Jobs For You

Jobs For You

Share

This page is about to share the job vacancies in Shan East

17/07/2026

အလုပ် နဲ့ နေရာလေးကောင်းတယ်

📢 We're Hiring | Communication Officer

The Space is looking for a Communication Officer to strengthen our organizational brand, amplify youth voices, and communicate the impact of our work across the Myanmar–Thailand border.

📍 Mae Sot, Thailand
👥 Myanmar Nationals Only

Interested? Read the full Terms of Reference and application requirements here:
🔗 https://sites.google.com/view/vacancy-communication-officer/home

🗓️ Application Deadline: 28 July 2026 | 5:00 PM (Bangkok Time)

Please share this opportunity with your network!

17/07/2026

https://www.facebook.com/share/p/1JBcU7qER8/

🇺🇸 အမေရိကန်သံရုံး (𝐄𝐦𝐛𝐚𝐬𝐬𝐲 𝐑𝐚𝐧𝐠𝐨𝐨𝐧) တွင် 𝐀𝐦𝐞𝐫𝐢𝐜𝐚𝐧 𝐂𝐞𝐧𝐭𝐞𝐫 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫 (𝐏𝐫𝐨𝐠𝐫𝐚𝐦𝐬) ရာထူးခေါ်ယူနေပါတယ်။

မြန်မာနိုင်ငံရှိ လူငယ်များ၊ ပညာရေးကဏ္ဍ၊ Community Engagement နှင့် Program Management ကို စိတ်ဝင်စားသူများအတွက် စိတ်ဝင်စားဖွယ် အလုပ်အကိုင်အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

📌 𝑷𝒐𝒔𝒊𝒕𝒊𝒐𝒏
American Center Coordinator (Programs)

🏢 𝑯𝒊𝒓𝒊𝒏𝒈 𝑨𝒈𝒆𝒏𝒄𝒚
Embassy Rangoon (U.S. Mission in Myanmar)

💼 𝑬𝒎𝒑𝒍𝒐𝒚𝒎𝒆𝒏𝒕 𝑻𝒚𝒑𝒆
Full-Time (တစ်ပတ်လျှင် ၄၀ နာရီ)
Permanent Position (Probation အောင်မြင်ပြီးပါက)

💰 𝑺𝒂𝒍𝒂𝒓𝒚
USD 18,466 per year

📅 𝑨𝒑𝒑𝒍𝒊𝒄𝒂𝒕𝒊𝒐𝒏 𝑫𝒆𝒂𝒅𝒍𝒊𝒏𝒆
26 July 2026

တာဝန်များအနေနဲ့ ရွေးချယ်ခံရသူက American Center Yangon ၏ Program များကို စီမံခန့်ခွဲပြီး Virtual, In-person နှင့် Hybrid Activities များကိုအကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် … Educational & Cultural Programs များကို ညှိနှိုင်းစီစဉ်ခြင်း၊ လူငယ်များ၊ ပညာရှင်များနှင့် Community Networks များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ Program Team ကို ဦးဆောင်စီမံခန့်ခွဲခြင်း၊ American Center ၏ Outreach Activities နှင့် Public Engagement များကို အားပေးဆောင်ရွက်ခြင်း၊ Center ၏ Facilities နှင့် Equipment များကို Program လိုအပ်ချက်အရ ညှိနှိုင်းစီမံခြင်း များကိုလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဘယ်သူတွေ လျှောက်ထားနိုင်လဲ?
✅ All Interested Applicants

အကယ်၍ သင်က … Program Coordination၊ Event Management သို့မဟုတ် Community Engagement အတွေ့အကြုံရှိသူ၊ Leadership Skills ကောင်းမွန်သူ၊ Communication နှင့် Team Management ကို ကျွမ်းကျင်သူ၊ Education၊ Youth Development နှင့် Public Diplomacy လုပ်ငန်းများကို စိတ်ဝင်စားသူဆိုရင် လက်မလွတ်သင့်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်နော်။

