BearBull Forex -Money Freedom

BearBull Forex -Money Freedom

Share

Business Consultant

Photos from BearBull Forex -Money Freedom's post 10/10/2022

အားလုံးပဲမင်္ဂလာပါခင်ဗျ..🤗🤗🤗

👨‍💼 ယနေ့အတွက် XAUUSD အဖွင့်စျေးလေးကတော့ 1694 ဖြစ်ပါတယ်ခင်ဗျ..

အမြင့်ဆုံးရောက်ရှိခဲ့တဲ့စျေးတန်းကတော့ 1699 ဖြစ်ပါတယ်ခင်ဗျ..

အနိမ့်ဆုံးရောက်ရှိခဲ့တဲ့စျေးတနိးကတော့ 1677 ဖြစ်ပါတယ်ခင်ဗျ..

📊 Technicial Analysis အရဆိုရင်တော့ D1 Time frame မှာ Down Trend ကို ဖောက်ခဲ့ပြီးတော့ တစ်ပတ်တာအမြင့်ဆုံးစျေးတန်း 1729 အထိရောက်ရှိခဲ့ပါတယ်ခင်ဗျ..

📊 အခုလက်ရှိစျေးတန်းအနေအထားအရဆိုရင် Test လုပ်နေတဲ့သဘောမှာတွေ့နေရပါတယ်ခင်ဗျ...

🔹 Trend နောက်လိုက်တဲ့ မိတ်ဆွေတွေအနေနဲ့ကတော့ Market Condition ကိုဆက်လက်စောင့်ကြည့်ပြီး Trend ဖြစ်ပြီဆိုမှသာ အဝယ်လိုက်ဖို့အကြံပြုချင်ပါတယ်ခင်ဗျ..

👨‍💼 ကျွန်တော်ကတော့ အဝယ်ကြိုက်တယ်...📈

🤗 မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်လေးများကိုလည်း comment တွင်ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျ...

နောက်ပိုင်းတွင် Forex သင်တန်းများကိုလည်းအထူးစျေးနှုန်းဖြင့် သင်ကြားနိုင်မဲ့အခွင့်အရေးတွေကိုလည်း ကျွန်တော့်ရဲ့ page Chat Box တွင်လာရောက်စုံစမ်းမေးမြန်းနိုင်သလို ဖုန်းဖြင့်လည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ...

☎ ဆက်သွယစုံစမ်းရန် - 09793210989
(FX Consultant)
#09793210989



04/10/2022

အားလုံးပဲမင်္ဂလာပါခင်ဗျ..😊😊😊

📣 Down Trend ကတော့ break out ဖြစ်သွားပါပြီခင်ဗျ..

🔷 Prepare for the new Up Trend...

အခုလောလောဆယ်မှာတော့ Resistance Zone ဖြစ်တဲ့ 1719 ကိုဖောက်နိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျ..

📈 Up trend တစ်ခုဖြစ်ဖို့ဆိုရင်တော့ Higher High ဖြစ်ပြီးတော့ Lower High တစ်ခုကိုပြန်ဆင်းပြီး Higher High ပြန်ဖြစ်သွားမှသာလျှင် Trend တစ်ခုစတင်ပုံပေါ်မှာဖြစ်တဲ့အတွက် Trend confirmation လေးတော့ တစ်ချက်စောင့်ကြည့်ဖို့လိုမယ်ခင်ဗျ...

🛑 ဘာလို့စောင့်ကြည့်ဖို့လိုမလဲဆိုရင် Trend မဖြစ်ပဲ Ranging Market ဖြစ်တဲ့ Side way ကြီးဖြစ်သွားမှာစိုးလို့ပါခင်ဗျ...

👨‍💼 မိတ်ဆွေတို့အားလုံးအရောင်းအဝယ်အဆင်ပြေကြပါစေခင်ဗျ...

🙋‍♂️ မိတ်ဆွေတို့အနေနဲ့ Forex အကြောင်းစုံစမ်းမေးမြန်းလိုပါက ကျွန်တော့်ရဲ့ Page chat Box ကနေတစ်ဆင့်စုံစမ်းမေးမြန်းနိုင်သလို ဖုန်းနဲ့လည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ...

☎ ဆက်သွယ်စုံစမ်းရန် - 09793210989

29/09/2022

📣 ဒီနေ့ညမှာထွက်ရှိမယ့် သတင်းကတော့ အမေရိကန်နိုင်ငံစီးပွားရေးသတင်းဖြစ်တဲ့ GDP သတင်းထွက်ဖို့ရှိပါတယ်ခင်ဗျ...

📊 GDP ( Gross Domestic Product) ဆိုတာကတော့ ပြည်တွင်းအသားတင်ထုတ်ကုန်ရဲ့ကူသန်းရောင်းဝယ်မှု အပေါ် သုံစွဲခဲ့တဲ့ ငွေကြေးသုံးစွဲမှုကို တိုင်းတာပြီးဖော်ပြတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျ...

📋 GDP rate အတက်အကျတွေက နိုင်ငံရဲ့စီးပွားရေးအခြေအနေကိုဖော်ပြနေတဲ့အတွက်ကြောင့်...

▪ GDP rate မြင့်တက်လေ နိုင်ငံရဲ့စီးပွားရေးလည်ပတ်မှုအားကောင်းလေဖြစ်ပြီး၊
▪ GDP rate ကျဆင်းလေ နိုင်ငံရဲ့စီးပွားရေးလည်ပတ်မှုနှောင့်နှေးစေတဲ့အတွက် အလုပ်လက်မဲ့လူဦးရေကို မြင့်တက်စေမှာပဲဖြစ်ပါတယ်ခင်ဗျ...

❗ GDP rate အတက်အကျသည် စျေးကွက်အပေါ်တွင်အကျိုးသက်ရောက်မှုရှိနိုင်တဲ့အတွက် Order ဝင်ထားသောမိတ်ဆွေများအနေနဲ့ အထူးဂရုပြုကြပါလို့အကြံပြုလိုပါတယ်ခင်ဗျ..

👨‍💼 ကျွန်တော်လေ့လာမိသလောက်လေး Knowledge Sharing လေးလုပ်ပေူခြင်းဖြစ်ပါတယ်ခင်ဗျ...

📊 Forex အကြောင်းကိုပိုမိုလေ့လာချင်တယ်ဆိုရင်တော့ page chat box တွင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ.

Tele No. 0979321989 ကိုဆက်သွယ်ပြီးတော့လည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

အားလုံးပဲအမြတ်များများကိုရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ🤗🤗

-☎ ဆက်သွယ်စုံစမ်းရန်- 09793210989
(FX Consultant)

Photos from BearBull Forex -Money Freedom's post 28/09/2022

Going to the Moon??😅😅

Photos from BearBull Forex -Money Freedom's post 27/09/2022

အားလုဲးပဲမင်္ဂလာပါခင်ဗျ...🤗🤗🤗

👨‍💼 ကျွန်တော်ဒီနေ့ပြောပြပေးသွားမဲ့အကြောင်းလေးကတော့ SWAP အကြောင်းလေးပဲ ဖြစ်ပါတယ်ခင်ဗျ။ Trader တစ်ယောက်အနေနဲ့သိသင့်တဲ့ အခြေခံ Knowledge လေးတစ်ခုပဲဖြစ်ပါတယ်ခင်ဗျ..

🔸 Swap ဆိုတာဘာလဲ ❓
🔸 ဘာကြောင့် Swap အကြောင်းကိုသိဖို့လိုအပ်ရတာလဲ❓ ဆိုတာတွေကို လေ့လာမိသလောက်လေးပြန်လည်မျှဝေပေးချင်ပါတယ်ခင်ဗျ...

📊 ကျွန်တော်တို့ Forex Trader တစ်ယောက်မှာ Trading လုပ်မယ်ဆိုရင် အခြေခံကုန်ကျစရိတ် (၂)မျိုးရှိပါတယ်ခင်ဗျ။..အဲ့ဒါတွေကတော့...
▪ Spread
▪ Swap တို့ပဲဖြစ်ပါတယ်ခင်ဗျ...

◾ Spread ဆိုတာကတော့ မိတ်ဆွေတို့အဝယ်အရောင်းလုပ်တဲ့ currency pair တစ်ခုရဲ့ ရောင်းစျေးနဲ့ ဝယ်စျေးကြားကအဟလေးကို Spread လို့ခေါ်ပါတယ်ခင်ဗျ။

◾ Swap ဆိုတာကတော့ မိတ်ဆွေတို့အရောင်းအဝယ်လုပ်တဲ့အခါ Order တင်လိုက်တာနဲ့ပေးရတဲ့ကုန်ကျစရိတ်မျိုးမဟုတ်ပါဘူးခင်ဗျ။ တစ်ညထက်ပိုပြီး Order ကို Over Night Holding လုပ်ထားမှသာလျှင် ညသိပ်ခအနေနဲ့ပေးရတဲ့ ကုန်ကျစရိတ်မျိုးပဲဖြစ်ပါတယ်ခင်ဗျ...

👨‍💼 Swap (၂)မျိုးရှိပါတယ်ခင်ဗျ...
▪Positive Swap
▪Negative Swap

🙅‍♂️ Swap သည်အမြဲတမ်းမိမိဘက်ကပေးရတဲ့ Negative Swap မဟုတ်ပါဘူးခင်ဗျ။ မိမိဘက်ကပြန်ရတဲ့ Positive Swap လည်းရှိပါတယ်ခင်ဗျ...

🤔 ဘာလို့ Swap မှာ Positive နဲ့ Negative ဆိုပြီးရှိနေရတာလဲ ❓

"Every Central Bank around the world has an Interest rate."

👨‍💼 ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတစ်ခုချင်းစီမှာ Central Bank အသီးသီးရှိကြပါတယ်ခင်ဗျ..

💸 ကျွန်တော်တို့အရောင်းအဝယ်လုပ်လိုက်တဲ့ Currency Pair တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ Central Bank တွေနဲ့ သူတို့ရဲ့ မတူညီတဲ့ interest rate တွေကိုယ်စီရှိကြပါတယ်ခင်ဗျ...

