" အာမခံထားတာတော့ဟုတ်ပါပြီ
နောက်နှစ်တွေ ငွေဆက်မသွင်းနိုင်ရင် ဘယ်လိုလုပ်ကြမလဲ"
ဒါမျိုးမကြာခဏအမေးခံရပါတယ်
ခေတ်ကာလအခြေအနေတွေကြောင့် လက်ရှိအလုပ်ရှိနေသော်ငြား အကြောင်းကြောင်းတွေကြောင့်အလုပ်မရှိတော့ရင် ဝင်ငွေနည်းသွားရင်...ဆိုတဲ့အတွေး လူတိုင်းမှာရှိနေကြတာ ကျွန်တော်တို့သိပါတယ် ။
#အသက်အာမခံသီးသန့်ဟာ_စုငွေသက်သက်ဖြစ်ပါတယ်
အာမခံယူထားတဲ့သက်တမ်းတလျှောက်နှစ်စဉ်ငွေသွင်းနေရမှာပါ #သွင်းနေတဲ့ငွေဟာစုငွေဖြစ်ပါတယ်
✅ငွေစုနေရင်းကြားကာလမှာဖြစ်လာတဲ့ကိစ္စတွေအတွက် သတ်မှတ်လျော်ကြေးရရှိခံစားနိုင်မှာဖြစ်ပြီး နှစ်ပြည့်လို့ဘာမှမဖြစ်ခဲ့ရင် စုငွေအားလုံးကို ၁၀၀% အခွန်ကင်းလွတ်ခွင့်နဲ့အတူပြန်ရမှာဖြစ်ပါတယ်
ဒါက အသက်အာမခံနဲ့မူလအခြေခံသဘောတရားပါ
စုငွေဆိုတဲ့အတိုင်း ပုံမှန်စုနေရမှာဖြစ်ပါတယ်
ဒီနေရာမှာ မဖြစ်မနေထည့်ရမယ်ဆိုတဲ့တာဝန်တစ်ခုရှိနေပါတယ်
ဘဏ်မှာပဲစုမယ်ဆိုရင် စုချင်တဲ့အချိန်စုမယ်
ပိုမှစုမယ် အားမှသွားထည့်မယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ပုံမှန်စုဖြစ်ချင်မှစုဖြစ်ပေမယ့်...
✅အသက်အာမခံကြေးကတော့
#နှစ်စဉ်ပုံမှန်မဖြစ်မနေသွင်းရမယ့်တာဝန်ရှိပါတယ်
(ဖွံ့ဖြိုးပြီးသားနိုင်ငံတွေမှာတော့ လစဉ်လစဉ်အာမခံကြေးအမျိုးမျိုးကိုတာဝန်တစ်ခုအနေနဲ့
မဖြစ်မနေသွင်းရတဲ့ဓလေ့ရှိနေတာ အတော်ကြာပါပြီ )
ဒါဟာ
ဘဏ်မှာစုတာနဲ့ အာမခံမှာစုတာ ကွာခြားတဲ့သဘောပါ
✅နောက်တစ်ခုက
မိမိရဲ့အာမခံကြေးဟာ မိမိစပြီးယူစဉ်ကတည်းက
ကိုယ့်ဘက်ဂျက်နဲ့နိုင်နင်းတဲ့ပမာဏဖြစ်သင့်တာပါ
Agent က သူကော်မရှင်ရဖို့ မနိုင်မနင်းဖြစ်စေမယ့်ပမာဏကိုမြှင့်တင်ရောင်းချတဲ့အခါ
အကယ်၍ claim ပေါ်လာခဲ့ရင် အကာအကွယ်များစွာရနိုင်ပေမယ့် မချိမဆန့်ငွေပမာဏကို နှစ်စဉ်သွင်းနေရမယ်ဆိုတာ သတိပြုကြဖို့တော့လိုပါတယ်
ဒါ့ကြောင့် ငွေစုပါ
ဘဏ်မှာလည်းစုပါ
ငွေအရင်းမပျောက်ပျက်တဲ့အပြင် အရေးပေါ်အခြေအနေမှာ မိသားစုအတွက်သော်လည်းကောင်း
မိမိကျန်းမာရေးအတွက်သော်လည်းကောင်း
ရန်ပုံငွေတစ်ခုအဖြစ်ရှိနေမယ့်
#အသက်အာမခံထားပြီးတော့လည်း_ငွေစုပါ ။
တရားဝင်သတ်မှတ်ချက်အရ
အသက်အာမခံဟာ စုငွေပုံစံဖြစ်ပါတယ် ။
Credit Min Yel Kyaw Swar
Protect Of You And Your Family With Insurance
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Protect Of You And Your Family With Insurance, Financial Consultant, Yangon.
