04/02/2024
အောက်ကဝေဒနာမျိုးမျက်နှာပေါက်လာပြီဆို
အကြံပြုပါရစေ
YMP rose soap 2ခဲကို 2လတိတိအသုံးခံရင်း
ဝက်ခြံ တင်းတိတ် အသားအရည်မွဲခြောက်
ပျက်စီးသောမျက်နှာ ပြန်ကောင်းဖို့ YMP Rose 🌹 soap ကိုသုံးကြပါစို့
09254775471
04/02/2024
YMP gigawhite booster ရဲ့ ပါဝင်မှုပစည်းတွေနော်
09254775471
04/02/2024
အိုး ဟို အသားရေလေး ရှယ်ကြွေတာ 🙈
အသားဖြူရင် ရုပ်မလှရင်တောင်
ဘာလေးဝတ်ဝတ်လိုက်တယ် အသားဖြူတဲ့သူ
က အဝေးကကြည့်ရင်တောင် ထင်းနေရော 😍
လူအများကြား ဖြူဖြူလေးဆို ပိုပေါ်လွင်တယ်
ကောင်မလေးတို့ရေ
အပိုမပြောဘူးနော် ဖြူချင်💜 ခရမ်းခဲ 2ခဲပဲသုံး
မကြည်စိုး ဖြစ်ဖို့ တာဝန်ယူတယ်နော် 😘
04/02/2024
🙁အသားဖြူချင်တယ်ဆိုပြီး ထိုင်ညည်းနေလို့ ဘာအကျိုးမှ ထူးလာမှာ မဟုတ်ဘူးနော်
😕အသားဖြူ ကိုယ်တိုက် ဆပ်ပြာတွေ ပေါနေတဲ့ခေတ်မှာ အရွေး မမှားဖို့ပဲ လိုတာ...
🤩တကယ်ထိရောက်ပြီး Fair price လေးနဲ့ဆို စမ်းသုံးကြည့်ချင်တယ်ဆိုတဲ့ သူလေးတွေအတွက်
💜Lavender Whitening Body Mask Soap ရှိတယ်
🌟သူ့ရဲ့ အကျိုးပြုပုံ🌟
အရေပြားရဲ့ ခုခံအားကို ပိုမိုကောင်းမွန်စေပါတယ် 💜
နောကျောဖက် ဝက်ခြံ အဖု အပိန့် တွေကို လျော့ပါးစေပါတယ် 💜
အမဲစက် အနီစက် များကို ပျောက်ကင်းစေပါတယ် 💜
ယားယံခြင်းကိုလဲ သက်သာစေပါတယ် 💜
တစ်နေ့တာလုံး အစိုဓာတ်ကိုလည်း ထိန်းသိမ်း ပေးနိုင်ပါတယ်💜
09254775471or cb
26/06/2022
ဘုရားရှိခိုးကျောင်းတဲ့။
အီဂျစ်ပြည်က ဆီနိုင်းတောင်တွေကြားမှာ ခမ်းနားစွာ တည်ရှိနေတဲ့ ဘုရားကျောင်းအို၊ ခရစ်ယာန်၊ ဂျူးနဲ့ အစ္စလာမ် စတဲ့ ဘာသာသုံးခုလုံး အထွဋ်အမြတ်ထားရတဲ့ ဘုရားကျောင်းအို၊ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ကမ္ဘာ့ရှေးအကျဆုံး စာကြည့်တိုက်တို့ ရှိတဲ့ ဘုရားကျောင်းအို၊ ဘုန်းတော်ကြီးတွေ သီတင်းသုံးနေဆဲ ဖြစ်ပြီး ဆီနိုင်းဘုရားကျောင်းရဲ့ ဩဇာထိန်းချုပ်မှု အောက်မှာ ရှိတဲ့ ဘုရားကျောင်းအို၊ စွန့်စားသွားလာသူတွေနဲ့ ကမ္ဘာလှည့်ခရီးတွေ မျက်စိကျလေ့ရှိတဲ့အထဲမှာ ထိပ်ဆုံးက အမြဲပါတတ်တဲ့ ဘုရားကျောင်းအို။
🏪စိန့်ကက်သရင်း ဘုရားကျောင်းအိုမှာ ရှေးဟောင်းပစ္စည်းတွေကို တန်ဖိုးထား စိတ်ဝင်စားသူတွေနဲ့ ဘာသာရေး ကိုင်းရှိုင်းသူတွေ၊ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာလိုက်စားသူ ပညာရှင်တွေ၊ ကျောင်းသားတွေ၊ ဘုရားဖူးဧည့်သည်တွေအတွက် စိတ်လှုပ်ရှားစရာ အရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။
