07/05/2026
လေဖြတ်ခြင်းဟာ အဓိကကျန်းမာရေး ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ သင်သိပါသလား။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ၂၀၂၁ ခုနှစ်ထုတ်ပြန်ချက်များအရ လေဖြတ်ခြင်းဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။
ကျန်းမာစေတဲ့ အလေ့အကျင့်ကောင်းတွေ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်မယ်ဆိုရင် လေဖြတ်နိုင်ခြေကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပေမဲ့ တစ်ဖက်မှာလည်း ဘဝမှာ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်တာကြောင့် မိမိနဲ့သင့်တော်တဲ့ ငွေကြေးဆိုင်ရာအကာအကွယ်ထားရှိဖို့ အရေးကြီးပါတယ်။
AIA Critical Illness Care နဲ့သာဆိုရင် လေဖြတ်ခြင်းအပါအဝင် ပြင်းထန်ရောဂါ (၃၉) မျိုးအတွက် ငွေကြေးဆိုင်ရာ အကာအကွယ်ရရှိနိုင်မဲ့အပြင် အကျိုးခံစားခွင့်ကိုလည်း တစ်လုံးတည်းပေးငွေအဖြစ် ရရှိနိုင်တာကြောင့် ငွေကြေးအလိုအပ်ဆုံးအချိန်တွေမှာ စိတ်ပူပန်စရာမလိုဘဲ ကျန်းမာရေးပြန်လည်ကောင်းမွန်ရေးကိုသာ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက
Thae Wai Soe
09 951532265
[email protected]
Financial Services Manager
30/04/2026
ယနေ့ကျရောက်တဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)၊ ညောင်ရေသွန်းပွဲတော် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကာ ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
Thae Wai Soe
09 951532265
[email protected]
Financial Services Manager
On the occasion of the Full Moon Day of Kason (Buddha Day), the most sacred day for Buddhists in Myanmar, AIA Myanmar wishes everyone good health and peace of mind, and a better life ahead.
28/03/2026
အာမခံအကာအကွယ်နဲ့ပတ်သက်ပြီး ရှင်းလင်းတိကျစွာ နားလည်သဘောပေါက်ခြင်းဟာ သင့်အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အထောက်အကူဖြစ်စေပါတယ်။
သင့်အာမခံပေါ်လစီ ဖွဲ့စည်းပုံ၊ လုပ်ဆောင်ပုံ နဲ့ အကာအကွယ် စတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍများကို နားလည်သဘောပေါက်ခြင်းဟာ သင့် ရေရှည်အစီအစဉ်များနဲ့ အနာဂတ်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ယုံကြည်မှုအပြည့်နဲ့ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ အာမခံအကာအကွယ်ဟာ သင့်ဘဝကို ဘယ်လိုအခန်းကဏ္ဍတစ်ခုချင်းစီကနေ ပံ့ပိုးပေးနေပါသလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။
အနာဂတ်အတွက် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး စီမံ၊ ကာကွယ်နိုင်ဖို့ AIA Myanmar က သင်နဲ့ အမြဲအတူရှိနေပါတယ်။
Having clarity about your insurance empowers you to make better decisions for your future.
Understanding the key roles involved including how your insurance policy is structured, how it works, and what it covers helps you stay confident and aligned with your long‑term goals. Discover how each part comes together to support you.
At AIA Myanmar, we provide continued support, ensuring your future is effectively managed and well protected.
