မနက်ဖြန် Monsi Group Co,.Ltd ကနေကျင်းပပြုလုပ်မယ့် Monsi Career Fair ပွဲလေး ပြင်ဆင်နေပါပြီနော် ✨
Monsi Group Co.,Ltd
Mon Service & Investment (Mawlamyine Mon State)
21/07/2026
"စီးပွားရေး အောင်မြင်ဖို့ ဘာတွေ လိုမလဲ? 📈
စီးပွားရေး အောင်မြင်ဖို့ မရှိမဖြစ် လိုအပ်တဲ့ အချက် ၃ ချက် 📈✨
"ငွေအင်အားလည်း ရှိတယ်၊ ထုတ်ကုန်လည်း ကောင်းရဲ့သားနဲ့ ဘာလို့ လုပ်ငန်းက တိုးတက်မလာတာလဲ?"
ကိုယ်ပိုင်စီးပွားရေး ထူထောင်ထားတဲ့ လုပ်ငန်းရှင်တော်တော်များများ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတစ်ခုပါရှင်။
ထုတ်ကုန်ကောင်းရုံ၊ အရင်းအနှီးရှိရုံနဲ့တင် ရေရှည်မှာ လုပ်ငန်းတစ်ခု အရှိန်အဟုန်နဲ့ အောင်မြင်ဖို့ဆိုတာ မလွယ်ကူပါဘူးရှင်။ ဒါကြောင့် သင့်လုပ်ငန်းကို အောင်မြင်မှု လမ်းကြောင်းပေါ် အရောက်ပို့ပေးမယ့် မရှိမဖြစ် အချက် ၃ ချက်ကို မျှဝေပေးပါရစေရှင်။
💡 ၁။ လုပ်ငန်းခွင်မှာ ဘယ်သူက ဘာတာဝန်ယူရမယ်ဆိုတာ တိကျပြတ်သားဖို့ လိုပါတယ်ရှင်။ ဝန်ထမ်းတွေရဲ့ လုပ်ငန်းစဉ် (Workflow) ရှင်းလင်းနေမှသာ အလုပ်တွင်ကျယ်ပြီး အမှားအယွင်း နည်းပါလိမ့်မယ်။
💡 ၂။ ဝင်ငွေ၊ ထွက်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေကို အပတ်စဉ်၊ စနစ်တကျ စာရင်းမချုပ်နိုင်ရင် လုပ်ငန်းရဲ့ အမြတ်နဲ့ အရှုံးကို သေချာ မသိနိုင်တော့ဘဲ ဆုံးဖြတ်ချက်အမှားတွေ ချမိတတ်ပါတယ်ရှင်။
💡 ၃။ သင့်ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုက ဘယ်လောက်ပဲ ကောင်းနေပါစေ၊ Target Audience တွေဆီ စနစ်တကျ မရောက်ရှိဘူးဆိုရင် အရောင်းက တက်လာမှာ မဟုတ်သလို Brand ပုံရိပ်ကို ရေရှည်တည်ဆောက်ဖို့ မားကတ်တင်းစနစ်က အဓိကကျပါတယ်ရှင်။
သင့်လုပ်ငန်းမှာကော ဒီအချက် ၃ ချက်လုံး ပြည့်စုံပြီး စနစ်တကျ လည်ပတ်နေပြီလားရှင်။
ကိုယ်ပိုင်လုပ်ငန်းကို အရှိန်မြှင့်တင်ဖို့နဲ့ အားနည်းနေတဲ့ ကဏ္ဍတွေကို စနစ်တကျ ပြောင်းလဲဖို့အတွက် ဆွေးနွေးတိုင်ပင်လိုတယ်ဆိုရင် Monsi က ကူညီပေးဖို့ အဆင်သင့် ရှိနေပါတယ်ရှင်။
အသေးစိတ်ကို ဖုန်းနံပါတ် 09 898 799 200 ကတစ်ဆင့် လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
18/07/2026
🎉🎉🎉 We Are Hiring 🎉🎉🎉
" Monsi Group Co.,Ltd နဲ့ အတူလက်တွဲခွင့်ရမယ့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ထပ်မံရောက်ရှိလာပါပြီ "
Monsi Group Co.,Ltd ၏ လုပ်ငန်းစုခွဲများဖြစ်ကြသည့် Synergy Elite Group Co.,Ltd နှင့် M Solar Green Energy Solution Co.,Ltd တို့ကို လုပ်ငန်းတိုးချဲ့သွားမည့်အစီအစဉ်အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ဦးဆောင်မန်နေဂျာများနှင့် ကျွမ်းကျင်အင်ဂျင်နီယာများကို ခေါ်ယူခန့်အပ်သွားပါမည်။