အိမ်ထောင်ရှင်မ , မှီခိုဆိုသူတွေက
အာမခံထားလို့ရပါသလား ❓❓❓
ဘယ်သူရဲ့အသက်မဆို ဘယ်သူရဲ့ခန္ဓာကိုယ်မဆို
အဖိုးမဖြတ်နိုင်ပါဘူး
လူတိုင်းလူတိုင်းဟာ သူတို့မိသားစုအတွက် အဖိုးတန်လူသားတွေဖြစ်ပါတယ်
ဒါ့ကြောင့် ဝင်ငွေရတဲ့အလုပ်အကိုင်ရှိမနေတဲ့
အိမ်ရှင်မတွေအနေနဲ့ အသက်အာမခံ/ ရောဂါအာမခံတွေထားလို့ရပါတယ် ။
အိမ်ရှင်မတွေကို အာမခံလက်ခံဖို့
#ကုမ္ပဏီတစ်ခုနဲ့တစ်ခုတော့မတူကြပါဘူး
သူမရဲ့ပရီမီယမ်ကြေးကို သူမကိုယ်စားဘယ်သူသွင်းပေးမလဲဆိုတာဖြည့်ပေးရပါတယ်
ဝင်ငွေမရှိသူဖြစ်တဲ့အတွက်
အများဆုံးဘယ်လောက်ထိထားလို့ရသလဲဆိုတာ သတ်မှတ်ထားတာတွေရှိပါတယ်။
အိမ်ရှင်မတွေဟာ
တစ်အိမ်လုံးမှာအရေးအကြီးဆုံးဖြစ်ပါတယ်
သူမ,ကျန်းမာမှ သူမ,ရှိနေမှ တစ်အိမ်လုံးအဆင်ပြေမှာပါ ။
သေဆုံးခြင်းဆိုတာထည့်မတွက်ချင်ရင်တောင်
✅လေဖြတ်သွားခြင်း
✅ပြင်းထန်ရောဂါဖြစ်ပွားခြင်းတွေအတွက်
သူမကိုဆက်လက်ကုသဖို့ စရိတ်အများအပြားလိုအပ်ပါတယ် ။
ဒါ့ကြောင့် အာမခံတစ်စောင်ဟာ
အိမ်ရှင်မတွေအတွက်လည်း ထိုက်တန်ပါတယ်
အာမခံစုံစမ်းလိုတာပဲဖြစ်ဖြစ်
appointment ချိန်းဆိုတာပဲဖြစ်ဖြစ်
မက်ဆန်ဂျာကနေ ဆက်သွယ်နိုင်ပါတယ်။
Min Yel Kyaw Swar
အာမခံရက်ချိန်းရယူခြင်း
ဘဝအတွက်အရေးကြီးတဲ့အာမခံကိုထားမယ်ဆိုရင်
ကိုယ်သိချင်တာတွေမေးမြန်းဖို့အတွက် ရက်ချိန်း( appointment)ကို သေချာပေးပါ။
အာမခံကိုဖုန်းနဲ့မေးတာ/ စာနဲ့မေးတာထက်
လူကိုယ်တိုင်မေးတာက ပိုအဆင်ပြေမှာပါ
အချိန်အားဖြင့်လည်း ၄၅ မိနစ်လောက်ပါပဲ ။
သင်လိုချင်တဲ့အာမခံပုံစံ
သင်တတ်နိုင်တဲ့ဘက်ဂျက်အတိုင်းအတာ
ကုမ္ပဏီဘက်ကပေးနိုင်တဲ့အကာအကွယ်
ကုမ္ပဏီဘက်က မပေးနိုင်တဲ့ချွင်းချက်တွေ
အကာအကွယ်ရမယ်ဆို ဘယ်လောက်ထိရနိုင်မလဲ
အတိုးရမယ်ဆို ဘယ်လောက်ထိရနိုင်မလဲ
ငွေဆက်မသွင်းနိုင်ရင် ဘာဖြစ်မလဲ
ဒါတွေကိုသေချာဆွေးနွေးရမှာပါ
( တစ်စောင်တည်းနဲ့အကုန်ပြည့်စုံနေတဲ့
လူတိုင်းအတွက်လိုတရအာမခံဆိုတာမျိုး
ဒီကမ္ဘာမှာမရှိပါဘူး )
ကုမ္ပဏီရဲ့သမိုင်းကြောင်း
Agent က တရားဝင်လိုင်စင်ရဟုတ်/မဟုတ်
ဒါတွေကလည်း အရေးကြီးပါတယ်
ယောက်ျားကိုထားပေးဖို့ မိန်းမနဲ့ပြောလို့မရပါဘူး
ကျန်းမာရေးမကောင်းဘဲ ကောင်းတယ်လို့ လိမ်ပြောလို့မရပါဘူး
ရောဂါတွေရှိနေပြီဆိုရင်လည်း အာမခံမရနိုင်ပါဘူး
နိုင်ငံသားမဟုတ်ဘဲ အာမခံထားလို့မရပါဘူး
လက်ခံနိုင်တဲ့အသက်အပိုင်းအခြားကျော်လွန်နေရင်လည်း အာမခံထားလို့မရပါဘူး
နိုင်ငံတကာမှာတော့ ကိုယ်ထားမယ့်အာမခံကိုသေချာမေးမြန်းဆွေးနွေးဖို့ appointment သေချာယူကြတာပါ ။
အိမ်မှာဆွေးနွေးနိုင်တယ် ရုံးမှာဆွေးနွေးနိုင်တယ်
ကော်ဖီဆိုင်တစ်ဆိုင်ဆ်ုင်မှာဆွေးနွေးနိုင်ပါတယ်
Professional အာမခံအကြံပေးတစ်ယောက်ဟာ
မျက်နှာချင်းဆိုင်ဆွေးနွေးဖို့အမြဲအဆင်သင့်ရှိတယ်ဆိုတာ ယုံကြည်ပါ ။
လတ်တလောအခြေအနေအရ
နယ်မြို့တွေကလူတွေကလွဲရင်
မြို့ကြီးတွေမှာနေထိုင်တဲ့လူတွေက
အာမခံအတွက် မျက်နှာချင်းဆိုင်လူချင်းတွေ့ဆွေးနွေးလို့ရပါတယ် ။
အားလုံးပဲ အာမခံခြုံ၍ဘဝလုံကြပါစေ။
Min Yel Kyaw Swar
နိုင်ငံတကာမှာတော့
မိမိဝယ်ယူထားတဲ့ ဘယ်အာမခံမျိုးမဆို
မိမိရဲ့ ဘဏ်အကောင့်ကနေတဆင့်ပဲ
တိုက်ရိုက်ငွေပေးချေရပါတယ် ။
မြန်မာပြည်မှာတော့
အသက်အာမခံတွေစတင်ဝင်ရောက်လာတဲ့
၂၀၁၉/၂၀၂၀ လောက်မှာ pay အများစုကလည်း
စတင်မိတ်ဆက်နေရတဲ့အချိန်
