M&Z Accountancy Services Company Limited

M&Z Accountancy Services Company Limited

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M&Z Accountancy Services Company Limited, Tax preparation service, Hle Dan Road, Myanmar, Burma (Myanmar), Yangon.

27/08/2026

“လုပ်ငန်းကြီးလာမှ 𝗦𝘆𝘀𝘁𝗲𝗺 ဆောက်တာ မဟုတ်ပါဘူး၊ အစကတည်းက 𝗦𝘆𝘀𝘁𝗲𝗺 ခိုင်မာမှ လုပ်ငန်းက အန္တရာယ်ကင်းကင်းနဲ့ ကြီးထွားလာနိုင်တာပါ” ✅

လုပ်ငန်းရှင်အများစုက “လုပ်ငန်းအရမ်းကြီးလာမှပဲ System ဆောက်မယ်” လို့ ထင်တတ်ကြပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အစကတည်းက စနစ်တကျ မသွားခဲ့ရင် လုပ်ငန်းကြီးထွားလာတဲ့အခါ အလေ့အကျင့်ဟောင်းတွေကို ပြန်ပြင်ရတာ၊ ရှုပ်ထွေးနေတဲ့ စာရင်းတွေကို ပြန်ရှင်းရတာ ပိုခက်ခဲသလို အချိန်နဲ့ ငွေကြေးကုန်ကျစရိတ်လည်း ပိုများတတ်ပါတယ်။ 💡
ဒါကြောင့် လုပ်ငန်းအဆင့်အလိုက် လိုအပ်တဲ့ System တွေကို မဖြစ်မနေ တည်ဆောက်ထားသင့်ပါတယ် 👇

🌱 လုပ်ငန်းစတင်ချိန် (Startup Stage) မှာ လိုအပ်တဲ့ Basic System
>💼 အိတ်ကပ် (၂) ခု ခွဲခြားခြင်း: ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ငွေနဲ့ လုပ်ငန်းငွေကို ရောမသုံးဘဲ သီးသန့် Bank Account သုံးစွဲခြင်း။
>📝 အခြေခံစာရင်းစနစ် (Basic Bookkeeping): ဝင်ငွေ၊ ထွက်ငွေနှင့် ဘောက်ချာအထောက်အထားများကို နေ့စဉ် စနစ်တကျ မှတ်တမ်းတင်ခြင်း။
>🤝 ရှင်းလင်းသော သဘောတူညီချက်များ: အစုစပ်လုပ်ငန်းများအတွက် အမြတ်ခွဲဝေမှုနှင့် လုပ်ပိုင်ခွင့်တာဝန်များကို စာချုပ်ဖြင့် တိကျစွာ ချမှတ်ထားခြင်း။

🚀 လုပ်ငန်းကြီးထွားလာချိန် (Growth Stage) မှာ လိုအပ်တဲ့ Advanced System
>⚖️ Internal Control & Segregation of Duties: ငွေကိုင်၊ စာရင်းကိုင်နှင့် ဝယ်ယူရေးတာဝန်များကို လူတစ်ဦးတည်း လုပ်ကိုင်ခွင့်မပေးဘဲ အပြန်အလှန် စစ်ဆေးနိုင်သည့် စနစ် ချမှတ်ခြင်း။
> 💻 Software & Automation: Excel သို့မဟုတ် လက်ရေးစာရင်းများအစား Cloud Accounting / ERP စနစ်များသို့ ကူးပြောင်းအသုံးပြုခြင်း။
>📑 SOPs (Standard Operating Procedures): ဝန်ထမ်းအသစ် ဝင်လာသည့်အခါ လုပ်ငန်းမရပ်တန့်ဘဲ အလွယ်တကူ လိုက်လုပ်နိုင်မည့် လုပ်ငန်းစဉ်များ ရေးဆွဲထားခြင်း။

သင့်လုပ်ငန်းရဲ့ စနစ်ဟောင်းတွေကို ပြန်လည်အဆင့်မြှင့်တင်ဖို့ (System Overhaul / Re-structuring) ဖြစ်စေ၊ လုပ်ငန်းနှင့် အကိုက်ညီဆုံး System အသစ် တည်ဆောက်ရန်ဖြစ်စေ M&Z မှ ကျွမ်းကျင်စွာ အကြံဉာဏ်ပေး ဝန်ဆောင်မှုပေးနေပါပြီ။ 🎯
📩 အသေးစိတ် သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်သလို အောက်ပါဖုန်းနံပါတ်သို့လည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
📞 ဖုန်းနံပါတ်: 09-944789333

Photos from M&Z Accountancy Services Company Limited's post 22/07/2026

မဖြစ်မနေ e-Commerce Registration (Online License) လျှောက်ထားဖို့ ပြင်ဆင်ပြီးပြီလား? 🛒

Online ကနေ ပစ္စည်းရောင်းချနေတဲ့ လုပ်ငန်းရှင်ကြီးများနဲ့ Online Shop ပိုင်ရှင်များအတွက် e-Commerce Registration (Online License) လျှောက်ထားဖို့ဆိုတာ မဖြစ်မနေ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။
❓ ဘာကြောင့် အရေးကြီးတာလဲ?
ဥပဒေအရ တရားဝင်မှု ရရှိခြင်း: စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်များနှင့်အညီ တရားဝင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအဖြစ် ရပ်တည်နိုင်မည်။

လုပ်ငန်း ယုံကြည်မှု (Trust) တိုးတက်စေခြင်း: License ရရှိထားသည့် Shop များသည် ဝယ်ယူသူ (Customer) များ၏ ယုံကြည်စိတ်ချမှုကို ပိုမိုရရှိစေပြီး ရောင်းအားကို ပိုမိုတက်စေပါတယ်။

ဥပဒေကြောင်းအရ အရေးယူခံရမှုမှ ကင်းဝေးခြင်း: သတ်မှတ်ချက်အတိုင်း မှတ်ပုံတင်မထားပါက ဥပဒေအရ အရေးယူဆောင်ရွက်မှုများ၊ ဒဏ်ကြေးများနှင့် ကြုံတွေ့ရနိုင်သည့် ဘေးမှ ကင်းဝေးစေပါတယ်။

လုပ်ငန်းတိုးချဲ့ရန် အခွင့်အလမ်းများခြင်း: တရားဝင် License ရှိထားခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများ၊ Payment Gateway များ၊ ဘဏ်များနှင့် လက်တွဲလုပ်ဆောင်ရလွယ်ကူစေပါတယ်။

⚠️ လျှောက်ထားရာတွင် အခက်အခဲရှိနေပါသလား?
စာရွက်စာတမ်း ပြင်ဆင်ရတာ ရှုပ်ထွေးတာ၊ ဥပဒေဆိုင်ရာ အချက်အလက်များနှင့် လိုအပ်သော စာရင်းဇယားများ ပြင်ဆင်ရတာ အချိန်ကုန်သက်သာစေဖို့ M&Z မှဝန်ဆောင်မှုပေးနေပါပြီ။

09944789333

18/07/2026

"သူဌေးက စာရင်းလာစစ်ခိုင်းတာ ငါတို့ကို မယုံလို့လား...?"🧐

ဒီလိုမေးခွန်းမျိုး၊ ထင်မြင်ချက်မျိုးတွေ လုပ်ငန်းခွင်ထဲမှာ ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ ဒါဟာ အများစု နားလည်မှုလွဲမှားနေတတ်တဲ့ အချက်တစ်ခုပါ။ စာရင်းစစ် (Audit) ဝင်တယ်ဆိုတာ ဝန်ထမ်းတွေကို အပြစ်ရှာဖို့ ဒါမှမဟုတ် မယုံကြည်လို့ လုံးဝ (လုံးဝ) မဟုတ်ပါဘူး❌

