Myanmar Enterprise Solutions

Myanmar Enterprise Solutions

Share

Myanmar Enterprise Solutions is about bringing our clients a positive outsourcing experience for their accounting and corporate financial planning needs.

MES’s talented partners and associates specialize in the areas of accounting setup, assura

28/05/2026

2000 ခုနှစ်အစောပိုင်းကာလမှာ Yukos Oil Company ဟာ Russia နိုင်ငံရဲ့ အကြီးဆုံး private oil company တစ်ခုဖြစ်ခဲ့ပါတယ်။
ထို company ကြီးဟာ နှစ်စဉ် ဘီလီယံပေါင်းများစွာ ဝင်ငွေရှိနေတဲ့ giant corporation တစ်ခုဆိုလည်း မမှားပါဘူး။

သူဟာ investor တွေ ယုံကြည်ရတဲ့ company တစ်ခုဖြစ်ပြီး market မှာ အင်အားကြီးတယ်လို့ ဆိုရတဲ့အထိ အောင်မြင်မှုကို ရရှိခဲ့ကာ အနာဂတ်တောက်ပနေတဲ့ company တွေထဲမှာ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် အခွန်ရှောင်မှု (Tax Evasion) စွပ်စွဲချက်တွေက Yukos ဆိုတဲ့ company ကြီးကို တဖြည်းဖြည်းနဲ့ ပျက်စီးသွားစေခဲ့ပါတယ်။

2003-2006 ခုနှစ်ကာလမှာ အစိုးရ က Yukos ကို shell company တွေသုံးပြီး အခွန်တိမ်းရှောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

စစ်ဆေးမှုတွေပြီးသွားတဲ့နောက်ပိုင်းမှာတော့ အစိုးရ ဟာ Yukos ကို ဒေါ်လာ ၂၇ ဘီလီယံကျော် အခွန်ပြန်လည်ပေးသွင်းဖို့တောင်းခံခဲ့ပြီး Bank account freeze၊ Asset seizure၊ Court case များနဲ့ financial pressure တွေဟာ Yukos Company အပေါ် ဆက်တိုက်ကျရောက်လာခဲ့တယ်။

Company ကြီးတစ်ခုဟာ တစ်ရက်တည်းနဲ့ မပြိုကျသွားပါဘူး။ ဒါပေမယ့် အခွန်ပြဿနာက cash flow ကို သတ်ပြီး investor confidence ကို ဖျက်ဆီးခဲ့ပါတယ်။ဒါ့အပြင် bank နဲ့ partner တွေကိုလည်း နောက်ဆုတ်စေခဲ့တယ်။

နောက်ဆုံးမှာတော့ 2006 ခုနှစ်မှာ Yukos Oil Company ကြီးဟာ officially bankrupt ဖြစ်သွားခဲ့ပါတယ်။တစ်ချိန်က Russia ရဲ့ အင်အားအကြီးဆုံး oil company တစ်ခုဟာ အခွန်ပြဿနာကြောင့် သမိုင်းထဲက ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဒီနေ့အချိန်ထိ Yukos Company ကြီးဟာ
“Tax issue ကြောင့် ပြိုကျသွားတဲ့ ကမ္ဘာ့အကြီးဆုံး corporate collapse တွေထဲက တစ်ခု”
အဖြစ် လူတွေရဲ့ နှုတ်ဖျားမှာ ပြောစမှတ်တွင်နေဆဲပါပဲ။

Business တစ်ခုအတွက် အခွန်ဆိုတာ “ရွေးချယ်လို့ရတဲ့ option” မဟုတ်ပါဘူး။
မဆောင်ထားတဲ့ အခွန်ဟာ future profit မဟုတ်ဘဲ future risk ဖြစ်စေနိုင်ပါတယ်။