လူတိုင်းမှာလည်း ဘဏ်အကောင့်မရှိကြသေးတဲ့အချိန်
နောက်ပြီး ကိုဗစ်ကာလ / နိုင်ငံရေးဂယက်တွေကြောင့် အပြင်ထွက်ဖို့မလွယ်/ acc ဖွင့်ဖို့ခက်ခဲနေခဲ့တဲ့အတွက်
အသက်အာမခံကျသင့်ငွေပရီမီယမ်ကို
အာမခံအကြံပေး ( agent) ကနေတဆင့်
ယာယီသွင်းနိုင်ဖို့ ခွင့်ပြုပေးခဲ့တာပါ ။
အခုအချိန်မှာတော့
အသက်အာမခံ/ ကျန်းမာရေးအာမခံစတဲ့
Life insurance နဲ့သက်ဆိုင်တဲ့အာမခံတွေကို
ကာယကံရှင်ကိုယ်တိုင် တိုက်ရိုက်ပေးသွင်းရတဲ့စနစ်ကိုပြောင်းလဲနေပါတယ် ။
✅မိမိရဲ့အာမခံဟာ မိမိနဲ့သာသက်ဆိုင်တာမို့
နှစ်တိုင်းသွင်းနေရမယ့် အာမခံအတွက်
ကိုယ်ပိုင် bank account တစ်ခုခု / pay တစ်ခုခုဖွင့်ထားသင့်ပါတယ် ။
✅ဖွင့်လို့မလွယ်ဘူး / account ကလည်းအကြောင်းတစ်ခုခုကြောင့် အပိတ်ခံထားရတယ်ဆိုရင်
နီးစပ်ရာဘဏ်ကနေတဆင့် အာမခံကုမ္ပဏီဆီကို
တိုက်ရိုက်ပေးသွင်းလို့ရပါတယ်
ဘဏ်အားလုံးနီးပါးမှာလည်း
အာမခံအတွက် payment တွေ ရနေပါပြီ။
✅နောက်တစ်ခုက
ကျေးရွာထဲ / ရပ်ကွက်ထဲမှာရှိတဲ့
Kpay/ wave pay စတဲ့ဆိုင်တွေကနေတဆင့်လည်း
မိမိအသက်အာမခံကိုငွေသွင်းခိုင်းလို့ရပါတယ်
ဝန်ဆောင်ခ ၃၀၀ ကျပ်ပဲကျသင့်ပါတယ်
✅မိမိကနိုင်ငံခြားရောက်နေခဲ့ရင်လည်း
မိသားစုဝင်တစ်ဦးဦးရဲ့ pay တစ်ခုခုကနေလည်း
ငွေလှမ်းသွင်းလို့ရပါတယ်
(ဒီလိုဖြစ်စဉ်အတွက် တချို့ကုမ္ပဏီတွေက
third party form တောင်းပါတယ်
တချို့ကုမ္ပဏီကတော့မတောင်းပါဘူး )
အားလုံးပဲ နားလည်ကြရန်မျှော်လင့်ပါသည် ။
04/12/2024
ကြင်စဦးဇနီးမောင်နှံတွေ အနေနဲ့ မိသားစုတစ်ခု တည်ထောင်တော့မယ်လို့ ဆုံးဖြတ်ထားပြီဆို အနာဂတ်အတွက် မပူပင်ရအောင် သေချာစီမံထားဖို့တော့ လိုအပ်မယ်နော်။ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေအတွက်ရော၊ မျှော်လင့်မထားတဲ့အရာတွေအတွက်ပါ ပြင်ဆင်ပြီး စိတ်အေးချမ်းစွာနေနိုင်ဖို့ဆို “လုံခြုံစိတ်ချ ကောင်းမွန်တဲ့ဘဝ” တွေပေးနိုင်မယ့် အသက်အာမခံ ရယူထားဖို့တော့ လိုတာပေါ့။
As a newlywed couple, you need to plan for the future when you decide to start a family. To be prepared for financial matters and the unexpected scenarios, and to have peace of mind, you need to have a life insurance that will provide ”where will better take you”.
2024 နှစ်ရဲ့နောက်ဆုံးလ ဒီဇင်ဘာထဲမှာ
#ရန်ကုန်မြို့က အသက်အာမခံလိုင်စင်ယူချင်သူများအတွက် Training 5 တန်းကျန်ရှိပါတယ်။
ဒါဟာ ယခုနှစ်အတွက် နောက်ဆုံးတန်းခွဲတွေပဲဖြစ်ပါတယ် ။
ဒီဇင်ဘာလထဲမှာ သင်တန်းတက်/ စာမေးပွဲဖြေ / product training များအပြီးတက်ထားမယ်ဆိုရင် 2025 နှစ်ထဲမှာ Ready to service အနေအထားမျိုးရောက်နေမှာဖြစ်ပါတယ် ။
✅နှစ်သစ်မှာ အလုပ်အသစ်ထပ်မံလုပ်ကိုင်လိုသူများ၊
✅လက်ရှိအလုပ်အပြင် နောက်ထပ်အလုပ်တစ်ခုကိုထပ်မံလုပ်ကိုင်ရန်စိတ်ကူးနေသူများ၊
✅မိမိ၏မိသားစု/ social network မှာ
အသက်အာမခံ/ကျန်းမာရေးအာမခံ/ပညာရေးအာမခံအမျိုးမျိုးကို ဝန်ဆောင်မှုပေးချင်သူများ၊
✅အာမခံအလုပ်ကို professional ကျကျ လုပ်ကိုင်လိုသူများ တက်ရောက်နိုင်ပါတယ် ။
ပိတ်ရက်သီးသန့်တက်ရောက်ချင်သူများ
ပိတ်ရက်+ကြားရက် တွဲတက်ချင်သူများအတွက်
အဆင်ပြေအောင် စီစဉ်ထားပါတယ်။
သင်တန်းဖွင့်လှစ်မယ့်ရက်များမှာ
အောက်ပါအတိုင်းဖြစ်ပါတယ်။
Weekend+ weekdays တက်ရောက်လိုသူများ
🍀November 30+December 1/2/3
🍀December 14/15/16/17
🍀December 19/20/21/22
Weekend only တက်ရောက်လိုသူများ
🍀November 30+December 1 and
December 7/8
🍀 December 14/15 and
December 21/22
တက်ရောက်လိုသူများ
မက်ဆန်ဂျာမှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။
Crd- Min Yel Kyaw Swar
အိုစာမင်းစာစုတဲ့အခါ
ရသမျှကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ရွှေဝယ်တာ အိမ်ဝယ်တာ ကားဝယ်တာကဝယ်ကြပါ
အာမခံထားဖို့လည်း မမေ့ကြပါနဲ့။
အာမခံထားပါလို့ပြောရင်
ရွှေပဲဝယ်မယ်လို့ပြောကြပါတယ်
မမှားပါဘူး
အရေးပေါ်အခြေအနေတွေမှာရွှေရောင်းပြီးဆေးကုကြတာ မြန်မာ့ရိုးရာပါ
အာမခံတစ်စောင်သာရှိရင်
ဘာမှချရောင်းစရာမလိုတော့ပါဘူး
အာမခံထားပါလို့အကြံပြုရင်
အတိုးရတဲ့ဘဏ်မှာပဲအပ်မယ်လို့ အကြောင်းပြန်ပါတယ်
ဘဏ်ကအတိုးရပါတယ်
လိုတဲ့အချိန်ပြန်ထုတ်လို့ရပါတယ်
Emergency case တွေအတွက်ပြန်ထုတ်ရင်
အပ်ထားတဲ့ငွေ+အတိုးရပါတယ်
အာမခံတစ်စောင်ကတော့
ငွေအနည်းငယ်သာသွင်းရသေးပေမယ့်
သိန်းရာနဲ့ထောင်နဲ့ချီအလျော်ရနိုင်ပါတယ်
မိသားစုရဲ့အနာဂတ်ကိုကြိုတင် plan ချနေတယ်ဆိုရင် ပညာသင်ပေးပါ လိုအပ်တဲ့အရာတွေဝယ်ပေးပါ
သင်နာမကျန်းဖြစ်ရင် ရှိသမျှအကုန်ပြန်ရောင်းချပြီး
ဆေးကုသရမယ့်အခြေအနေကိုမဖန်တီးပါနဲ့
အာမခံတစ်စောင်သာ ထားထားပါ ။
" ငါမရှိတော့ရင် နင်တို့အစားရင်လေးတယ် " လို့
တွေးနေပြောနေမိပြီဆိုရင် အာမခံမယူရသေးလို့ဖြစ်ပါလိမ့်မယ် ။
အာမခံလေးတစ်စောင်က သင်မရှိတော့ရင်လည်း သင့်မိသားစုကိုအတိုင်းအတာတစ်ခု/အချိန်တစ်ခုအထိဆက်လက်တာဝန်ယူပေးသွားမှာပါ။
ဒါ့ကြောင့်
သိချင်တာတွေ မေးနေတာတွေအတွက်
မက်ဆန်ဂျာမှာအမြဲအဆင်သင့်ရှိနေပါတယ်
ဆက်သွယ်လိုက်ပါ
Min Yel Kyaw Swar # credit bro
20/11/2024
13/11/2024
Manulifeရဲ့ဘဝအာမခံနှင့်အတူအခြေအနေအရပ်ရပ်တိုင်းမှာလုံခြုံမှုကိုရယူလိုက်ပါ။
ကနေဒါနိုင်ငံ အခြေစိုက် Manulife Life Insurance ရဲ့ Manulife Protector အကြောင်းရှင်းပြပေးမယ်နော်။
Manulife ရဲ့ (ဘဝအာမခံ/အသက်အာမခံ)မှာ သက်တမ်းအားဖြင့် ၁၀ နှစ် နဲ့ နှစ် ၂၀ သက်တမ်းဆိုပြီး (၂) မျိုးရှိပါတယ် ။
☂ ၁) ဘယ်အသက်အရွယ်မှာ အသက်အာမခံထားခွင့်ရှိလဲ?
🍀 အသက် ၁၆ နှစ်မှ အသက် ၅၅ နှစ် အထိ ရပါတယ်။
- အသက် ၁၆ နှစ်မှ ၅၅ နှစ်အထိ အာမခံသက်တမ်း (၁၀) နှစ် ထားလို့ရပါတယ်။
- အသက် ၁၆ နှစ်မှ ၄၅ နှစ်အထိ အာမခံသက်တမ်းနှစ် ၁၀ နှစ် (သို့) နှစ်၂၀ ထားလို့ရပါတယ်။
☂ ၂) အနည်းဆုံး / အများဆုံး ဝယ်ယူထားရှိနိုင်မယ့် အာမခံကြေးငွေပမာဏ?
🍀 အာမခံကြေးငွေ သိန်း ၅၀ မှ စ၍ သိန်း၉၀၀၀ အထိ ဝယ်ယူထားရှိနိုင်ပါတယ်။
☂ ၃) အာမခံကြေးငွေဘယ်လို သွင်းရမှာလဲ?
🍀 ဥပမာ- သိန်း၅၀ ကို အာမခံ သက်တမ်း ၁၀ နှစ် ထားမယ်ဆို တနှစ် ပျမ်းမျှ ၅ သိန်းသွင်းရပါမယ်။
#တလပျမ်းမျှကျပ် ၄၂၀၀၀(တရက် ၁၄၀၀)
နှစ်၂၀ သက်တမ်းဆို တနှစ်ပျမ်းမျှ နှစ်သိန်းခွဲ သွင်းရပါမယ်။
တနှစ် တကြိမ်(သို့) ၆လ နှစ်ကြိမ် ခွဲသွင်းနိုင်ပါတယ်။
*** မိမိ အသက်အရွယ်၊ အလုပ်အကိုင်၊ ဝါသနာ၊ ကျန်းမာရေး.....စသည်ဖြင့် ပေါ်မူတည်ပြီး သွင်းရမည့်ငွေပမာဏ အနည်းငယ်ကွာခြားပါမယ်။
☂ ၄) အသက်အာမခံဝယ်ယူပြီးရင် ဘယ်လို အကာအကွယ်/ အကျိုးခံစားခွင့်တွေရမှာလဲ?
