Chan Myae Eain Financial Consultant

Chan Myae Eain Financial Consultant

Share

သင့်မိသားစုရဲ့ နွေးထွေးလုံခြုံရာ အနာဂတ်အတွက်..."

21/07/2026

အသက်အာမခံ (Life Insurance) ဆိုတာ ဘာလဲ?
အသက်အာမခံဆိုတာ လွယ်လွယ်ပြောရရင် "မရေရာတဲ့ အနာဂတ်အတွက် သေချာတဲ့ ငွေကြေးအကာအကွယ် တစ်ခု" ဖန်တီးထားတာ ဖြစ်ပါတယ်။

အာမခံထားသူက ကုမ္ပဏီကို ပုံမှန် ငွေကြေး (Premium) အနည်းငယ် ပေးသွင်းသွားပြီး၊ မမျှော်လင့်ဘဲ အသက်အန္တရာယ် ကြုံရတဲ့အခါ ဒါမှမဟုတ် အာမခံသက်တမ်း ပြည့်သွားတဲ့အခါမှာ ကုမ္ပဏီဘက်က သတ်မှတ်ထားတဲ့ အာမခံငွေပမာဏ အလုံးအရင်း (Sum Assured) ကို ပြန်လည်ထုတ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။

အရှင်းဆုံးပြောရရင် ကိုယ်သေသွားတဲ့အခါ ကိုယ်ချစ်ရတဲ့ မသားစုအတွက် အခက်အခဲမရှိအောင် ငွေကြေးစီမံ ထားခဲ့ပေးခြင်းပါပဲ … ✨

Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











Photos from AIA Myanmar's post 13/07/2026

Why do we need Critical Illness CI?

30/06/2026

AIA ရဲ့ ကျန်းမာ​ရေးအလုံးစုံ အာမခံ အ​ကြောင်း စိတ်ဝင်စားလို့ လာ​မေးကြတဲ့ မိတ်​ဆွေ​တွေအတွက် ​ပြောပြ​ပေးချင်ပါတယ် ...

✨️ AIA ရဲ့ ကျန်းမာရေး အလုံးစုံအာမခံဆိုတာ
အသက် တစ်လက​နေ ၆၀ ထိဝယ်ယူပြီး အသက်၈၀ ထိ သက်တမ်းတိုးဝယ်ယူနိုင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။

🫆** အာမခံ ဝယ်ယူတဲ့ အခါမှာလည်း plan (7) မျိုးထဲက နေ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

အကျိုးခံစားခွင့် အနေနဲ့ (နှစ်စဥ် ကန့်သတ်ချက်) …..
Plan 1 - ၃၇ သိန်းခွဲ ကနေပြီးတော့ Plan 7 - သိန်း ၁,၂၀၀ အထိကို အမှန်တကယ် ကုန်ကျစရိတ် အတိုင်း ပြန်လည် တောင်းခံနိုင်မှာ ဖြစ်ပါတယ်။

** ပေးသွင်းရမည့် တစ်နှစ်စာ အာမခံ ပရီမံယမ်ကြေးကတော့ မိမိ အသက်အရွယ် ၊ ကျား/ မ ၊ ဝယ်ယူသည် Plan ပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

AIA Myanmar ရဲ့ One Health Solution (OHS) လို့ ခေါ်တဲ့ အလုံးစုံ ကျန်းမာရေး အာမခံက ရနိုင်တဲ့ အကျိုးခံစားခွင့်တွေကတော့...
1. ( #အတွင်းလူနာ အဖြစ်ကုသမှုခံယူခြင်း)
• ဆေးရုံ အခန်းခနှင့် ဆေးရုံစရိတ် (အမှန်တကယ်ကုန်ကျစရိတ်ကို ဝယ်ယူထားတဲ့ plan အလိုက် အလုံးစုံ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။)
• အထူးကြပ်မတ် ကုသဆောင်စရိတ်
• ဆေးရုံတွင်း ကုန်ကျစရိတ်များ
• ဆေးရုံသုံး အထောက်အကူပြု ပစ္စည်းများနှင့် ဝန်ဆောင်မှုများ
• ခွဲစိတ်ကုသမှုစရိတ်
• ခွဲစိတ်ခန်းစရိတ်
• မေ့ဆေး ၊ ထုံဆေး စရိတ်
• အတွင်းလူနာအဖြစ် သမားတော်ထံ ပြသမှုစရိတ် များအတွက် AIA မှ ကျခံပေးသွားမှာ ဖြစ်ပါတယ်။