Penalty တွေက တိုးလာမယ်၊ audit တွေ ဝင်လာမယ်၊ accounts freeze တွေ ဖြစ်နိုင်မယ်၊ license ထိခိုက်နိုင်မယ်၊ reputation ပျက်သွားနိုင်မယ် စတဲ့ပြဿနာတွေဟာ အခွန်ရှောင်ရာကနေ ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့အကြီးဆုံး company တွေတောင် မလွတ်ခဲ့ဘူးဆိုရင် ဘယ် business မှ အခွန်ရှောင်ခြင်းရဲ့ အကျိုးဆက်ကနေ မလွတ်မြောက်နိုင်ပါဘူး။

အခွန်ရှောင်ခြင်းဟာ ခဏတာ cash flow ပိုကောင်းသလို ထင်ရနိုင်ပေမယ့် အဆုံးမှာ company တစ်ခုလုံးကို ဒေဝါလီခံသွားစေနိုင်တဲ့ အန္တရာယ်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အခွန်ရှောင်တာမျိုးတွေ မလုပ်ဘဲ အခွန်နဲ့ဆိုင်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ဝန်ဆောင်မှုတွေကို လိုချင်ရင်တော့ ကျွန်တော်တို့ရဲ့ “MES” ကို အမြန်ဆုံးဆက်သွယ်လိုက်ဖို့ အကြံပေးလိုက်ပါတယ်။

#အခွန်

28/05/2026

ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက်

မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့သည့်ခုနှစ် ကြာမြင့်ပြီး အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များသည် စက်သုံးဆီပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်ခြင်း၊ ယာဉ်များ၏ကြံ့ခိုင်မှုအားနည်းခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်း၊ ယာဉ်မှပိုမိုထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် ကျော်လွန်ယာဉ်များ၊ မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန် ပြင်ဆင်၍မရနိုင်သည့် ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ် မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏ တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုးလဲလှယ်နိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ယာဉ်အို/ယာဉ်ဟောင်း အပ်နှံမှုအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) တင်ပြပါက အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သော လျှပ်စစ်သုံးယာဉ် (EV) တစ်စီးအား အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီက စိစစ်၍ အစားထိုးတင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ကျသင့်မည့်နိုင်ငံခြားငွေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

27/05/2026

မနက်ဖြန် Myanmar Enterprise Solutions
ရုံးတစ်ရက်ပိတ်ပါတယ်နော်၊
သန်ဘက်ခါ ၂၇ ရက်နေ့မှာတော့ ရုံးပြန်ဖွင့်ပါမယ်။

27/05/2026

တိုင်းပြည် ဝင်​ငွေ​ကောင်းမှ အစိုးရအ​ပေါ် အယုံအကြည်ရှိမှာ​နော် 😎

The Executive Brief (27/5/2026)
**************************************

CMP လုပ်ငန်း​တွေ ကုန်ကြမ်းတင်သွင်းဖို့ လိုင်စင်ကို FESC Approval ခွင့်ပြုချက်ရယူဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ အပတ်က သတင်း​တွေ ထွက်လာပါတယ်။ စာနဲ့ ထွက်တာမဟုတ်​ပေမယ့် သတင်းက​တော့ မှန်တယ်လို့သိရပါတယ်။

FESC အစည်းအဝေးဟာ အပတ်စဉ် ပုံမှန်ကျင်းပလေ့ရှိတာကြောင့် လိုင်စင်ကျဖို့ ကြာမြင့်ချိန်ဟာ အရင်ကထက် အချိန်​တွေပိုကြာသွား​တော့မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံ​ရေး စိန်​ခေါ်မှု၊ လျှပ်စစ်မီးရရှိ​ရေး စိန်​ခေါ်မှု​တွေက​နေ တစ်ခုထပ်တိုးပြီး ကုန်ကြမ်းပြတ်တောက်မှု မရှိစေဖို့အတွက် အလုပ်ရုံပိတ်ရက်တွေ၊ အစည်းအဝေးကျင်းပမယ့်ရက်တွေကို တွက်ချက်ပြီး ကြိုတင်ပြင်ဆင်ကြဖို့ လိုလာပါတယ်။