⛪️စိန့်ကက်သရင်း ဘုရားရှိခိုးကျောင်းကို AD 530 မှာ Byzantine အင်ပါယာဘုရင် ဂျက်စတင်းနီးယန်းရဲ့ အမိန့်နဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရသေ့ပသီတွေ၊ ဘုန်းကြီးတွေနဲ့ ဘာသာရေးဆရာတွေက စိန့်ကက်သရင်း ဆောက်မယ့်နေရာဟာ တမန်တော် Moses ကို ဘုရားသခင်က ဆက်သွယ်စကားပြောခဲ့တဲ့ ကျမ်းစာဟောင်းထဲက ဇာတ်လမ်းရဲ့ ဘူမိနက်သန် နေရာအဖြစ် ယူဆသတ်မှတ်ခဲ့ကြပါတယ်။ ဒါကြောင့် စိန့်ကက်သရင်း ဘုရားရှိခိုးကျောင်းကို မြင့်မြတ်တဲ့ မြေနေရာမှာ တည်ဆောက်ခဲ့တယ်လို့ ပြောလည်း မမှားပါဘူး။
⛪️စိန့်ကက်သရင်း ဘုရားရှိခိုးကျောင်းမှာ အဓိကနေရာသုံးခု ရှိပါတယ်။ အဲ့ဒါက
- Burning Bush အမျိုးအစားဝင် သမိုင်းဝင် အပင်ရယ်
- စိန့်ကက်သရင်း ပြတိုက်ရယ်နဲ့
- စိန့်ကက်သရင်း စာကြည့်တိုက်တို့ပဲ ဖြစ်ပါတယ်။
🌲Burning Bush ကနေတဆင့် တမန်တော် Moses ကို ဘုရားသခင်က စကားလာပြောတာပါ။ အခု စိန့်ကက်သရင်းမှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ Burning Bush ဟာ သမိုင်းဝင် Burning Bush အပင်ကနေ ဆင်းသက်လာတဲ့အမျိုးဖြစ်ပြီး အပင်ရဲ့ အကိုင်းအခက်တွေကို ဘုရားဖူးဧည့်သ့ည်တွေ အမှတ်တရ လက်ဆောင်အဖြစ် ချိုးယူဆောင်သွားလေ့ ရှိတာကြောင့် Burning Bush ကို ကျောက်သားနံရံနဲ့ ပတ်ပတ်လည် ကာထားပါတယ်။
🏛‘The Sacred Sacristy’ လို့ခေါ်တဲ့ စိန့်ကက်သရင်း ပြတိုက်မှာ ကမ္ဘာပေါ်က တခြားနေရာတွေမှာ တွေ့ရခဲတဲ့ ရှေးဟောင်းရှားပါး ဘာသာရေးကျမ်းစာတွေ၊ စာမူကြမ်းတွေ၊ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရှေးဟောင်းအနုပညာတွေနဲ့ ရုပ်တုတွေကို ထိန်းသိမ်းထားပါတယ်။ စိန့်ကက်သရင်း ပြတိုက်မှာ အစ္စလာမ်ဘာသာ တည်ထောင်သူဖြစ်တဲ့ တမန်တော် Mohamed လက်မှတ်နဲ့ စာတမ်းကော်ပီတစ်စောင် ရှိပါတယ်။ စာရဲ့ နာမည်က Ahitname တဲ့။ စာရဲ့ ရည်ရွယ်ချက်ကတော့ အီဂျစ်ကို အာရပ်တွေ လာရောက် တိုက်ခိုက်သိမ်းပိုက်တဲ့အချိန် စိန့်ကက်သရင်း ဘုန်းကြီးကျောင်းကို လက်ဖျားနဲ့တောင် မထိစေရဘူး ဆိုတဲ့ အာမခံချက်ပဲ ဖြစ်ပါတယ်။ မြေအောက်ခန်းထဲမှာတော့ ပြတိုက်ရဲ့ တန်ဖိုးအကြီးမားဆုံး ပစ္စည်းရှိပါတယ်။ အဲ့ဒါက Codex Siniticus လို့ခေါ်တဲ့ ဂရိဘာသာနဲ့ ရေးသားထားတဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး သမ္မာကျမ်းစာပဲ ဖြစ်ပါတယ်။
