26/06/2026
ကိုယ်တွေ့ အဖြစ်အပျက်လေး
၁၇ ရက်နေ့က ပတ်စပို့ရုံးသွားရင်း အဲ့နားက အိမ်ယာတခုအနီး ကားရပ်ထားခဲ့ရာက ၂ နာရီအကြာ ပြန်ထွက်ဖို့ ပြင်နေတုန်း ကားနောက်ကို Canter back ဆုတ်ရင်း ကိုယ့်ကားဘန်ဘာကို သူ့ကား ခြေနင်းသံပြားနဲ့တိုက်မိတယ်။ အရှိန်မပြင်းပေမယ့် ကားက သိမ့်ကနဲ ရှေ့ကို ရွေ့သွားတယ်။
ထုံးစံအတိုင်း ကုမ္ပဏီကားဆိုတော့ သူ့ဝပ်ရှော့ ခေါ်သွားပြီး ဈေးဖြတ်ပေးတယ်။ တသောင်းခွဲ၊ ၂သောင်း တဲ့။ စက်ဘီးပြင်တာတောင် မရဘူး လို့ ဆေးထိတာကို ။ ရတယ်။ အာမခံနဲ့ပဲ စကား ပြောမယ်လို့။ အာမခံနဲ့ ပြောပြီး ကျသင့်ငွေရဲ့ တဝက် ရခဲ့ပါတယ်။ ကျေးဇူးတင်ရပါတယ် GGI general insurance
အာမခံထားခြင်းဖြင့် သင်၏ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချနိုင်ပါပြီ
Thanks for GGI Insurance 👍👍👍
06/06/2026
ကားအာမခံထားရှိလျှင် ရေကြီးလို့ ကားမြုပ်ရင်လဲ အာမခံအကျုံးဝင်ပါသည်
“ကားတော့ ညကရေမြုပ်သွားတယ် ဆရာရေ….”
မနက် မိုးလင်းလင်းခြင်း ကြားရတဲ့ အာမခံ ထားသူတစ်ဦးရဲ့…claim သတင်းပါ….
“ ဘယ်လောက် ထိမြုပ်သွားတာလည်း”
“ဘီးတစ်ဝက်….သာ သာ…”
“ဗျာ…အဲ့ဒါဆို အတွင်းခန်းထဲ ရေတွေ ဝင်ကုန်တာပေါ့”
“အင်း.. အဲ့ဒါ အာမခံ ခံ အကျုံးဝင်လား ဗျာ…”
“ဝင်တာပေါ့ ခင်ဗျာ…ရေမြုပ်လည်း ရမယ်..ရေမျောလည်း ရမယ်…”
“သဘာဝဘေးအန္တရာယ် အကာအကွယ် ကို မော်တော်ယာဉ် အာမခံမှာ ဝယ်ယူထားလျင်
ရေကြောင့် ,မြေကြောင့် ,လေကြောင့် မော်တော်ယာဉ် ထိခိုက် ပျက်စီးလျင် အလျော်ရပါတယ်….”
“ကားထဲရေဝင်တာ ကျနော့်ဖာသာပဲ စပါးသွားပြီး လုပ်လိုက်မယ် “
ဟိုး ….ဆရာ မလုပ်ပါနဲ့….
ဘီးတစ်ဝက် ရေမြုပ်သွားတယ်…ကားခြေနင်း ခွက်ထဲ ရေဝင်တဲ့ အဆင့် ဆိုတာ….အန္တရာယ် က ရှိနိုင်ခြေထက် များနေပါပြီ…..( အချို့ဆို အင်ဂျင်ပါဖွင့်ပြီး ဆောင်ရွက် ရတာမျိုး ရှိတယ်…အင်ဂျင်ဝိုင် အသစ်တွေ လဲရပါတယ် )
ကိုယ့်ဘာသာ ကိုယ် လုပ်လိုက်လျင် နောက်ပိုင်း ဖြစ်ပေါ်လာ နိုင်တဲ့ ကိစ္စတွေ မှာ ပြဿနာ တက်နိုင်တယ်….
“ကျနော်တို့ အာမခံ ကုမ္ပဏီကို အကြောင်းကြားရပါမယ်….
