Trust Venture Partners Co., Ltd.

Trust Venture Partners Co., Ltd.

Share

TVP group (the "Group") is Myanmar local professional firm which provides Myanmar local companies and MNCs with the highest standard of financial advisory.

Based on wide range of corporate network, the Group supports its clients for group structuring, valuation, M&A, Joint venture and research with a reasonable price. What is TVP?
1. Team spun-out from Myanmar Capital Market development project
2. Leading independent professional firm which specializes in finance
3. Platform to bridge between Myanmar and MNCs
4. One stop solution provider for any fin

20/07/2026

SME လုပ်ငန်းများ အတွက် ရရှိနိုင်တဲ့ Financial Services တွေက

📌 လုပ်ငန်းမှာ Accountant ပဲရှိပြီး Finance Manager ကလည်း Daily Operation ကိုပဲ တာဝန်ထမ်းနေရတယ်။ Strategic Finance Leadership Role လည်း ရှိမနေတဲ့ SME ကြီးများနဲ့ Group Company များ အတွက် Fractional CFO Service

📌Operation မှာ ခေါင်းစိုက်နေရတဲ့ လုပ်ငန်းရှင်တွေအတွက် Financial Statements တွေကို Analysis လုပ် အသေးစိတ် သုံးသပ် လုပ်ငန်းတစ်ခုလုံးရဲ့ အခြေအနေကို Bird Eye View အပေါ်စီးက စောင့်ကြည့် စစ်ဆေးပေးပြီး ဘဏ္ဍာရေးနဲ့ ပတ်သပ်လို့ လမ်းပြပေးနိုင်တယ်။ Review and Analysis

📌ရင်းနှီးမြှုပ်နှံမှုတွေ လမ်းမမှားရအောင် လမ်းမလွဲရအောင် Financial Model တွေ ဆောက် Investment Appraisal တွေ လုပ်ပြီးကူညီလမ်းပြ ထိမ်းကြောင်းပေးနိုင်တဲ့ Support Decision Making

📌မိမိ လုပ်ငန်းရဲ့ Financial Report တွေ မှန်မှန်ကန်ကန် နဲ့ သတ်မှတ်ချိန်အတိုင်း ရဖို့ လမ်းညွှန် တည့်မတ် ကြီးကြပ်ပေးနိုင်တဲ့ Guidance and Supervising

📌Account and Finance Team ကို ပိုမိုတိုးတက် အဆင်ပြေအောင် ပြင်ဆင်မှုတွေမှာ ကူညီပါဝင်ပေးနိုင်တဲ့ Restructuring and Set up

📌Accounting and Finance Function တွေ စနစ်တကျ ဆောင်ရွက်နိုင်စေဖို့ မသမာမှုတွေကို ရှောင်လွဲ လျော့ချ နိုင်ဖို့ လိုအပ်နေတဲ့ Policy တွေ Procedures တွေ ရေးသား ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်ပေးတဲ့ Develop Policy and Procedure

📌လုပ်ငန်းရဲ့ ဘဏ္ဍာရေး ရည်မှန်းချက်‌တွေ ပြည့်ဝ စေဖို့ လိုအပ်နေတဲ့ ဘဏ္ဍာရေး အစီအစဉ်တွေ ရေးစွဲပြင်ဆင်တာ နဲ့ နှစ်စဉ် လစဉ် အတွက် Budget ပြင်ဆင် ပြီး ထိမ်းကြောင်း သွားနိုင်ဖို့ ဦးဆောင် လမ်းပြ ပေးနိုင်တဲ့ Financial Planning and Budget Control

📌လုပ်ငန်းတစ်ခုလုံး ရဲ့ Goals and Objectives ရည်မှန်းချက်တွေ ရစေဖို့ ဘဏ္ဍာရေး ရှု့ထောင့်ကနေ ဆွေးနွေး အကြံပေး တာတွေ လုပ်ဆောင်ပေးတဲ့ Financial Consulting

စတာတွေ အပြင် မိမိတို့ လုပ်ငန်း လိုအပ်ချက်ပေါ် မူတည်ပြီး စာရင်းနဲ့ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းတွေကို ကူညီဆောင်ရွက် ပေးနိုင်ပါတယ်။

