31/08/2026
အသိပေး ကြေညာခြင်း
စာရင်းလုပ်ငန်းများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်သည့် ဆုံးဖြတ်ချက် ၁၈/၈/၂၀၂၆ ရက်နေ့တွင် SC/16435 ဖြင့် ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်များအပေါ် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှူ့၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
Sanction Lists စာရင်းများကို အောက်ပါ Website များတွင် ဝင်ရောက်ကြည့်ရှု့ရပါမည်။
https://www.un.org/securitycouncil/sanctions/1267/press-releases
https://www.un.org/securitycouncil/sanctions/1718/press-releases
မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountents) ၏ Website
https://www.myanmar-icpa.org/Links.aspx
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ Website
https://www.oagmac.gov.mm/my/mac-announcement
27/07/2026
အမြဲထာဝရ သတိရလျက်ရှိသော အန်ကယ် ဦးစိန်ဝင်း၏ (၅) နှစ်ပြည့် ကွယ်လွန်ခြင်း အမှတ်တရ
ကျွန်ုပ်တို့ ICOP Sein Win & Associates Company Limited နှင့် Top Sein Win & Associate Consulting Limited မိသားစုကို လမ်းပြဦးဆောင်ခဲ့သော အန်ကယ် ဦးစိန်ဝင်း ကွယ်လွန်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၅) နှစ်ပင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
အန်ကယ် ဦးစိန်ဝင်းအား အစဉ်ထာဝရ အမှတ်ရသောအားဖြင့် မင်္ဂလာဒုံမြို့နယ်ရှိ "မြစကြာကျောင်းတိုက်" တွင် မိသားစုဝင်များ၊ ICOP Sein Win & Associates Company Limited နှင့် Top Sein Win & Associate Consulting Limited မှ ဝန်ထမ်းများ စုပေါင်း၍ လှူဒါန်းမှု ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။
ကျွန်ုပ်တို့ မိသားစုအပေါ် ထားရှိခဲ့သော အန်ကယ် ဦးစိန်ဝင်း၏ ကျေးဇူးတရားများကို အမြဲမပြတ် သတိရလျက်... ပြုသမျှ အလှူဒါန ကုသိုလ်အစုစုတို့ကို အန်ကယ် ဦးစိန်ဝင်း ရောက်ရာဘုံဘဝမှနေ၍ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ပါစေကြောင်း ဆုတောင်းအမျှဝေအပ်ပါသည်။ 🙏✨
23/07/2026
ကျွန်မတို့ ICOP Sein Win & Associates Co., Ltd Audit Team မှ တောင်ကြီး ဆေးရုံ တခု တွင် စာရင်းစစ်ဆေးမှု လုပ်ငန်းစဉ်များကို လက်ရှိတွင် တက်ညီလက်ညီ စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။
လိုအပ်သည်များ ပူးပေါင်းကူညီပေးပါသော ဆေးရုံ မှ တာဝန်ရှိသူများအားလုံးနှင့် အစွမ်းကုန် ကြိုးစားပေးနေကြသော Audit Team အဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။
18/05/2026
ကုမ္ပဏီအသစ်ထောင်တော့မလား? နာမည်မရွေးခင် ဒါလေးတွေ အရင်သိထားဖို့လိုမယ်နော်! 💡✨
ကုမ္ပဏီတစ်ခု စတင်တည်ထောင်တော့မယ်ဆိုရင် အဓိကအကျဆုံးနဲ့ အရေးကြီးဆုံးက "နာမည်" ရွေးချယ်တာပါပဲ။ DICA မှာ ကုမ္ပဏီနာမည် လျှောက်ထားတဲ့အခါ အချိန်မကုန်ဘဲ တခါတည်း အောင်မြင်သွားအောင် အခုအသစ်ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
❌ ခွင့်မပြုတဲ့ အမည်အမျိုးအစားများ (မတူအောင် သတိထားရမည့်အချက်များ)-
• တူလွန်း/ဆင်လွန်းခြင်း - လက်ရှိရှိပြီးသား ကုမ္ပဏီနာမည်တစ်ခုခုနဲ့ စာလုံးပေါင်း အနည်းငယ်ပဲကွာတာ၊ အသံထွက်ဆင်တာ၊ ရှေ့နောက်လွှဲထားတာမျိုး (ဥပမာ- Mandalay City နဲ့ City Mandalay) ခွင့်မပြုပါဘူး။
• စကားလုံးထပ်တိုးခြင်း - ရှိပြီးသား နာမည်တစ်ခုရဲ့ နောက်မှာ "Group", "Holding", "International", "Myanmar" စတာတွေ ထည့်ပြီး လျှောက်တာမျိုး ခွင့်မပြုပါဘူး။
🚫 လုံးဝအသုံးပြုခွင့်မရှိတဲ့ စကားလုံးများ-