👉 ခန့်အပ်သွားမည့် ရာထူးများ
👤 Operation Manager ၂ ဦး
👤 Fuel Pump Manufacturing & Installation
Engineer ၁ ဦး
👤 Solar Installation Engineer ၁ ဦး
💵ခံစားခွင့်များ💵
👉 လစာ(ညှိနှိုင်း)
👉 Incentive
📂 လျှောက်ထားရန်
➡️ CV ပုံစံ
➡️လိုင်စင်ဓာတ်ပုံ
➡️ မှတ်ပုံတင်နှင့်အိမ်ထောင်စုစာရင်းမိတ္တူ
➡️ရပ်ကွက်နှင့်ရဲစခန်းထောက်ခံစာ
➡️Certificates
➡️ခန့်မှန်းလစာ (Expected Salary) တို့ကို
📧 အီးမေးလ်လိပ်စာ [email protected] သို့မဟုတ် Viber နံပါတ် 09255806898 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်စုံစမ်းလိုပါက - 09255806898
မှတ်ချက်။ ။ လုပ်ငန်းတာဝန်များနှင့် လိုအပ်သည့် အရည်အချင်းများကို အောက်ဖော်ပြပါပုံများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
🙋 လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက
🏢 Monsi Group Office
👉 အမှတ်(၁၂/ဘီ)၊ မြို့ရှောင်လမ်း၊ စံပြဆေးခန်းအနီး၊ မြေနီကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။
17/07/2026
"သင့်စီးပွားရေးရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက် — Monsi 🤝✨"
မွန်ဒေသတွင်းက စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့ ဘယ်အရာက အဓိက မောင်းနှင်ပေးနေတာလဲ? 💡✨
၂၀၁၇ ခုနှစ်ကစလို့ စိတ်ကူးအိပ်မက်တစ်ခုနဲ့အတူ တည်ထောင်ခဲ့တဲ့ မွန်စီ (Monsi) ဟာ အခုဆိုရင် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းပေါင်း (၃၀) ကျော်နဲ့ ဝန်ထမ်းအင်အား ၂၀၀ ကျော်ရှိတဲ့ လုပ်ငန်းစုကြီးတစ်ခုအဖြစ် ဒေသတွင်းမှာ အခိုင်အမာ ရပ်တည်နေပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်တစ်လျှောက်မှာ Monsi ရဲ့ အကြီးမားဆုံး မျှော်မှန်းချက်ကတော့ တစ်ခုတည်းပါပဲ။ အဲဒါကတော့ မွန်ဒေသတွင်းမှာ ကိုယ်ပိုင်စီးပွားရေး ထူထောင်ချင်တဲ့ Startup တွေ၊ SME လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့နဲ့ သူတို့ရဲ့လုပ်ငန်းတွေ အစဉ်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဖြစ်ပါတယ်။
ဒေသတွင်းမှာပဲ လည်ပတ်မနေဘဲ ပြည်တွင်းပြည်ပက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံတကာအဆင့်မီ စီးပွားရေးကော်ပိုရေးရှင်းကြီးတစ်ခုအဖြစ် အတူတူ လက်တွဲပြီး အားကောင်းမောင်းသန် တက်လှမ်းသွားနိုင်ဖို့ Monsi က အမြဲတမ်း အဆင်သင့် ရှိနေပါတယ်ရှင်။