ဥပမာ။ ။ USDJPY ဆိုတဲ့ currency pair မှာဆိုရင် USD ဘက်မှာလည်း Central Bank ရှိသလို သူ့ရဲ့ကိုယ်ပိုင် interest rate လည်းရှိပါတယ်ခင်ဗျ။ JPY ဘက်မှာလည်းထို့နည်းအတူပါပဲခင်ဗျ..

👨‍💼 Positive Swap နဲ့ Negative Swap ကဘယ်လိုရတာလဲ ❓

◾ Swap (၂)မျိုးရှိပါတယ်ခင်ဗျ...
▪Swap Long (Buy)
▪Swap Short (Sell)

🔹 Swap Long ဆိုတာကတော့ တစ်နည်းအားးဖြင့် Buy လုပ်တယ်လို့ဆိုလိုတာပါ။ USDJPY currency pair မှာဆိုရင် USD ကိုယူထားပြီး JPY ကိုပေးထားတဲ့သဘောပါပဲခင်ဗျ...

🔹 Swap Short ဆိုတာကတော့ တစ်နည်းအားဖြင့် Sell လုပ်တယ်လို့ဆိုလိုတာပါ။ USDJPY currency pair မှာဆိုရင် USD ကိုပေးပြီးတော့ JPY ကိုယူထားတဲ့သဘောပါပဲခင်ဗျ...

👨‍💼 Meta Trader ထဲမှာဘယ်လိုကြည့်လို့ရတယ်ဆိုတာကို အောက်မှာပုံနဲ့တကွပြထားပေးပါတယ်ခင်ဗျ..

👨‍💼 ဘယ်လို Swap ကိုတွက်ချက်ရတာလဲဆိုတာကိုပုံနဲ့တကွရှင်းပြပေးထားပါတယ်ခင်ဗျ...

👨‍💼 Forex အကြောင်းကိုပိုမိုလေ့လာချင်တယ်ဆိုရင်တော့ page chat box တွင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ.

Tele No. 0979321989 ကိုဆက်သွယ်ပြီးတော့လည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

-☎ ဆက်သွယ်စုံစမ်းရန်- 09793210989
(FX Consultant)
#09793210989



24/09/2022

သူများနဲ့ကိုယ်နဲ့ မတူစေနဲ့ 💙
........................................

• သူများအိပ်တဲ့အခါ
📖ကိုယ်က လေ့လာပါ ~~~

•• သူများ တွေဝေနေတဲ့အခါ
📖ကိုယ်က ဆုံးဖြတ်ပါ ~~~

•• သူများ လေထဲ တိုက်ဆောက်နေတဲ့အခါ
📖ကိုယ်က ပြင်ဆင်ပါ ~~~

•• သူများ အချိန်ဆွဲနေတဲ့အခါ
📖ကိုယ်က စတင်ပါ ~~~

•• သူများ ဆုတောင်းနေတဲ့အခါ
📖ကိုယ်က လက်တွေ့လုပ်ပါ ~~~

•• သူများ ဖြုန်းနေတဲ့အခါ
📖ကိုယ်က စုပါ ~~~

•• သူများပြောနေတဲ့အခါ
📖ကိုယ်က နားထောင်ပါ ~~~

•• သူများမျက်နှာကြောတင်းနေတဲ့အခါ
ကိုယ်က ပြုံးပါ ~~~

•• သူများရပ်လိုက်တဲ့အခါ
📖ကိုယ်က ဇွဲရှိပါ ~~~

👉.. မဖြုန်းသင့်သည့်အရာ ( ၃ ) ပါး
👉.. ငွေကို ဖြန်းလျှင် .....
👉.. ဥစ္စာကို ဆုံးရှုံးရတတ်သည် ....''

👉.. စကားကို ဖြုန်းလျှင်
👉.. သိက္ခာကို ဆုံးရှုံးရတတ်သည် .... ''

👉.. အချိန်ကို ဖြန်းလျှင်
👉.. ဘဝကို ဆုံးရှုံးရတတ်သည် ....... ''



ဗဟုသုတ စာပေလေးများကို
ဖတ်ဖို့ဖိတ်ခေါပါတယ်။

21/09/2022

💪🏻🌻motivational 🌻💪🏻

🧠💸 If you cannot control your emotions, you cannot control your money.

📊Trading လုပ်တယ်ဆိုတာ မလွယ်ပါဘူး။ အဲ့ဒီ ပညာကို ကျွန်​တော်တို့မြန်မြန်ဆန်ဆန် သင်ယူခဲ့တယ်။ ဒါပေမယ့် သတိပြုပါ။ 🏆အောင်မြင်မှုဆိုတာ အထီးကျန်ဆန်တဲ့ လမ်းတခုပါ။
🏆ထိုက်တန်တဲ့ အောင်မြင်မှုက ခက်ခဲကြမ်းတမ်းပါတယ် ။ 📊Trading လုပ်ခြင်းရဲ့ တစ်ခုတည်းသော ထူးြခားမှုက စိတ်ကူး အိမ်မက်တွေကို အချိန်ကြာ မြင့်စွာ ထုတ်ရောင်းနေတာ ဖြစ်တယ် ။