• အစိုးရ၊ နိုင်ငံတော်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန စတဲ့ အစိုးရနဲ့ သက်ဆိုင်တယ်လို့ အထင်အမြင်လွဲမှားစေမယ့် စကားလုံးများ။
• နိုင်ငံတကာအဖွဲ့အစည်းများဖြစ်တဲ့ UN, WHO, ASEAN စတဲ့ နာမည်များ။
• ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေနိုင်တဲ့ စကားလုံးများနှင့် နိုင်ငံရေးအရ မသင့်လျော်သော စကားလုံးများ။
📢 မှတ်ချက် - အကယ်၍ ကိုယ်ရွေးလိုက်တဲ့ နာမည်က အတည်ပြုချက်ရပြီးသွားရင်တောင် နောက်ပိုင်းမှာ ဥပဒေနဲ့မညီညွတ်တာ၊ မသင့်လျော်တာ တွေ့ရှိရင် Registrar (မှတ်ပုံတင်အရာရှိ) ကနေ အမည်ပြောင်းလဲဖို့ ညွှန်ကြားနိုင်ခွင့်ရှိပါတယ်။
လုပ်ငန်းရှင်မိတ်ဆွေတို့အနေနဲ့ ကုမ္ပဏီနာမည်မရွေးချယ်ခင်မှာ ဒီအချက်လေးတွေကို သေချာဆန်းစစ်ပြီးမှ လျှောက်ထားဖို့ အကြံပြုပါရစေရှင့် 👍
11/05/2026
တုပ်ကွေးကာကွယ်ဆေး ထိုးသည့်နေ့ ❤️
08/05/2026
ဆေးရုံ တစ်ခုမှ Internal Audit အပ်ရန် အတွက် သွားရောက်တွေ့ဆုံ 🥰
20/04/2026
အသိပေး ကြေညာခြင်း
စာရင်းလုပ်ငန်းများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ မှ ထုတ်ပြန်ထားသည့် ၂၆-၃-၂၀၂၆ ရက်နေ့တွင် SC/16323 နှင့် SC/16324 ၊ ၃၀-၃-၂၀၂၆ ရက်နေ့တွင် SC/16325 တို့ဖြင့် ထုတ်ပြန်ထားသည့် ဆုံးဖြတ်ချက်များအပေါ် အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ကြည့်ရှူ့၍ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
Sanction Lists စာရင်းများကို အောက်ပါ Website များတွင် ဝင်ရောက်ကြည့်ရှု့ရပါမည်။
https://www.un.org/securitycouncil/sanctions/1267/press-releases
https://www.un.org/securitycouncil/sanctions/1718/press-releases
မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountents) ၏ Website
https://www.myanmar-icpa.org/Links.aspx
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ Website
https://www.oagmac.gov.mm/my/mac-announcement
10/04/2026
သင်္ကြန်ရုံး မပိတ်ခင်လေးမှာ ရုံးအဖွဲ့တွေစုပေါင်းပြီး မုန့်လုံးရေပေါ်လုပ်စားခဲ့ကြပါတယ် 💦🥰
အတူတူလုပ်စားရတဲ့ ပျော်ရွှင်မှုနဲ့အတူ ရုံးအနီးနားရှိ အိမ်တွေကိုလည်း လှူဒါန်းခဲ့ပါတယ် 💛
သင်္ကြန်အငွေ့အသက်လေးတွေကို မျှဝေခံစားရင်း
ရိုးရာအရသာနဲ့ မေတ္တာတွေ ပြန်လည်မျှဝေခဲ့တဲ့ နေ့လေးတစ်နေ့ပါပဲ 🙏
၂၀၂၆ သင်္ကြန်ပွဲတော်ကို ကြိုဆိုရင်း
ကမ္ဘာသူ ကမ္ဘာသားများနှင့် မြန်မာနိုင်ငံသားများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာချမ်းသာကြပါစေ 💦🌼
🙏🙏🙏
08/04/2026
"သင်္ကြန်ရုံးပိတ်ရက်တွေ မရောက်ခင်မှာ ဒီနေ့ ရုံးမှာ အားလုံးစုပေါင်းပြီး သာကူ ချက်စားဖြစ်ခဲ့ပါတယ်။ ဝန်ထမ်းတွေရော၊ ရုံးအနီး အိမ်များကိုပါ လှူဒါန်းရင်း ပျော်စရာကောင်းတဲ့ ရုံးပိတ်ရက်အကြို အမှတ်တရလေးတစ်ခု ဖန်တီးဖြစ်ခဲ့တာပါ။ အားလုံးပဲ အေးချမ်းတဲ့ သင်္ကြန်ကာလလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။ 💦🥣"
03/04/2026
"ပျော်ရွှင်စရာ သင်္ကြန်အခါသမယမှာ မိသားစုနဲ့အတူ စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ဖို့..." 💦
တစ်နှစ်ပတ်လုံး အစွမ်းကုန် ကြိုးစားပေးခဲ့ကြတဲ့ ကျွန်မတို့ရဲ့ [ICOP Sein Win & Associates Co., Ltd] ဝန်ထမ်း တစ်ယောက်ချင်းစီကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ "Thingyan Bonus" လေးတွေ ပေးအပ်လိုက်ပါတယ်။ 🎁
ဝန်ထမ်းများအားလုံး အလုပ်ပင်ပန်းသမျှတွေ ပြေပျောက်ပြီး နှစ်သစ်မှာ အင်အားအပြည့်နဲ့ ပြန်လည်ဆုံတွေ့ကြရအောင်။ အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ဖြစ်ပါစေရှင့်။