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

27/05/2026

🌿 ဇီဝမျိုးစုံမျိုးကွဲများနေ့ မှသည် အနာဂတ် ပို့ကုန်ဈေးကွက် ဆီသို့ 📦

ဘယ်သူမှ သတိမထားမိလိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ ဆိုတာ မေလ ၂၂ ရက်နေ့တုန်းက ကမ္ဘာ့နိုင်ငံတစ်ချို့မှာ ကျင်းပသွားခဲ့ပါတယ်။ မြန်မာပြည်မှာတော့ ဘယ်သူမှ သတိမထားမိလိုက်တဲ့ သာမန်နေ့လေးတစ်နေ့ပါ။ သဘာဝပတ်ဝန်းကျင်ကိစ္စဆိုတော့ ပေါ်ပင်ကိစ္စမဟုတ်ရင် သိပ်လည်း သတိမထားမိကြတာကလည်း သဘာဝတော့ကျပါတယ်။

တကယ်တော့ ဒီနေ့ရက်ရဲ့ နောက်ကွယ်က တွန်းအားတွေဟာ ကမ္ဘာ့စီးပွားရေး၊ အထူးသဖြင့် ပို့ကုန်လောကရဲ့ အနာဂတ်ကို အကြီးအကျယ် ပြောင်းလဲပစ်နေလို့ ဖြစ်ပါတယ်။

ကမ္ဘာမြေကို ကာကွယ်ခြင်းနဲ့ ကုန်သွယ်ရေး ဘာဆိုင်လို့လဲ❓
အရင်ကတော့ ကုန်သွယ်မှုလုပ်တဲ့အခါ ဈေးနှုန်း သက်သာဖို့နဲ့ အရည်အသွေး ကောင်းဖို့ ပဲ လိုခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ စားသုံးသူတွေနဲ့ နိုင်ငံတကာ အစိုးရတွေက "ဒီပစ္စည်းကို ထုတ်လုပ်ဖို့အတွက် သဘာဝတောတောင်တွေကို ဖျက်ဆီးခဲ့သလား၊ တိရစ္ဆာန်တွေရဲ့ နေရပ်တွေကို ဖျက်ဆီးခဲ့သလား" ဆိုတာကိုပါ ထည့်တွက်လာကြပါပြီ။

ဒါကြောင့်ပဲ ပို့ကုန်လောကမှာ Green Compliance လို့ခေါ်တဲ့ (ဂေဟစနစ်ဆိုင်ရာ စည်းမျဉ်းညီညွတ်မှု) ဆိုတာ မဖြစ်မနေ လိုက်နာရမယ့် ဥပဒေတစ်ခု ဖြစ်လာတာဖြစ်ပါတယ်။
မလိုက်နာရင် ဘာဖြစ်မလဲ။ မလိုက်နာရင် ပြဿနာရှိပါတယ်။

ဥပမာဥရောပသမဂ္ဂ (EU) က ထုတ်ပြန်လိုက်တဲ့ EUDR (EU Deforestation Regulation) ဥပဒေအရ သင်ဟာ ကော်ဖီ၊ ကိုကိုး၊ ပဲပုပ်၊ သစ်၊ ရာဘာ စတဲ့ ကုန်ပစ္စည်းတွေကို EU ဆီ ပို့ချင်ရင်၊
အဲ့ဒီစိုက်ပျိုးမြေဟာ ၂၀၂၀ နောက်ပိုင်း "သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းထားတဲ့ မြေမဖြစ်ရဘူး" ဆိုတာကို ခိုင်မာတဲ့ အထောက်အထား (GPS Data) တွေနဲ့ သက်သေပြရပါတော့မယ်။

သစ်တောတွေကို ကာကွယ်မှ ဇီဝမျိုးစုံမျိုးကွဲတွေ ရှင်သန်မယ် ဒါကြောင့် သဘာဝကို ဖျက်ဆီးပြီး ထုတ်ထားတဲ့ ပစ္စည်းတွေကို နိုင်ငံတကာက ဝယ်မှာ မဟုတ်တော့ပါဘူး။

Biological Diversity Day က ကမ္ဘာကြီးကို
ကာကွယ်ဖို့ "နှိုးဆော်သံ" ပေးတာဆိုရင်၊ Green Compliance ကတော့ အဲ့ဒီနှိုးဆော်သံအတိုင်း လက်တွေ့မလိုက်နာရင် စီးပွားရေးလုပ်လို့ မရတော့ဘူးဆိုတဲ့ "စည်းမျဉ်း" ဖြစ်ပါတယ်။

ဒါကြောင့် အနာဂတ်မှာ ပို့ကုန်ဈေးကွက်ကို ဦးဆောင်ချင်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့
ဓာတုဗေဒပစ္စည်း အလွန်အကျွံသုံးစွဲမှုကို လျှော့ချရပါမယ်။

သဘာဝတောတောင်နဲ့ ရေအရင်းအမြစ်ကို မထိခိုက်တဲ့ စိုက်ပျိုးထုတ်လုပ်မှုကို ပြောင်းလဲရပါမယ်။မိမိပစ္စည်းဟာ Eco-friendly ဖြစ်ကြောင်း ပြသနိုင်မယ့် Green Certifications တွေ ကြိုတင်ပြင်ဆင်ထားရပါမယ်။

အနာဂတ်ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းဟာ အစိမ်းရောင်လမ်းပဲ ဖြစ်လာတော့မှာပါ။
"သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းက ကမ္ဘာမြေကို ကယ်တင်ရုံတင်မကဘဲ၊ သင့်ရဲ့ ပို့ကုန်စီးပွားရေး အနာဂတ်ကိုပါ ကယ်တင်ရာ ရောက်ပါတယ်" 🌿

Photos from Myanmar Enterprise Solutions's post 27/05/2026

Market Overview of Listed and
Pre-Listed Companies
27.05.2026

Photos from Myanmar Enterprise Solutions's post 27/05/2026

🗓️၂၀၂၆ ခုနှစ်၊ မေလ၊ (၁၉) ရက်နေ့ တွင် Annual Return တင်ရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီပေါင်း 2️⃣0️⃣0️⃣ (၂၀၀)ခု ကို (Struck off) မှတ်ပုံတင်စာရင်းမှ ထပ်မံ ပယ်ဖျက်လိုက်သည်။

နောက်ဆုံး ပြောင်းလဲလိုက်တဲ့ Policy များ အရ AR တင်ရန် ပျက်ကွက်ထားသော ဒါရိုက်တာများအနေဖြင့် ကုမ္ပဏီ အသစ် ထပ်မံတည်ထောင်ခွင့် ရတော့မည် မဟုတ်ပါ။

မိမိကုမ္ပဏီကို မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံရခြင်းမရှိစေရန် အချိန်မှီ AR တင်ဖို့လိုပါသည်။
AR တင်ဖို့ မေ့နေခဲ့ပြီး မိမိ ကုမ္ပဏီ Status တွင် Registered မဖြစ်ပဲ Suspended ဖြစ်နေသော ကုမ္ပဏီများ နောက်ကျကြေးသွင်း၊ Suspended ဖြေရန် လိုအပ်ပါသည်။

AR နှစ်စဥ် နောက်ကျမှု မရှိပဲ အချိန်မှီတင်ဖို့ MES နှင့် အမြန်ဆက်သွယ်လိုက်ပါနော်။

🏢မိမိကုမ္ပဏီက လုပ်ငန်းလည်း ဆက်လုပ်နေသေးတယ် အကြောင်းအမျိုးမျိုးကြောင့် AR မတင်ဖြစ်လို့ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံလိုက်ရတယ် ကိုယ့် ကုမ္ပဏီကို ပြန် အသက်သွင်းချင်တယ်ဆိုရင်တော့ ကုမ္ပဏီတည်ရှိရာမြို့နယ်ရဲ့ သက်ဆိုင်ရာ ခရိုင်တရားရုံးမှာ မှတ်ပုံတင်ခွင့်ကို ပြန်လည်လျှောက်ထားပြီး တရားရုံးအမိန့်စာနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင်ပြန်လည်‌လျောက်ထားပြီးမှသာ အသက်ဆက်နိုင်မှာဖြစ်ပါတယ်။

Myanmar Enterprise Solutions
☎️09253388177, ☎️09253388166



26/05/2026

တကယ်ဆို မြန်မာနိုင်ငံက ရသင့်တာလေ

The Executive Brief (26/5/2026)
**************************************

🚀 “​ရွှေ့​ပြောင်းအလုပ်သမား” ကနေ ဘတ် ၂၂၁ ဘီလီယံတန် “ရွှေ့ပြောင်း​ရွှေအင်ပါယာ” သို့

မနေ့က Happio အတိုင်ပင်ခံကုမ္ပဏီက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်ပြီး သုသေသန စာတမ်း “The Myanmar Market in Thailand 2026” ကို ထုတ်ပြန်လိုက်ပါတယ်။

1️⃣ ဈေးကွက်ပမာဏကြီးမားခြင်း- ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၄ သန်းကျော် နေထိုင်လျက်ရှိပြီး တစ်နှစ်လျှင် ထိုင်းစီးပွားရေးစနစ်ထဲသို့ ဘတ် ၂၂၁ ဘီလီယံ (221 Billion Baht) ခန့် စီးဆင်းသုံးစွဲနေကျပါတယ်။ ဒီသုံးစွဲမှုပမာဏက ၎င်းတို့ရရှိသော စုစုပေါင်းဝင်ငွေ၏ ၆၅ ရာခိုင်နှုန်း အထိ ထိုင်းနိုင်ငံထဲမှာပဲ ပြန်လည်သုံးစွဲခဲ့တာဖြစ်ပါတယ်။ သူတို့ဝင်ငွေကို ပြန်ပြောင်းတွက်ကြည့်မယ်ဆိုရင် ဘတ် ၃၄၀ ဘီလီယံ တန်ငွေကြေးစီးဆင်းနေပြီဖြစ်ပါတယ်။ စုစုပေါင်းဝင်ငွေရဲ့ ၃၅ ရာခိုင်နှုန်း ကပဲ မြန်မာနိုင်ငံဆီ ပြန်လည်စီးထွက်ပါတယ်။

2️⃣ ပုံစံပြောင်းလဲလာခြင်း- ယခင်က မြန်မာရွှေ့ပြောင်းလုပ်သားများကို ရိုးရှင်းသော ကာယလုပ်သားများအဖြစ်သာ ရှုမြင်ခဲ့ကြသော်လည်း ယခုအခါ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ ကျွမ်းကျင်လုပ်သားများနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်လိုသော၊ ဝယ်ယူနိုင်စွမ်းအားရှိသော "အလားအလာရှိသည့် စားသုံးသူလူတန်းစားသစ် ရွှေ့ပြောင်းအင်ပါယာ" အဖြစ်သို့ ပြောင်းလဲလာပြီဖြစ်ပါတယ်။
ထိုင်းလုပ်ငန်းရှင်အများစုဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဝင်ငွေနည်းပါးပြီး အခြေခံကုန်ပစ္စည်းလောက်ပဲ ဝယ်နိုင်သူတွေအဖြစ် ရှုမြင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မြန်မာလူထုထဲမှာ ဝယ်ယူနိုင်စွမ်းအား မြင့်မားတဲ့ အလွှာသစ်တစ်ခု (New Purchasing Powerhouse) ပေါ်ပေါက်လာနေပြီး ထိုင်းကုမ္ပဏီတွေအနေနဲ့ ဒီစျေးကွက်ကြီးကို ကောင်းကောင်းအသုံးမချနိုင်ဘဲ အခွင့်အလမ်းတွေ လက်လွတ် ဆုံးရှုံးနေရတယ်လို့ ဒီသုသေသန စာတမ်းက သတိပေးထားပါတယ်။