ခေါင်းစဥ် နှစ်ခု နဲ့ရှင်းပြပါမယ်။
🍀ကျန်းမာရေးခေါင်းစဥ်အောက်မှာ ထာဝစဥ်မသန်စွမ်း (သို့)တိမ်းပါးသွားခဲ့ရင် ကိုယ်ဝယ်ယူထားတဲ့ အာမခံကြေးငွေပမာဏရဲ့ ၂၀၀%
ဥပမာ - သိန်း ၅၀ ဝယ်ရင် နှစ်ဆ သိန်း ၁၀၀
🍀 မတော်တဆ(by accident) ခေါင်းစဥ်အောက်မှာဆိုရင် အာမခံကြေးငွေပမာဏ ရဲ့ ၄၀၀%
ဥပမာ- သိန်း၅၀ ဝယ်ရင် လေးဆ သိန်း ၂၀၀ အကျိုးခံစားခွင့်ရရှိမှာပါ။
👆 တစုံတခု ဖြစ်ခဲ့ရင် ကျန်ရှိနေသေးတဲ့အာမခံသက်တမ်းအတွက် အာမခံကြေး ဆက်လက်ပေးသွင်းရန် မလိုတော့ပါ။
အထက်က ခေါင်းစဥ် နှစ်ခု အောက်မှာ ဘာမှ မဖြစ်ခဲ့ရင် ကိုယ်ဝယ်ယူထားတဲ့ နှစ် သက်တမ်းပြည့်တာနဲ့ အာမခံကြေးငွေ ပမာဏ ရဲ့ ၁၀၀% ပြန်လည်ရရှိမှာပါ။
🍀 ဘဝအာမခံ နဲ့အတူ အဖြစ်များတဲ့ ပြင်းထန်ရောဂါ ၉ မျိုး အတွက်ကိုလည်း တွဲဖက်ထားရှိလိုလျှင် (optional) Manulife ပြင်းထန်ရောဂါအာမခံ ရှိပါတယ်။
🍀 Premium သွင်းငွေ သက်သာစွာနဲ့ ဝယ်ယူထားတဲ့ အာမခံကြေးငွေ ပမာဏ အတိုင်း ဆေးကုသစရိတ် ပြန်လည်ရရှိမှာပါ။
(Cancer, Brain, Heart, Lung, Liver, Kidneys, Organ Transplant) စသည့်ရောဂါတွေရဲ့ ပြင်းထန် အဆင့်တွေ အတွက်ကုသမှုစရိတ်တွေ အကာအကွယ် ယူထားလို့ရပါတယ်။
🌻ပြင်းထန်ရောဂါအတွက် အကျိုးခံစားခွင့်ထုတ်ပေးပြီးလျှင် Manulifeဘဝအာမခံအတွက် အနာဂတ်ပရီမီယံ ပေးသွင်းငွေများကို ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။
🌻အာမခံသွင်းငွေပမာဏအလိုက် ပေးဆောင်ရမည့်ဝင်ငွေခွန်(Personal Income Tax)လည်း သက်သာမှာဖြစ်ပါတယ်။
🌻 မိမိရဲ့ဝင်ငွေကို အဓိက မှီခိုနေရတဲ့ မိဘ၊ မိသားစု ရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဟာ Financial Planning ကို အကောင်းဆုံးစီမံထားသင့်ပါတယ်။ အသက်အာမခံထားရှိထားခြင်းဖြင့် မိမိရဲ့ Financial Risk တွေကိုအာမခံကုမ္ပဏီကို transfer လုပ်ထားသင့်ပါတယ်။
🌻 #အဖိုးတန်တဲ့သင့်မိသားစု_သင့်ပိုင်ဆိုင်မှုများနဲ့_သင့်အနာဂတ်လုံခြုံစိတ်ချနိုင်ဖို့ရှင်းလင်းလွယ်ကူတဲ့
အာမခံအစီအစဉ်တွေကို အသေးစိတ်ဆွေးနွေးမေးမြန်းနိုင်ပါတယ်ရှင်။
🌻 ာManulifeMyanmarရဲ့5thAnniversaryလလေးဖြစ်ပါတယ်။ ဒီလအတွင်းမှာအာမခံထားရှိမယ့်Customerများအတွက်အထူးလက်ဆောင် လေးတွေလည်းရှိပါတယ်ရှင်။ 💵💳📱
Credit
09/11/2024
Thankful for Tomorrow(သင့်ရဲ့မနက်ဖြန်တိုင်းကိုလုံခြုံစွာနေနိုင်ဖို့Manulife နဲ့လက်တွဲပြီးပိုမိုေတာက်ပေအာင်ပုံဖော်ကြမယ်) ခေါင်းစဉ်း နဲ့ Park Royal Hotel မှာယနေ့ပြုလုပ်သောပွဲလေး
Manulife Myanmar
တတ်ရောက်ပေးသော တစ်ဦးတယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်💚💚
06/11/2024
မဂ်လာပါရှင့်💕💕🌈💕💕
လစဥ်ပြုလုပ်နေကြဖြစ်တဲ့ Yangon Life Insurance Awareness Seminar ကို အခုတစ်ခါ “ Thankful for Tomorrow ” ဆိုတဲ့ ခေါင်းစဥ်နဲ့ November လအတွက် အဆင်သင့်ဖြစ်နေပါပြီ...
ဒီ ပွဲလေးကိုတော့ “ နို၀င်ဘာလ (9) ရက်နေ့မှာ၊ Park Royal Hotel , Yangon မှာ ကျင်းပသွားမှာဖြစ်ပါတယ်...
