Kyaw Kyaw - Real Estate & Insurance Agent

Kyaw Kyaw - Real Estate & Insurance Agent

Share

အိမ်ခြံမြေ

24/07/2022

ကိုယ့် ရင်ထဲမှာ ဆင့်ကာဆင့်ကာ ဖြစ်နေတဲ့ မကျေမနပ်နဲ့ ပေါက်ကွဲနိုင်တဲ့စိတ်၊ bအလိုလိုနေရင်းနဲ့ အကြောင်းမရှိ အကြောင်းရှာ စိုးရိမ်ကြောက်ရွံ့နေမိတဲ့စိတ်တွေ၊b မကျေနပ်လို့ အတင်းပြောချင်တဲ့စိတ်၊ အတင်းပြောတိုင်း စိတ်ထဲမှာ ကြည်နူးတဲ့စိတ်၊ လူတွေ အထင်သေးမှာစိုးလို့ အဖန်ဖန် ရှိုးထုတ်ရတဲ့စိတ် ... အစရှိသဖြင့် ဒုက္ခဖန်တီးတဲ့ အကျင့်တွေ အားလုံးဟာ Snowball effect - စနိုးဘောလ်အကျိုးသက်ရောက်မှု ရှိတယ်။

ရာသီဥတု အင်​မတန်​အေးတဲ့ ဥ​ရောပနဲ့ အ​မေရိကတိုက်​တွေမှာ လူ​တွေက နှင်းခဲ​တွေကို လုံးပြီး ပစ်​ကစား​လေ့ရှိတယ်​၊ နှင်းခဲထုခပ်​ကြီးကြီးကို အမြင့်​က​နေ​အောက်​ကို လှိမ့်​ချလိုက်​ရင်​အဲဒီနှင်းခဲလုံးကြီးဟာ တဖြည်းဖြည်း ပိုကြီးလာတယ်​၊ လမ်းမှာ​တွေ့တဲ့ နှင်းမှုန်​တွေကိုပါ သူက ထပ်​ဖြည့်​ယူသွားတဲ့ သ​ဘောမျိုး​ပေါ့၊ အရှိန်​ရပြီး​တော့ သူအရှိန်​နဲ့သူ ပိုပိုကြီးလာတယ်​။ ဒါကို Snowball effect - စနိုး​ဘောလ်​အကျိုးသက်​ရောက်​မှု လို့ ဆိုကြတယ်​။

ထပ်​ကာထပ်​ကာ နာကျင်​စေတဲ့ မာန၊​ ဒေါသ မကျေနပ်​စိတ်​၊​ ကြောက်​စိတ်​ အစရှိတဲ့ Negative Emotions စိတ်​ခံစားမှု​တွေလည်း ဒီအတိုင်းပါပဲ၊ သူ့ဟာသူ ထပ်​ကာထပ်​ကာ ပြန်​ဖြစ်​လေ ပိုအား​ကောင်း​လေ​လေ ဖြစ်​လာတယ်​၊ အဲဒီအချိန်​မှာ ဒီနာကျင်​မှုဟာ ဘယ်​က​နေ စခဲ့တယ်​ဆိုတာ မသိနိုင်​လောက်​အောင်​ဖြစ်​နေပြီ၊ ဘယ်​က​နေစခဲ့တယ်​ဆိုတာ မထင်​ရှား​တော့ ဒီပြဿနာကို​ဖြေရှင်းဖို့ ဘယ်​က​နေ စပြီး ကိုင်​တွယ်​ရမယ်​ဆိုတာလဲ သိဖို့ ခက်​ပါတယ်​။

ဗုဒ္ဓမြတ်စွာဘုရားလို အထွဋ်အထိပ်အထိ နိုးကြားတဲ့ ပုဂ္ဂိုလ်မျိုးက ညွှန်ပြမှ "ဪ... ပစ္စုပ္ပန် အခိုက်အတန့်မှာ ဖြစ်နေတဲ့ စိတ်ခံစားမှု emotion ကို သတိပြုလက်ခံတာကနေစပြီး ကိုင်တွယ်နိုင်တာပါလား" ဆိုပြီး သိရတယ်၊ ကျေးဇူးကြီးလှတဲ့ ဗုဒ္ဓရဲ့ ဂုဏ်တော်ပါ။

