12/05/2024
ဘာမှမရှိသေးရင် အချိန်ဟာ အရင်းအမြစ် တစ်ခုပဲ...
ငွေကြေးရှိတဲ့သူတွေက ဒီငွေကြေးကို အရင်းပြုပြီး စီးပွားရှာကြတယ်၊ ကိုယ့်မှာအဲ့ဒီလိုငွေကြေးမရှိသေးဘူးဆိုရင် အချိန်ကို ရင်းနှီးမြုပ်နှံတတ်ဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံက မြန်မာလူငယ်တွေက အချိန်ကိုတန်ဖိုးမထားတတ်သူ များတယ်။
အချိန်ဟာ နယ်ပယ်တစ်ခုမှာ Specialist ဖြစ်အောင်လုပ်ပေးနိုင်တယ်။ Forex Tradingလား၊Stockလား၊ ဒီဇိုင်းဘက်လေ့လာမလား၊ပန်းချီဘက်လား၊Guitarတီးတာလား ၊ပညာတစ်ခုကို လေ့ကျင့်ဖန်များလာရင် ကျွမ်းကျင်မှုဖြစ်လာတယ်။
ဒီလို Specialist တစ်ယောက်ဖြစ်လာရင် ငွေကြေးကအလိုလိုလိုက်လာတယ်။ ဥပမာပေးရရင် တစ်ချက်ကြပ်ရုံနဲ့ ဒေါ်လာ၁ထောင်ဝင်ဖို့ဆိုရင် ဒါနဲ့တန်တဲ့ အသိပညာနဲ့ကျွမ်းကျင်မှုရှိဖို့လိုအပ်ပါတယ်၊ Order တစ်ခါဝင်ရုံနဲ့ ငွေဝင်ဖို့ဆိုရင် ဘယ်နေရာ (Position)မှာ ဝင်ရမလဲ သိဖို့လိုပါတယ်။
အဲ့တော့ ကိုယ့်မှာ ဘာမှမရှိသေးဘူးဆိုရင် ၊ အချိန်ကိုအကောင်းဆုံးအသုံးချပါ။ ကျွမ်းကျင်မှုက ငွေရှာပေးတယ်၊ အချိန်နဲ့ အားထုတ်မှုက ကျွမ်းကျင်မှုကိုဖြစ်စေတယ်။
သေချာတွေးကြည့်ရင် "အချိန်ဆိုတာ ငွေပါပဲ"
..............Time is Money...........
18/03/2024
ကျွန်တော်တို့တွေ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာပြဿနာကို အာရုံစိုက်နေတာထက်
ဖြစ်လာတဲ့ ပြဿနာကို "ဘယ်လိုဖြေရှင်းမလဲ" ဆိုတဲ့ နေရာမှာပိုအာရုံစိုက်သင့်တယ်....
18/01/2024
အပေါ်ကို False Break ပြပြီး
အောက်ဘက်ကို ပဲ Break down ဖြစ်ခဲ့တယ်....
2030 မှာ ရောင်းဝင်နိုင်တယ်
05/01/2024
ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင်
နေနည်းတတ်ဖို့လိုတယ်
ကိုယ့်ကို ဒုက္ခအပေးဆုံးကကိုယ့်စိတ်ပဲ
စိတ်ချမ်းသာဖို့ဆိုရင် စိတ်ထားတတ်မှရမယ်...
04/01/2024
ရွှေက Pattern အရ အကျဘက်ဆက်လာနိုင်တယ်..
H4 အရ 2048 ကို ဖောက်တက်ရင် 2060 မှာရောင်းလို့ရတယ်
2048 မှာ ပြန်ကန်ရင်တော့ Risk ယူပြီး ရောင်းလို့ရတယ်
18/12/2023
Trading မှာ Beginner အများစုရဲ့ အကြီးမားဆုံးအမှားက Quantity များများTrade လေလေငွေပိုရလေလို့ထင်နေကြတာပါ...
Profitable Trader တစ်ယောက်ဖြစ်ဖို့ဆိုရင် Quantity များများTrade ခြင်းထက် Quality ပြည့်မှီတဲ့ Trade ဖြစ်ဖို့ကအရေးကြီးပါတယ်...
... စည်းကမ်းရှိပါ၊ စိတ်ရှည်ပါ....
14/12/2023
မနေ့ညက FOMC အစည်းဝေးမှာ FED က အတိုးနှုန်းကို လောလောဆယ် 5.25% နဲ့ 5.50% ကြားမှာ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ပြီး လာမယ့် 2024 ခုနှစ်မှာတော့ အနဲဆုံး ၃ ကြိမ် အတိုးနှုန်းလျော့ချနိုင်ခြေရှိတယ်လို့ ဆိုခဲ့ပြီးနောက် ကမ္ဘာ့ရွှေစျေးဟာ စျေးပြန်တက်လာခဲ့ပြီး ၁ အောင်စ $2026 နားအထိပြန်ရောက်လာခဲ့ပါတယ်…
#စည်သူ(C2)
02/12/2023
Trading Journal ရေးတယ်ဆိုတာ အမှားတွေကိုသိပြီး သင်ခန်းစာ ယူဖို့ပဲ...
ဒါနဲ့ပတ်သက်လို့ အော်ဗီးလ်ဟားဗတ် (Orville Hubbard)ကပြောဖူးတယ်
"အမှားလုပ်သူဆိုတာ အမှားကိုတွေ့ပေမယ့် အဲ့ဒီအမှားကနေ တစ်ခုခုကို ရအောင် မထုတ်ယူတတ်သူပါ"
အမှားကနေသင်ခန်းစာ မယူတတ်သူဟာ အမှားသံသရာထဲမှာပဲ တဝဲလည်လည် ဖြစ်နေပါလိိမ့်မယ်..
23/11/2023
Gold Market Possible Move....
18/11/2023
🔰 Trading မှာ ပုံမှန်အကျိုးအမြတ်ရရှိတဲ့ Profitable Trader တစ်ယောက်ဖြစ်ဖို့ဆိုရင် Trading Journal က မဖြစ်မနေ ရေးဖို့လိုတယ် ....
ဥပမာပေးရရင် လှေနဲ့ခရီးသွားနေသူတစ်ယောက်ဟာ လှေမှာအပေါက်ဖြစ်ရင် ဘယ်နေရာပေါက်လဲသေချာရှာပြီး မြန်မြန်ပိတ်ဖို့လိုတယ် မဟုတ်ရင် စီးလာတဲ့လှေတစ်စီးလုံးမြုပ်သွားနိုင်တယ်...
ဒီလိုအပေါက်ကို ဖာထေးဖို့ဆိုရင် အရင်ဆုံးဘယ်နေရာကပေါက်လဲဆိုတာ သေချာသိဖို့လိုတယ်...
ယိုပေါက်ကိုရှာမတွေ့ရင်လည်း ဒုက္ခရောက်သွားနိုင်သလို မဟုတ်တဲ့အပေါက်သွားပိတ်နေလည်း အရာရောက်မှာမဟုတ်ဘူး...
ဆိုတော့ Trading မှာလည်းဒီလိုပဲ
အလုပ်မဖြစ်တဲ့ နည်းတွေကို နောက်မလုပ်ဖို့နဲ့ အလုပ်ဖြစ်တဲ့နည်းတွေကို သေချာစောင့်ပြီး ဝင်နိုင်ဖို့လိုတယ်...
နောက်ပိုင်းလူဟာ တဖြည်းဖြည်းပါးနပ်လာပြီး အမှားနည်းလာတယ်... ပုံမှန်အမြတ်တစ်ခုရရှိတယ်ဆိုတဲ့ အနေအထားတစ်ခုကို ရရှိလာပါလိမ့်မယ်...
" လူဆိုတာအမှားရှိပါတယ်"
ဒါပေမဲ့မယ့်
"မှားတာကိုမှားမှန်းမသိရင်တော့ လူမိုက်ပဲ"
Trader များဖြစ်ကြပါစေ....
22/10/2023
ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အထိ ရူးသွပ်တဲ့ အလုပ်ကိုလုပ်ပါ...
မနက်ဖြန်ဈေးကွက်ဖွင့်တော့မယ်...
10/10/2023
Trading မှာ ကြီးပွားဖို့ဆိုတာ အရင်ဆုံး Business Mind set ရှိဖို့လိုတယ်...
အပျော်ဆော့တဲ့ Game လိုလို၊ လောင်းကစားလိုလို လုပ်နေရင်တော့ ရေရှည်မှာ အရှုံးနဲ့ပဲရင်ဆိုင်ရလိမ့်မယ်...
ချစ်ခင်စွာဖြင့်...ကိုဇေယျာ