အာမခံ ကုမ္ပဏီဟာ ပျက်စီးမှုတွေ ကို ကိုင်တွယ်ရာ မှာ အတွေ့အကြုံ များသလို….သူတို့က ယခုအခြေအနေမှာ ဖြေရှင်းရန် တာဝန်ရှိသူတွေပါ…”
ကျနော်ဖုန်းပြန်ဆက်ပါမယ်…ခဏစောင့်ပါ…
ကျနော်ပြောတဲ့ ကားရဲ့ဓါတ်ပုံတွေ လိုင်စင် ရှေ့နောက် Wheeltax ရှေ့နောက်လေးတွေ ရိုက်ပို့ပါ
အခု ကားရဲ့တည်နေရာပြောပါ…
ကားကို စက်လုံးဝ မနှိုးပါနဲ့…စက်နှိုးလိုက်လို့ ကားက တစ်ခုခု ဖြစ်သွားမယ် ဆိုလျင် အာမခံဥပဒေနဲ့ ပါတ်သက်ပြီး ရှုပ်ထွေးစရာတွေ ဖြစ်ကုန်မယ် ခင်ဗျာ…ကားသော့ကို ကားမှာလည်း တပ်မထားပါနဲ့….
ကျနော်က ဒီဖြစ်စဉ်မျိုး ကြိမ်ဖန်များစွာ ဆောင်ရွက်ဖူးသည်…
ကျနော်အာမခံ ကုမ္ပဏီကို သတင်းပို့သည်….
ကုမ္ပဏီက သတင်းပို့သည်နှင့် တဆက်တည်း ညွှန်ကြားချက်ပြန်ပါသည်…
ဦးထွန်းနိုင် ရေ…အနီးဆုံး အဆင်အပြေဆုံး ကုမ္ပဏီ နှင့် စာချုပ်ချုပ်ထားသော ဝပ်ရှော့ကို ကားပို့ပေးပါ….မောင်းမသွားပါနဲ့ ကရိန်းကားနဲ့ တင်သွားပါ…( အပြင် ဝပ်ရှော့ ခွင့်မပြုပါဘူး )
ဝပ်ရှော့က စစ်ဆေးပါမယ် ကားအင်ဂျင်ရဲ့ အဓိက အစိတ်အပိုင်းတွေ ကိုရေထိမထိ….ရေဝင် /မဝင် ဝါယာထုတ်တွေ ဆော့ကက် တွေကို ရေစိုမစို…စီစစ် ပေးပါမယ်…လိုအပ်ပါက ပြုပြင်ပါမယ်…
ကားကြမ်းခင်းတွေကို ဖြုတ်ပြီးလျော်ပေးပါမယ်….
အားလုံးစိတ်ချရပြီဆိုမှ ပိုင်ရှင်လက်ထဲ ပြန်ထည့်ပေးပါမယ် ခင်ဗျာ…
ကုန်ကျစရိတ် အားလုံး ကို ကုမ္ပဏီက ကျခံ ပါမယ်…
မော်တော်ယာဉ် ကို ကရိန်းနဲ့ သယ်ဆောင်ခကိုတော့…ခေတ္တစိုက်ထားပေးပါ…
ကရိန်းဘောက်ချာကို ဦးထွန်းနိုင် ရုံးမှာ claim form ဖြည့်ရင်း တင်ပေးထားပါ ခင်ဗျာ…
ပိုင်ရှင်ရဲ့ Accထဲ ပြန်ထည့်ပေးပါ မယ်…
ကားကို ဝပ်ရှော့ မှ ပြန်လည် ထုတ်ယူတဲ့အခါ…သေချာ စစ်ဆေးပြီး ယူပါ…
နာရီဝက်လောက် စက်နှိုးထားပါ…ညှော်နံ , အောက်သိုးသိုးအနံ , ရွှံနွန် အနံများ ကျနမရှိနေပါကလည်း…ပြန်လည် ဆောင်ရွက်ပေးရန် ပြောနိုင်ပါတယ်…( ဒါက ကျနော်အကြံပြုတာပါ )
အားလုံးအဆင်ပြေပြီ ဆိုမှ လက်မှတ်ထိုးကာ ထုတ်ယူခဲ့ပါ…
Agent နဲ့ ကုမ္ပဏီ ဝန်ထမ်း ဆိုတော့….ပြောနေကြစကား ကြားနေကြ စကား များမို့ အဆင်ပြေသည်…
ပိုင်ရှင် အချို့ ဆက်သည့် အခါ…
“ မင်းတို့ ငါ့ကားကို ဘာလုပ်ပေး မှာလည်း “ ဆိုတဲ့ မေးခွန်းက စတတ်သည်….( ကိုယ်ချင်းစာပါသည်…ကားကလည်း ရေမြုပ်နေသည် မဟုတ်လား )
“ မင်းတို့က လည်း ရေမြုပ်နေပါတယ် ဆိုမှ…ဟိုဟာတောင်း ဒီဟာတောင်း “ ဆိုကာ စိတ်ဆိုး တတ်သူလည်း ရှိသည်…
အခုလို အဝင် ☎️ call တွေများ တဲ့ အချိန် မေးမြန်းမှု ကို သဘောမတွေ့သည့် သူများကို ခလေးတွေ ကြောက်ကြသည်….