📊Traing ဆိုတာ ညတွင်းချင်း အကျိုးအမြတ် ရတဲ့ အရာမဟုတ်ပါဘူး ။ ကြိုစား အားထုတ်မှု၊ ပေးဆပ်မှု၊ ဇွဲလုံ့လ တွေရှိဖို့ လိုပါတယ်။ အလိမ်အညာ အရောင်းအဝယ် သမားတွေရဲ့ အကျိုးအမြတ် မြန်မြန် ရမယ့် နည်းစနစ်တွေ ဆိုတဲ့ စကားကို နားမယောင်ပါနဲ့။ အဲ့တာက မှားယွင်း တဲ့ နားလည်သဘောပေါက်မှု တွေပါ။

☝️📊ဘယ်အရာတွေက 🅖🅡🅔🅐🅣 🅣🅡🅐🅓🅔🅡 တစ်ယောက် ​ဖြစ်စေတာလဲဆိုရင် -

◾ စိတ်ဓာတ် ကြံခိုင်မှု ၊ ဆုံး​ဖြတ်ချက် ခိုင်မာ တဲ့သူပါ။

◾ ရေတို (Short Term )အတွက် အနိုင်ရဖို့လောက်ပဲ မကြာခဏ ရှာဖွေနေမယ့် သူထက် ရေရှည် အကျိုးအမြတ် (Long Term ) ကို အာရုံစိုက်တဲ့သူပါ။

◾ ကိုယ့်ဘဝမှာ ဘာလိုချင်တာလဲ ဆိုတာသိပြီး အဲ့ဒီအရာအတွက် အလုပ်လုပ်ဖို့ ရဲ့ဝံ့တဲ့သူပါ။

⌚နာရီပေါင်းများစွာ အထီးကျန် မှု၊ တစ်ယောက်တည်း လုပ်ကိုင်ခြင်း ၊ တခါတလေ ဘာမှ လက်ဆုပ်လက်ကိုင် မပြနိုင်မှု ၊ အဲ့တာတွေကို ခံနိုင်ရည် ရှိတဲ့ သူတွေပါ။

📊 🅃🅁🄰🄳🄸🄽🄶 လုပ်ခဲ့တဲ့ လုပ်ဆောင်ချက် တွေက စိုးရိမ် စရာကောင်းပေမယ့် အိပ်ယာဝင်ပီး နောက်နေ့တွေမာ မျှော်လင့်ချက် အပြည့်နဲ့ လုပ်ငန်းပြန်စနိုင်တဲ့သူတွေပါ။

😬😩လက်တွေ့ဘဝကို ထိခိုက်မှု ရှိလာတဲ့အခါ 𝙏𝙍𝘼𝘿𝙀𝙍 တော်တော်များများ လက်လျှော့သွားကြ တာကိုမြင်ဖူးကြမှာပါ။ စိတ်အားထက်သန်မှု၊ခိုင်မြဲတဲ့ ယုံကြည်စိတ်ချမှု တွေနဲ့ဆိုရင် အဲ့ဒီအတားဆီးတွေကို ကျွန်မတို့ အားလုံး ြဖတ်ကျော်နိုင်ပါတယ်။ တချို့သော 𝙏𝙍𝘼𝘿𝙀𝙍တွေရဲ့အောင်မြင်မှုကို အဆုံးသတ်လိုက် ကြတဲ့တစ်ခုတည်းအ‌ေြကာင်းအရင်း က တကြိမ်တခါ ခက်ခဲမှုတစ်ခု ကြုံလိုက်တာနဲ့ လက်လျှော့လိုက် ကြတာပါပဲ။

📊𝕋ℝ𝔸𝔻𝕀ℕ𝔾 လုပ်တာနဲ့ ပတ်သတ်ပီး လူတွေကအမျိုးမျိုးပြောကြ ‌ပါလိမ့်မယ်။ အဲ့တာတွေက ရိုက်စားပါ ၊လောင်းကစားတွေပါဆိုပီးတော့ ပေါ့။ အဲ့တာက 𝙏𝙍𝘼𝘿𝙀𝙍 အသင်းအဖွဲ့ တွေအတွက်ပါကွာ ၊ အဲ့ဒါလုပ်ဖို့ ငွေများများ ရင်းနှီး နိုင်မှ ြဖစ်မယ် ဆိုပီး ‌ပြောကြပါလိမ့်မယ်။

😒ထပ်မေးပါမယ် ဒီလုပ်ငန်းကလွယ်တယ်လို့ ဘယ်သူ‌ပြောတာလဲ။ ဘယ်လုပ်ငန်းမှာမဆို 🅟🅡🅞🅕🅔🅢🅢🅘🅞🅝🅐🅘 တစ်ယောက် ဖြစ်ဖို့ဆိုတာ အချိန်ကြာမြှင့်စွာ ကြိုစားအားထုတ်မှု လိုအပ်ပါတယ် ။