🏢စိန့်ကက်သရင်း စာကြည့်တိုက်မှ ကမ္ဘာပေါ်က ရှားပါးရှေးဟောင်း ဘာသာရေးလက်ရေးမူကျမ်းပေါင်း ၂၀၀၀ကျော်ကို စုဆောင်းထားပါတယ်။ အဆိုပါ ဘာသာရေကျမ်းတွေနဲ့ လက်ရေးမူစာတွေဟာ ဂရိ၊ ဆီးရီးယား၊ ပါရှား၊ အာရပ်၊ တူရကီနဲ့ ရုရှားစာတွေနဲ့ ရေးသားထားတာပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ တစ်ခုကတော့ ဒီစာတွေကို လူအများ လေ့လာဖို့ ခွင့်မပြုထားပါဘူး။ စိန့်ကက်သရင်းကို လူတွေ အဓိက စိတ်ဝင်စားကြတာက ဒီနေရာ သုံးခုကြောင့်ပဲ ဖြစ်ပါတယ်။
ဒီလောက်ဆို စိန့်ကက်သရင်း ဘုရားရှိခိုးကျောင်းရဲ့ အံ့ဩတန်ဖိုးထားစရာ အကြောင်းတွေကို သိလောက်ပြီလို့ ထင်ပါတယ်။ နောက်လည်း ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ Knowledge Sharing မျိုး တင်ဆက်ပေးသွားမလဲဆိုတာ Page ကို Stay Tuned ပေးထားကြပါဉီးဗျ။🤗
26/06/2022
👩 မိန်းကလေးတွေမှာ အိမ်ထောင်မပြုတဲ့ အချက် (၄) ချက်ရှိတယ်တဲ့...🤔
👉 ဒီ (၄) ချက်ကတော့...
(၁) ကိုယ်တကယ်ချစ်တဲ့သူနဲ့ ဝေးသွားပြီး ဘဝမှာ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့လို့။
(၂) တသက်လုံး အပူမရှာဘဲ အပျိုကြီးလုပ်ဖို့ စဉ်းစားဆုံးဖြတ်ထားပြီးသား ဖြစ်နေလို့။
(၃) မသာယာတဲ့ အိမ်ထောင်ရေးတွေ ကိုယ်ရှေ့မှာ တွေ့တွေ့နေရလို့ အိမ်ထောင်ပြုရမှာကို သေမလောက် ကြောက်နေလို့။
(၄) နောက်ဆုံးတစ်ခုကတော့ စာအုပ်တချို့ကို သွားဖတ်မိလို့တဲ့....
👉 တကယ်ပြောတာပါ။ လင်မယူရရင် သေရပါချည်ရဲ့ဆိုတဲ့လူတွေတောင် လင်စိတ်သားစိတ်ကုန်သွားမယ့် စာအုပ်တွေ ရှိပါတယ်။ အဲဒီထဲက စာအုပ်အချို့ကို အောက်မှာဖော်ပြပေးပါမယ်။
(၁) ပျောက်သောလမ်းမှ စမ်းတဝါး - မိုးမိုး(အင်းလျား)
(၂) ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား - မိုးမိုး(အင်းလျား)
(၃) မုန်း၍မဟူ (ဂျာနယ်ကျော်မမလေး)
(၄) နွေတည (နိုင်ဝင်းဆွေ)
(၅) မောင်၊ ကိုကိုနဲ့ မြနန္ဒာ (ကြည်အေး)
(၆) Gone Girl (Gillian Flynn)
(၇) Rebecca (Daphne Du Maurier)
(၈) Revolutionary Road (Richard Yates) စတဲ့ စာအုပ်တို့ပဲ ဖြစ်ပါတယ်။
📚ဖတ်တာ၊ မဖတ်တာက ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်လို့ အထွေအထူး မပြောတော့ပါဘူး။ ဒါပေမယ့် ဖတ်ပြီး အပျိုကြီး ဖြစ်ချင်စိတ်တွေပေါက်လာရင်တော့ ကိုယ့်ဒေါသနဲ့ ကိုယ်ပဲနော်။ အက်မင်နဲ့ မဆိုင်ဘူးရယ်။ အက်မင်ကို ပြဿနာ လာရှာရင်တော့ ပြေးမှာဗျ😛
မိတ်ဆွေတို့အနေနဲ့လည်း ဖတ်ဖူးထားတဲ့ စာအုပ်လေးတွေရှိရင် ပြောပြပေးသွားဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။