ကိုယ့်ကိုယ်ကို တန်ဖိုးထားချစ်မြတ်နိုးခြင်း အပါအဝင် ချစ်ခြင်းမေတ္တာအားလုံးကို ဂုဏ်ပြုလိုက်ပါ။ စိန်ခေါ်မှုတွေများတဲ့ ကမ္ဘာမှာ
သင်ကိုယ်တိုင်နဲ့ သင့်မိသားစုရဲ့ စိတ်အေးချမ်းသာမှုကို Manulife က ဘယ်လိုပေးဆောင်နေသလဲဆိုတာ ကြည့်လိုက်ရအောင်…
ကိုယ်ကိုယ်တိုင်နဲ့ မိသားစုအတွက် ကိုယ့်ရဲ့အလုပ်အကိုင်လမ်းကြောင်းတိုးတက်အောင် လျှောက်လှမ်းရင်းနဲ့ သေချာတဲ့အနာဂတ်တစ်ခုကို ဖန်တီးကြဖို့အတွက်
ခိုင်မာတဲ့ ဝင်ငွေ၊ ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်နဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတစ်ခုမှာ လုပ်ကိုင်ရင်း မြန်မာနိုင်ငံကမိသားစုပေါင်းများစွာကိုပါ
အကာအကွယ်ပေးချင်တယ်ဆိုရင်တော့ အခုပဲ Manulife နဲ့လက်တွဲပြီး Insurance Advisor အဖြစ် စတင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်...
အလုပ်အကိုင်အခွင့်အလမ်းနှင့်အသက်အာမခံအကြောင်းသိကောင်းစရာ
ရက်စွဲ - (9)ရက် ၊ နို၀င်ဘာလ ၊ 2024 (Saturday)
အချိန် - နေ့လည် ( 1:00 )နာရီမှ ( 2:30 )နာရီအထိ
နေရာ - Park Royal Hotel, Yangon
စာရင်းပေးသွင်းတက်ရောက်ချင်ရင်
Page Messenger မှာ နာမည်နဲ့ ဖုန်းနံပါတ်ပေးခဲ့ပေးပါနော်
ကျေးဇူးတင်ပါတယ် 💕💕🌈💕💕
Credit Ma Hmone
အသက်အာမခံလုပ်ငန်းကို MLM စနစ်နဲ့ရောထွေးမှားယွင်းလေ့ရှိကြတဲ့အတွက် ရှင်းပြပါရစေ....
🍀
အသက်အာမခံမှာ တရားဝင်လိုင်စင်လိုအပ်ပါတယ်
လိုင်စင်သင်တန်းကို ရက်အပြည့်တက်ရပြီး လိုင်စင်စာမေးပွဲဟာ အရည်အချင်းပြည့်မီတဲ့လူတွေမှသာ အောင်မြင်တာဖြစ်ပါတယ်။ သင်တန်းမတက်ဘဲဝင်ဖြေခွင့်မရှိသလို စာမကျေဘဲနဲ့လည်းမအောင်ပါဘူး
ပတ်သက်ရာပတ်သက်ကြောင်း လမ်းကြောင်းနဲ့လည်း လိုင်စင်ယူလို့မရပါဘူး။
လိုင်စင်ဟာ သက်တမ်းအားဖြင့် (၂)နှစ်ဖြစ်ပါတယ်။
ဆေးကုသခွင့် ရှေ့နေလိုက်ခွင့် ကားမောင်းခွင့်
အိမ်ခြံမြေအကျိုးဆောင်ခွင့်စတဲ့ တခြားသက်မွေးလုပ်ငန်းတွေမှာလည်း လိုင်စင်အသီးသီးလိုအပ်ပါတယ်။
🌹
MLM စနစ်မှာ agent လိုင်စင်မလိုအပ်ပါဘူး။
Member ဝင်မယ် ပစ္စည်းတွေကိုငွေကြိုသွင်းပြီးထုတ်ယူမယ် ပြီးရင်ဖြန့်ချိမယ်
ပစ္စည်းဝယ်နိုင်တယ် ဖြန့်နိုင်တယ်ဆို
ဘယ်သူမဆိုလုပ်လို့ရပါတယ် ။
ဒီသဘောနဲ့သွားပါတယ်
🍀
အသက်အာမခံဟာ ဝန်ဆောင်မှုကိုရောင်းချရတာပါ
အကောင်အထည်ဖော်ပြလို့မရပါဘူး
အာမခံတစ်စောင်ရောင်းချပြီးရင် အဆိုပါအာမခံရဲ့သက်တမ်းကိုလိုက်ပြီး ၃နှစ်၊၅နှစ်၊၁၀နှစ်စသဖြင့် service ပေးနေရပါတယ်
တချို့အာမခံတွေဆိုရင်
အနှစ်၂၀ အနှစ်၄၀စသဖြင့်သက်တမ်းရှိကြပါတယ်
ပြောရရင် customer နဲ့ agent က ကာလရှည်ဆက်ဆံနေရမယ့် လုပ်ငန်းဖြစ်ပါတယ်။
ရောင်းပြီး,ပြီးတဲ့ ရေတိုလုပ်ငန်းမဟုတ်ပါဘူး
🌹
MLM စနစ်ကတော့ လူသုံးကုန် အလှကုန် ဆေးဝါးတွေကိုရောင်းချရတာမို့ အကောင်အထည်ချပြလို့ရပါတယ် ရောင်းရတဲ့ပစ္စည်းကိုမြင်နေရပါတယ်
ပစ္စည်းကိုသဘောကျတဲ့လူကဆက်သုံးမှာဖြစ်ပြီး
မကြိုက်တော့ရင် ထပ်မဝယ်တော့တာမို့
Customer နဲ့ရေရှည်ဆက်ဆံရေးရှိထားစရာ (သိပ်)မလိုအပ်ပါဘူး ။
customer ကဆက်သုံးချင်ရင် agent ပြန်လုပ်နိုင်ပါတယ်
🍀
အသက်အာမခံလုပ်ငန်းမှာ
Agent ကိုယ်တိုင်က အသက်အာမခံတစ်စောင်မဖြစ်မနေဝယ်ပြီး member ဝင်ရတာမျိုးမရှိပါဘူး
( ဝယ်ချင်ဝယ် မဝယ်ချင်နေပါ )
အာမခံအစောင်ရေတွေအများကြီးကြိုဝယ်ထားပြီး လူတွေကိုလိုက်ရောင်းလို့လည်း မရပါဘူး။
အသက်အာမခံဆိုတာ အသက်အရွယ်/ကျန်းမာရေးအခြေအနေ/အလုပ်အကိုင်/အာမခံထားငွေစတဲ့အချက်အပေါ်မူတည်ပြီး လူတစ်ယောက်အတွက် သီးသန့်တစ်စောင်ထွက်လာတာမျိုးပါ။
🌹
MLM စနစ်မှာတော့ member ဝင်ပြီးရင်
ငွေရင်းနိုင်ရင် ပစ္စည်းအများကြီးကြိုယူထားလို့ရပါတယ်
ကိုယ့် network ကြီးရင်ကြီးသလို ရောင်းချနိုင်ပါတယ်
🍀
နောက်ထပ် လူအများကြီးရောထွေးနေကြတာ
Recruiting ကိစ္စပါ
အသက်အာမခံမှာ recruitment က
မဖြစ်မနေလုပ်ရတဲ့ကိစ္စမျိုးမရှိပါဘူး
လုပ်ချင်လုပ် မလုပ်ချင်နေလို့ရပါတယ်
network based process ဖြစ်တဲ့အတွက်
နယ်ပယ်အစုံအထိ အာမခံမျိုးစုံရောက်ရှိနိုင်ဖို့က recruitment လုပ်မှ နေရာစုံအထိရောက်နိုင်မှာပါ။
( လူခေါ်ပေးရတယ်ဆိုတဲ့အသုံးအနှုန်းမကြာခဏကြားရပါတယ် ဒါကဒီလောကမှာမှမဟုတ်ဘဲ လုပ်ငန်းတိုင်းမှာ distributors တွေလိုကိုလိုအပ်ပါတယ် )
🌹
MLM စနစ်မှာလည်း သူတို့ products တွေကိုဆက်လက်ဖြန့်ချိပေးမယ့် agents / distributors တွေ လိုအပ်ပါတယ် ဒါ့ကြောင့် recruitment အမြဲလုပ်နေကြရပါတယ် ။
🍀
နောက်တစ်ခုက
အဆင့်ဆင့် management လုပ်ရတယ်ဆိုတဲ့ကိစ္စပါ
အသက်အာမခံလုပ်ငန်း ၉၀% က လစာမပေးပါဘူး
Commission and bonus စနစ်နဲ့သွားပါတယ်
ဘာလို့လည်းဆိုတော့ အလုပ်မလုပ်ဘဲထိုင်နေတဲ့လူတွေအတွက်လစာပေးဖို့မလိုအပ်လို့ပါ ။
Agent တွေရဲ့ များပြားလှတဲ့ကိစ္စမျိုးစုံ
Customer တွေရဲ့ complain ပေါင်းစုံ
သူတို့ရဲ့အမည်ပြောင်းခြင်း ဖုန်းနံပါတ်/Gmail/ လိပ်စာပြောင်းခြင်း အကျိုးခံစားခွင့်ထားသူပြောင်းလဲခြင်း အာမခံကြေးပြောင်းလဲခြင်း အလုပ်အကိုင်ပြောင်းလဲခြင်း အာမခံကြေးအချိန်မီမသွင်းခြင်းစတဲ့ဖြစ်စဉ်အားလုံးကို
ရုံးတစ်ခုတည်းကဖြေရှင်းပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါ ဒါ့ကြောင့် management level အဆင့်ဆင့်ထားထားပါတယ်
🌹
MLM စနစ်မှာလည်း ပစ္စည်းဖြန့်ချိခြင်း ကော်မရှင်ခွဲဝေခြင်းနဲ့ distributors တွေကို ထိန်းဖို့ layer by layer သွားကြပါတယ်
🍀
အသက်အာမခံလုပ်ငန်းအတွက် ရရှိတဲ့ကော်မရှင်ဟာ ကုမ္ပဏီကပေးတာဖြစ်ပါတယ် ။
customer ကမပေးဆောင်ရပါဘူး ။ ကော်မရှင်ပေးလိုက်တဲ့အတွက် အသက်အာမခံကြေးက
ဈေးတက်မသွားပါဘူး။
🌹
MLM စနစ်အတွက် ကော်မရှင်ကတော့
ပစ္စည်းရဲ့မူရင်းတန်ဖိုးနဲ့ နောက်ဆုံးစားသုံးသူလက်ထဲရောက်လာတဲ့ဈေးနှုန်းကြားက ကွာခြားသွားအမြတ်ငွေထဲက အချိုးကျခွဲဝေကြတာဖြစ်ပါတယ်။
🍀
အသက်အာမခံလုပ်ငန်းအားလုံးက
ပြည်တွင်းမှာတရားဝင်မှတ်ပုံတင်ကြရပါတယ်။
နိုင်ငံတော်ဆီကနေ ငွေတိုက်စာချုပ်တွေအများကြီးကို ကျပ်ငွေဘီလီယံနဲ့ချီအောင်ဝယ်ထားရပါတယ် ။ လုပ်ငန်းလိုင်စင်/ agent လိုင်စင်အားလုံးကို ထိန်းချုပ်ထားပါတယ်။ အဆင့်ဆင့်စစ်ဆေးပြီးမှ တရားဝင်လုပ်ကိုင်ခွင့်ချပေးခဲ့တာပါ။
ငွေကြေးစီးဆင်းမှုဖြစ်စဉ်ဖြစ်တဲ့အတွက် agent တွေရဲ့ personal data/ bank account အားလုံးကိုမဖြစ်မနေပေးထားရပါတယ် ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း အာမခံလုပ်ငန်းအားလုံးမှာ ပါဝင်ပတ်သက်နေသူအားလုံးရဲ့ bank account အားလုံးကိုလွှတ်ပေးထားတာမျိုး ဘယ်မှာမှမရှိပါဘူး ။
