02/09/2026
"အမေ့ကို ဘယ်လိုပြောရပါ့မလဲ
လစာ........ကုန်ပြီ"
😂😂
Fun of The Week
Accounting and Auditing Services, Taxation Services and Compliance of Internal Control.
02/09/2026
"အမေ့ကို ဘယ်လိုပြောရပါ့မလဲ
လစာ........ကုန်ပြီ"
😂😂
Fun of The Week
02/09/2026
ပြည်ထောင်စုနယ်မြေလိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အခွန်ထမ်းကုမ္ပဏီများအတွက် အသိပေးကြေညာချက်
၁။ ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း ထိရောက်ကောင်းမွန်သော အခွန်ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရန်အတွက် အခွန်ရုံးအသီးသီး တွင် ထမ်းဆောင်ရမည့်အခွန်ထမ်းကုမ္ပဏီများအား စံသတ်မှတ်ချက်များနှင့်အညီ ခွဲဝေ၍ အခွန် စည်းကြပ်မှုများဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ စံသတ်မှတ်ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်ပြည်ထောင်စု နယ်မြေလိပ်စာဖြင့် မှတ်ပုံတင်ထားသော ကုမ္ပဏီများအားလုံးနှင့်အဆိုပါဒေသများတွင် ထပ်မံဖွဲ့စည်း တည်ထောင်မည့် ကုမ္ပဏီအသစ်များအားလုံးကို လမ်း၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိအလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၅) တွင် အခွန်စည်းကြပ်မှုများဆောင်ရွက်ပေးလျက်ရှိပါသည်။
၃။ ယခုအခါ နေပြည်တော်၊ ပြည်ထောင်စုနယ်မြေလိပ်စာဖြင့်ကုမ္ပဏီမှတ်ပုံတင်ထားသော ကုမ္ပဏီများအားလုံးနှင့်အဆိုပါလိပ်စာဖြင့်ထပ်မံဖွဲ့စည်းတည်ထောင်မည့် ကုမ္ပဏီအသစ်များ၏ အခွန်စည်းကြပ်မှုဆိုင်ရာကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရန်အတွက်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) (ယာဉ်ရပ်နားဝန်း)၊အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅) နေပြည်တော် (ရုံးခွဲ)တွင် ၁-၉-၂၀၂၆ရက်နေ့မှစ၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၄။ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၅၀၈၄၀၀၈၊ ၀၉-၂၅၀၀၀၀၇၁၈ နှင့် ၀၉-၅၁၉၈၅၃၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
21/08/2026
၂ဝ၂၇ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ
21/08/2026
ရောင်းသူ၊ ဝယ်သူ နှစ်ဘက်လုံးအခွန်ဆောင်မှ မြေအမည်ပေါက်ပြောင်းခွင့်ရတော့မည်
~~~
◼ လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ကစလို့ ရောင်းသူရောဝယ်သူပါ နှစ်ဘက်စလုံးက အခွန်ဆောင် ထားတဲ့ အထောက်အထားပါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခွင့်ပြုတာ၊ မြို့တော်စည်ပင်မှာ အမည်ပေါက် ပြောင်းတာတွေကို ခွင့်ပြုတော့မယ်လို့သိရပါတယ်။
ဒီစနစ်ကို စက်တင်ဘာ(၁)ရက်နေ့ကစလို့ စတင်ကျင့်သုံးတော့မှာဖြစ်ပါသည်။
20/08/2026
"Q&A of The Week"
သုံးလတစ်ကြိမ်ကုန်သွယ် လုပ်ငန်းခွန် ကြေညာလွှာကို သက်ဆိုင်ရာသုံးလပတ် ကုန်ဆုံးပြီး ၁လ အတွင်း တင်သွင်းရမည် ဖြစ်သော်လည်း ကုမ္ပဏီမှ သုံးလတစ်ကြိမ် ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာအား တင်သွင်းရန် ပျက်ကွက်ခြင်းနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၆၇၊ ပုဒ်မခွဲ (က)အရ မည်သူမဆို အခွန် ကြေညာလွှာ သို့မဟုတ် အခြားကြေညာလွှာတစ်ရပ်ရပ်ကို တင်သွင်းရန် သတ်မှတ် ထားသည့်နေ့ရက်တွင် သို့မဟုတ် ယင်းနေ့ရက်မတိုင်မီ တင်သွင်းရန် ပျက်ကွက်ပါက အောက်ပါဒဏ်ကြေးငွေ နှစ်ရပ်အနက်မှ များရာ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်-
(၁) ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၅ရာခိုင်နှုန်း အပြင် တင်သွင်းရန် သတ်မှတ်ထားသည့်နေ့ရက်မှ ညွှန်ကြားရေးမှူးချုပ်မှ စည်းကြပ်မှု ပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက် ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ် အပိုင်းအတွက် ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၁ရာခိုင်နှုန်း။
(၂) ငွေ ကျပ် တစ်သိန်း။
14/08/2026
"Fun of The WeeK"
စာရင်းသမားတွေမရှိတော့ရင် ဘယ်သူ့ရဲ့ အရစ်ကို ခံရတော့မှာလဲ😂😂
11/08/2026
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales)လုပ်ငန်း မှတ်ပုံတင်ခြင်း အတွက် မှတ်ပုံတင်ကြေး ကောက်ခံသွားမည်။
11/08/2026
Q&A of the Week!