Agent ၏ ဖုန်းဆို ပျော်သည်ဟု မှန်းဆရသည်….( သူတို့တစ်ခါပဲ ပြောရသလို….သူတို့စကား နားထောင်သူ ဖြစ်၍လည်း ထင်ပါ၏ 😁)
ကုမ္ပဏီက ပြောသည့်အတိုင်း ကာယကံရှင်ကို ပြန်ပြောပြလိုက်သည်….
ပိုင်ရှင် ကလည်း OK
ကျနော်က တော့မနက် ဖြန် အလုပ်ရှုပ်မည်…ပထမရွေးချယ်ထားသော ကားဝပ်ရှော့ တွင် ကားများသလား နဲသလား..ကိုယ့်ကား ဘယ်လောက်ကြာမလဲ စသည်ဖြင့်…စီစဉ်ရမည်….( အဆင်မပြေက အခြားနေရာ ရှာရမည် )
ကရိန်း နှင့် ချိတ်ဆက်ရမည်….( ကရိန်းကားကို တစ်ခါခေါ်ရတိုင်း…ကရိန်းကား ထောင်ချင် စိတ်က တစ်ဖွားဖွား ပေါ် တတ်၏….)
ကို ကျေးဇူးတင်ပါတယ်….
တော်ပါသေးရဲ့ ရန်ကုန်မှာ နေရာကွက်ပြီး မိုးကြီးသွားပေလို့ သာ….
ရေဘေး အန္တရာယ် ကင်းဝေးကြပါစေ….🙏🏾…ခင်ဗျာ
25/05/2026
ဘာကြောင့် အသက်အာမခံဝယ်ထားသင့်တာလဲ ....
မနေ့က ပြောခဲ့သလိုပဲ အသက်အာမခံကို မိသားစုမှာ အဓိက ငွေရှာသူလား ကိုယ်မရှိတော့ရင် မိသားစု စားရေး နေရေး နောင်ရေး သားသမီး ပညာရေး ခက်ခဲ သွားနိုင်မလား တွေးပူနေကြသူတွေ အဓိက ဝယ်ထားကြပါတယ် 😊
ကျွန်တော်ကျွန်မတို့ကတော့ ငွေရှာနိုင်တယ်။ မိဘနောက်ခံတောင့်တင်းကြွယ်ဝတယ် ဆိုပေမယ့်လဲ အဓိက ငွေရှာနေသူ တစုံတခု ဖြစ်သွားခဲ့တယ်ဆိုရင် လစဉ်အသုံးစရိတ်တွေ အခွန်အခတွေ ကျောင်းလခတွေအတွက် ပေးဆောင်ရမယ့် တာဝန်တွေက တန်းစီလာပါပြီ။ အဲ့လို အခြေအနေမှာ မိဘဆွေမျိုးက ထောက်ပံ့လဲ ၁ နှစ် ၂ နှစ် ထက် မပိုနိုင်ဘူး😌
အကုန်လုံးက ကျန်ခဲ့သူတွေက ဖြေရှင်းရမယ့်ပြဿနာတွေပါ။ ဒီလို အခြေအနေမျိုးများမှာ စုဆောင်းထားတဲ့ မြေ၊ကား၊ အိမ်၊ ရွှေ ထုတ်သုံးရတော့မှာပါ။ အဲ့လို ထုတ်သုံးဖို့ရော ၁၀နှစ်စာ အနှစ် ၂၀ စာ စုမိကြပြီလား 😌
ဒါကြောင့် Daiichi Life မှာဆိုရင် ၁၀နှစ် အနှစ် ၂၀ ထိ တိုင်အောင် စိတ်ချယုံကြည်ရတဲ့ ငွေကြေးစီမံမှုမျိုးတွေ လုပ်ထားမယ်ဆို မိသားစုဘဝနောင်ရေးအတွက် သောကကင်းဝေး စိတ်အေးချမ်းသာမှုကို ရရှိစေမှာ အမှန်ပါပဲရှင့်😊
24/05/2026
အသက်အာမခံ
ဘာလို့ဝယ်သင့်တာလဲ