လုပ်ငန်းရှင်ကြီးတို့ရဲ့ စီးပွားရေး တိုးတက်မှု ခရီးလမ်းမှာ Monsi အနေနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဝန်းရံပေးစေချင်လဲဆိုတာ အောက်က ကောမန့်မှာ အကြံပြု မျှဝေပေးသွားပါဦးနော်။ 🥰✨
14/07/2026
"ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အလေ့အထနဲ့ စံနမူနာပြ ကျင့်ဝတ်တွေနဲ့အတူ ရှေ့ဆက်ဖို့... Monsi Group ရဲ့ Working Attitude & Ethics Training မှ အမှတ်တရ🌟💼
"တိုးတက်တဲ့လုပ်ငန်းခွင်ဖြစ်ဖို့ တစ်ဦးချင်းစီရဲ့ အလေ့အထနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အဓိကပဲမလား 💡
Monsi Group Company Limited မှာ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုမြင့်မားလာစေဖို့ ရည်ရွယ်ပြီး Working Attitude & Ethics Training လေး ပြုလုပ်ခဲ့ပါတယ် ✨
သင်တန်းမှာ စာတွေ့တင်မကဘဲ တစ်ယောက်နဲ့တစ်ယောက် ပိုမိုစည်းလုံးပြီး အဖွဲ့အစည်းစိတ်ဓာတ် အပြည့်နဲ့ လက်တွဲလုပ်ဆောင်တတ်စေဖို့ ပျော်စရာ Teamwork Activity လေးတွေပါ တခါတည်း လေ့ကျင့်ဖြစ်ခဲ့ကြတာပါ 😍
ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ရှေ့ဆက်ဖို့ အမြဲကြိုးစားနေတဲ့ Monsi Team ရဲ့ တက်ကြွပျော်ရွှင်စရာ အမှတ်တရ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ 🎉"
လူငယ်တွေအနာဂတ်အတွက်ပြင်ဆင်ဖို့အချိန်တန်ပြီ🔥
G12 အောင်ထားသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ ဘွဲ့ရလူငယ်တွေအတွက် အနာဂတ်လမ်းကြောင်းကို အတူတူပုံဖော်ပေးမယ့် "Monsi Career Fair" Eventပွဲကြီး မကြာခင်လာတော့မယ်! 🚀
ပွဲကျင်းပမယ့် ရက်စွဲ၊ နေရာ၊ Speaker တွေနဲ့ Detail အစီအစဉ်တွေကို လက်မလွှတ်တမ်း သိရှိနိုင်ဖို့ Monsi Group Page ကို အခုပဲ See First လုပ်ပြီး မျက်ခြေမပြတ် စောင့်ကြည့်ထားလိုက်တော့နော်! 😉✨
🎂 Happy Birthday to Our Monsi July Born 🎉
ဒီလထဲမှာ မွေးနေ့ရက်မြတ်ကျရောက်လာကြတဲ့ ကျွန်တော်တို့ Monsi Group ရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ကိုဟန်ချမ်း၊ မဟေမာန်ဦး နဲ့ မလင်းပြည့်ပြည့်ဦး တို့ ရဲ့ ပျော်ရွှင်စရာ မွေးနေ့ကိတ်ခွဲပွဲ အမှတ်တရဗီဒီယိုလေးပါ။
ဒီနှစ်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် အလုပ်အကိုင်တွေ ပိုမိုအောင်မြင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ Monsi Group နဲ့အတူ ရှေ့ဆက်လက်တွဲနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ✨🥳
08/07/2026
လုပ်ငန်းတစ်ခုလုံးကို တစ်ယောက်တည်း ဒိုင်ခံလုပ်နေရလို့ ခေါင်းခဲနေပြီလား? 🤯🤦♂️
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လိုက်ပြီဆိုတာနဲ့ ...
