24/03/2026
FX/Gold Trading နဲ့ ပတ်သတ်လို့ ကျွန်တော်က Day Trading/Scalping ဆန်ဆန် အဓိကသွားတာဆိုတော့ စကားတွေအများကြီးပြောပြဖို့လည်း မပြောချင်ဘူး၊
Signal ပေးလို့လည်းမရဘူး/အချိန်လည်းမရှိဘူးဆိုတော့....
တစ်ခုခုကူညီပေးချင်တာမျိုးလည်းရှိသလို တစ်ဖက်တစ်လမ်းကနေအထောက်အကူဖြစ်နိုင်မယ်လို့ သဘောထားနဲ့
YouTube မှာ Live လွှင့်ပြီးတော့ပဲ Trade ဖြစ်ပါမယ် ။
Gold နဲ့ BTC ကိုပဲ အဓိက Trade ပါတယ်
မကြာခဏ တစ်ပတ်ကို ၃/၄ ရက်လောက် Live လွှင့်ပေးဖြစ်ပါမယ် ခင်ဗျ။ Subscribe/Noti ယူပြီး စောင့်ကြည့်လို့ရပါတယ်။ အားလုံးကို ကျေးဇူးပါ။
Youtube.....
https://www.youtube.com/watch?v=RUUmhd5t0Xs
ကျွန်တော့ရဲ့ TG Channel ကိုလည်း join ထားနိုင်ပါတယ်
https://t.me/ltiGoldForexCrypto
22/01/2026
ရေရှည်အတွက် Profit ရတဲ့ Trader ကောင်းတစ်ယောက်ဖြစ်ဖို ဒီအချက် (၅) ချက်ကိုသာ ဂရုစိုက်ပြင်ဆင်ဖို အကြံပြုချင်ပါတယ်။
၁။ ပိုက်ဆံထက် အလေ့အကျင့်ကောင်းကိုပဲ အာရုံစိုက်ပါ
"ပိုက်ဆံရဖို၊ အမြတ်ထုတ်ဖို" ကိုပဲ အမြဲတွေးနေရင် လောဘတက်ပြီး မလိုအပ်ဘဲ Trade တာတွေ၊ Risk Management မလုပ်တာတွေ ဖြစ်လာတတ်တယ်။ အဲဒါက အကျင့်ဆိုးတွေကို ဖြစ်စေပြီး နောက်ဆုံးမှာ ရထားတဲ့အမြတ်တွေပါ အကုန်ပြန်ပါသွားနိုင်တယ်။ ဒါကြောင့် ငွေရဖိုထက် Risk Management မှန်ဖိုနဲ့ စည်းကမ်းရှိဖို (Proper position sizing) ကိုပဲ နေ့တိုင်း အာရုံစိုက်ပါ။ အလေ့အကျင့်ကောင်းရင် စိုးရိမ်စိတ်တွေ လျော့သွားပြီး ပိုက်ဆံက နောက်ကနေ လိုက်လာပါလိမ့်မယ်။
၂။ ကိုယ့် Setup ကိုယ် အသေအချာသိပါစေ
Trader အသစ်အများစုက နေ့တိုင်း Setup အသစ်တွေ၊ Strategy အသစ်တွေ လိုက်ရှာနေတတ်ကြတယ်။ အဲဒီလိုလုပ်မယ့်အစား Strategy တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး အဲဒီအကွက်က ဘယ်လိုဈေးကွက်မျိုးမှာ အလုပ်လုပ်လဲ၊ ဘယ်အချိန်မှာ အလုပ်မလုပ်ဘူးလဲဆိုတာ သိအောင်လုပ်ပါ။ ဈေးကွက်က ပေးသမျှကို လိုက်ယူဖို မကြိုးစားပါနဲ့၊ ကိုယ်ယုံကြည်မှုအရှိဆုံး အကွက်မျိုးကိုပဲ စောင့်ပြီး Trade ပါ။