2. ( #ပြင်ပလူနာ အဖြစ်ကုသမှုခံယူခြင်း)
• ဆေးရုံမတက်ရောက်မီ ရက် ၆၀ အတွင်း ပြင်ပလူနာအဖြစ် ကုသမှုခံယူထားသော ရောဂါရှာဖွေခြင်း၊ အထူးကု ဆရာဝန်နဲ့ ဆွေးနွေးခြင်း
• နေ့ပိုင်းစောင့်ရှောက်မှု အကျိုးခံစားခွင့်
◦ နေ့တပိုင်း အသေးစား ခွဲစိတ်မှု တွေအတွက်လည်း အကျိုးခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။
• ပြင်ပလူနာအဖြစ် ကျောက်ကပ်ဆေးခြင်း ၊ ကင်ဆာရောဂါ ကုသခြင်း များ အတွက်လည်း သက်ဆိုင်ရာ စောင့်ဆိုင်းကာလတွေ ပြီးတာနဲ့ အကျိုးခံစားခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။
• အရေးပေါ် မတော်တဆမှုကြောင့် ပြင်ပလူနာအဖြစ် ဆေးရုံ/ ဆေးခန်းတွင် ကုသမှူခံယူခြင်းနှင့် အရေးပေါ် မတော်တဆမှုကြောင့် ပြင်ပလူနာအဖြစ် သွားဘက်ဆိုင်ရာ ကုသမှု ခံယူခြင်း။

3. ( #မတော်တဆမှုကြောင့် သေဆုံးခြင်း) အတွက်လည်း အသက်အာမခံ လျော်ကြေး ရရှိနိုင်မှာ ဖြစ်ပါတယ်။

4. (ကျန်းမာရေး #ဆုကြေး) အနေနဲ့ တစ်နှစ်အတွင်း အာမခံ အကျိုးခံစားခွင့်များ ထုတ်ယူထားခြင်း မရှိသူများအတွက် နောင်နှစ်အတွက် ပရီမီယံ လျှော့ပေါ့ ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

😍ပြည့်ပြည့်စုံစုံ သိရပြီးလို့ ချစ်လှစွာ​သော မိမိ နှင့် မိသားစုအတွက် စိတ်အေးချင်တယ်ဆိုရင် အ​သေးစိတ်ဆက်သွယ်နိုင်ပါတယ်ရှင် ...

Chan Myae Eain Financial Consultant
Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











#မိသားစုအတွက်

16/06/2026

AIA One Health Solution (OHS) ဆိုတာ ဘာလဲ? ဘာကြောင့် ရှိထားသင့်တာလဲ? 🤔💡

ကျန်းမာရေးပြဿနာဆိုတာ ရှောင်လွှဲလို့မရပေမယ့် ငွေကြေးပူပန်မှုကိုတော့ AIA OHS နဲ့အတူ ဖြေရှင်းထားလို့ ရပါပြီ။

AIA One Health Solution (OHS) ဆိုတာ အလွန်ပြည့်စုံတဲ့ "ကျန်းမာရေးအာမခံ (Health Insurance)" အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

AIA OHS ရဲ့ အဓိက ထူးခြားချက်နဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ် …