ဝန်ထမ်းအသစ်ခေါ်ဖို့ HR အလုပ်လည်း ကိုယ်တိုင်လုပ်၊
ဝင်ငွေထွက်ငွေ စာရင်းကိုင်ရမယ့် Finance & Accounting လည်း ကိုယ်ပဲကြည့်၊
လူသိများအောင် Marketing & PR ပိုင်းလည်း ကိုယ်တိုင်တွေး၊
နောက်ဆုံး Admin အလုပ်ကအစ အကုန်လုံးကို ဒိုင်ခံလုပ်နေရလို့ အချိန်တွေကုန်ပြီး လူလည်း ပင်ပန်းနေပြီလား?
လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ "အားလုံးကို တစ်ယောက်တည်းလုပ်တာ" ထက် ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေနဲ့ "စနစ်တကျ ခွဲဝေလုပ်ကိုင်တာ" နိုင်မှုက အဓိကကျပါတယ်။
သင့်လုပ်ငန်းရဲ့ တစ်နေ့တာ လည်ပတ်မှုတွေကို ခေါင်းခဲမခံတော့ဘဲ လုပ်ငန်းကြီးထွားဖို့ကိုပဲ အာရုံစိုက်နိုင်ဖို့ Monsi Service Team ရှိပါတယ်ရှင့်။ ✨
ကျမတို့ Monsi Group ကနေပြီးတော့ လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်း စတင်လည်ပတ်ဖို့နဲ့ လက်ရှိလုပ်ငန်းတွေအတွက် လိုအပ်တဲ့ HR Finance and Accounting Marketing IT PR Admin စတဲ့ Service ပိုင်းတွေကို ကျွမ်းကျင်သော Team များမှ စနစ်တကျ အကြံဉာဏ်ပေးခြင်းများအတွက် Monsi Service Team က အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်ရှင့်
သင့်လုပ်ငန်းကို အရှိန်အဟုန် တိုးတက်အောင် လုပ်ဆောင်ဖို့ အခုပဲ ကျမတို့နဲ့ ဆက်သွယ်လိုက်ပါရှင့်။ 🤝
📞 ဖုန်းနံပါတ်: 09 898799 200
04/07/2026
🎉🎉🎉 We Are Hiring 🎉🎉🎉
🗣️ " အလုပ်အကိုင်အခွင့်အလမ်းများ လာပါပြီခင်ဗျာ "
Golden Ataran Construction လုပ်ငန်းစု၌ တာဝန်ထမ်းဆောင်ရန် Design and Draft အပိုင်းကို ကျွမ်းကျင်ပိုင်နိုင်သည့် Civil Engineer (1)ဦး ခေါ်ယူခန့်အပ်သွားပါမည်။
အောက်ဖော်ပြပါအချက်အလက်များနှင့် ပြည့်စုံသူများအနေဖြင့် ကျွန်တော်တို့လုပ်ငန်းစုနှင့် အတူလက်တွဲလုပ်ကိုင်ရန်အတွက် ဖိတ်ကြားအပ်ပါသည်။
🔴 Qualifications
👉 Bachelor’s degree in Civil Engineer.
👉 Minimum 1-2 years of experience in drafting.
👉 Proficient in auto CAD or similar drafting software.
👉 Understanding of design, layout and construction standards.
👉Strong attention to detail and accuracy in Drawings.
👉Ability to work under pressure and meet deadlines.
🔴 Job Description
👉 Prepare and develop technical drawings for construction project.
👉 Revise and update drawings based on engineer /site manager instructions.
👉 Provide support to engineers and the site team with accurate and time plans.
👉 Maintain organized records of drawings and revisions.
👉 As Build Updating - Support other departments in time with Design Changes.
👉 Study local Market Materials.
👉Communicate with Contractors and Clients.
💵 Negotiate salary + Incentive
☎️ Contact us
➡️ 09255806898
📂 CV Form (Viber)
➡️ 09255806898
🏢 Main Office
No.(12/B), Myo Shaung Road, MyayNiGone Ward, Mawlamyine.
Ataran Construction Co.,Ltd
Group Co.,Ltd
Click here to claim your Sponsored Listing.
Location
Contact the business
Telephone
Website
Address
No(B/12) Myo Shaung Road, Myay Ni Gone Quater
Mawlamyine
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |