I Finance Audit Firm

I Finance Audit Firm

Share

Audit and Assurance Services, MIC and DICA Compliance, Annual Return Filing, Liquidation Audits, Corporate Tax Filing Services

Photos from I Finance Audit Firm's post 28/08/2026
Photos from I Finance Audit Firm's post 06/08/2026

Security Council ISIL (Da’esh) and Al-Qaida Sanctions Committee Amends One Entry to Its Sanctions List | UN Meetings Coverage and Press Releases https://share.google/ymf3eWe2uy8aZqoLN

Photos from I Finance Audit Firm's post 20/06/2026

Currently attending the Executive Committee Election of the Union of Myanmar Travel Association (UMTA) under UMF CCI.

Photos from I Finance Audit Firm's post 11/06/2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ်၁၂၆၇မှ ဆုံးဖြတ်ချက်အမှတ် SC/16365

15/05/2026

🟪နိုင်ငံခြားသား ကန့်သတ်လုပ်ငန်း ၉ မျိုးကို ထိုင်းစီးပွါးရေးဝန်ကြီးဌာန လုပ်ခွင့်ပြန်ပေး
🟪လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုမည်
________________________
ထိုင်းနိုင်ငံမှာ စီးပွါး​ရေးလုပ်ကိုင်မယ့် နိုင်ငံခြားသားတွေ အတွက် လုပ်ထုံးလုပ်နည်းအချို့ကို ပြုပြင် ပြောင်းလဲလိုက်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဥပဒေ (FBA) ရဲ့ နောက်ဆက်တွဲစာရင်းမှာ ကန့်သတ်ထားတဲ့ လုပ်ငန်း ၉ မျိုးကို ပယ်ဖျက်ဖို့ အစိုးရအဖွဲ့ဆီ တင်ပြခဲ့တာပါ။ ဒါဟာ နိုင်ငံခြားသားတွေကို အထိန်းအကွပ်မရှိ လွှတ်ပေးလိုက်တာမဟုတ်ဘဲ ရှုပ်ထွေးနေတဲ့ ဥပဒေတွေကို ရှင်းထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပိုမြန်မြန်ဆန်ဆန် ဝင်လာအောင် လမ်းဖွင့်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပယ်ဖျက်ပေးလိုက်တဲ့ လုပ်ငန်း ၉ မျိုးကို အုပ်စု ၃ စုနဲ့ ခွဲခြားထားပါတယ်။ ပထမအုပ်စုမှာ သီးခြားဥပဒေနဲ့ ဌာနတွေရှိပြီးသားဖြစ်တဲ့ (၁) ဆက်သွယ်ရေးဝန်ဆောင်မှု၊ (၂) ငွေတိုက်ဗဟိုဌာနလုပ်ငန်း၊ (၃) အာမခံပစ္စည်းနဲ့ ငွေချေးတဲ့လုပ်ငန်း၊ (၄) ကုန်စည်ဒိုင်ပြင်ပ အနာဂတ်ကုန်သွယ်မှုဆိုင်ရာ အကြံပေးလုပ်ငန်း နဲ့ (၅) လယ်ယာထွက်ကုန် အနာဂတ်ကုန်သွယ်မှုလုပ်ငန်း တို့ ပါဝင်ပါတယ်။ ဒီလုပ်ငန်းတွေဟာ သက်ဆိုင်ရာဌာနတွေက အနီးကပ်ကြီးကြပ်နေတာကြောင့် ဝန်ကြီးဌာနမှာ ထပ်ဆင့်ခွင့်ပြုချက်တောင်းစရာ မလိုတော့အောင် ဖြေလျှော့ပေးလိုက်တာပါ။

ဒုတိယအုပ်စုမှာတော့ တို့ကုမ္ပဏီအုပ်စုအတွင်းမှာပဲ ဝန်ဆောင်မှုပေးတဲ့ (၆) ရုံးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ HR နဲ့ IT ဝန်ဆောင်မှုလုပ်ငန်းတွေ နဲ့ (၇) ကုမ္ပဏီအုပ်စုအတွင်း အကြွေးအာမခံပေးတဲ့လုပ်ငန်း တွေ ပါဝင်ပါတယ်။ ဒါ့အပြင် တတိယအုပ်စုအနေနဲ့ (၈) အရောင်းစက် ဒါမှမဟုတ် ATM စက်တွေတပ်ဖို့ နေရာငှားတာမျိုး နဲ့ (၉) ရေနံတူးဖော်ရေး ဝန်ဆောင်မှုလုပ်ငန်း တွေကိုလည်း ဖယ်ထုတ်ပေးလိုက်ပါတယ်။ ဒီလုပ်ငန်းတွေဟာ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်ပြိုင်ဆိုင်ရတာမျိုး မဟုတ်တဲ့အတွက် ထိုင်းစီးပွားရေးကို ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

အခုလို လုပ်လိုက်တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ဝန်ကြီးဌာနမှာ ထပ်ဆင့်ခွင့်ပြုချက်တောင်းစရာ မလိုတော့လို့ အချိန်ကုန် အများကြီးသက်သာသွားမှာပါ။ ဒါပေမဲ့ ဗဟိုဘဏ်၊ ကော်မရှင်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ဆီမှာတော့ လုပ်ထုံးလုပ်နည်းအတိုင်း ခွင့်ပြုချက်တွေ ဆက်ရယူရမှာပဲ ဖြစ်ပါတယ်။ အဓိကကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုဆွဲဆောင်ရင်း ထိုင်းလုပ်သားတွေရဲ့ အရည်အချင်းကို မြှင့်တင်ပေးပြီး ထိုင်းနိုင်ငံကို ဒေသတွင်းရင်းနှီးမြှုပ်နှံမှု ဗဟိုချက်ဖြစ်လာအောင် ရည်မှန်းထားတာပဲ ဖြစ်ပါတယ်။
#ထိုင်း #လုပ်ငန်းလိုင်စင် #ဆက်သွယ်ရေး #ဘီကွန်မြန်မာ

Mobile uploads 15/05/2026
Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Zalun Street, Sanchaung Township
Yangon