Finance မှာ အခက် မတွေ့ကြပါစေနဲ့။

20/06/2026

Fraud Triangle

ငွေကြေး လိမ်လည်မှု ဖြစ်စေတဲ့ အချက် ၃ချက်
Fraud Triangle

ကိုယ်‌တွေ့အဖြစ်အပျက်တွေအရ ယနေ့လုပ်ငန်းခွင်‌ေတွမှာ Fraud Risk က မမြင်ရတဲ့ အကြီးဆုံးအန္တရာယ်တစ်ခု ဖြစ်လာပါတယ်။ ဒီ Risk ကိုနားလည်ဖို့ Fraud Triangle ကို မဖြစ်မနေ သိထားဖို့လိုပါတယ်။ ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ဒီကာလ၊ ဒီအခြေအနေမှာ လုပ်ငန်းရှင်တွေ Senior Management တွေ HoDs ဌာန အကြီးအကဲတွေအားလုံး သတိထားနေရတဲ့ ငွေကြေး အလွဲသုံးစားမှုတွေ နဲ့ ပတ်သပ်ပြီး ပိုမို နားလည်ပြီး ကြိုတင်ပြင်ဆင် ကာကွယ် နိုင်ကြစေဖို့ဖြစ်ပါတယ်။

☘️Fraud Triangle ဆိုတာဘာလဲ

Fraud ဆိုတာက ငွေကြေးအလွဲသုံးစားလုပ်တာ၊ လိမ်လည်တာ စသဖြင့် ငွေကြေးနဲ့ သက်ဆိုင်တဲ့ မသမာမှုတွေကို ပြောတာ ဖြစ်ပါတယ်။

Triangle ဆိုတာကတော့ သင်္ချာမှာ ငယ်ငယ်က သင်ခဲ့ရတဲ့ ထောင့်သုံးထောင့်ပါတဲ့ သုံးမြောင့်ပုံသဏ္ဍန် ကို ကိုယ်စားပြုတဲ့ အချက် ၃ချက် ကို ပြောတာ ဖြစ်ပါတယ်။

စကားလုံး နှစ်လုံးကို ပေါင်စပ် ပြီး အဓိပ္ပါယ်ဖော်ရရင် ငွေကြေးလိမ်လည်မှု ဖြစ်စေတဲ့ အချက် ၃ခု လို့ ပြောရမှာ ဖြစ်ပါတယ်။

☘️ဘယ်သူ စတင် မိတ်ဆက်ခဲ့တာလဲ

ဒီ Concept ကို စတင် ဖော်ထုတ် မိတ်ဆက်ပေးတဲ့ သူကတော့ ပြစ်မှုဗေဒ ပညာရှင် အမေရိကန်လူမျိုး Donald Cressey ဆိုသူ ဖြစ်ပါတယ်။ သူက 1950 ဝန်းကျင် မှာ ယုံကြည်ရတဲ့ ဝန်ထမ်းတွေ ဘာကြောင့် ငွေကြေး မသမာမှုတွေ ကို လုပ်ခဲ့ကြသလဲ ဆိုတာကို စတင် မိတ်ဆက် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

Donald Cressey က ငွေကြေးအလွဲသုံးစားပြု ခြင်း ၏ လူမှု စိတ်ပညာ ကို လေ့လာခြင်း "A Study in the Social Psychology of Embezzlement" စာအုပ်ကို လည်း 1953 ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်က ငွေကြေး အလွဲသုံးစား ပြုခဲ့သူ အယောက် ၂၀၀ ကို အင်တာဗျူးပြီး ရရှိလာတဲ့ အချက်အလက်၊ တွေ့ရှိချက်တွေ ပေါ် အခြေခံပြီး ရေးသားထားခဲ့တာပါ။