၃။ စိတ်လှုပ်ရှားမှုကို သိအောင်လုပ်ပြီး ထိန်းချုပ်ပါ
ရှုးသွားလို စိတ်တိုပြီး ပြန်ရလိုစိတ်နဲ့ Revenge Trade လုပ်တာမျိုးက အကောင့်ကို ပျက်စီးစေတဲ့ အဓိကအချက်ပဲ။ စိတ်ထဲမှာ မတည်မငြိမ်ဖြစ်လာပြီဆိုရင် ကွန်ပျူတာရှေ့ကနေ ထွက်သွားနိုင်တဲ့ စည်းကမ်း (Self-control) ရှိရမယ်။ အမှားတွေ၊ အရှုးတွေကို သင်ခန်းစာယူပြီး ကိုယ့်ကိုယ်ကိုယ် ပြင်နိုင်မှ တိုးတက်လာမှာပါ။
၄။ ဈေးကွက်အခြေအနေကို နားလည်အောင်လုပ်ပါ
ဈေးကွက်က အမြဲပြောင်းလဲနေတာ။ Strategy တိုင်းက အခြေအနေတိုင်းမှာ အလုပ်မလုပ်ဘူး။ ဒါကြောင့် သတင်းရှိတဲ့ရက်တွေ (ဥပမာ FOMC, CPI, NFP ရက်တွေ) မှာ ကိုယ့် Strategy က ဘယ်လိုဖြစ်တတ်လဲဆိုတာ Journal ရေးပြီး လေ့လာထားပါ။ ကိုယ့်အတွက် အခွင့်အရေး အသာဆုံး အခြေအနေမျိုးမှာပဲ Trade ဖို လိုပါတယ်။
၅။ ဒီခရီးလမ်းကို ပျော်အောင်ဖြတ်သန်းပြီး ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပါ
Trading က ခက်ခဲတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် အရှုးအနိုင်တိုင်းအတွက် ကိုယ်တိုင်တာဝန်ယူရမယ်။ အရှုးဆိုတာ ဒီဂိမ်းရဲ့ အစိတ်အပိုင်းတစ်ခုပဲလို လက်ခံလိုက်ပါ (Best loser ဖြစ်အောင်လုပ်ပါ)။ နောက်ပြီး YouTube ကြည့်တာ၊ စာအုပ်ဖတ်တာထက် ဈေးကွက်ထဲက Price Action ကို ကိုယ်တိုင်စောင့်ကြည့်ပြီး အတွေ့အကြုံယူတာက အထိရောက်ဆုံး သင်ယူနည်းပဲ ဖြစ်ပါတယ်။
Zi Hou (Unfiltered Trader)
LTI - Gold, Forex & Crypto
17/03/2024
XAUUSD(Gold) Update
XAUUSD(Gold) ဟာ H1 Chart မှာ တွေ့မြင်လာရတဲ့ Market ပုံစံတစ်ခု အရ
လာမယ့် အပတ်စျေးကွက်ဖွင့်ချိန် မှာတော့ 2151 Zone ကိုမူတည်ပြီး မြှားပြထားသလို ပုံစံနှစ်မျိုး ဖြစ်လာနိုင်ပါတယ်။
2151 level ကနေ Bullish ဖြစ်လာပြီး ပြန်တက်သွားနိုင်သလို 2151 အောက်ကို ဆက် Bearish ဖြစ်ခဲ့ရင်လည်း နောက်ထပ် 2122 လောက်ထိ အနီးဆုံး ဆက်ကျသွားနိုင်တာကို တွေ့ရပါတယ်။
BOF
မှတ်ချက်။ ။ ရင်းနှီးမြုတ်နှံမှု (သို့) Trade ပြုလုပ်ရန် အကြံပေးမဟုတ်ပါ။ အတွေ့အကြုံရှိသော Forex Trader များနှင့် လေ့လာနေသူများ အတွက် လေ့လာနိုင်ရန်သာ တင်ခြင်းဖြစ်သည်။