26/03/2026
AIA Myanmar ဝက်ဘ်ဆိုက်ဒ်တွင် MPU ကတ်ဖြင့် ပရီမီယံကြေးပေးသွင်းနိုင်ပါပြီ
မင်္ဂလာပါ
AIA Myanmar ၏ Member များ ပရီမီယံကြေးပေးချေရာတွင် ပိုမိုလွယ်ကူအဆင်ပြေမှုရှိစေရန် AIA Myanmar ဝက်ဘ်ဆိုက်ဒ်တွင် MPU ကတ်ဖြင့် ပရီမီယံကြေးပေးသွင်းနိုင်ပြီဖြစ်ကြောင်း ငွေကြေးအတိုင်ပင်ခံများကို အသိပေး၊ အကြောင်းကြားအပ်ပါသည်။
Member များအနေနှင့် AIA Myanmar ဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် အာမခံအကာအကွယ်ဆိုင်ရာ အချက်အလက်များ၊ Member များ၏ အကျိုးခံစားခွင့်များနှင့် ဝန်ဆောင်မှုများအကြောင်း အလွယ်တကူကြည့်ရှုနိုင်မည့်အပြင် ယခုကဲ့သို့ MPU ကတ်ဖြင့် တိုက်ရိုက်ပေးသွင်းနိုင်သည့်အတွက် အာမခံအကာအကွယ်နှင့် အကျိုးခံစားခွင့်များကို ဆက်လက်တည်မြဲစေရန် လွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
AIA Myanmar ဝက်ဘ်ဆိုက်ဒ်တွင် MPU ကတ်ဖြင့် အွန်လိုင်းပရီမီယံကြေးပေးသွင်းရန် - https://bit.ly/4sBJx6q
မှတ်ချက် - အသုံးပြုမည့် MPU ကတ်သည် MPU E-commerce Service အသုံးပြုခွင့် ရရှိပြီးဖြစ်ရမည်။
သို့ဖြစ်ပါ၍ ငွေကြေးအတိုင်ပင်ခံများအနေနှင့် အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ Member များထံ အသိပေးကာ လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်ရေးအတွက် ကူညီ၊ ပံ့ပိုးပေးပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
MPU ကတ်ဖြင့် ပရီမီယံကြေးပေးသွင်းရန် အဆင့်ဆင့်လုပ်ဆောင်ပုံကို ပူးတွဲပေးပို့ထားသည့် User Guide တွင် ဝင်ရောက်ဖတ်ရှုလေ့လာပါ။
ယနေ့ထိတိုင် ပံ့ပိုးကူညီမှုများအတွက် အထူးကျေးဇူးတင်ရှိပါသည်။
လေးစားစွာဖြင့်၊
AIA Myanmar
11/03/2026
AIA+ Rewards လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ခြင်း
မင်္ဂလာပါ။
AIA+ အက်ပလီကေးရှင်း အသုံးပြုသူ Member များအနေနှင့် ပိုမိုကောင်းမွန်သည့် စိတ်လှုပ်ရှားဖွယ်ဒီဂျစ်တယ်အတွေ့အကြုံကို ရရှိစေရန် AIA+ Rewards လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအကြောင်းကြားအပ်ပါသည်။
Member များသည် မိမိတို့အကျုံးဝင်သော AIA Myanmar ၏ ကမ်ပိန်းများ၊ အစီအစဉ်များနှင့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့် Reward ပွိုင့်များကို ရရှိမည်ဖြစ်ပြီး AIA+ အက်ပလီကေးရှင်းတွင် အချိန်မရွေး၊ အလွယ်တကူစစ်ဆေးကြည့်ရှုနိုင်မည့်အပြင် စာရင်းသွင်းထားသော ဘဏ်အကောင့်မှတစ်ဆင့် သတ်မှတ်ချက်များနှင့်အညီ ထုတ်ယူနိုင်မည့် လုပ်ဆောင်ချက်ဖြစ်ပါသည်။ AIA+ Reward ပွိုင့်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အချက်များကို ကြိုတင်သိရှိနိုင်စေရန် မျှဝေလိုက်ပါသည်။
AIA Myanmar က သတ်မှတ်ထားသော ကမ်ပိန်းအစီအစဉ်များတွင် ပါဝင်ခြင်းဖြင့် Reward ပွိုင့်များကို ရရှိခံစားနိုင်မည် ဖြစ်သည်။
ရရှိထားသော Reward ပွိုင့်များကို ၁ နှစ်အတွင်း အသုံးပြုရမည်ဖြစ်သည်။
Reward ပွိုင့်များကို တစ်လုံးတည်း၊ တစ်ကြိမ်သာထုတ်ယူရန် တောင်းဆိုနိုင်ပြီး တစ်စိတ်တစ်ပိုင်း ထုတ်ယူရန် တောင်းဆိုနိုင်မည် မဟုတ်ပါ။ (ဥပမာ - မိမိတွင် ၁၀၀,၀၀၀ ပွိုင့်ရှိသည်ဆိုပါက အဆိုပါ ပွိုင့် ၁၀၀,၀၀၀ လုံးကို တစ်လုံးတည်း၊ တစ်ခါတည်းသာ ထုတ်ယူနိုင်မည်ဖြစ်သည်။)
Reward ပွိုင့်ထုတ်ယူတောင်းဆိုမှုများကို AIA Myanmar ဘက်က လိုအပ်သည့် စိစစ်မှုများပြုလုပ်ပြီးမှသာလျှင် အတည်ပြုသွားမည်ဖြစ်သည်။
Rewards ပွိုင့်များကို AIA+ အက်ပလီကေးရှင်းပြင်ပတွင် လွှဲပြောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် လဲလှယ်ခြင်းများ မပြုလုပ်နိုင်ပါ။
Reward ပွိုင့်များရယူခြင်း၊ ထုတ်ယူခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို AIA+ အက်ပလီကေးရှင်းအတွင်းရှိ “စည်းကမ်းသတ်မှတ်ချက်များ” ကဏ္ဍတွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ ထို့အပြင် Reward ပွိုင့်များထုတ်ယူရန် လုပ်ဆောင်ပုံအဆင့်ဆင့်ကို ပူးတွဲဖိုင်ဖြစ်သည့် User Guide တွင် ကြည့်ရှုနိုင်ပါသည်။
ဒေါင်းလုဒ်ပြုလုပ်ရန်
Android: https://rb.gy/5jz86c
iOS: https://rb.gy/9toleq
လေးစားစွာဖြင့်၊
AIA Myanmar
AIA+ Myanmar - Apps on Google Play
09/03/2026
မြန်မာ့အာမခံလုပ်ငန်း နောက်ခံသမိုင်း
မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းကို ၁၈၂၆ တွင် စတင်ခဲ့ပါသည်။ ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲအပြီး ဥရောပတိုက်သားများ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာကြရာ ထို လုပ်ငန်းများအတွက် အာမခံအကာအကွယ်ပေးနိုင်ရန် နိုင်ငံခြားအာမခံကုမ္ပဏီများ မြန်မာနိုင်ငံတွင် စတင်ရောက်ရှိလာခဲ့သည်။
မြန်မာနိုင်ငံတွင် ၁၈၄၅ ခုနှစ်မှ ၁၈၉၇ ခုနှစ်အတွင်း နိုင်ငံခြားအာမခံကုမ္ပဏီ ၁၈-ခု ရှိခဲ့ပါ သည်။ ၁၈၉၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ကာလအတွင်း အာမခံကုမ္ပဏီပေါင်း ၁၁၀ အထိ ရှိခဲ့ရာ ယင်းတို့ အထဲတွင် ၁၉၃၇ ခုနှစ်အတွင်း၌ –
(၁) ဆာဦးသွင်မှ ဥက္ကဌအဖြစ် တည်ထောင်သော မြန်မာပြည်အမျိုးသားအာမခံကုမ္ပဏီ လီမိတက် (Burma National Insurance Co., Ltd.) နှင့်
(၂) ဒေါက်တာဦးဆက်မှ ဥက္ကဌအဖြစ် တည်ထောင်သော မြန်မာနိုင်ငံ (အစိုးရ တာဝန်ခံချုပ်) အာမခံကုမ္ပဏီလီမိတက်ဟူ၍ မြန်မာကုမ္ပဏီ ၂-ခုသာ ရှိခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ အာမခံလုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။ ၁၉၄၂ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့တွင် ခန့်အပ်သော ဒုတိယကြားဖြတ်အစိုးရသည် မြန်မာနိုင်ငံ စစ်ဘေးဥပါဒ် (အသက်၊ မတော်တဆထိခိုက်ခြင်းနှင့်ပစ္စည်း) အာမခံနည်းဥပဒေ များကို ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အတည်ပြုပြဌါန်းပေးခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် မြန်မာနိုင်ငံ(အစိုးရတာဝန်ခံချုပ်) အာမခံကုမ္ပဏီသည် အာမခံ လုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်ခဲ့ပါသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာအမျိုးသားအာမခံကုမ္ပဏီများဖြစ်ကြသော ပြည်သူ့အာမခံကုမ္ပဏီ လီမိတက်နှင့် မြန်မာနိုင်ငံ မီးနှင့်အထွေထွေအာမခံကုမ္ပဏီလီမိတက်တို့ ပေါ်ပေါက်လာခဲ့ပါသည်။