မြန်မာ စကားတစ်ခု ရှိပါတယ် ယုံကြည်မှုကို အလွဲ သုံးစားပြုတယ် ဆိုတာပါ။ အခု အကြောင်းအရာရဲ့ မူလ အစကလည်း ယုံကြည်အားထား ရသူတွေကပဲ အလွဲသုံးစားပြု ကိုယ်ကျိုးရှာခဲ့ ကြတယ် ဆိုတာကို ပိုပြီး နားလည် လာရပါတယ်။ ကိုယ့်အတွေ့အကြုံတွေ အရလည်း လုပ်ငန်းတွေမှာ ယုံကြည်အားထားရတဲ့ သူလို့ အများနားလည် လက်ခံ သူတွေ ကပဲ ငွေကြေး အလွဲသုံးစားမှုတွေ လုပ်ဆောင်ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။

☘️ဘာကြောင့်လဲ

Donald Cressey ရဲ့ တွေ့ရှိချက် အရ လိမ်လည်မှုတွေ အလွဲသုံးစား ပြစ်မှုတစ်ခု ဖြစ်မြောက်ဖို့ အခြေခံ အချက် ၃ချက် လိုအပ်ပါတယ်။

၁။ Pressure/Incentive (ဖိအား/မက်လုံး)
၂။ Opportunity (အခွင့်အလမ်း)
၃။ Rationalization (အကြောင်းပြချက်)

စတဲ့ အချက် ၃ခုပါ။

၁။ Pressure/Incentive (ဖိအား/မက်လုံး)

ငွေကြေးလိမ်လည်မှု လုပ်ဖို့၊ ငွေအလွဲသုံးစား ပြုဖို့ ဆိုတာက နောက်ကွယ်မှာ ဖိအားတစ်စုံတစ်ရာ ရှိနေလေ့ ရှိပါတယ်။ ဒီအချက်ကပဲ လက်တွေ့လုပ်ဆောင်ဖို့ စေ့စော်မှု ကို ဖြစ်စေပါတယ်။ ဥပမာ ဝန်ထမ်း တစ်ဦးက ငွေကြေးအခက်အခဲ ရှိနေတာ၊ သားသမီး သို့မဟုတ် မိဘ အတွက်ကျန်းမာရေး စရိတ်‌လိုအပ်နေတာ၊ စားဝတ်နေရေး ကြပ်တည်းနေတာ၊ အကြွေးတွေ တင်နေတာ၊ လောင်းကစားလုပ်နေတာ စသဖြင့် ဖိအားတွေ ရှိနေနိုင်ပါတယ်။

၂။ Opportunity (အခွင့်အလမ်း)

ငွေကြေးလိမ်လည်မှု လုပ်ဆောင်ဖို့ ဆိုတာက သာမာန်အားဖြင့် လိုအပ်ချက်ရှိတိုင်း လုပ်နိုင်တာတော့ မဟုတ်ပါဘူး။ အခွင့်အလမ်း ရဖို့ အခွင့်အရေး ရှိနေမှသာ လုပ်‌လို့ အဆင်ပြေနိုင်တာမျိုးပါ။ အခွင့်အရေး ရတယ်ဆိုတာကလည်း လုပ်သက်ကြာလာတာနဲ့အမျှ လုပ်ငန်းရဲ့ အားနည်းချက်ကို မြင်လာတာ၊ လုပ်ငန်းရှင်ရဲ့ ယုံကြည်မှုကို ရလာတာ စသဖြင့် အခြေအနေတွေ ဖြစ်နိုင်ပါတယ်။

၃။ Rationalization (အကြောင်းပြချက်)