1. ဖျားနာလို့ပဲဖြစ်ဖြစ်၊ ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် ဆေးရုံတက်ရတဲ့အခါ ကုန်ကျမယ့် ဆေးရုံအခန်းခ၊ ဆေးဝါးဖိုး၊ ကုသစရိတ်တွေအပြင် ခွဲစိတ်ကုသမှု ခံယူရပါက ကုန်ကျမယ့် ခွဲစိတ်ခန်းစရိတ်နှင့် ဆရာဝန်ကြီးများပြသခတွေကို ပါဝင်တဲ့ Package အလိုက် ငွေကြေးအမြောက်အမြားအထိ အကာအကွယ်ပေးပါတယ်။
2. မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံကြီးတွေမှာ တက်ရောက်ကုသနိုင်ရုံတင်မကဘဲ ပိုမိုကောင်းမွန်တဲ့ ဆေးကုသမှု ခံယူချင်တယ်ဆိုရင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ စတဲ့ ပြည်ပနိုင်ငံ ၁၈ နိုင်ငံ ဆေးရုံကြီးတွေအထိပါ ချိတ်ဆက်ပြီး သွားရောက်ကုသနိုင်ပါတယ်
3. Cashless Service : ဒါကတော့ အရေးပေါ်အချိန်မှာ တကယ့်ကို အသုံးဝင် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်.. AIA နဲ့ ချိတ်ဆက်ထားတဲ့ Network ဆေးရုံကြီးတွေမှာဆိုရင် ဆေးရုံတက်တဲ့အခါ မိမိအိတ်ကပ်ထဲကနေ ငွေအမြောက်အမြား အရင်စိုက်ထုတ်ပေးစရာမလိုဘဲ AIA ကနေ ဆေးရုံကို တိုက်ရိုက် ငွေရှင်းပေးတဲ့ (Cashless) စနစ်ကို ခံစားခွင့်ရရှိနိုင်ပါတယ်။
4. မတော်တဆသေဆုံးမှုအတွက် အသက်အာမခံအကာအကွယ်လဲ ပါဝင်ပါတယ် …

AIA OHS ဆိုတာ မထင်မှတ်ထားတဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံလာရတဲ့အခါ ငွေကြေးအတွက် စိတ်မပူရဘဲ "အကောင်းဆုံး ဆေးရုံ၊ အကောင်းဆုံး ဆရာဝန်တွေနဲ့ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ဖို့" ဝယ်ယူထားရမယ့် ခိုင်မာတဲ့ ကျန်းမာရေးအကာအကွယ် ဖြစ်ပါတယ်။

Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











10/06/2026

ကားအကောင်းစားကြီးတွေ စီးနိုင်ဖို့ ကြိုးစားနေချိန်မှာ... အဲဒီကားကို မောင်းနှင်ပေးမယ့် သင့်ရဲ့ ခန္ဓာကိုယ်ကိုရော ဘယ်လောက် တန်ဖိုးထား ကာကွယ်ပေးပြီးပြီလဲ? 🚗✨

"ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ ကားကို စီးစီး... ကျန်းမာတဲ့ ခြေထောက်တစ်စုံရဲ့ အစားထိုးမှုကိုတော့ မရနိုင်ပါဘူး..."

အဝတ်အစား၊ ဖုန်း၊ ကား စတဲ့ အပြင်ပန်းအရာတွေကို အာမခံထားပြီး သင့်ဘဝရဲ့ အဓိက အင်ဂျင်ဖြစ်တဲ့ "ကျန်းမာရေး" အတွက်ကော အာမခံ (Insurance) ရှိပြီလား?

Chan Myae Eain Financial Consultant
Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











09/06/2026

👉 စိတ်မကောင်းစရာ အမှန်တရားတစ်ခုပြောပြချင်ပါတယ် … 😔

🫆အာမခံဆိုတာကလေ"ကိုယ်လိုချင်တဲ့အချိန်မှာ ပိုက်ဆံရှိရုံနဲ့ ဝယ်လို့မရတဲ့ တစ်ခုတည်းသော ကုန်ပစ္စည်း" ပါ။

🏥ဆေးရုံခုတင်ပေါ် ရောက်သွားတဲ့အချိန်၊ ဆရာဝန်က ရောဂါကြီးတစ်ခုခု ရှိနေပြီလို့ ပြောလိုက်တဲ့အချိန်ကျမှ "ကျွန်တော်/မ အာမခံထားချင်ပါတယ်၊ ပိုက်ဆံအများကြီး ပေးပါ့မယ်" လို့ သွားပြောလည်း ဘယ်အာမခံကုမ္ပဏီကမှ လက်ခံတော့မှာ မဟုတ်ပါဘူး။

