26/07/2026
Don’t just find a job. Find your future. 💙
အလုပ်တစ်ခုရဖို့ထက်
ကိုယ့်အနာဂတ်ကို တည်ဆောက်နိုင်မယ့် အခွင့်အရေးကို ရွေးချယ်ပါ။
လူငယ်တစ်ယောက်အနေနဲ့…
✨ သင်ယူချင်တဲ့စိတ်
✨ တိုးတက်ချင်တဲ့စိတ်
✨ စိန်ခေါ်မှုအသစ်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်တယ်ဆိုရင်…
CB Life က သင့်အတွက် နေရာတစ်ခု ဖြစ်နိုင်ပါတယ်။
12/06/2026
Celebrating 13 amazing years of community, purpose, and togetherness🩵👏👏👏🩵
04/06/2026
အလုပ်တစ်ခုက ဝင်ငွေတခုတင်မဟုတ်ဘူးအတွေ့အကြုံတွေ၊ အခွင့်အရေးတွေနဲ့ အမှတ်တရတွေကိုပါ ပေးတယ်✨🍀✨
ဘွဲ့ရပြီးချိန်မှာ အတွေ့အကြုံဆိုတာ ဘာမှမရှိဘဲ Insurance Industry ထဲကို စတင်ဝင်ရောက်ခဲ့တာ ဒီနေ့ဆို ၈ နှစ်တောင် ပြည့်ခဲ့ပါပြီ။
ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တွေကတော့ မသေချာခဲ့ဘူး။ အစီအစဉ်တင်ဆက်သူ ဖြစ်ချင်ခဲ့ဖူးတယ်၊ သူနာပြုလည်း လျှောက်ဖူးတယ်။ ဒါပေမဲ့ အရပ်အမောင်းနဲ့တင် အဆင်မပြေခဲ့တဲ့ အိပ်မက်တွေပါပဲ။ အခု ပြန်တွေးကြည့်တော့ ရယ်စရာကောင်းနေတယ်။😊😊😊
အသက်အရွယ်တစ်ခုရောက်လာတော့ ကိုယ့်ရဲ့ Super Power ကို သိလာခဲ့တယ်။ အဲဒါက “စကားပြောခြင်း” ပဲ။ တစ်နေ့လုံး လည်းပြောနိုင်တယ်၊ လူတွေနဲ့ ထိတွေ့ဆက်ဆံရတာ၊ ရှင်းပြရတာတွေက ကိုယ့်အတွက် သဘာဝကျတဲ့ အရာတွေ ဖြစ်နေခဲ့တယ်။
ဒီအလုပ်ကနေတစ်ဆင့် ကိုယ့်ဝါသနာကိုလည်း ရှာတွေ့ခဲ့တယ်။ အဲဒါကတော့ ခရီးသွားရတာ။ လူတော်တော်များများလိုပဲ ကမ္ဘာကြီးကို လေ့လာရတာ သဘောကျတယ်။ ဒီအလုပ်ကြောင့် တစ်နှစ်တစ်ခေါက် FOC နဲ့ ကိုယ်မရောက်ဖူးသေးတဲ့ နိုင်ငံတွေကို သွားရောက်ခွင့်ရခဲ့တယ်။
ဘဝနဲ့ စိတ်ကူးအိပ်မက်တွေ အတိအကျ ထပ်တူမကျသေးပေမယ့် ဝါသနာနဲ့ အလုပ်ကတော့ နီးစပ်နေတယ်လို့ ပြောလို့ရတယ်။
၈နှစ်တာ ခရီးလမ်းမှာတွေ့ဆုံခဲ့ရတာ customer
တယောက်ချင်းစီကိုလည်း အမြဲကျေးဇူးတင်ရင်း
🙏🙏
17/05/2026
Together we achieve more💪💪💪
10/05/2026
💜💜💜
🩵 ဘဝရဲ့ အခက်အခဲတွေကြားမှာ
နွေးထွေးတဲ့ အပြုံးတစ်ခုနဲ့ အမြဲတမ်း ခွန်အားပေးတတ်တဲ့သူ။ စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ မေတ္တာတရားတွေ၊ အနစ်နာခံမှုတွေနဲ့ သားသမီးတွေရဲ့ ရှေ့ရေးကိုပဲ အစဉ်အမြဲ ကြည့်ပေးခဲ့တဲ့ ကျေးဇူးရှင်။
ယနေ့ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာပေါ်ရှိ မိခင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ပျော်ရွှင်ပါစေကြောင်း CB Life Insurance မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
28/04/2026
ချစ်ခြင်းမေတ္တာက လုံခြုံနွေးထွေးစေတယ်💛
22/03/2026
ပီးခဲ့တဲ့တပတ်က…
ကိုယ့် client တစ်ယောက်အတွက်
ဆေးစစ်ဖို့ အဖော်လိုက်သွားပေးဖြစ်တယ်။
Client ပြောပြတယ်…
“၈နှစ်လောက်က
ကျန်းမာရေးကြောင့် ဆေးရုံတစ်ခါတက်ဖူးတယ်…
အဲ့နေ့ကနေစပြီး
နေမကောင်း မဖြစ်အောင်
ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လာတယ်။
စားသောက်ပုံစံပြောင်းတယ်…
လေ့ကျင့်ခန်းပြန်လုပ်တယ်…
လုပ်စရာတွေများသေးတော့ ကျန်းမာနေမှရမယ်တဲ့…
Medical check up ဆိုတာက
အချိန်လည်းပေးရတယ်…
ငွေကြေးလည်း ကုန်ကျမှုလည်းရှိတယ်…
ဒါပေမယ့်…
ကျန်းမာရေးကို စစ်ဆေးခြင်းက
တချို့ရောဂါတွေကို
စောစောကြိုသိနိုင်စေတယ်။
ကြိုသိထားရင်…
ဆေးသောက်ရုံနဲ့တောင်
ထိန်းချုပ်လို့ရတဲ့အရာတွေ ရှိတယ်။
ပုံမှန်ကုသမှုလုပ်နိုင်ရင်
အချို့ကိုတော့ ကာကွယ်လို့ရတယ်။
အပ်နဲ့ထွင်းလို့ရတဲ့အချိန်မှာ…
ပေါက်စိန်နဲ့ မထိုးရအောင်ပေါ့။
အသက်အာမခံထားထားရင်
Medical check up ကို (FOC) လုပ်လို့ရတာကလည်း
တကယ်အကျိုးရှိပါတယ်။
တကယ်တော့…
လူတွေ အများစုက
အရာတစ်ခုခု ဖြစ်ပြီးမှ
တန်ဖိုးကို နားလည်တတ်ကြတယ်။
Life Insurance =Love Insurance
(ဘဝကမသေချာပေမဲ့ ချစ်ခြင်းမေတ္တာအတွက်စိတ်ချပါရစေ )🩵
21/03/2026
နွေကပိုပူလာတယ်…ဆီမရလို့ ကားတန်းရှည်ကြီးတွေ…လျှပ်စစ်မီးကလည်း အလှည့်ကျ…အိပ်ရေးမဝလို့ စိတ်တိုလွယ်လာတဲ့နေ့တွေဆိုပါတော့..
တကယ်တော့…ကျွန်မတို့ကြုံတွေ့နေရတဲ့ဒုက္ခတွေကကမ္ဘာကြီးတစ်ခုလုံးမှာရှိနေတဲ့ဒုက္ခတွေအများကြီးထဲကအရွယ်အစားပဲ ကွာတာပါပဲ။
Control လုပ်လို့မရတဲ့အရာတွေကိုမပြောင်းနိုင်ဘူးဆိုရင်…Control လုပ်လို့ရတဲ့ ကိုယ့်ဘဝလေးကိုပဲfocus ပြောင်းပီးရှင်သန်ကြည့်ရအောင်…🍀
ကျွန်မအတွက်တော့ မနက်မိုးလင်းတိုင်း
ကြားနေရတဲ့ အမေရဲ့ ကြေးစည်သံလေးရယ်
အိမ်ရှေ့က ပဲပြုတ်သည်ရဲ့အော်သံကြားတိုင်း
ဒီနေ့လည်း အသက်ရှင်ခွငိ့ရတာ ကျေးဇူးတင်စရာပါလို့တွေးရင်း….
Life Insurance =Love Insurance
(ဘဝကမသေချာပေမဲ့ ချစ်ခြင်းမေတ္တာအတွက်စိတ်ချပါရစေ )🩵
09/03/2026
ကျွန်မတို့ကိုယ်တိုင်က တခုခုကို စတင်ရမှာကို မကြာခဏ ကြောက်လေ့ရှိကြပါတယ်။ အထူးသဖြင့် အမျိုးသမီးအများစုမှာ ဒီလိုစိတ်ခံစားချက်မျိုးတွေ ဖြစ်တတ်ပါတယ်။
“Motivation ရှိမှ စလုပ်မယ်” ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကို ကိုယ်တိုင်လည်း အကြိမ်ကြိမ် လုပ်ဖူးပါတယ်။ ဒါပေမယ့် အဲ့လိုဆုံးဖြတ်ချက်က စတင်ဖို့ကို ပိုပြီးခက်ခဲစေပါတယ်။
တကယ်တော့ Motivation ဆိုတာက ကြောက်နေတဲ့အရာ၊ မလုပ်ချင်တဲ့အရာကို Action တစ်ခု လုပ်ပြီးနောက်မှ ပေါ်လာတတ်တဲ့အရာပါ။
ဥပမာ –
ဒီနေ့ Yoga မလုပ်ချင်ဘူးဆိုရင်
ခေါင်းထဲမှာ မသွားချင်တဲ့ အကြောင်းပြချက်မျိုးစုံကိုပဲ စဉ်းစားနေမိပါတယ်။
ဒါပေမယ့် Yoga ကို မဖြစ်မနေ သွားလုပ်ပြီး အိမ်ပြန်ရောက်ချိန်မှာ
“ငါ ဒီနေ့လုပ်နိုင်ခဲ့တယ်” ဆိုတဲ့ Confidence တစ်ခု ရလာပါတယ်။
အဲ့ဒီ Confidence ကပဲ နောက်နေ့ ဆက်လုပ်ဖို့ Motivation ဖြစ်လာစေပါတယ်။
အလုပ်မှာလည်း ဒီလိုပါပဲ။
တခုခုကို စတင်တော့မယ်ဆိုရင် မဖြစ်နိုင်တာတွေကို အရင်စဉ်းစားပြီး Negative Side တွေကိုပဲ မြင်မိတတ်ပါတယ်။
ဒါပေမယ့် “ဘာပဲဖြစ်ဖြစ် လုပ်မယ်” ဆိုတဲ့စိတ်နဲ့ Action တစ်ခု စတင်လိုက်တာနဲ့
အကောင်းဆုံးဖြစ်ချင်တဲ့ စိတ်၊ ကြိုးစားချင်တဲ့ စိတ်တွေက Auto ပါလာတတ်ပါတယ်။
တကယ်တော့ Motivation ဆိုတာ
Action တစ်ခု စတင်လိုက်တဲ့အခါမှာပဲ လိုက်ပါလာတဲ့အရာပါ။
ဒါကြောင့်
ကိုယ်ကြောက်နေတဲ့အရာတွေကို
ကိုယ်မလုပ်ချင်တဲ့အရာတွေကို
အရင်ဆုံး စလုပ်ကြည့်ရအောင်။
Life Insurance =Love Insurance
(ဘဝကမသေချာပေမဲ့ ချစ်ခြင်းမေတ္တာအတွက်စိတ်ချပါရစေ )🩵
06/03/2026
International Women’s Day ရဲ့ အစကို အလုပ်သမား အမျိုးသမီးများ၏ ဆန္ဒပြလှုပ်ရှားမှုများကနေ စတင်ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
1911 ခုနှစ်အစပိုင်းက စတင်ကျင်းပခဲ့ပြီး အခုဆိုရင် ကမ္ဘာတဝှမ်းလုံးကို ပျံ့နှံ့လာတဲ့ အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်လာပါပြီ။
တစ်နှစ်တာလုံး ကြိုးစားပင်ပန်းခဲ့တဲ့ အမျိုးသမီးတွေအတွက် ဂုဏ်ပြုပေးတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့နေခဲ့တဲ့ အမျိုးသမီးလေးတွေကလည်း ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေပြီး celebrate လုပ်သင့်ပါတယ်နော် 👑
International Women Dayမှာပါဝင်တဲ့
💜 Purple က အမျိုးသမီးများအတွက်
တရားမျှတမှုနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုပါတယ်။
💚 Green က အမျိုးသမီးအခွင့်အရေးအတွက်
မျှော်လင့်ချက်ကို ကိုယ်စားပြုပါတယ်။
🤍 White ကတော့
သန့်ရှင်းမှုနှင့် ရိုးသားမှုကို ကိုယ်စားပြုတဲ့ အရောင်ပါ။
ကိုယ်တိုင်လည်း အမျိုးသမီးတစ်ယောက်အဖြစ် ဂုဏ်ယူပျော်ရွှင်ပြီး ကိုယ့်တန်ဖိုးကို ကိုယ်တိုင်လည်း တန်ဖိုးထားပါတယ်။ 💐
the upcoming International Women’s Day