တကယ့် လက်တွေ့မှာ စာရင်းစစ်တယ်ဆိုတာ...
✅Counter Check ပြုလုပ်ခြင်း
Management တွေ၊ ဝန်ထမ်းတွေ နေ့စဉ် ကြိုးကြိုးစားစား လည်ပတ်နေတဲ့ Operation တွေဟာ မှန်ကန်စနစ်ကျမှု ရှိရဲ့လားဆိုတာကို အပြန်အလှန် စစ်ဆေးအတည်ပြုပေးတာပါ။
✅Third-Party Assurance ပေးခြင်း
လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကိန်းဂဏန်းအရ ဖော်ပြထားတဲ့ Financial Statement တွေဟာ မှန်ကန်တိကျမှုရှိတယ်ဆိုတာကို ဘက်မလိုက်တဲ့ ပြင်ပအဖွဲ့အစည်း (Independent Third-Party) အနေနဲ့ ဝင်ရောက်ပြီး ခိုင်ခိုင်မာမာ အာမခံချက်ပေးတာပဲ ဖြစ်ပါတယ်။

Audit လုပ်ခြင်းဟာ လုပ်ငန်းရှင်နဲ့ ဝန်ထမ်းကြား ယုံကြည်မှုကို ပိုမိုခိုင်မာစေသလို၊ ပြင်ပရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း လုပ်ငန်းအပေါ် ယုံကြည်စိတ်ချမှုကို တည်ဆောက်ပေးတာပါ။

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေအတွက် ပွင့်လင်းမြင်သာမှုရှိပြီး စနစ်ကျတဲ့ ဘဏ္ဍာရေးမှတ်တမ်းတွေရှိကြောင်း အာမခံချက် (Assurance) ရယူဖို့ စိတ်ချယုံကြည်ရတဲ့ စာရင်းစစ်ဝန်ဆောင်မှုကို ရှာဖွေနေတယ်ဆိုရင်တော့ ကျွန်တော်တို့ M & Zမှ အကောင်းဆုံး ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိပါတယ်ဗျာ
📞 ဆက်သွယ်စုံစမ်းရန် - 09944789333

16/07/2026

အလုပ်တွေ အများကြီးလုပ်နေပြီး ကိုယ့်လုပ်ငန်း ကျန်းမာရေးအခြေအနေကိုရော ပုံမှန် checkup လုပ်နေရဲ့လား 🧐

လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ အရောင်းတွေတက်နေရုံနဲ့ မလုံလောက်ပါဘူး❌
နောက်ကွယ်က ငွေစာရင်းတွေ တိကျမှန်ကန်နေဖို့ကလည်း အသက်တမျှ အရေးကြီးပါတယ်✅

📊 "ကိုယ့်လုပ်ငန်းမှာ အရှုံးပေါ်နေလား၊ အမြတ်ထွက်နေလား သေချာမသိဘူး"
📊 "ငွေတွေ ဘယ်ရောက်လို့ ဘယ်မှာသုံးမိနေလဲ မသိဘူး"
📊 "စာရင်းတွေ ရှုပ်ထွေးနေလို့ အခွန်ကိစ္စတွေအတွက် စိတ်ပူနေရတယ်"
ဒီလို ပြဿနာတွေကို ရင်ဆိုင်နေရပြီဆိုရင်တော့ သင့်လုပ်ငန်းအတွက် တိကျမှန်ကန်တဲ့ စာရင်းစစ်ဆေးခြင်း (Auditing Services) က မရှိမဖြစ် လိုအပ်နေပါပြီ✅

ကျွန်တော်တို့ရဲ့ M&Z မှ လူကြီးမင်းတို့ လုပ်ငန်းအတွက် -
✅ ငွေစာရင်းရှင်းတမ်းများ တိကျမှန်ကန်မှုရှိ/မရှိ စစ်ဆေးပေးခြင်း
✅ လုပ်ငန်းတွင်း ငွေကြေးယိုစိမ့်မှုများနှင့် လိမ်လည်မှုများ ဖြစ်နိုင်သည်များကို ကြိုတင်သတိပေးခြင်း
✅ ဥပဒေ၊ အခွန်စည်းမျဉ်းများနှင့်အညီ ဖြစ်စေရန် အကြံပြုလမ်းညွှန်ပေးခြင်း
✅ လုပ်ငန်းပိုမိုတိုးတက်စေရန် လိုအပ်သော ငွေကြေးဆိုင်ရာ အကြံဉာဏ်များပေးခြင်း
တို့ကို တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။
စာရင်းဇယားတွေကြောင့် ခေါင်းကိုက်မခံပါနဲ့တော့။

သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးကျန်းမာရေးကို ကျွန်တော်တို့ဆီ ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။
အသေးစိတ် သိရှိလိုပါက Chat Box (သို့မဟုတ်) ဖုန်း +95 99 44 789 333 ကို အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 📞💼
&ZAccountancyServices

Photos from M&Z Accountancy Services Company Limited's post 17/03/2026

IFRSs for SME

13/03/2026

လုပ်ငန်းရှင်များကြုံတွေ့လေ့ရှိတဲ့ စာရင်းအင်းဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးဖို့...