❤️‍🩹အာမခံဆိုတာ ကျန်းမာရေးချို့တဲ့မှ ဝယ်ရတာမဟုတ်ပါဘူး။
အသက်ငယ်ပြီး ဒေါင်ဒေါင်မြည် ကျန်းမာနေတုန်းမှာပဲ ဝယ်ယူခွင့်ရှိတဲ့ "အခွင့်အရေး" တစ်ခုပါ။

💪🏻ငယ်တုန်း၊ ကျန်းမာတုန်းထားရင်: လစဉ်ပေးရတဲ့ ပရီမီယံကြေးက အသက်သာဆုံးဖြစ်ပြီး၊ အကာအကွယ်ကိုလည်း စိတ်ကြိုက် အပြည့်အဝ ရရှိပါလိမ့်မယ်။
👩🏻‍🦳👴🏻 အသက်ကြီးမှ၊ ရောဂါရမှထားရင်: ပိုက်ဆံ ပိုပေးရမယ့်အပြင်၊ စည်းကမ်းချက်တွေနဲ့ ကန့်သတ်ချက်တွေ အများကြီး ကြုံရတတ်ပါတယ်။

အသက်ငယ်တုန်း၊ ကျန်းမာတုန်းမှာ သင့်ဘဝအတွက် အတန်ဆုံးနဲ့ အလုံခြုံဆုံး အစီအစဉ်ကို ဘယ်လိုရွေးချယ်မလဲဆိုတာ ချမ်းမြေ့အိမ် မှာ အတူတူ တွက်ချက် ပြင်ဆင်ကြည့်ရအောင်ကနေ စေတနာအပြည့်နဲ့ အမြဲစောင့်ကြိုနေပါတယ်နော်။ ❤️

Chan Myae Eain Financial Consultant
Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











08/06/2026

အာမခံအကြောင်း စကားစပ်မိရင် အမင်္ဂလာတရားလိုမျိုး မျက်နှာလွှဲခါးခါး သမားတွေ ရှိလားရှင်။ 🙋‍♀️

တစ်နေ့နေ့ ကိုယ့်လက်နှစ်ဖက်က နေမကောင်းဖြစ်လို့ အလုပ်နားရချိန်မျိုးမှာ ကိုယ့်ကိုယ်စား မိသားစုရဲ့ စားဝတ်နေရေးကို တာဝန်ယူပေးမယ့် "ဘဏ္ဍာရေးလက်ရုံး" ကို ကြိုတင်ငှားရမ်းထားခြင်းပဲ ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းလေးပါပဲ...

ဘဝရဲ့ မုန်တိုင်းတွေကြားမှာ ကိုယ်ချစ်ရတဲ့သူတွေ ရွှဲရွှဲစို မသွားအောင် ကြိုပြင်ထားတဲ့ အဆင့်မြင့် "အကာအကွယ်" လေးတစ်ခုပါ။

နိမိတ်မရှိလို့ မတွေးချင်ဘူး ဆိုတာထက်....ကြိုပြင်ဆင်ပြီး စိတ်အေးအေးထားလိုက်တာက ပိုပြီး Premium ဖြစ်တဲ့ စိတ်ချမ်းသာမှု (Peace of Mind) ကို ပေးစွမ်းနိုင်ပါတယ်နော်။

သင့်မိသားစုအတွက် အကိုက်ညီဆုံး အကာအကွယ်ပိုက်ကွန်အကြောင်း သိချင်ရင်တော့ ချမ်းမြေ့အိမ် ရဲ့ Chatbox ကို အချိန်မရွေး ခေါက်လှည့်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ❤️

Chan Myae Eain Financial Consultant
Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