လိုအပ်ချက် / ဖိအားကလည်း ရှိနေတယ်။ အခွင့်အရေးကလည်း ရနေတယ် ဆိုရင်တောင် ခံယူချက် သဘောထား အရေးကြီးပါတယ်။ မလုပ်ချင်တဲ့သူ က လုပ်မှာ မဟုတ်ပါဘူး။ တကယ်လုပ်ချင်လာပြီ ဆိုရင်လည်း ကိုယ့်ကိုကိုယ် အရင် ဖြေသိမ့်ရပါတယ်။ အဲ့လို ဖြေသိမ့်ခြင်းကပဲ လက်တွေ့လုပ်ဖို့ အကြောင်းပြချက် ဖြစ်လာပြီး ရဲဆေးတင်လိုက်တာပါပဲ။ ငွေကြေး လိမ်လည်ကြတဲ့ သူတွေက လိမ်လည်မှုတွေ လုပ်တဲ့အခါ သူတို့ပြောလေ့ရှိတာက ငါ တစ်ချိန် ပြန်ဆပ်နိုင်မှာပါ၊ သူတို့မှ ငါ့ကို လုံလောက်အောင်ပေးမထားတာ၊ ငါ ဒီလို ယူလိုက်တာကို သူတို့ သိမှာ မဟုတ်ပါဘူးလေ၊ ဒီလောက်တော့ ငါရသင့်ပါတယ် စသဖြင့် သဘောပိုက်ပြီး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အထက်ပါ အချက် ၃ချက် နဲ့ ကိုက်ညီလို့ ငွေကြေး အလွဲသုံးစား လုပ်သွားကြတာ ကိုလည်း လက်တွေ့ မြင်ဖူးကြားဖူး ခဲ့ပါတယ်။ လုပ်ငန်း တစ်ခုမှာ Finance Manager က ပိုင်ရှင်ရဲ့ ယုံကြည်မှုကို အလွဲသုံးစား ပြုပြီး ငွေကြေးအလွဲသုံးစား လုပ်ခဲ့သလို Store Manager က လုပ်ငန်း စစ်ဆေးမှု အားနည်းချက်တွေကို အခွင့်ကောင်းယူ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုပြီး လုပ်ငန်းပိုင် တန်ဖိုးကြီး ပစ္စည်းတွေကို ကိုယ်ကျိုးရှာခဲ့ပါတယ်။ အခြား လုပ်ငန်း တစ်ခုမှာတော့ Senior Cashier ဖြစ်သူက Bank Reconciliation စစ်ဆေးမှု အားနည်းတာကို အခွင့်ကောင်းယူပြီး Kpay Slip တွေကို Photoshoot နဲ့ ပြင်ဆင်ပွားသုံးပြီး ငွေအကြိမ်ကြိမ် ထုတ်ယူ အလွဲသုံးစား ပြုခဲ့ပါတယ်။ နောက်လုပ်ငန်း တစ်ခုဆိုရင် CEO ကိုယ်တိုင်က လုပ်ငန်း ရဲ့ ငွေတွေကို အလွဲသုံးစား ပြု၍ Client တွေကို ပါ လိမ်ငြာလှည့်ဖြားပြီး ကိုယ်ကျိုးရှာခဲ့ဝာာတွေလည်း ရှိပါတယ်။

ဒါ့ကြောင့် အခုလို အဖြစ်ဆိုးတွေ နဲ့ မကြုံရအောင် ဘယ်လို ကာကွယ်တားစီးကြမလဲ ဆိုတာ လိုအပ်လာပါတယ်။

ဘယ်လိုကာကွယ် ကြမလဲ

၁။ ဖိအားတွေ မရှိစေဖို့/ လျော့ချနိုင်ဖို့

ငွေကြေး လိုအပ်ချက်တွေ လျော့ချနိုင်ဖို့က ဝန်ထမ်း ထောက်ပံ့ရေး အစီအစဉ်တွေ၊ လူမှုဖူလုံရေး အစီအစဉ်တွေ စသဖြင့် လုပ်ဆောင်ပေးထားဖို့ လိုပါတယ်။ ထို့ပြင် လစာနှုန်းထားကိုလည်း ဈေးကွက်ပေါက်ဈေး နဲ့ အညီ သို့မဟုတ် လုပ်ငန်းအနေအထား၊ လုပ်ငန်းတာဝန်ယူမှုတွေ နဲ့ ကိုက်ညီတဲ့ လစာ အကျိုးခံစားခွင့်တွေ ရှိနေဖို့ လိုပါတယ်။ အဲ့လိုမှ မဟုတ်ရင် မလောက်လို့ ခိုးရတာပါ။ မရှိလို့ ခဏ ယူသုံးထားတာပါ စသဖြင့် အကြောင်းပြချက်တွေဘက်ကို ရောက်သွားစေနိုင်ပါတယ်။