M&Z Accountancy Services Company Limited ရဲ့ Accouting System Setpup ဝန်ဆောင်မှုလေးရယူပြီး သင့်လုပ်ငန်းမှာ ကြုံတွေ့နေတဲ့ စာရင်းအင်းဆိုင်ရာ ပြဿနာများကိုဖြေရှင်းလိုက်ပါ...💯

✅လုပ်ငန်းစတင်တည်ထောင်စဉ်ကာလတွင် အခြေခံကျ၍ ထိရောက်သော System များရေးဆွဲပေးခြင်း

✅လုပ်ငန်း​၏လိုအပ်ချက်ပေါ်မူတည်ပြီး လုပ်ငန်းရှင်များအဆင်ပြေစေရန် အံဝင်ခွင်ကျဖြစ်အောင်ဆောင်ရွက်ပေးခြင်း

✅စာရင်းကိုင်နှင့် စာရင်းရေးသွင်းခြင်း၊ ဘဏ္ဍာရေးမှတ်တမ်းများ၊ ဘဏ္ဍာရေးရှင်းတမ်းများကို သိရှိနားလည်စေရန်ဆောင်ရွက်ပေးခြင်း နှင့် အခွန်ရှင်းလင်းစေရန်ဆောင်ရွက်ပေးခြင်း

✅ စာရင်းကျွမ်းကျင်ပညာရှင်များမှ လူကြီးမင်းတို့​၏ Financial Statement များကို အခြေခံ၍ ဗျူဟာမြောက်သည့် ဆုံးဖြတ်ချက်များ ချနိုင်ရန် Financial Consulting ပြုလုပ်ပေးခြင်း

စသည့် ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးပြီး ကောင်းမွန်စွာ စာရင်းစနစ်ချမှတ်ခြင်းဖြင့် သင့်လုပ်ငန်းကို မြှင့်တင်လိုက်ပါ...

Let us take care of your financial matters, so you can focus on what you do best - growing you business!

Contact us ☎️
09 944 789 333, 09 448 007 537

06/03/2026

လုပ်ငန်းရှင်များအနေနဲ့ သင့်လုပ်ငန်းရဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်များကို ထိရောက်တဲ့ SOP နှင့် လုပ်ငန်းလည်ပတ်လိုပါသလား...

ဒါဆိုရင်တော့ လုပ်ငန်းတစ်ခု၏ အရေးပါလှတဲ့ ဘဏ္ဍာရေးဆိုင်ရာ အခန်းကဏ္ဍက ဝန်းထမ်းများအတွက် လိုအပ်မယ့် Training များရယူဖို့ဆိုရင် M&Z Accountancy Services Company Limited ရဲ့ Corporate Training Service ရှိတယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်...

သင့်ဝန်ထမ်းများအနေနဲ့ လုပ်ငန်းရဲ့...
✅လုပ်ငန်းစဉ်များကို တိကျသေချာစွာနားလည်နိုင်ရန်
✅လုပ်ငန်း၏ ချမှတ်ထားသော SOPs များကို ကျွမ်းကျင်စွာဖြင့် လိုက်နာစေရန်
✅ခေါင်းဆောင်မှု စွမ်းရည်တိုးတက်လာစေရန်
✅ဘဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကို ပိုမိုနားလည်တတ်မြောက်စေရန်
✅Accounting Software များ၊ International Accounting Standards များကို လုပ်ငန်းခွင်နှင့် ကိုက်ညီစွာ အသုံးပြုနိုင်ရန်
စသည့် ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်♻️

Let us take care of your financial matters, so you can focus on what you do best - growing you business!