10/03/2024
XAUUSD(Gold) ဟာ H1 Chart မှာ တွေ့မြင်ရတဲ့ Market ပုံစံတစ်ခု အရ
လာမယ့် အပတ်မှာလည်း Bullish ဆက်ဖြစ်ပြီး ဆက်တက်နိုင်တဲ့ အလားအလာမှာပဲ ရှိနေပါသေးတယ်။
ရှေ့မှာလည်း 7ရက်လောက်ဆက်တိုက် အတက်အားကောင်းခဲ့ပေမယ့် လက်ရှိဖြစ်ပေါ်နေဆဲ Bullish Trend အရ Price ဟာ မြှားပြထားတဲ့ပုံစံတွေ အတိုင်း ဆက် သွားနိုင်သေးသလို Target အနေနဲ့ကတော့ History Data ကောက်ဖို့ သိပ် မရှိပါဘူး။
BOF
မှတ်ချက်။ ။ ရင်းနှီးမြုတ်နှံမှု (သို့) Trade ပြုလုပ်ရန် အကြံပေးမဟုတ်ပါ။ အတွေ့အကြုံရှိသော Forex Trader များနှင့် လေ့လာနေသူများ အတွက် လေ့လာနိုင်ရန်သာ တင်ခြင်းဖြစ်သည်။
10/03/2024
အားလုံးကို ပြောစရာ တစ်ခုရှိပါတယ် ခင်ဗျာ။
ဒီ Weltrade FBM Page ဟာ Weltrade Broker ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်မိတ်ဆက်ပေးခဲ့တဲ့ Page ဖြစ်ပါတယ်။
မြန်မာ Forex Trader တွေအတွက် Myanmar Region ကို Accept လုပ်ပေးတဲ့ Foreign Broker ကောင်း တစ်ခုခု လိုအပ်လာတဲ့ကာလမှာ Admin အနေနဲ့ လက်ရှိအချိန်နဲ့ အသင့်တော်ဆုံးဖြစ်မယ့် အရာကို ချပြပေးခဲ့တာဖြစ်ပါတယ်။
အားလုံးသိထားသင့်တာတစ်ခု ကတော့ ဒီ Weltrade Broker ဟာ Foreign Broker တစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ Branch အခွဲ လုံးဝမရှိပါဘူး ခင်ဗျာ။
ငွေသွင်း/ထုတ်လုပ်တဲ့ အခါမှာလည်း ကြားခံမလိုအပ်ပါဘူး။ မြန်မာကနေဆိုရင် ကိုယ်တိုင် USDT(Crypto) or Perfect Money တို့နဲ့ပဲ တိုက်ရိုက် ပြုလုပ်ရတဲ့ Broker မျိုးသာ ဖြစ်ပါတယ်။
အားလုံးအတွက် တကယ်လိုအပ်လာတဲ့အချိန်မှာ (Scalping နဲ့ Day Trading အတွက်လည်း အကောင်းဆုံးဖြစ်မယ့်) အခုလို Broker လေး တစ်ခုကို ခိုင်ခိုင်မာမာ ရေရှည်နဲ့လည်းကိုက်ညီစွာ အသုံးပြုနိုင်တာကို စတင်ချပြပေးနိုင်ဖို့အတွက်.....
Broker ပိုင်းနဲ့ပတ်သက်တဲ့ သိရမယ့်အကြောင်းအရာတွေ၊ ဒီ Broker နဲ့ အချိန်ကြာကြာ Trade ခဲ့ဖူးတဲ့အချိန်တွေ၊ ကိုယ်တိုင်လက်တွေ့ စစ်ဆေးစမ်းသပ် ခဲ့ရ (အချိန်ယူခဲ့ရတဲ့) အပိုင်းတွေနဲ့ Admin ရဲ့ အတွေအကြုံတွေ အများကြီး ပေါင်းစပ်ခဲ့ရတာပါ။