Ans: ဖျက်သိမ်းမည့် ကုမ္ပဏီအနေဖြင့် ပုံသေပိုင်ပစ္စည်းများရောင်းချပါက ရရှိသော မြတ်စွန်းငွေအတွက် အခြေပစ္စည်းမှမြတ်စွန်းငွေခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရ မည်ဟု ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၃ တွင် ပြဋ္ဌာန်းထားပါသည်။
ဝင်ငွေခွန်နည်းဥပဒေ ပုဒ်မ ၅(က) အရ အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း ပြု လုပ်သည့် နှစ်တစ်နှစ်အတွင်း အခြေပစ္စည်း၏ တန်းဖိုးစုစုပေါင်းသည် ၂၀၂၂ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၂၈ အရ ကျပ်သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ်ပေါက်စေကာမှု ဝင်ငွေခွန်မကျသင့်စေရပါ။
သို့သော် ဝင်ငွေကြေညာလွှာ ကို အခြေပစ္စည်းရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာကုမ္ပဏီ၏ အခွန်စည်းကြပ်သည့်ရုံးသို့ ပေးပို့ရမည်ဖြစ်ပါသည်။
#959 2500 25947
.ako.com.mm
25/07/2026
အမိန့်ကြော်ငြာစာအမှတ် – ၀၁ / ၂၀၂၆
"လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည့်သူများ စာရင်းထုတ်ပြန်ခြင်း"
အမှတ်စဉ်- ၃၇မှာကြည့်ပါ။
16/07/2026
မော်တော်ယာဉ်ပိုင်ရှင်အမည်ပြောင်းဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း
၁။ အခွန်ထမ်းပြည်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထား ပြီးဖြစ်သော မော်တော်ယာဉ်များအား လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်းမှတ်ပုံတင်နိုင်ရန် အခွန်စိစစ် သည့်ကိစ္စရပ်များကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၁၆) ရက်နေ့မှစ၍ Vehicle Automatic Valuation System (VAVS) ဖြင့် ပြောင်းလဲကျင့်သုံးဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၂။ အခွန်ထမ်းသူများအနေဖြင့် https://vavs. ird.gov.mm ၌ ဖုန်းနံပတ်ဖြင့် စနစ်အတွင်းဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သောအချက်အလက်များကိုဖြည့်သွင်းပါက စနစ်မှအလိုအလျောက် တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ပြီး ကျသင့်အခွန်ကို Online Payment ဖြင့်ပေးဆောင်နိုင်မည်ဖြစ်ပါသည်။
၃။ အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD's Tax Payment Hub မှ တစ်ဆင့် | MPU Debit Card ဖြင့်လည်းကောင်း၊ MMQR Code ကို အသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay uab
Pay A plus Wallet Citizen Pay OKSI Wave Money Trusty Pay! Zego Pay M-Pitesani GTB Pay MoMoney စသည်တို့ဖြင့်လည်းကောင်း၊ uab Bank ၊ Shwe Bank A Bank တို့၏ Mobile Banking စနစ်များဖြင့်လည်းကောင်း ပေးဆောင်နိုင်ပါသည်။
၄။ အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ ရရှိသည့် အီလက်ထရောနစ်အခွန်ဆိုင်ရာ စိစစ်ဆောင်ရွက် ပြီးကြောင်း ထောက်ခံချက် (e-Tax Clearance Certificate) QR Form ကို ကြည်လင်ပြတ်သားစွာ ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် . မော်တော်ယာဉ်အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
၅။ ကနဦးမော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ဝင်ငွေ ရလမ်းတင်ပြမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ မူလဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ ရုံးများတွင် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
၆။ အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 1515 သို့လည်းကောင်း၊ techsupport. vavs@ ird.gov.mm နှင့် [email protected] သို့ အီးမေးလ်ပေးပို့၍လည်းကောင်း၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုဌာနခွဲ(ရန်ကုန်) (၁၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) (၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃ဝ၅၄၄)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)(၀၂-၄၀၃၀၆၃၇၊ ၀၂-၄၀၃၀၆၃၈)၊ အီလက်ထရောနစ်ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center)(၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁) နှင့် နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင် သွားရောက်၍ လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
အဆင့်ဆင့် ဆောင်ရွက်ပုံလေးကို တင်ပြပေးထားပါတယ်ခင်ဗျာ။
Google Chrome မှ www.ird.gov.mm သို့ဝင်ရောက်နိုင်ပါသည်။
Crd
#ပြည်တွင်းအခွန်များဦးစီးဌာန
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |