Income Tax - IRS Knowledge for Burmese in USA

Income Tax - IRS Knowledge for Burmese in USA

Share

Income Tax and Accounting Knowledge

02/28/2026

2025 အတွက် Personal Income Tax Filers တွေအတွက် standard deduction Amount တွေကတော့

Single Filing - $15750
Married Separately Filing - $15750
Married Jointly Filing (MJF) - $31500
Qualifying Surviving Spouse (QSS) - $31500
Head of Household Filing (HOH)- $23625

QSS and HOH filing status တွေကတော့ ဘယ်အချက်တွေနဲ့ကိုက်ညီရင် ဘယ် filing type ကိုသံုးရမလဲဆိုတာ သက်သက် post မှာ ရေးပေးပါမယ်။

Deduction တွေအကြောင်းဆက်ကြပါစို့။

Additional deduction အနေနဲ့ဆိုရင်တော့
အသက် 65/ 65 အထက် or Blind တခုခုဆိုရင်
- Single/ Head of Household filer တွေအတွက် $2000 ထပ်နှုတ်လို့ရမှာဖြစ်ပြီး
- Married jointly filer တွေက တစ်ယောက်အတွက် $1600 ထပ်နှုတ်လို့ရပါတယ်။ နှစ်ယောက်လုံးက 65 or 65 အထက် or blind ဆိုရင်တော့ နှစ်ဆ $3200 နှုတ်လို့ရပါတယ်။

အသက် 65/ 65 အထက် and Blind နှစ်ခုလုံးဖြစ်မယ်ဆိုရင်တော့
- Single/ Head of Household filer တွေအတွက် နှစ်ဆ $4000 ထပ်နှုတ်လို့ရမှာဖြစ်ပြီး
- Married jointly filer တွေက တစ်ယောက်အတွက် $3200 ထပ်နှုတ်လို့ရပါတယ်။ နှစ်ယောက်လုံးက 65 or 65 အထက် and blind ဆိုရင်တော့ နှစ်ယောက် နှစ်ဆ $6400 နှုတ်လို့ရပါတယ်။

2025 ခုနှစ်မှာ Senior တွေအတွက် Senior Bonus: "One, Big, Beautiful Bill" ဥပဒေအရ 2025 ကနေ 2028 တစ်လျှောက် အသက် 65 or အသက် 65 အထက်တွေဆိုရင် နောက်ထပ် Single filing ဆို addition deduction အနေနဲ့ $6000 ထပ်နှုတ်လို့ရပြီး married filing ဆို နှစ်ယောက်လုံး qualify ဖြစ်ရင်နှစ်ဆ$12000 ထပ်နှုတ်လို့ရမှာပါ။

How much is the Enhanced Standard Deduction?
Filing Status Original Senior Deduction OBBB Boost New Senior Deduction
Single $17,750 $6,000 $23,750
Married (Both) $35,500 $12,000 $47,500

အဲ့ဒီထပ်တိုးလာတဲ့ standard deduction ကိုထပ် claim ဖို့က သက်သက် separate filing လုပ်စရာမလိုပါဘူး။
IRS form 1040 or 1040- SR မှာ အသက်65 or 65 အထက်ဖြစ်တယ်ဆိုတဲ့ box ကို click နှိပ်ပေးရင်ရပါပြီ။
အဲ့ဒီ ထပ်တိုး $6000 လျှော့ပေါ့ခွင့်က Single filer အတွက် year income 75,000 ကျော်တဲ့သူတွေနှင့် Married filing $150,000 ကျော်တဲ့ သူတွေကတော့ ခံစားခွင့် amount ကအဲ့ထက် နည်းသွားမှာပါ။

Standard deduction: Dependent of other
Tax payer ကိုယ်တိုင်ပေးတဲ့လူတစ်ယောက်က တခြား tax payer တွေအတွက်လည်း dependent ဖြစ်တယ်ဆိုရင်….
Eg. 17 နှစ်အရွယ်ရှိတဲ့ သမီးက ခုမှ ကျောင်းတက်နေတုန်း part-time job လုပ်တယ်၊ သူကိုယ်တိုင်ကလည်း tax payer၊ ဒါပေမဲ့ သူမိဘတွေ filing ထဲမှာလည်း dependent အနေနဲ့ ပါနေတဲ့ သူတစ်ယောက် ဆိုပါစို့။
အခုပြောမဲ့ ဟာက standard deduction ဖြစ်တဲ့အတွက် ဒီ deduction က part-time job လုပ်တဲ့သမီးရဲ့ tax filing ထဲက နှုတ်လို့ရမဲ့ amount ကိုပြောတာဖြစ်ပါတယ်။ မိဘတွေနှုတ်လို့ရတဲ့ amount မဟုတ်ပါဘူး။
Deduction amount က $1300 or Earned Income plus $450 compare လုပ်ပြီး များရာကိုယူရမှာဖြစ်ပါတယ်။ ဒါပေမဲ့ regular standard deduction amount ထက် earned income plus $450 ကများနေတယ်ဆိုရင်တော့ Regular standard deduction amount ကိုသာယူရမှာဖြစ်ပါတယ်။

နောက်အပိုင်းတွေမှာ တခြားအပိုရမဲ့ Tax Credit (eg. CTC, EITC etc.)တွေအပြင် Innocent Spouse Relief & Injured Spouse Relief အကြောင်းတွေပါရှင်းပြသွားပါမယ်။

Tax အကြောင်းစိတ်ဝင်စားတယ်၊ ဒီစာလေး ဖတ်လို့တခုခု ဗဟုသုတရသွားတယ်ဆို like and share လေးလုပ်ပေးပါနော်။ ကျေးဇူးပါရှင့်။

with love Aye Mon (Monica)







Want your business to be the top-listed Accountant in Los Angeles?

Click here to claim your Sponsored Listing.

Location

Website

Address

Los Angeles, CA