3️⃣ မြန်မာစားသုံးသူများ အဓိကသုံးစွဲသည့် Spending Habits က
မြန်မာရွှေ့ပြောင်းလူထု၏ တစ်ဦးလျှင် ပျမ်းမျှလစဉ်ဝင်ငွေမှာ ၆,၉၁၅ ဘတ် ခန့်သာ ရှိသဖြင့် ပမာဏအားဖြင့် မများလှဟု ထင်ရသော်လည်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုပေါင်းလိုက်သောအခါ ထိုင်းစီးပွားရေးကို မောင်းနှင်ပေးနိုင်သည့် ကြီးမားလှသော အင်အားစုကြီး ဖြစ်လာပြီး တစ်နှစ်ကို ၃၄၀ ဘီလီယံဘတ် ဝင်ငွေဖြစ်ထွန်းလာပါတယ်။ အဲ့ထဲက ၃၅% ကိုသာ စုစောင်းမှုအဖြစ် မြန်မာနိုင်ငံကို ပြန်လည်ပေးပို့တာဖြစ်ပါတယ်။ (၃၄၀ ဘီ x ၃၅ %) = ၁၁၉ ဘီလီယံ ဘတ် (Remittance)
၎င်းတို့၏ ဝင်ငွေအနက် အောက်ပါကဏ္ဍ (၄) ခုတွင် အများဆုံး သုံးစွဲနေကြသည် -
🥣စားသောက်ကုန်နှင့် အဖျော်ယမကာ (Food & Beverages): ဘတ် ၅၉.၂ ဘီလီယံ (စုစုပေါင်းသုံးစွဲမှု၏ ၁၇.၄%)
🏕နေထိုင်ရေးနှင့် အိမ်ရာ (Housing & Accommodation): ဘတ် ၄၆.၈ ဘီလီယံ (၁၃.၈%)
🏦ဒီဂျစ်တယ်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှု (Digital & Financial Services): ဘတ် ၂၄.၇ ဘီလီယံ (၇% မှ ၈% ဝန်းကျင်)
🏥ကျန်းမာရေးနှင့် ဆေးဝါး (Healthcare & Medical): ဘတ် ၁၉.၇ ဘီလီယံ (၅% ဝန်းကျင်)
4️⃣ နေရာဒေသအလိုက် ဖြန့်ကြက်နေထိုင်မှု
မြန်မာစားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းအားသည် အောက်ပါစက်မှုဇုန်များနှင့် နယ်စပ်ကုန်သွယ်ရေးဒေသများတွင် အများဆုံး စုစည်းနေသည် -
· ဘန်ကောက်နှင့် ဆင်ခြေဖုံးဒေသများ: ၃၁.၈ ရာခိုင်နှုန်း
· ထိုင်းအလယ်ပိုင်းဒေသများ: ၃၉.၂ ရာခိုင်နှုန်း
· အဓိကအချက်အချာနေရာများ: စမုစခွန် (မဟာချိုင်) ကဲ့သို့သော စက်မှုဇုန်များနှင့် တာ့ခ် (မဲဆောက်)၊ ရနောင်း ကဲ့သို့သော နယ်စပ်ကုန်သွယ်ရေးမြို့များ ဖြစ်ကြပါတယ်။
5️⃣ သုသေသန စာတမ်းကတော့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ယခုလို အကြံပြုထားပါတယ်။
· ဈေးကွက်အခွင့်အလမ်း (Blue Ocean): ထိုင်းကုမ္ပဏီအများစုသည် ရိုးရာထိုင်းစားသုံးသူဈေးကွက် ပြည့်နှက်လာမှုကိုသာ ကြုံတွေ့နေရပြီး၊ မြန်မာစားသုံးသူဈေးကွက်ကိုမူ သတိမပြုမိဘဲ လျစ်လျူရှုထားကြဆဲဖြစ်ပါတယ်။ ထိုင်းလုပ်ငန်းရှင်အများစုဟာ မြန်မာရွှေ့ပြောင်းလုပ်သား (migrant worker) တွေကို ဝင်ငွေနည်းပါးပြီး အခြေခံကုန်ပစ္စည်းလောက်ပဲ ဝယ်နိုင်သူတွေအဖြစ် ရှုမြင်ထားဆဲ ဖြစ်တာကို ယခုအခါမှာ Migrant Worker – Diaspora Market (ရွှေ့ပြောင်းနေထိုင်သူတွေ စုနေကျတဲ့ အင်ပါယာ) တစ်ခု ဖြစ်နေပြီဆိုတာ ထောက်ပြထားပါတယ်။
· ဗျူဟာပြောင်းလဲရန် လိုအပ်ခြင်း- ကြော်ငြာစာသားများကို မြန်မာဘာသာသို့ ရိုးရိုးရှင်းရှင်း ပြန်ဆိုရုံမျှဖြင့် မလုံလောက်တော့ဘူး။ ဈေးနှုန်းချိုသာမှုတစ်ခုတည်းကို မကြည့်ဘဲ အမှတ်တံဆိပ်အပေါ် ယုံကြည်မှု (Brand Equity)၊ လူမှုအသိုက်အဝန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ နားလည်မှု၊ ၎င်းတို့ကြုံတွေ့နေရသော ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်မှု တို့အပေါ် အခြေခံ၍ စည်းရုံးဖို့လိုအပ်နေပြီဖြစ်ကြောင်း ထောက်ပြထားပါတယ်။
· အထူးသဖြင့် မြန်မာလူမျိုးများသည် လူမှုကွန်ရက် (Social Media) ကို အဓိကသုံးပြီး အစုအဖွဲ့လိုက် စုစည်းနေထိုင်တတ်သဖြင့် တစ်ဆင့်စကားတစ်ဆင့်နား (Word-of-mouth) ယုံကြည်မှု တည်ဆောက်နိုင်သော ကုမ္ပဏီများကသာ ဤဈေးကွက်သစ်ကို ဦးဦးဖျားဖျား လက်ဦးမှုရယူ သိမ်းပိုက်နိုင်မည်ဖြစ်တယ်လို့ အကြံပြုထားပါတယ်။