📢 ဒီအခွင့်အရေးကို စိတ်ဝင်စားနိုင်မယ့် မိတ်ဆွေများကိုလည်း Share ပေးလိုက်ပါနော်။

📌 အသေးစိတ် Job Description၊ Qualifications နှင့် လျှောက်ထားရန် Link ကို Comment မှာကြည့်ရှုနိုင်ပါတယ်။

17/07/2026

https://www.facebook.com/share/p/1am5EhPnXE/

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန်-

1.) Field Officer (6 posts)
2.) Admin Assistant(CVA) (1 post)
3.) Field Finance Officer (1 post)
4.) Security (1 post)
5.) Nurse (1 post)

ရာထူးနေရာများအတွက် ဝန်ထမ်းခေါ်ယူလျှက်ရှိပါတယ်။ လျှောက်ထားလိုသူများအတွက် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အီးမေးလ်မှတဆင့် တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ပါတယ်။

Field Officer

https://www.redcross.org.mm/wp-content/uploads/2026/07/MRCS_VA.-094-Field-Officer-Mdy-6-Posts-15-7-2026-to-22-7-2026.pdf

Admin Assistant (CVA)
https://www.redcross.org.mm/wp-content/uploads/2026/07/MRCS_VA.-095-_-Admin-Assistant-CVA-Naypyitaw-Yangon-15.7.2026-to-22.7.2026.pdf

Field Finance Officer
https://www.redcross.org.mm/wp-content/uploads/2026/07/MRCS_VA.-096-Field-Finance-Officer_Sagaing-15-7-2026-to-22-7-2026.pdf

Security
https://www.redcross.org.mm/wp-content/uploads/2026/07/MRCS_VA.-097-Security_Sagaing-15-7-2026-to-22-7-2026.pdf

Nurse
https://www.redcross.org.mm/wp-content/uploads/2026/07/MRCS_VA.-059.4-Nurse-15-7-2026-to-29-7-2026.pdf

CV ပေးပို့ရန် -
[email protected]
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘက်မလိုက်ဘဲကြားနေကာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ထိခိုက်ခံစားရမှုအရှိဆုံးနှင့်လိုအပ်နေသူများထံရောက်ရှိဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

17/07/2026

https://www.facebook.com/share/p/1D8oRE2AeL/

🔥🔥 အလုပ်ခေါ်စာ - စီမံချက် ညှိနှိုင်းရေးမှူး (Project Coordinator) 🎉🎉

The Art of Facilitation (AoF) Co.,Ltd သည် လူမှုစီးပွားလုပ်ငန်း အတိုင်ပင်ခံအဖွဲ့ (Social Enterprise Consulting Company) တစ်ခု ဖြစ်ပါသည်။

AoF အဖွဲ့သည် (၂၀၂၅-၂၀၂၆) လက်ရှိကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်တွင်း NGO၊ CSO များနှင့် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၈၀ ကျော်အတွက် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး (OD) ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

AoF အဖွဲ့တွင် ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များ၊ အကြံပေးများ၊ Freelance ပညာရှင်များစွာနှင့် ပေါင်းစပ်ကာ Strategic Plan၊ HR၊ Finance၊ Admin၊ Procurement၊ Gender၊ PSEA, Grant Management, M&E၊ Climate Change, VSLA, Contingency Planning, Business Planနှင့် SoP အမျိုးမျိုးကို One-Stop Service အဖြစ် ရေးဆွဲပေးနေပါသည်။ ထို့အပြင် ရေးဆွဲထားသည့် မူဝါဒများကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် (Policy to Practice) အတွက်လည်း အနီးကပ် Follow-up ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးလျက် ရှိပါသည်။

ယခုအခါ အဆိုပါ စီမံချက်များနှင့် ဝန်ဆောင်မှုများတွင် ပါဝင်ကူညီပေးရန်နှင့် လုပ်ငန်းများကို ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန် စိတ်အားထက်သန်ပြီး တက်ကြွသော Project Coordinator (စီမံချက် ညှိနှိုင်းရေးမှူး) တစ်ဦးကို အောက်ပါအတိုင်း ရှာဖွေဖိတ်ခေါ်အပ်ပါသည်။