ဒါ့အပြင် အခုပြည်တွင်းမှာရှိနေတဲ့အသက်အာမခံကုမ္ပဏီ၅ခုစလုံးက နိုင်ငံတကာမှာလည်း လက်ရှိဝန်ဆောင်မှုပေးနေဆဲ ထိပ်တန်းရောက်နေတဲ့ကုမ္ပဏီတွေဖြစ်ပါတယ် ။
အာမခံအပိုင်းသာမက ဘဏ်လုပ်ငန်း စတော့ရှယ်ယာလုပ်ငန်းတွေပါလုပ်ကိုင်နေကြတာဖြစ်ပါတယ်။သက်ဆိုင်ရာ websites တွေမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ ပြည်တွင်းမှာပဲရှိတဲ့ local အာမခံကုမ္ပဏီတွေလည်းရှိပါသေးတယ်။
🌹
MLM လုပ်ငန်းတွေရဲ့ ကုမ္ပဏီနာမည်တွေ နဲ့ လက်ရှိမှာတရားဝင်လုပ်ကိုင်ခွင့် ရ/မရ ကျွန်တော်မသိပါဘူး။ MLM products အများစုက ထိုင်း၊တရုတ်စတဲ့နိုင်ငံတွေကနေလာကြတာများပါတယ် ။
တကမ္ဘာလုံးဖြန့်ချိတာမျိုး (သိပ်)မတွေ့ရပါဘူး
နိုင်ငံအများစုကတော့ အခုလို MLM စနစ်နဲ့ပစ္စည်းဖြန့်ချိတာကို ခွင့်မပြုပါဘူး။
**********
တူညီတဲ့အချက်တွေလည်း ရှိကြပါတယ်။
ကော်မရှင် + bonus ခံစားခွင့်ရတာ
ရောင်းရင်ရောင်းသလောက် ဝင်ငွေရကြတာ ပြည်တွင်းပြည်ပခရီးစဉ်တွေပို့ပေးကြတာ
ရောင်းအားကောင်းသူတွေကို Dinner စီစဉ်ပေးတာ ဆုတံဆိပ်တွေပေးတာ Promotion တွေပေးတာ
ဒီအချက်တွေကတော့ တူညီပါတယ်။
( MDRT လို တကမ္ဘာလုံးကအသိအမှတ်ပြုတဲ့ဆုမျိုးတွေကိုတော့ အသက်အာမခံလောကမှာပဲရှိပြီး
MLM စနစ်မှာတော့ သူတို့ကုမ္ပဏီကသူတို့ဖာသာပေးတဲ့ဆုမျိုးတွေသာ တွေ့ရပါတယ်
Global Awards မျိုး Worldwide recognized မျိုး
မရှိပါဘူး )
လုပ်ငန်းနှစ်ခုစလုံးက
အလုပ်မလုပ်ရင် ဘာမှခံစားခွင့်မရတဲ့ စနစ်ပါ
မနက်ရုံးတက်/ညနေရုံးဆင်း အလုပ်ရှိရှိမရှိရှိ အချိန်တန်လကုန်ရင်လစာထုတ်လို့ရတဲ့
လခစားအလုပ်မျိုးမဟုတ်ပါဘူး ။
လုပ်ရင်ရမယ် မလုပ်ရင်မရတဲ့
တိကျပြတ်သားတဲ့စနစ်မျိုးတွေပါ။
************************************
" ကော်မရှင်ရမယ် "
" လူခေါ်ရတယ် " စတဲ့အသုံးအနှုန်းတွေကြောင့်
အသက်အာမခံ industry အပေါ် တခြားသောလုပ်ငန်းတွေနဲ့ရောထွေးတတ်ကြပါတယ် ။
တစ်ခုသိရမှာက
ဘယ်နိုင်ငံမဆို လူသားတွေရှိနေသမျှ
ဘဏ်လုပ်ငန်း နဲ့ ဆေးရုံတွေရှိနေမှာဖြစ်ပြီး
အဆိုပါလုပ်ငန်းနှစ်ခုရှိနေသရွေ့ အသက်အာမခံ/ကျန်းမာရေးအာမခံ/ပညာရေးအာမခံလုပ်ငန်းဆိုတာ တရားဝင်ရှိနေမှာပဲဖြစ်ပါတယ် ။
ဘာအကြောင်းနဲ့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတာ သိထားရမှာပါ ။
ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်
အသက်အာမခံလုပ်ငန်းတွေရဲ့အခြေခံလုပ်ငန်းလည်ပတ်ပုံတွေက အားလုံးအတူတူပါပဲ ။
တိုးတက်ပြီးသားနိုင်ငံတွေမှာလည်း
အာမခံဆိုတာ ဘယ်နေရာဖြစ်ဖြစ်အမြဲပါဝင်နေပြီး
ဖွံ့ဖြိုးမှုနောက်ကျနေသေးတဲ့မြန်မာနိုင်ငံမှာတော့
အခြေချခဲ့တာ သက်တမ်း ၅နှစ်သာ ကြာပါသေးတယ် ။
မည်သူတစ်ဦးတစ်ယောက်
မည်သည့်လုပ်ငန်းကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။
အများအမြင်ရောထွေးနေတာတွေကို
သိသင့်သလောက်သိစေရန်သာ
ဘက်မလိုက်ဘဲရည်ရွယ်ရေးသားပါသည် ။
အားလုံး
အဆင်ပြေကြပါစေ။
Min Yel Kyaw Swar. Credit bro
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Yangon