🎖🎖🎖တစ်နှစ်ကို ဘီလီယံ ၃၄၀ ဝင်ငွေရရှိပြီး ၂၂၁ ဘီလီယံ ပြန်လည်သုံးစွဲနေကြတဲ့ ရွှေ့ပြောင်း မြန်မာအင်ပါယာ မှာ ထိုင်းလုပ်ငန်းရှင်တွေအပြင် မြန်မာလုပ်ငန်းရှင်တွေကရော ဘယ်လို အခွင့်အလမ်းတွေ မြင်မိပါသလဲ . . . . ?

Myo Hein - MES
𝑨𝒍𝒘𝒂𝒚𝒔 𝑳𝒆𝒂𝒓𝒏𝒊𝒏𝒈 ၊ အမြဲတမ်းသင်ယူပါ

26/05/2026

MES နဲ့ Struck Off ဖြေရင် ကုန်ကျစရိတ်ဘယ်လောက်ရှိလဲဆိုတာ အမြဲတမ်းကြားနေရတဲ့ မေးခွန်းဖြစ်ပါတယ်။ Comment တွေမှာလည်း ခဏခဏကြားနေရတာ မလို့ ဒီနေ့တော့ ဖြေပေးလိုက်ပါမယ်။ MES နဲ့ Struck Off ဖြေမယ်ဆို ဘယ်လောက်ကျမယ်ဆိုတာ အတိအကျ ပြောပေးလို့မရပါဘူးခင်ဗျာ။