🚩၁။ အလုပ်အကိုင် အချက်အလက်များ

👉 ရာထူး - Project Coordinator (စီမံချက် ညှိနှိုင်းရေးမှူး)

👉 အလုပ်သက်တမ်း - ၃ လ (လုပ်ငန်းလိုအပ်ချက်နှင့် စွမ်းဆောင်ရည်ပေါ်မူတည်ပြီး သက်တမ်းတိုးနိုင်ပါသည်)

👉 အလုပ်လုပ်ရန်ပုံစံ - ၉၀% အွန်လိုင်းမှ အလုပ်လုပ်ရန် (Remote/Online-Based) ရံဖန်ရံခါမှာ ရုံးသို့လာရပါမည်။

👉 ခန့်မှန်းအလုပ်ချိန် - တစ်ပတ်လျှင် ခန့်မှန်း ၃၀ နာရီ (Clients များနှင့် Online Meeting Schedule များကို အဓိက အလေးထားပေးရမည်ဖြစ်ပြီး - ကျန်တဲ့အချိန် Flexible Schedule ပါ။)

👉 တိုက်ရိုက်အစီရင်ခံရမည့်သူ - CEO (အမှုဆောင်အရာရှိချုပ်) ထံ တိုက်ရိုက် အစီရင်ခံ တင်ပြရပါမည်။

🚩 ၂။ အဓိကတာဝန်နှင့် လုပ်ငန်းဆောင်တာများ

ဤရာထူး၏ အဓိကတာဝန်မှာ AoF ၏ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး နည်းပြများ (OD Coaches) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (Client CSOs) များအကြား လုပ်ငန်းများနှင့် ဆက်သွယ်ရေးအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် ကူညီပံ့ပိုးပေးရန် ဖြစ်ပါသည်။

👉 ညှိနှိုင်းပေါင်းစပ်ခြင်း - AoF ၏ ကဏ္ဍအလိုက်ကျွမ်းကျင်သူများ၊ OD Coach များနှင့် Client CSOs များအကြား ချိတ်ဆက်မှုများကို ထိရောက်မှုရှိစေရန် ပံ့ပိုးပေးရန်။

👉 ပညာရှင်များကို ပံ့ပိုးခြင်း - စီမံချက်ပါ အဓိကကျွမ်းကျင်ပညာရှင်များ၊ အကြံပေးများနှင့် ပရော်ဖက်ရှင်နယ် နည်းပြများ၏ လုပ်ငန်းဆောင်တာများကို အနီးကပ် ကူညီပံ့ပိုးပေးရန်။

👉 အစီအစဉ်များ စီစဉ်ခြင်း - အစည်းအဝေး အချိန်ဇယားများ ရေးဆွဲစီစဉ်ပေးခြင်းနှင့် Expert များဧ်။ Coaching Session များအတွက် အစည်းအဝေးမှတ်တမ်း (Meeting Minutes) များ မူကြမ်းရေးသားပြုစုရန်။

👉 စောင့်ကြည့်ကူညီခြင်း (Follow-up) - Client CSOs and LNGOs များ၏ ရှေ့လုပ်ငန်းစဉ်များ (Action Plans) ကို ခြေရာခံပြီး သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် နှိုးဆော် ပံ့ပိုးကူညီပေးရန်။

👉 ဘာသာပြန်ခြင်းနှင့် မှတ်တမ်းထိန်းသိမ်းခြင်း - အဖွဲ့အစည်းဆိုင်ရာ မူဝါဒ (Policy) စာရွက်စာတမ်းများ ဘာသာပြန်ဆိုရာတွင် ကူညီပေးရန်။ မူဝါဒအကြမ်းများ၊ Template များနှင့် ဆက်သွယ်ရန်လိပ်စာများ (Contact Management) ကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းရန်။

🚩 ၃။ လိုအပ်သော အရည်အချင်းများ

👉 လုပ်ငန်းအတွေ့အကြုံ - ညှိနှိုင်းဆက်ဆံသည့်လုပ်ငန်းအတွေ့အကြုံ ရှိရမည်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။