အဲဒီလို မလွယ်ကူတဲ့ လမ်းသစ်ဖောက်ရတဲ့ အရင်းအနှီးတွေနဲ့အတူ Forex Trading ပြုလုပ်ရာမှာ Broker ပိုင်းကို မြန်မာ Trader တွေအားလုံး စိတ်ချမ်းသာစွာအသုံးပြုနိုင်စေဖို့ဆိုတဲ့ စေတနာဖြင့်သာ ကြိုးစားပေးပြီး ပြန်ချပြခဲ့တာပဲ ဖြစ်ပါတယ်။
Admin အနေနဲ့ ဒီ Weltrade Broker ရဲ့ အကြောင်းကို မြန်မာ Trader အများကြားမှာ သိလာကြရပြီး အသုံးပြုနိုင်လာကြအောင် အဆင့်ဆင့်မျှဝေပေးခဲ့ရတာတွေကလည်း အစပိုင်းမှာ လွယ်ကူလွန်းခဲ့တာတော့ မဟုတ်ပါဘူး ခင်ဗျာ။
(လက်ရှိအချိန်မှာတော့ ဒီ Broker ရဲ့ အဆင်ပြေတဲ့အပိုင်းနဲ့ Tradeလို့ ကောင်းမွန်တာလေးတွေ တစ်စတစ်စ လက်တွေ့လည်း သိသိလာကြပြီး မြန်မာ Trader တွေ တော်တော်များများ အသုံးပြုနေကြပါပြီ)
အခုနောက်ပိုင်း ပိုလွယ်ကူ အဆင်သင့်ချိန်ဖြစ်လာမှသာ ဒီ Weltrade Broker ကို IB=Broker မိတ်ဆက်သူ အနေနဲ့ လိုက်လုပ်လာကြသူတွေကလည်း အများအပြား ရှိလာတာပါ။
တစ်ချို့က တကယ်တမ်း လက်ရှိ Myanmar က Forex Trader တွေ ကို Broker ပိုင်း ပိုအဆင်ပြေစေဖို့ ကူညီချင်တာမျိုးအဓိက မဟုတ်ပဲ Trading မှာ သိပ်နားမလည်သေးတဲ့ သူတွေကို ပဲ Target ထားပြီး Weltrade မှာ မြန်မြန် Account တွေ ဖွင့်ဖြစ်ပြီး ငွေတွေများများထည့်ဖြစ်စေရန် လောဘတက်အောင် လုပ်ပြ/ဆွယ်ပြပြီး (Refer များများရဖို့သပ်သပ်) IB လုပ်လာသူတွေလည်း ရှိလာပါတယ်။
အခုလို တစ်ချို့အကြောင်းအရာလေးတွေကို လူတိုင်း သိနားလည်ထား စေချင်ရုံသပ်သပ်ပါ ခင်ဗျာ။ နားလည်ထားရင်တော့ အကျိုးတစ်စုံတစ်ရာရှိပြီး အားလုံးအတွက် ပိုကောင်းမယ်လို့ မြင်လို့ပါ။ တစ်ချို့အရာတွေကလည်း အတွေ့အကြုံရှိတဲ့ Forex Trader မှန်ရင် သိနားလည်ပြီးသားတွေလို့တော့ ထင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
တကယ်လို့ ဒီ Weltrade Broker ကိုအသုံးပြုချင်လို့ အခုမှ Register အသစ်လုပ်မယ့်သူတွေကတော့ (or) play store > weltrade mobile app ကနေ Register/Sign up ပြုလုပ်တဲ့အခါ Partner code (optional) ရဲ့ အောက်က Partner code အကွက်မှာ.....
ကျွန်တော်တို့ရဲ့ မြန်မာ Code ဖြစ်တဲ့ 👉 CX43707 ကို ထည့်ပေးဖို့လည်း တောင်းဆိုချင်ပါတယ် ခင်ဗျာ။
အဲဒါမှသာ မြန်မာ Trader တွေအတွက် Broker အသုံးပြုရင်း အခက်ခဲတစ်ခုခုကြုံလာလို့ အကူညီလိုတာရှိခဲ့ရင် Admin အနေနဲ့ ပိုပြီးတော့ အလွယ်တကူ ကူညီဖြေရှင်း ပေးနိုင်စေရန်ပဲ ဖြစ်ပါတယ်။
အားလုံးပဲ အနာဂတ်အတွက် ဖြစ်ချင်တဲ့အရာတွေကို အောင်မြင်အောင်လုပ်နေကြတာနဲ့အတူပဲ ဖြစ်သင့်တာတွေနဲ့လည်း Rise up together ကြရအောင်လား ခင်ဗျာ။
Weltrade FBM
12/11/2023
XAUUSD(Gold) ဟာ H1 Chart မှာ ဖြစ်ပေါ်နေတဲ့ Market ပုံစံ တစ်ခုအရ လာမယ့် Market ဖွင့်ချိန်မှာလည်း Bearish ဆက်ဖြစ်နိုင်ပြီးတော့ ရက်အနည်းငယ် စျေးဆက်လက်ကျဆင်းနိုင်တဲ့ အလားအလာရှိနေပါသေးတယ်။
Price ဟာ မြှားပြထားတဲ့ပုံစံအတိုင်း သွားနိုင်သလို Target အနေနဲ့ကတော့ 1915 လောက်ထိ အနည်းဆုံးဖြစ်နိုင်ပါတယ်။
BOF
မှတ်ချက်။ ။ ရင်းနှီးမြုတ်နှံမှု (သို့) Trade ပြုလုပ်ရန် အကြံပေးမဟုတ်ပါ။ အတွေ့အကြုံရှိသော Forex Trader များနှင့် လေ့လာနေသူများ အတွက် လေ့လာနိုင်ရန်သာ တင်ခြင်းဖြစ်သည်။
21/10/2023
XAUUSD(Gold) ဟာ H1 Chart မှာ ဖြစ်ပေါ်နေတဲ့ Market ပုံစံ တစ်ခုအရ လာမယ့် အပတ်မှာ Bearish အနည်းငယ် ပြန်ဖြစ်လာနိုင်ပြီးတော့ ပြထားတဲ့အတိုင်း မြှားတစ်ခုစာလောက် စျေးကျဆင်းနိုင်တဲ့ အလားအလာရှိနေပါတယ်။
ပြထားသလို Uptrend Line ကနေ ပြန်တက်သွားအုံးမလား? Uptrend Line ကိုဖောက်ပြီး ဆက်ကျဆင်းအုံးမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
BOF
မှတ်ချက်။ ။ ရင်းနှီးမြုတ်နှံမှု (သို့) Trade ပြုလုပ်ရန် အကြံပေးမဟုတ်ပါ။ အတွေ့အကြုံရှိသော Forex Trader များနှင့် လေ့လာနေသူများ အတွက် လေ့လာနိုင်ရန်သာ တင်ခြင်းဖြစ်သည်။
08/10/2023
Gold (XAUUSD) ဟာ 30Min Chart မှာ ဖြစ်ပေါ်နေတဲ့ Market ပုံစံအရ ရက်အနည်းငယ် Bullish ဖြစ်လာနိုင်ပြီးတော့ လာမယ့်အပတ်မှာ မြှားပြထားတဲ့ပုံစံအတိုင်း စျေးတက်သွားနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
Target အနေနဲ့ ကတော့ 1856 Level လောက်အထိသွားနိုင်ပြီးတော့ လက်ရှိစျေးတန်းရဲ့အောက် 1811 Level ဟာလည်း ပြန်လာနိုင်သေးတဲ့ Zone တစ်ခု အဖြစ် ရှိနေပါတယ်။
မှတ်ချက်။ ။ ရင်းနှီးမြုတ်နှံမှု (သို့) Trade ပြုလုပ်ရန် အကြံပေးမဟုတ်ပါ။ အတွေ့အကြုံရှိသော Forex Trader များနှင့် လေ့လာနေသူများ အတွက် လေ့လာနိုင်ရန်သာ တင်ခြင်းဖြစ်သည်။
14/09/2023
Gold (XAUUSD) ဟာ 30Min Chart မှာ ဖြစ်ပေါ်နေတဲ့ Market ပုံစံအရ Channel တစ်ခု ဖြစ်ပေါ် နေပြီးတော့ အခုချိန်ကနေ လာမယ့်မနက်ဖြန်သောကြာနေ့တစ်နေ့တာ အတွင်းလောက်အထိ ပြထားတဲ့မြှားပုံစံအတိုင်း စျေးဆက်ကျသွားနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
မှတ်ချက်။ ။ ရင်းနှီးမြုတ်နှံမှု (သို့) Trade ပြုလုပ်ရန် အကြံပေးမဟုတ်ပါ။ အတွေ့အကြုံရှိသော Forex Trader များနှင့် လေ့လာနေသူများ အတွက် လေ့လာနိုင်ရန်သာ တင်ခြင်းဖြစ်သည်။