📊☝️ 𝙏𝙍𝘼𝘿𝙄𝙉𝙂 လုပ်တာလည်း အတူတူပါပဲ ပိုပီးနားလည်ဖို့တောင်လိုအပ်ပါသေးတယ်။ အခု‌ပြောပြနေတဲ့အရာတွေက နေ့စဉ် နဲ့အမျှ ဒေါ်လာ
ထရီလီယံချီ အရောင်းအဝယ်ဖြစ်နေတဲ့ စျေးကွက် တစ်ခု အ‌ကြောင်းပါ။ သင်က 𝟗𝟎% သော 🆃🆁🅰🅳🅴🆁 တွေထက် ပိုကြိုစား ချင်တဲ့ ဆန္ဒ ရှိရင် အဲ့စျေးကွက်ကြီး ထဲက တစ်စိတ်တစ်ပိုင်းကို ကိုယ့်အတွက်ဖန်တီးယူနိုင်ပါတယ်။ သေးငယ်တဲ့မဖြစ်စလောက် အရာလေးကနေအစပြု ပီး ကိန်းဂဏန်း တွေကို လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အနေအထားရောက်အောင် ‌ပြောင်းလဲလိုက်ပါ။ အဲ့တာကသင့်ကိုယ်သင် ပြုစုဖို့အရည်အသွေး နဲ့ ပိုကောင်းမွန်တဲ့ဘဝနဲ့ နီးစပ်စေမှာပါ။

☝️💥ဒါပေမယ့် ခက်ခဲတဲ့ အ‌ခြေအနေမှာ ကိုယ်ကဘာတွေလုပ်ရမယ် ဆိုတာ သေချာပေါက် သိထားပါ။ ကမ္ဘာ့စီးပွားရေးတွေက ဒီရေလို တက်လိုက်ကျလိုက်နဲ့ စီးဆင်းနေတယ်ဆိုတာ လည်းသိထားရပါမယ်။

📊💸🅣🅡🅐🅓🅘🅝🅖 ကဘာ့ကြောင့် အရမ်းလွယ်သင့်တာလဲ ?။ ကျိုး‌ကြောင်းဆီလျော်တဲ့ အ‌ဖြေကတော့ ကျွန်တော်တို့ ကြိုစား အားထုတ်ဖို့ လိုတယ်ဆိုတာပါပဲ။

🏆ဒါ‌ကြောင့် တကယ်လို့ သင်ကအရှုံးအနေနဲ့ ရင်ဆိုင်ရရင်လည်း ပြန်ထပီး "ငါဘာ့ကြောင့် ဒါကိုလုပ်နေရတာလဲ" ဆိုတာကို ပြန်သတိရပါ။ အ‌ခြေအနေတွေက ခဏတာ ခက်ခဲ ကြမ်းတမ်းနေခဲ့တယ်ဆိုရင် အစကနေ ပြန်ပီး ကိုယ်လုပ်ခဲ့တဲ့ အမှား၊အမှန်တွေကို အ‌ဖြေရှာကြည့်ပါ။ အ‌ခြေအနေကောင်းတယ်ဆိုရင်လည်း စိတ်ကြီးမဝင်ပါနဲ့၊ လုပ်နေကျအတိုင်းဆက်သွားပါ။ ရေတို အကျိုးအမြတ် (🅢🅗🅞🅡🅣 🅣🅔🅡🅜) အတွက်မ ကြည့်ဘဲ ရေရှည် (🅛🅞🅝🅖 🅣🅔🅡🅜)အတွက် အာရုံစိုက်ပါ။

📊📊𝕋ℝ𝔸𝔻𝕀ℕ𝔾ဆိုတာ တာတို‌ပြေးပွဲ မဟုတ်ပါဘူး။ တာဝေး‌ပြေးပွဲ (မာရသွန်ခရီးရှည်) ပါ။ အဲ့ထက်ကျော်လွန်နေခဲ့မယ်ဆိုရင်တောင် သင့်ရဲ့ စိတ်ခွန်အားထက်သန်မှုကို မလျော့ကျသွားပါစေနဲ့။ ပီးတော့ ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့💪🏻💪🏻

- Yoon Mi Mi Kyaw

Photos from BearBull Forex -Money Freedom's post 21/09/2022

21.9.2022 (WED)
တစ်နေ့တာ သုံးသပ်ချက်

📊 လေ့လာသုံးသပ်ချက်အရ ကမ္ဘာ့ရွှေ Market အခြေအနေဟာဆိုရင်ဖြင့် H4 အရကြည့်မယ်ဆိုရင် Double Top နဲ့ Double Bottom တွေပေါ်နေပါတယ်ခင်ဗျ. Triple Top or bottom လေးများပေါ်ချင်သေးလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမဲ့အနေအထားမှာရှိပါတယ်ခင်ဗျ..

📊 အကယ်၍ Triple Bottom ဖြစ်ခဲ့မယ်ဆိုရင်တော့ Strong Resistance Zone ဖြစ်နေတဲ့ 1680 စျေးတန်းကို body နဲ့သာကောင်းကောင်းဖောက်ခဲ့မယ်ဆိုရင်တော့ Buy Order လိုက်နိုင်မှာဖြစ်ပါတယ်ခင်ဗျ..

📊 အကယ်၍ Triple Top ဖြစ်ခဲ့မယ်ဆိုရင်တော့ Strong Support Zone ဖြစ်နေတဲ့ 1660 စျေးတန်းကို Body နဲ့သာကောင်းကောင်းဖောက်သွားခဲ့မယ်ဆိုရင်တော့ Sell Order လိုက်နိုင်ပါတယ်ခင်ဗျ...