👉 လူငယ် လုပ်ငန်း အတွေ့အကြုံမရှိသူ/အနည်းငယ်ရှိသူကို ဦးစားပေးရွေးချယ်မည်။ လူမှုရေးလုပ်ငန်းများတွင် Volunteer သို့ Internship အတွေ့အကြုံရှိသူ၊
Skills နှင့် စိတ်အားထက်သန်မှုရှိပြီး အတွေ့အကြုံရှာဖွေနေသူများကို ဦးစားပေးပါမည်။


👉 နည်းပညာကျွမ်းကျင်မှု - MS Word, Excel, PowerPoint, Zoom Platform နှင့် အွန်လိုင်း ပူးပေါင်းလုပ်ဆောင်ရေး ကိရိယာများ (Digital Collaborative Tools) အပြင် AI tools အချို့၊ NotebookLM ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

👉 ပညာအရည်အချင်း - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည် (လူမှုသိပ္ပံ - Social Science နှင့် သက်ဆိုင်သော ဘာသာရပ်ဖြင့် ဘွဲ့ရရှိသူများကို ဦးစားပေးပါမည်)။

👉 ဘာသာစကား - အင်္ဂလိပ်စာ ဖတ်ရှုခြင်းနှင့် ရေးသားခြင်း (Reading & Writing) သင့်တင့်ကောင်းမွန်ရမည်။

👉 Remote work ဖြစ်သော်လည်း ရံဖန်ရံခါ In-person Team Meeting များရှိတတ်သောကြောင့် ရန်ကုန်တွင်လက်ရှိနေထိုင်သူအား ပိုမိုဦးစားပေးစဉ်းစားပါမည်။

👉 ဩဂုတ်လ ၂၀၂၆ ပထမပါတ်အတွင်း ချက်ခြင်းအလုပ် စတင်လုပ်နိုင်သူဖြစ်ရပါမည်။

🚩 ၄။ လျှောက်ထားရန် နည်းလမ်း

စိတ်ပါဝင်စားသူများသည် အောက်ပါစာရွက်စာတမ်းများကို စုစည်း၍ [email protected] သို့ အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါသည်။

👉 ကိုယ်ရေးရာဇဝင်အကျဉ်း (CV)

👉 ပတ်စ်ပို့အရွယ် (သို့) ပရော်ဖက်ရှင်နယ် ရိုက်ကူးထားသော ဓာတ်ပုံ

👉 မိမိ၏ ကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံများကို ပေါ်လွင်စေမည့် မိတ်ဆက်စာ (Cover Letter)

👉 မျှော်မှန်းလစာ (Expected Salary) ကို မဖြစ်မနေ ထည့်သွင်းဖော်ပြပေးရန်။

👉 လျှောက်လွှာနောက်ဆုံးတင်ရမည့်ရက် - ၂၃.၀၇.၂၀၂၆ (23.07.2026)

(မှတ်ချက်။ ။ အချက်အလက် ပြည့်စုံပြီး ပဏာမ အဆင့်ရွေးချယ်ခြင်းခံရသူများကိုသာ လူတွေ့စစ်ဆေးရန် ပြန်လည်ဆက်သွယ် အကြောင်းကြားပါမည်။)

ကျွန်ုပ်တို့အဖွဲ့အစည်းအကြောင်း ပိုမိုသိရှိလိုပါက www.facilitationart.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Photos from NGO Jobs in Myanmar's post 17/07/2026

စိတ်ဝင်စားသူများအတွက်

Photos from The Fifth Pillar - ပဉ္စမ မဏ္ဍိုင်'s post 15/07/2026

အမျိုးတို့အတွက်

Photos from Jobs For You's post 04/06/2026

စိတ်ဝင်စားသူများအတွက်

22/04/2026

Have A Nice Day

Want your business to be the top-listed Accountant in Kengtung?

Click here to claim your Sponsored Listing.

Location

Website

Address


Kengtung