၁၉၅၀ ခုနှစ်တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့ဥပဒေပြဌါန်းကာ အစိုးရက ပါဝင်လုပ်ကိုင် လာခဲ့သည်။
ဘားမားနေရှင်နယ်အာမခံကုမ္ပဏီ (Burma National Insurance Co.,)ကို ၁၉၅၁ အာမခံ ကုမ္ပဏီများကို နိုင်ငံပိုင်ပြုလုပ်ခြင်းအက်ဥပဒေအရ ပြည်သူပိုင်ပြုလုပ်၍ ၁၉၅၂ ခုနှစ် မတ်လ (၁) ရက်နေ့တွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့ (Union of Insurance Board) စတင်တည်ထောင်ခဲ့ ပါသည်။
၁၉၅၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှစတင်၍ ပြည်သူ့ဝန်ထမ်းများ မထားမနေရ အသက် အာမခံလုပ်ငန်းနှင့် တပ်မတော်ဝန်ထမ်းများ အသက်အာမခံလုပ်ငန်းတို့ကို ပြည်ထောင်စုအာမခံ အဖွဲ့က လက်ခံဆောင်ရွက်ခဲ့သည်။
၁၉၅၇ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ အထွေထွေအာမခံလုပ်ငန်းကို တိုက်ရိုက် လက်ခံဆောင်ရွက်နိုင်ခဲ့ပါသည်။
၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် အသက်အာမခံလုပ်ငန်းကို အစိုးရမှတပါး အခြားသူများမလုပ်ရန် တားမြစ်ဥပဒေ ပြဌါန်းခဲ့ပါသည်။
အထွေထွေအာမခံလုပ်ငန်းကို ပြည်ထောင်စုအာမခံစနစ်အဖွဲ့ (Union of Insurance Board) တစ်ခုတည်းကသာ လုပ်ကိုင်ရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။
၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် ဘဏ်များပူးပေါင်းရာ၌ တစ်ခုတည်းသော ဘဏ်အဖြစ် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်ကို ဖွဲ့စည်းရာတွင် ပြည်ထောင်စုအာမခံစနစ်အဖွဲ့သည် လည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။
၁၉၇၅ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဥပဒေအမှတ် (၁၀)ဖြင့် အာမခံလုပ်ငန်းဥပဒေကို ပြဌါန်း၍ ယင်းဥပဒေအရ ၁၉၇၆ ခု၊ ဧပြီလ (၁)ရက်မှစ၍ မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်းဟု သီးခြားအဖွဲ့အစည်းဖြင့် ရပ်တည်ကာ အာမခံလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ ပါသည်။
၁၉၈၉ ဧပြီလ(၁)ရက်နေ့တွင် “မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်း” ကို “မြန်မာ့အာမခံ လုပ်ငန်း”ဟု ခေါ်တွင်ခဲ့ပါသည်။
မြန်မာ့အာမခံ၏ မျှော်ရည် သုံးသပ်ချက်
သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စီးပွားရေး နစ်နာဆုံးရှုံးမှုများ လျော့နည်း ပပျောက်ရေးအတွက် ပြည်သူပြည်သားများ အာမခံထားခြင်းခြင့် ကြိုတင်ကာကွယ်ရန် လိုအပ်ပါသည်။
မြန်မာ့ အာမခံ၏ ခံယူချက်
လူသားတို့၏ အမှားကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ စီးပွားရေး၊ လူမှုရေး အရ နစ်နာဆုံးရုံးမှုများကို ရင်းစားပြန်လည် ရရှိစေနိုင်သည့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်သော အာမခံလုပ်ငန်းဖြင့် ပြည်သူများအား အကာအကွယ် ပြုသွားရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည်။