05/06/2026

ခုနက post ကို ဆက်ပြောပြပေးပါမယ်…. ✌🏻

ဒါက လက်တွေ့ဘဝမှာ လူတော်တော်များများ ဖြစ်နေကြတဲ့ အလွဲလေးတစ်ခုပါပဲ။
သိန်းဆယ်ချီတန်တဲ့ ဖုန်းပျက်မှာ၊ ကွဲမှာကို ကြောက်လို့ Warranty မေးကြတယ်၊ Screen ကပ်ကြတယ်။
သိန်းရာချီတန်တဲ့ ကားတစ်စီး ထိခိုက်မှာကြောက်လို့ ကားအာမခံကို နှစ်တိုင်း မဖြစ်မနေ သွင်းကြတယ်။
ဒါပေမဲ့ အဲဒီ ဖုန်းတွေ၊ ကားတွေ၊ တိုက်အိမ်တွေကို ပိုင်ဆိုင်အောင် ရှာဖွေပေးနေတဲ့ "အဓိက စက်ရုံကြီးဖြစ်တဲ့ မိမိကိုယ်တိုင်" အတွက်ကျတော့ ဘာအာမခံမှ မရှိဘဲ စွန့်စားပြီး မုန်တိုင်းထဲ ဖြတ်မောင်းနေကြတယ်။
ဖုန်းတစ်လုံး ပျက်သွားရင် အသစ်ပြန်ဝယ်လို့ ရပေမဲ့... အိမ်ရဲ့ အဓိက အမိုးအကာဖြစ်တဲ့ လူတစ်ယောက် တစ်ခုခုဖြစ်သွားရင် မိသားစုမှာ အစားထိုးစရာ မရှိတော့ပါဘူး။
ကျွန်မတို့တွေ ပစ္စည်းတွေကို တန်ဖိုးထားသလိုမျိုး၊ အဲဒီပစ္စည်းတွေကို ရှာဖွေပေးနေတဲ့ "ကိုယ့်ရဲ့ တန်ဖိုး" ကိုလည်း မေ့မထားကြရအောင်လားရှင်။

ပစ္စည်းတွေထက် သင့်ဘဝနဲ့ သင့်မိသားစုရဲ့ ကမ္ဘာလေးက ပိုပြီး တန်ဖိုးကြီးပါတယ်။
သင့်အတွက် အကိုက်ညီဆုံးဖြစ်မယ့် ဘဝအာမခံ (Warranty) ကောင်းကောင်းတစ်ခုအကြောင်း ဆွေးနွေးချင်ရင်တော့ ချမ်းမြေ့အိမ် ရဲ့ တံခါးကို အချိန်မရွေး ခေါက်လှည့်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ❤️

Chan Myae Eain Financial Consultant
Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











05/06/2026

ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးက ဂြိုဟ်တစ်ခုအနေနဲ့သာမက အားလုံးအတွက် နေအိမ်ဆိုရင်လည်း မမှားပါဘူး။ အသက်၊ သဘာဝအလှတရားနဲ့ အဆုံးအစမရှိတဲ့ အရင်းအမြစ်တွေကို ပေးစွမ်းနေတဲ့ အမိကမ္ဘာမြေ ဆက်လက်လှပ၊ တည်တံ့နေဖို့အတွက် ယခင်ကထက် ပိုမိုဂရုစိုက်ပေးဖို့ လိုအပ်နေပါပြီ။

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်တဲ့ “Climate Action” ဆိုတဲ့အတိုင်း အမှိုက်လျှော့ချခြင်း၊ စွမ်းအင်ချွေတာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းစတဲ့ ရိုးရှင်းပြီး တာဝန်သိမှုရှိတဲ့ လုပ်ဆောင်ချက်များဟာ ကမ္ဘာမြေအတွက် အဓိပ္ပာယ်ရှိတဲ့ရလဒ်တွေကို ဖန်တီးပေးနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်ချက်များနဲ့အတူ ထိရောက်စွာဆောင်ရွက်ဖို့က လူသားတိုင်းရဲ့ တာဝန်လည်း ဖြစ်ပါတယ်။

သေးငယ်တဲ့လုပ်ဆောင်ချက်တိုင်းက ထိရောက်တဲ့ ရလဒ်နဲ့ ရေရှည်တည်တံ့ပြီး စိမ်းလန်းတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မှာဖြစ်လို့ AIA Myanmar နဲ့အတူ ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝကို လျှောက်လှမ်းရင်း ကမ္ဘာမြေအပေါ် ချစ်ခင်၊ လေးစားမှုကို ပြသဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Today, the Earth we live on is not only a planet but also our home. Mother Earth, which provides us with life, natural beauty, and endless resources, is now calling for greater care and attention than ever before.

In line with the theme of World Environment Day 2026, “Climate Action”, simple and responsible actions such as reducing waste, saving energy, and planting trees can make a meaningful difference in protecting our planet. Climate change is a pressing challenge that we face today and a shared responsibility for us.

Every small action can contribute to a more sustainable and greener future. With AIA Myanmar, we invite you to show your love and respect for Mother Earth through responsible actions while living Healthier, Longer, Better Lives.

05/06/2026

📱ဖုန်းတွေ၊ 🚗 ကားတွေဝယ်ရင် “Warrany (အာမခံ) ဘယ်နှစ်နှစ်ပါလဲ” လို့ အသေအလဲမေးတတ်ကြပါတယ် …
🤦🏻‍♂️ အဲဒီပစ္စည်းတွေအကုန်လုံးကို ရှာဖွေပေးနေတဲ့ “မိမိကိုယ်တိုင်” အတွက်ကျတော့ အာမခံထားဖို့ ဝန်လေးနေတတ်ကြတယ် …
ဝမ်းနည်းစရာ အရမ်းကောင်းပါတယ် …😔

ကြုံခဲ့တာလေး တစ်ခု ပြောပြပေးမယ်နော် …

လွန်ခဲ့တဲ့ရက်ပိုင်းက အသိမိတ်ဆွေတစ်ယောက် အသစ်ထွက်တဲ့ iPhone အသစ်တစ်လုံး ဝယ်လာတယ်။
သူဆိုင်ကနေ ထွက်ထွက်ချင်း ပထမဆုံးလုပ်တာ ဘာလဲသိလား?
"ချက်ချင်း Screen အကောင်းစား ကပ်တယ်၊ Camera မှန်ဘီလူးကာကွယ်တဲ့အဖုံး တပ်တယ်၊ ပြီးတော့ ပြုတ်ကျရင်မကွဲမယ့် Case အထူကြီး စွပ်တယ်..."
သူ့ကိုကြည့်ပြီး ကျွန်မက ပြုံးပြုံးနဲ့ မေးလိုက်မိတယ် —
Me : "အစ်ကို... ဖုန်းကို တော်တော် တန်ဖိုးထားတာပဲနော်" တဲ့။
He: "ဟာ... တန်ဖိုးထားရမှာပေါ့ ညီမရာ၊ သိန်း ၄၀ ကျော်ပေးထားရတာ။ တစ်ချက်လွတ်ကျလို့ ကွဲသွားရင် နှမြောစရာကြီး။ Warranty (အာမခံ) ကလည်း ၁ နှစ်ပဲ ပါတာဆိုတော့ ကြိုကာကွယ်ထားရတာပေါ့"

Me: အဲဒါဆို... အဲဒီ သိန်း ၄၀ တန်ဖုန်းကို မမောမပန်းဘဲ ရှာပေးနိုင်တဲ့ အစ်ကို့ရဲ့ 'ခန္ဓာကိုယ်နဲ့ အသက်အာမခံ' ရော ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ" ဆိုတော့...

သူ ချက်ချင်း ဆွံ့အသွားပြီး "အာ... အာမခံကတော့ မလိုသေးပါဘူး၊ ကိုယ်က အကောင်းကြီးရှိသေးတာပဲ" တဲ့ …

- to be continued…

Chan Myae Eain Financial Consultant
Tin Zar Oo
Financial Service Consultant
AIA Myanmar Insurance
IA(N) LI - 22043
📧: [email protected]
📱 : 09 799898577
💬 : 095049619 (Viber , WhatsApp)











Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Lay Htaunt Kan Street
Yangon