မနက်ဖြန် ဘာဖြစ်မလဲ ကိုယ့်ကိုကိုယ် မပိုင်တဲ့ လောကကြီးမှာ ကိုယ်မရှိတော့ရင် ကိုယ့်မိသားစု နောင်ရေး စိတ်အေးရအောင် အဓိကဝင်ငွေရှာနေသူတိုင်းက စိတ်ပူကြပါတယ်။ ဒါကြောင့် ငွေစုကြတယ်။ စီးပွားရေးတွေ လုပ်ကြတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာထိ စုမလဲ။ ဘယ်နှနှစ် စုရမလဲ။ အဲ့အတိုင်းအတာနှစ်တွေအတွင်း ကိုယ်က နေကောင်းကျန်းမာနေမလား အလုပ်အကိုင်တွေက ကောင်းနေမလား ဘယ်သူမှ အတပ် မပြောနိုင်ပါဘူး
ဒါကြောင့် မမြင်နိုင်တဲ့ risk တွေကို အကာအကွယ်ရစေဖို့ ကိုယ်ချစ်ရတဲ့မိသားစုနောင်ရေး စိတ်အေးရစေဖို့ အသက်အာမခံများကို ဝယ်ယူကြတာ ဖြစ်ပါတယ်။
အနည်းဆုံး ၆နှစ်ကနေ နှစ် ၃၀,၄၀, ၅၀ အထိ ဝယ်ယူစုဆောင်းနိုင်ပါပြီ
အသေးစိတ်သိလိုပါက chat box ကနေ ဆက်သွယ်လိုက်ပါရှင့်
Saw Myat Nandar
Daiichi Life Financial Planner
General Licensed Agent
18/05/2026
Daiichi Life သည် ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ် ပြန်လည်ဆန်းသစ်ခြင်းများ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း ၂၀၂၆ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြောင်းလဲလိုက်ပြီဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျာ။
ယခုပြောင်းလဲမှုများနဲ့အတူ ကျွန်တော်တို့ Daiichi Life Myanmar သည် မြန်မာပြည်သူပြည်သားတစ်ဦးချင်းစီ၏ဘဝအနာဂတ်ခရီးလမ်းနှင့် နေ့စဥ်ဘဝလှုပ်ရှားမှုတွေတိုင်းအတွက်ချစ်ခြင်းများနဲ့ငွေကြေးကာကွယ်မှုတွေအပြင်အခွင့်အလမ်းသစ်များကိုအကန့်အသတ်မရှိစိတ်တိုင်းကြိုက်ပုံဖော်ပေးနိုင်ရန်ကြိုးစားဆောင်ရွက်သွားမည်ဟုကတိကဝတ်ပြုအပ်ပါတယ်။
အမှတ်တံဆိပ်အသစ်ပြောင်းလဲခြင်းမှာ လူကြီးမင်း၏ ပေါ်လစီအကာအကွယ်နှင့် အကျိုးခံစားခွင့်များကိုသက်ရောက်ခြင်းမရှိပါကြောင်းလည်းအသိပေးအပ်ပါသည်။
17/05/2026
Daiichi Life ၏ Q2 Kick off
Thrive Beyond the horizon
ဂုဏ်ယူစွာဖြင့် တက်ရောက်ပါသည်🎉🎉🎉
အသက်အာမခံ ၊ကျန်းမာရေးအာမခံ၊ အထွေထွေအာမခံ၊ ကားအာမခံ၊ မီးအာမခံ စတဲ့ အာမခံအမျိုးမျိုးအတွက် စုံစမ်းသိရှိလိုပါက ဆက်သွယ်မေးမြန်းလို့ ရပါတယ်ရှင့် 📞📞📞
Financial Planner Saw Myat Nandar