📬 ဒီနေ့ကမ္ဘာရွှေအဖွင့်စျေးကတော့ (XAUUSD)- 1664.73 ဖြစ်ပါတယ်ခင်ဗျ။
⬆ အမြင့်ဆုံးတက်ခဲ့တဲ့စျေးကတော့ 1667.29 ပါခင်ဗျ
⬇ အနှိမ့်ဆုံးကျခဲ့တဲ့စျေးကတော့ 1663.37 ဆက်လက်ပြီးကျနေ ပါခင်ဗျ

🔹Resistance Zone - 1667/1673/1680/1685
🔸Support Zone - 1660/1653/1647/1640

Buy Order at 1668 💵
TP 01 - 1672🎯
TP 02 - 1679🎯
TP 03 - 161683🎯
SL - 1658⛔

Sell Order at 1659 💵
TP 01 - 1654🎯
TP 02 - 1648🎯
TP 03 - 1642🎯
SL - 1669⛔

📌 ကျွန်တော့်အနေနဲ့အကြံပြုရမယ်ဆိုရင်တော့ စျေးကွက်ကိုစောင့်ကြည့်ပြီးမှသာအရောင်းအဝယ်ပြုလုပ်သင့်တယ်လို့ထင်ပါတယ်ခင်ဗျ...

❗Lot size ကိုတော့ မိမိတို့အပေါ်မှာပဲဆုံးဖြတ်ပြီး ယူနိုင်ပါတယ်ခင်ဗျ.
🚨Lot size ကြီးလေ အမြတ်များများရနိုင်သလို ရှူံးသွားခဲ့ရင်လည်း အရှူံးများလို့အထူးဂရုပြုပြီးရောင်းဝယ်ကြပါခင်ဗျ.

Forex အကြောင်းကိုပိုမိုလေ့လာချင်တယ်ဆိုရင်တော့ page chat box တွင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ.

Tele No. 0979321989 ကိုဆက်သွယ်ပြီးတော့လည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

အားလုံးပဲအမြတ်များများကိုရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ🤗🤗

-☎ ဆက်သွယ်စုံစမ်းရန်- 09793210989

#09793210989



19/09/2022

👨‍💼 ကျွန်တော်ကိုယ်တိုင်ကလည်း ကျွန်တော်ပေးတဲ့ Signal လေးအတိုင်း Order ဝင်ထားပါတယ်ခင်ဗျ...

Photos from BearBull Forex -Money Freedom's post 19/09/2022

19.9.2022 (MON)
တစ်နေ့တာ သုံးသပ်ချက်

📊 လေ့လာသုံးသပ်ချက်အရ ကမ္ဘာ့ရွှေ Market အခြေအနေဟာဆိုရင်ဖြင့် W1 အရ Down Trend အဖြစ်ဆက်လက်တည်ရှိနေပြီး ဘယ်လောက်အထိတောင်အကျအားကောင်းနေသလဲဆိုရင် ၂နှစ်အတွင်း တစ်ခါမှပြန်မရောက်ခဲ့တဲ့ 2020 ကစျေးတန်းအထိဆက်လက်ကျဆင်းနေလျက်ရှိပါတယ်ခင်ဗျ..

အကယ်၍သာ Trend Line သာ Break out ဖြစ်သွားခဲ့မယ်ဆိုရင်တော့ Market Reversal ဖြစ်ဖို့အတွက် Candle Confirmation လေးစောင့်ကြည့်ပြီးတော့ အဝယ်ဘက်ကိုဦးတည်ရပါမယ်ခင်ဗျ...

📬 ဒီနေ့ကမ္ဘာရွှေအဖွင့်စျေးကတော့ (XAUUSD)- 1674.92 ဖြစ်ပါတယ်ခင်ဗျ။
⬆ အမြင့်ဆုံးတက်ခဲ့တဲ့စျေးကတော့ 1679.81 ပါခင်ဗျ
⬇ အနှိမ့်ဆုံးကျခဲ့တဲ့စျေးကတော့ 1669.08 ဆက်လက်ပြီးကျနေ ပါခင်ဗျ

🔹Resistance Zone - 1673/1680/1685/1692
🔸Support Zone - 1667/1660/1653/1640

Buy Order at 1674 💵
TP 01 - 1679🎯
TP 02 - 1684🎯
TP 03 - 1690🎯
SL - 1665⛔

Sell Order at 1666 💵
TP 01 - 1661🎯
TP 02 - 1654🎯
TP 03 - 1642🎯
SL - 1675⛔

❗Lot size ကိုတော့ မိမိတို့အပေါ်မှာပဲဆုံးဖြတ်ပြီး ယူနိုင်ပါတယ်ခင်ဗျ.
🚨Lot size ကြီးလေ အမြတ်များများရနိုင်သလို ရှူံးသွားခဲ့ရင်လည်း အရှူံးများလို့အထူးဂရုပြုပြီးရောင်းဝယ်ကြပါခင်ဗျ.

Forex အကြောင်းကိုပိုမိုလေ့လာချင်တယ်ဆိုရင်တော့ page chat box တွင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ.