၂။ အခွင့်အလမ်းတွေ မရစေဖို့

အခွင့်အရေး မရဖို့က လုပ်ငန်းတွေရဲ့ Internal Control System အားကောင်းဖို့ လိုပါတယ်။ ထို့ပြင် လုံလောက်တဲ့ မူဝါဒ နဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန် လိုက်နာကြရမှာ ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိရမှာ ဖြစ်သလို Duties Segregation တာဝန်ပိုင်းခြားသတ်မှတ်ပြီး ဆောင်ရွက်စေဖို့ လိုပါတယ်။ ထို့ပြင် ပုံမှန် လုပ်ငန်းတွင်း စာရင်း စစ်ဆေးခြင်းတွေ လုပ်ဆောင်ခြင်းကလည်း မသမာမှု ပြုလုပ်နိုင်သော အခွင့်အရေး တွေကို လျော့ပါး ပျောက်ကွယ် စေနိုင်ပါတယ်။

၃။ အကြောင်းပြချက် ကောင်း မရစေဖို့

ဒီအချက်က တစ်ယောက်ချင်းစီရဲ့ ခံယူချက် သဘောထား နဲ့ အများကြီး သက်ဆိုင်တာဖြစ်လို့ တစ်ယောက်ချင်းရဲ့ ကိုယ်ကျင့်တရား၊ သီလ၊ သမာဓိ၊ ကျင့်ဝတ်သိက္ခာ တွေ နဲ့ သက်ဆိုင်ပါတယ်။ ဒါတွေကို အမြဲ ထိန်းသိမ်းစောင့်ရှောက် ‌နေဖို့က အဖွဲ့အစည်းရဲ့ Culture နဲ့ အထက်လူကြီးတွေ ရဲ့ အပြုအမူ အပြောအဆို တွေကလည်း အရေးကြီးပါတယ်။ အင်မတန် မြင်ရ ခက် နားလည်ရခက် တဲ့ အပိုင်းဖြစ်လို့ တားစီးဖို့လည်း ခက်ပါတယ်။

အထက်ပါ အချက် ၃ချက်မှာ ထိန်းလို့ အဆင်ပြေဆုံးက အခွင့်အရေး မရအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး သိဖို့ ခက်တာက ဖိအား နဲ့ အကြောင်းပြချက် တွေ ပါ။ သို့ပေမယ့် အနည်းဆုံး အချက် ၁ခုကို စနစ်တကျ ကာကွယ်ထားနိုင်ရင် အလွဲသုံးစားတွေ ဖြစ်ဖို့ ခက်သွားပါတယ်။ ဆိုတော့ Management အနေနဲ့က ဝန်ထမ်းတွေ အခွင့်အလမ်း မရအောင် Internal Control System ကို စေ့နေအောင် လုပ်ဆောင်ထားခြင်းကသာ အသေချာဆုံး ကာကွယ်ခြင်း ဖြစ်ပါတယ်။

အဓိက လုပ်ဆောင်ရမည့် Internal Control များကတော့

၁။ တာဝန်တွေကို ပိုင်းခြားခြင်း (ဥပမာ စာရင်းကိုင် နဲ့ ငွေကိုင်ကို သီးခြားခွဲထားတာ၊ Stock ကိုင်တဲ့သူနဲ့ စာရင်းကိုင်တဲ့သူ သီးခြားခွဲထားတာ၊ ငွေပေးဖို့ အတည်ပြုတဲ့သူနဲ့ ငွေထုတ်ပေးသူ ခွဲထားတာ)

၂။ ဘဏ်စာရင်းကိုက်ညှိခြင်းကို ပုံမှန် စနစ်တကျ လုပ်ဆောင်ခြင်း (လစဉ် ဘဏ်စာရင်းများ ကို Bank Statement ထုတ်ယူပြီး Reconciliation ကိုက်ညှိ စစ်ဆေးတာတွေ ကို လုပ်ဆောင်ခြင်း)

၃။ အတည်ပြုမှု အဆင့်ဆင့် ထားရှိခြင်း (လုပ်ငန်းက ပေးစရာ ရှိတာတွေ၊ သုံးစရာ ရှိတာ‌တွေကို အတည်ပြု ပေးတဲ့ လုပ်ငန်းစဉ်မှာ ဘယ်လောက်ပမာဏ၊ ဘယ်လိုအကြောင်းအရာ၊ ဘယ်အခြေအနေမှာ ဆိုရင် ဘယ်သူက အတည်ပြုပေး နိုင်တယ် ဆိုတာမျိုး တိတိကျကျ သတ်မှတ် ပြဌာန်းထားခြင်း)

