မကောင်းတဲ့ရက်ဆိုရင် နားလိုက်ပါ။
Trader အများစုက နေ့တိုင်း Trade ချင်ကြပါတယ်။ နေ့တိုင်းမြတ်ချင်ကြပါတယ်။
ဒါကြောင့် စျေးကွက်အေးနေတဲ့ရက်တွေ၊ ကိုယ့် Strategy နဲ့ မကိုက်ညီတဲ့ရက်တွေဆိုရင်တောင်မှ
Set up တွေကို မရမကရှာကြံပြီး Trade တတ်ကြပါတယ်။
ဒါက ဆုံးဖြတ်ချက်အမှားတွေကို ဖြစ်ပေါ်စေပြီး ဆုံးရှုံးမှုနဲ့ကြုံရနိုင်ပါတယ်။
တချို့ရက်တွေမှာ ကိုယ့်စိတ်ထဲ Trade ဖို့ သဘောမကျတဲ့အခါ ကောင်းကောင်းအနားယူလိုက်ပါ။
ဒါကအသင့်တော်ဆုံးလုပ်ရပ်ပါ။
ဒါ့အပြင် Trade တဲ့သက်တမ်းလဲ ကြာနေပြီကို အမြတ်ရမလာပဲ ရှုံးပဲရှုံးနေရင်လဲ ကာလတခုသက်မှတ်ပြီး အနားယူလိုက်ပါ။
ဘာတွေမှားနေလဲ ပြန်သုံးသပ်ပြီး လိုအပ်တာတွေကို ပြုပြင်ပါ။
Trading ခရီးရှည်မှာ အနားယူခြင်းကလဲ လိုအပ်တဲ့အရာတခုပါ။
လူကြီးမင်းတို့အနေနဲ့ Trading ကို နည်းစနစ်တကျ လေ့လာချင်တာဆိုရင်တော့ ကျွန်တော့်ဆီမှာ Basic to Advanced Level အထိ သင်တန်းတွေပို့ချပေးနေတာဖြစ်လို့ စုံစမ်းလို့ရပါတယ်ခင်ဗျာ။
သင်တန်းစုံစမ်းရန်
Telegram : https://t.me/KoMyo17
25/05/2026
ဒီနေ့ May လ 25 ရက်နေ့မှာ XAUUSD 1 Ounce ကို 4543 ကနေ 4579 ထိ မနက်ခင်းမှာ $33 ခန့်စျေးအတက်ရှိထားပြီး လက်ရှိ 4570 စျေးတန်းမှာရှိနေပါတယ်
လက်ရှိ Market က Minor Downtrend ကို 4H အရ Break Out ဖြစ်ထားတာကို တွေ့ရတာကြောင့် Over All Structure က အကျထဲမှာရှိနေပေမဲ့ Bullish Retrace လာပြီးမှ အကျပြန်သွားနိုင်ခြေရှိပါတယ်
စျေးဆက်တက်လာပါက 4605-4625 Zone နှင့် 4645-4665 Zone တွေကို အဓိကစောင့်ကြည့်ရမှာဖြစ်ပြီး
ဒီ Zone တွေက်ို မဖောက်နိုင်ရင် 4550/4500/4470 ထိ အကျအားပြန်ကောင်းနိုင်ခြေရှိပါမယ်
4645-4665 Zone အထက် 4H အရ စျေးပိတ်နိုင်ခဲ့ရင်တော့ 4700/4720/4760 ထိ စျေးအတက်မြင်ရနိုင်ပါတယ်
ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4605-4625 Zone နှင့် 4555-4540 Zone တွေပဲဖြစ်ပါတယ်
ဒါကြောင့် 4555-4540 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4550 အောက် HTF အရ Break ခဲ့ရင်တော့ 4500-4490 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်
အရောင်းတွက်ကတော့ 4605-4625 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4645-4665 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်
နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading
Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။
Telegram : https://t.me/KoMyo17