Contact us ☎️
09 944 789 333, 09 448 007 537

23/01/2026

လုပ်ငန်းတစ်ခုမှာ တကယ်ကို မရှိမဖြစ် လိုအပ်တဲ့ စာရင်းစစ်ဆေးခြင်း ဝန်ဆောင်မှု ကိုရှာနေတာလား?💶

ဒါဆိုရင်တော့ M&Z Accountancy Services Company Limited ရှိတယ်ဆိုတာ သတိရပေးပါနော်...

ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများအားစစ်ဆေးခြင်းနှင့် လုပ်ငန်း၏လိုအပ်ချက်ပေါ်မူတည်ပြီး လုပ်ငန်းရှင်များအား မှန်ကန်တိကျပြီး ကောင်းမွန်သော အကြံဉာဏ်များရယူဖို့ အခုပဲ M&Z ရဲ့ ဝန်ဆောင်မှုကို ရယူလိုက်ကြပါစို့နော်...💯

We are ready to support your company’s auditing needs!

Contact us ☎️
09 944 789 333, 09 448 007 537

21/01/2026

လူကြီးမင်းတို့ရဲ့ ဘဏ္ဍာရေးလိုအပ်ချက် အားလုံးကို ကူညီပေးဖို့ ယုံကြည်စိတ်ချရတဲ့ စာရင်းကိုင်၊ စာရင်းစစ်နှင့် ငွေကြေးဆိုင်ရာ အကြံပေးဝန်ဆောင်မှုများ လိုအပ်နေပါသလား! 💶

စာရင်းကိုင်၊ စာရင်းစစ်နယ်ပယ်မှာ (၂၅)နှစ်နီးပါးအတွေ့အကြုံရှိသည့် ကျွန်ပ်တို့ရဲ့ Founder တစ်ဦးလဲ ဖြစ်တဲ့ ဆရာ ဦးမင်းနိင်ထွန်း (CPA Gold Medalist) ဦးစီးသည့် M&Z Accountancy Services Company Limited အနေဖြင့် လူကြီးမင်းတို့ကို ကူညီပေးပါရစေနော်💯

✅စာရင်းကိုင်နှင့် စာရင်းရေးသွင်းခြင်း၊ ဘဏ္ဍာရေးမှတ်တမ်းများ၊ ဘဏ္ဍာရေးရှင်းတမ်းများ နှင့် အခွန်ရှင်းလင်းခြင်း ဝန်ဆောင်မှုများ

✅လုပ်ငန်း​၏ ဘဏ္ဍာရေးရှင်းတမ်းများ မှန်ကန်တိကျမှုရှိမရှိ၊ ထုတ်ပြန်ထားသည့် သက်ဆိုင်ရာ ဥပဒေများကို လိုက်နာမှုရှိမရှိများကို စစ်ဆေးပေးသော ဝန်ဆောင်မှုများ

✅လုပ်ငန်းစတင်တည်ထောင်စဉ်ကာလတွင် အခြေခံကျ၍ ထိရောက်သော System များရေးဆွဲပေးခြင်း

✅လုပ်ငန်း​၏လိုအပ်ချက်များနှင့် သုံးစွဲသူများအဆင်ပြေစေရန် အံဝင်ခွင်ကျဖြစ်စေသော Accounting Software များကို Training များ အပြည့်အဝပေး၍ သုံးစွဲရန်အကောင်အထည် ဖော်ပေးခြင်း

✅ စာရင်းကျွမ်းကျင်ပညာရှင်များမှ လူကြီးမင်းတို့​၏ Financial Statement များကို အခြေခံ၍ ဗျူဟာမြောက်သည့် ဆုံးဖြတ်ချက်များ ချနိုင်ရန် Financial Consulting ပြုလုပ်ပေးခြင်း

စသည့် ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါသည်♻️

Let us take care of your financial matters, so you can focus on what you do best - growing you business!

Contact us ☎️
09 944 789 333, 09 448 007 537

31/12/2025

နှစ်သစ်မှ စတင်ပြီး လူကြီးမင်းတို့ လုပ်ငန်းများ ယခုထက် ပိုမိုအောင်မြင်ပါစေလို့ M&Z Accountancy Services Company Limited မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Hle Dan Road, Myanmar, Burma (Myanmar)
Yangon