Tele No. 0979321989 ကိုဆက်သွယ်ပြီးတော့လည်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

အားလုံးပဲအမြတ်များများကိုရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ🤗🤗

-☎ ဆက်သွယ်စုံစမ်းရန်- 09793210989

#09793210989



19/09/2022

19.9.2022 (MON)
အားလုံးပဲမင်္ဂလာပါခင်ဗျ...😊😊

💰 ယနေ့ကမ္ဘာ့ရွှေ(XSUUSD) အဖွင့်စျေးကတော့ 1674.92 ဖြစ်ပါတယ်ခင်ဗျ...

- Forex Trading အတွက် နေ့စဥ် Trading Signal များ၊ စျေးကွက်ခန့်မှန်းချက်များ၊ အချိန်နဲ့အမျှပြောင်းလဲနေသော ကမ္ဘာ့ရွှေစျေးနှင့်ဒေါ်လာစျေးများကို အချိန်နဲ့တပြေးညီသိရှိလိုပါက ကျွန့်တော့်ရဲ့ Page လေးကို Like & Follow လေးလုပ်ထားနိုင်ပါတယ်ခင်ဗျ.💁‍♂️

https://www.facebook.com/BearBull-Forex-Money-Freedom-103220569184364/

-☎ ဆက်သွယ်စုံစမ်းရန်- 09793210989

#09793210989

18/09/2022

အားလုံပဲမင်္ဂလာပါခင်ဗျ...🤗🤗

👨‍💼 ကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းကတော့ Forex လောကကို ဝင်ရောက်လာကြတဲ့လူတွေတော်တော်များများမှာတွေ့နေရတဲ့ လွဲမှားတဲ့အတွေးနဲ့ ဘာကြောင့်တော်တော်များများသော Trader တွေဘာကြောင့်အရှုံးနဲ့ရင်ဆိုင်ခဲ့ကြရလဲဆိုတာကို ပြောပြပေးသွားမှာပါခင်ဗျ...

🔸 Forex လောကကိုဝင်ရောက်လာကြတဲ့သူတွေတော်တော်များများမှာတွေ့နေရတဲ့လွဲမှားတဲ့အတွေးတွေကဘာတွေလဲ❓

🔸 ဘာကြောင့် Forex လောကမှာ Trader တော်တော်များများ အရှုံးနဲ့ရင်ဆိုင်နေကြရလဲ❓

🤑 အဖြေကတော့ရှင်းပါတယ်..ငွေရှာရလွယ်တယ်၊ ဆိုတာတစ်ခုတည်းနဲ့ Forex လောကကိုဝင်ရောက်လာကြတဲ့သူတွေပါပဲ...သူတို့တွေသည် ငွေရှာရလွယ်တာတစ်ခုတည်းကိုပဲကြည့်ပြီး Forex အကြောင်းကို ဂဃနဏ မလေ့လာပဲ ငါသည် Forex မှာသာရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင်နေ့ချင်းညချင်း ချမ်းသာလာမှာပဲဆိုတဲ့အတွေးတစ်ခုတည်းနဲ့တင် Forex လောကကိုဝင်ရောက်လာကြတာပါ... Forex ကိုစီးပွားတစ်ခုလိုမတွေးကြလို့ပါ...

◾ ကျွန်တော်အရင်ကလည်း page မှာပြောခဲ့ဖူးပါတယ်..
▪ အရင်ဆုံးကိုယ်လုပ်မဲ့စီးပွားတစ်ခုကို ထဲထဲဝင်ဝင်လေ့လာပါ..
▪ လိုအပ်တဲ့ Knowledge တွေကိုအရင်ဆုံးလေ့လာရမယ်။ သင်တန်းတက်ဖို့လိုအပ်ရင် သင်တန်းတွေတက်ပြီးလေ့လာသင်ယူမှုတွေပြုလုပ်ရမယ်..
▪ လေ့ကျင့်မှုတွေပြုလုပ်ရမယ်
▪ ကိုယ်ပိုင် plan တွေရေးဆွဲရမယ်...စတဲ့အ​ခြေခံ အချက်တွေကိုမလိုက်နာနိုင်ပဲနဲ့ Forex ကိုဝင်မလာပါနဲ့ခင်ဗျ...

🔹 Forex မှာ ပိုက်ဆံရှာရတာလွယ်တာမှန်ပေမဲ့ စနစ်ကျဖို့နဲ့ နားလည်တတ်မြှောက်ဖို့လည်းလိုပါသေးတယ်ခင်ဗျ...

🔹 Forex လောကိုဝင်လာကြတဲ့ 90% လောက်ကအရှုံးနဲ့ရင်ဆိုင်နေကြရတာပါ...တော်တော်များများသည် အရောင်းအဝယ်လုပ်တက်ရုံနဲ့ သူတို့ကိုယ်သူတို့ Trading လုပ်နေတာ ဆိုပြီးထင်မှတ်နေတတ်ကြတယ်။

- အရောင်းအဝယ်မလုပ်ခင် ပြုလုပ်ရတဲ့ Analysis တွေလည်းမလုပ်၊ Leverage အကြောင်းကိုမလေ့လာပဲ Lot size အကြီးကြီးတွေသုံးပြီး Trade ခြင်း၊ Buy/Sell Order ကို Market price action သေချာလေ့လာမသုံးသပ်ဘဲ Gambling လို အရောင်းအဝယ်လုပ်​နေကြခြင်း၊ တစ်ချို့တွေဆိုရင် SL တောင်မထားဘဲ Trade ခိုင်းနေတဲ့သူတွေတောင်တွေ့နေရတယ်..ခင်ဗျ...အဲ့လိုလူတွေကပဲ Forex မှာအရှုံးတွေနဲ့ရင်ဆိုင်နေကြရတာပဲဖစ်ပါတယ်ခင်ဗျ...

🛑 အဆိုးဆုံကတော့ Lot size အကြီးကြီးတွေနဲ့ Order ဝင်ထားပြီး SL မထားတာပါပဲခင်ဗျ...

🎲 Gambling ပုံစံလုပ်တယ်ဆိုရင်တောင်မှ Position Sizing ဖြစ်တဲ့ Lot size အသေးနဲ့ဆိုရင်တောင်မှ SL ကိုအရှုံးခံနိုင်တဲ့ပမာဏလောက်အထိပဲထားမယ်ဆိုရင် Account blown out မဖြစ်နိုင်သေးပါဘူးခင်ဗျ...

📊 Forex လောကရဲ့ 10% သောTrader တွေသာလျှင် Business တစ်ခုကဲ့သို့ Forex အကြောင်းကို ဂဃနဏ လေ့လာသင်ယူပြီး Position Sizing တွေ Risk & Reward Management တွေကောင်းကောင်းလုပ်မယ်၊ Market Price action တွေအပေါ်မှာ Analysis တွေသေချာလုပ်ပြီးတော့ Profit ဆိုတဲ့ အကျိုးအမြတ်တွေကိုရယူပြီး Forex လောကမှာ Professional တစ်ယောက်အနေနဲ့ရပ်တည်နေကြတာပဲဖြစ်ပါတယ်ခင်ဗျ...

📉 အဲ့ဒီ 10% သော Trader တွေမှာလည်းအမြဲတမ်းလိုလိုအမြတ်ရနေကြတာမဟုတ်ပါဘူးခင်ဗျ... ဘယ်စီးပွားရေးမှာပဲဖြစ်ဖြစ် အရှုံးဆိုတာမျိုးနဲ့ကြုံတွေ့ရတဲ့နေ့တွေလည်းရှိနေကြစမြဲပါပဲခင်ဗျ...(အမြတ်ချည်းပဲရနေမယ်လို့ တစ်ချို့လူတွေထင်နေကြမှာစိုးလို့..😅)

မိတ်ဆွေတို့ Forex အကြောင်းကိုသင်တန်းတွေတက်ပြီးလေ့လာတာပဲဖြစ်ဖြစ်၊ Online Platform ကနေပဲလေ့လာတာပဲဖြစ်ဖြစ်၊ လေ့လာပြီးပြီ ငါပိုက်ဆံတတ်နိုင်တယ်ဆိုပြီး Real Money နဲ့ Real Acc ကိုတန်းမဖွင့်ပါနဲ့ခင်ဗျ...Demo အကောင့်တစ်ခုမှာ လေ့လာခဲ့သလို Position Sizing စနစ်တကျလေးနဲ့ Risk & Reward Management လေးလုပ်၊ ပြီးရင် အရေးအကြီးဆုံးကတော့ Emotion ပဲ။ Emotion ကိုကောင်းကောင်းထိန်းနိုင်အောင်လုပ်ရမယ်။ လောဘကိုအတောသတ်နိုင်ရမယ်။ နည်းလမ်းတကျနဲ့အလေ့အကျင့် ပြုလုပ်ပြီးမှသာလျှင် ကိုယ်တိုင် Trade လုပ်နိုင်တဲ့ Trader တစ်ဦးဖြစ်အောင်ကြိုးစားကြပါခင်ဗျ...သူများကိုချည်းပဲအားကိုးနေလို့မရပါဘူးနော်...

📊 Demon မှာ အရောင်းအဝယ်လုပ်တာလေ့ကျင့်မယ်ဆိုရင်လည်း မိမိပိုက်ဆံကဲ့သို့သ​ဘောထားပြီး lot size သေးသေးလေးနဲ့သာအရောင်းအဝယ်လေ့ကျင့်ကြပါခင်ဗျ...

🙅‍♂️ Lot size အကြီးကြီးတွေနဲ့ Trade ပြီး အဆအများကြီးရနေတာကိုလည်းသာယာမနေမိကြပါနဲ့ခင်ဗျ...သူများတွေ Lot size အကြီးကြီးနဲ့ Order တစ်ပုံစံတည်းကိုခဏခဏဝင်ထားပြီး Profit အများကြီးရတာကိုပြထားတဲ့ post တွေအပေါ်မှာလည်းမသာယာမိပါစေနဲ့ခင်ဗျ...(ဘယ်သူမှ loz size အများကြီးနဲ့ဝင်ထားပြီး ရှုံးတာကိုမတင်ဘူး.😂🤣)

ပြီးတော့ ငွေရလွယ်တယ်ဆိုတာလေးတစ်ခုတည်းနဲ့တော့ Forex ကိုဝင်မလာနဲ့ခင်ဗျ...တစ်နည်းအားဖြင့်ပြောရရင် အဲ့ဒါသည် Money Trap ပါ...

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00