၄။ ငွေလက်ကျန် ပစ္စည်းလက်ကျန်များကို စစ်ဆေးခြင်း (Safebox ရှိ ငွေလက်ကျန် ပမာဏကို နေ့စဉ် Third Party မှ အတည်ပြု စစ်ဆေးခြင်း၊ Stock စာရင်း လက်ကျန်များကို Ground Stock မြေပြင် အမှန်တကယ် လက်ကျန် နှင့် တိုက်ဆိုင် ရေတွက် စစ်ဆေးခြင်း)

၅။ ရှောင်တခင် စာရင်းစစ်ဝင်ခြင်း (Internal Auditor မှ ဖြစ်စေ External Auditor မှ ဖြစ်စေ လုပ်ငန်း၏ စာရင်းဆိုင်ရာ စာရွက် စာတမ်းများကို ရယူ စစ်ဆေးခြင်း)

အထက်ပါ အချက်တွေကို လုပ်ဆောင် ခြင်းဖြင့် Internal Control ကို အားကောင်းစေပြီး Fraud ငွေကြေး အလွဲသုံးစားမှုတွေ မဖြစ်အောင် ကာကွယ်နိုင်သလို လုပ်ငန်းဆိုင်ရာ အမှားအယွင်းတွေ လျော့ပါးစေဖို့ နဲ့ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်စေဖို့ အထိ အကျိုးရှိစေပါတယ်။ Fraud ကို ဖြစ်စေတဲ့ အချက် ၃ချက် ထဲက Opportunity ကို တားနိုင်ဖို့က Internal Control ရဲ့ အဓိက ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

Fraud Triangle ကို ကွင်းဆက်ဖြတ်နိုင်ပြီး Internal Control System အားကောင်းတဲ့ လုပ်ငန်းများ ဖြစ်ကြပါစေ။ လုပ်ငန်းအတွက် မိအေး နှစ်ခါနာ ရတဲ့ အဖြစ်တွေ မဖြစ်ကြပါစေနေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်ဇော် (စီးပွားရေး)
30th Mar 2026

မှာ အခက် မတွေ့ကြပါစေနဲ့။
Triangle
Case
Control System
Knowledge

Photos from Myanmar Business Executives Association - MBE's post 02/06/2026
02/06/2026

Today, Trust Venture Partners proudly marks its 10th Anniversary.

Looking back, the past decade has been far from easy. Like many businesses, we began as a startup with a vision and ambition, facing the challenges of building a business from the ground up. Along the way, we navigated unprecedented disruptions brought by the COVID-19 pandemic, followed by the economic and social uncertainties that emerged after the events of 2021 in Myanmar.

Through these challenges, we have learned, adapted, and persevered. Our ability to continue moving forward has been made possible by the trust of our clients, investors, partners, and the dedication of our team. We are deeply grateful to everyone who has supported us throughout this journey.

As we enter our second decade, we do so with renewed energy and optimism. Trust Venture Partners will be taking a more active role both in financial advisory and in identifying, developing, and supporting investment opportunities that contribute to sustainable economic growth.

We are particularly interested in opportunities within:
• Agriculture and agribusiness
• Agricultural processing and value-added industries
• Mining and mineral-related industries
• Other sectors with strong long-term growth potential

We believe Myanmar continues to possess significant untapped potential, and we remain committed to partnering with entrepreneurs, investors, and businesses to unlock that potential responsibly and sustainably.

Thank you for being part of our first ten years. We look forward to building the future together.

Trust Venture Partners
“Trust is Everything!!!”

Want your business to be the top-listed Accountant in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address

No (66-69), Room No (408 B), 4th Floor, Yuzana Tower, The Corner Of Kabaraye Pagoda Road And West Shwe Gone Daing Road, West Shwe Gone Daing Ward, Bahan Township
Yangon
11121

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30