ဘာလို့ဆို MES မှာ Company တွေStruck Off ဖြေတဲ့အခါ တွေ့ရာ တရားရုံးမှာ သွားတင်တာမဟုတ်ဘဲ Company တည်ရှိရာ ခရိုင်တရားရုံးမှာပဲ ဥပဒေနဲ့အညီ တရားရုံးတင်တာကြောင့်ဖြစ်ပါတယ်။ တရားရုံးပုံသေမရှိတော့ တရားရုံးသွားရတဲ့ စရိတ်တွေကလည်းပုံသေမရှိပါ၊ အဲ့ဒါကြောင့် ဈေးနှုန်းတွေလည်း ပုံသေမရှိတာဖြစ်ပါတယ်။ တွေ့ရာတရားရုံးမှာ တင်လို့ Struck Off ပြေလားဆို ပြေပါတယ်၊ အဲ့လိုလုပ်နေကြသူတွေလည်းရှိပါတယ်၊ ဒါပေမဲ့ ကြိုက်ရာတရားရုံးမှာတင်တာက ဥပဒေနဲ့ မညီပါဘူး။ ဥပဒေနဲ့ မညီတာက ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး၊ ဖြစ်ရင်လည်း ရှင်းမရပါ။

ဈေးနှုန်းတိတိကျကျမသိရဘူးဆိုတော့ ကြာချိန်ရောလို့ ထပ်မေးကြပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ကြာချိန်ကိုလည်း အတိအကျပြောပေးလို့မရပြန်ပါဘူး၊ တရားရုံးတစ်ရုံး ရုံးချိန်းတွေ မတူကြလို့ Struck Off တစ်ခုပြေဖို့ နှစ်ပတ်ကနေ တစ်လကြားတော့ ကြာနိုင်ပါတယ်။ အခုလို ဈေးနှုန်းတွေ အချိန်တွေ တိတိကျကျကြီးမပြောနိုင်တာဟာ MES အနေနဲ့ ဥပဒေနဲ့အညီပဲ Struck Off ဖြေနေတာကြောင့်ဖြစ်ပါတယ်။

ဒါဆို ဘာကို တိတိကျကျပြောပေးလို့ရမလဲ။
MES နဲ့ Struck Off ဖြေမယ်ဆို စာရွက်စာတမ်းအမှားယွင်းကနေ တရားရုံးအမှားအယွင်းတွေကစလို့ မည်သည့်အမှားအယွင်းမှ မဖြစ်ဘူးလို့ တိတိကျကျ အာမခံပေးနိုင်ပါတယ်။ MES နဲ့လက်တွဲရင် စိတ်ချမ်းသာရမယ်ဆိုတာကို တိတိကျကျပြောပေးနိုင်ပါတယ်။ Struck Off ပြေသွားပြီးရင် နောက်တစ်ကြိမ် ထပ်မဖြစ်အောင် Annual Return တင်ဖို့ အမြဲသတိပေးတဲ့ Service ရှိကြောင်း တိတိကျကျ အာမခံနိုင်ပါတယ်။

Service ကောင်းကောင်းလိုချင်ရင် ပေါ ချောင် ကောင်း တော့ မရနိုင်တာမလို့ ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ စိတ်ချမ်းသာမှုကို အပြည့်အဝ လိုချင်ကြတဲ့ လုပ်ငန်းရှင်မိတ်ဆွေကြီးများ Struck Off ဖြေမယ်ဆိုရင် Page Messenger မှာ လာရောက်စုံစမ်းနိုင်ပါတယ်။ ဖုန်းဆက်ဆွေးနွေးချင်တယ်ဆိုရင်တော့ 09-253388166/ 09-253388177 ကိုဆက်သွယ်နိုင်ပါတယ်။
ရုံးလိပ်စာ အမှတ် ၁၃၊ လိပ်ကန်လမ်း၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

Photos from Myanmar Enterprise Solutions's post 26/05/2026

Market Overview of Listed and
Pre-Listed Companies
26.05.2026

25/05/2026

“Do not save what is left after spending, but spend what is left after saving.”

“ပိုက်ဆံသုံးပြီးမှ ကျန်တာကို စုဖို့မစဉ်းစားပါနဲ့။
အရင်ဆုံး စုရမယ့်ပမာဏကို ဖယ်ထားပြီးမှ ကျန်တဲ့ပိုက်ဆံကိုပဲ သုံးစွဲပါ။”

Warren Buffett

Want your business to be the top-listed Accountant in Pazundaung?

Click here to claim your Sponsored Listing.

Location

Telephone

Address


Pazundaung
11401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00