ပြန်ချုပ်ရရင် စိတ်ခံစားမှုဟာ သူ့ဟာသူ အဖန်ဖန် အထပ်ထပ် ဖြစ်လာတယ်၊ လည်နေတဲ့ သံသရာခရီး ဖြစ်လာတယ်ဆိုရင် အစမထင်တော့ဘူးတဲ့၊ အဲ့ဒါကိုပဲ အနမတဂ္ဂသံသရာ လို့ခေါ်တယ်။

ဒါ​ပေမယ့်​အားရှိစရာ​ကောင်းတာက​တော့ ဒီတုပ်​နှောင်​ထားတဲ့ negative emotion ဆိုတဲ့ ကြိုးက အကြိမ်​ပေါင်းတစ်​ရာ တုပ်​နှောင်​ထားတယ်​ဆိုရင်​ အကြိမ်​ပေါင်းတစ်​ရာ ပြန်​ပြီး​ဖြေဖို့ မလိုအပ်​ပါဘူးတဲ့၊ ပညာဆိုတဲ့ အသိဥာဏ်​က အရမ်း ထက်​မြက်​တယ်​၊ တစ်​ချက်​ခုတ်​ရုံနဲ့ တစ်​ရာလုံး ပြတ်​သွားတာမျိုးလဲ ရှိတယ်​။ ကွန်​ပျူတာမှာဆိုရင်​တော့ ကိုယ်​ရိုက်​တာ ၁၀ ကြိမ်​မှားတယ်​ဆိုရင်​ Undo ၁၀ ကြိမ်​ပြန်​လုပ်​ရတယ်​၊ ၁၀ ကြိမ်​ click လုပ်​ရတယ်​၊ ဒုက္ခကို undo လုပ်​တဲ့​နေရာမှာ​တော့ အဲ​လောက်​အထိ မလုပ်​ရပါဘူးတဲ့ အားမငယ်​နဲ့၊ ၁၀ နှစ်​ဒေါသ ဖြစ်​လာတယ်​၊ အဲဒီ ၁၀ နှစ်​ဒေါသကို (၁) ရက်​နဲ့​ဖြေရှင်းလို့ ရချင်​လည်း ရနိုင်​တယ်​၊ ဒါဟာ ပညာရဲ့အင်​အား၊ အသိဥာဏ်​ရဲ့ အင်​အား၊ ဒါက ဗုဒ္ဓတရား​တော်​ရဲ့ အဆိုအမိန့်​ပါ။

"အကာလိကော" ဆိုတဲ့အတိုင်း အချိန်မခြား အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ သဘာဝတရားပါ၊ အသိ - သတိ mindfulness ကနေ စပါတယ်၊ သတိနဲ့ အသိဉာဏ်ဟာ မီးဖွင့်တာနဲ့ အတူတူပါပဲ။ မီးဖွင့်လိုက်လို့ မြင်ရရင် ဘာမှကြောက်စရာ မရှိတော့ဘူး၊ မမြင်ရရင်တော့ ဝါယာကြိုးလား မြွေလားလို့ မသိတဲ့အခါကျတော့ ကြောက်စိတ်တွေ ဖြစ်နေရတယ်၊ အလိုလိုနေရင်း လန့်နေတယ်။ မသိလို့ ကြောက်တာ၊ မသိလို့ အံဩမှု ဖြစ်တာ၊ မသိလို့ တုံ့ပြန်ပြုလုပ်မိတာ။

မသိတာ အဝိဇ္ဇာ၊ ပြုလုပ်တာ သင်္ခါရ။
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ။

Reference: ​
အောက်​စဖို့ဒ်​ဆရာ​တော်​
Emotion Management & Mindful Compassion

Kyaw Kyaw - Real Estate & Insurance Agent


23/07/2022

လူတစ်ယောက်ကို မုန်းမိနေပြီဆို ...

🔸ပထမဆုံး မေတ္တာထားကြည့် ရမယ်။
🔸မရရင် ကရုဏာထားကြည့် ပါ။
🔸မရသေးရင် သူ့ကံနဲ့သူ လာတာပဲလို့ ဥပေက္ခာထား ပေးပါ။
🔸ဒါမှ မရသေးရင် လောကကြီးမှာ အရာရာ ငါဖြစ်ချင်တိုင်း ဖြစ်နေတာမှ မဟုတ်တာလို့ နှလုံးသွင်း ရပါမယ်။

ဒါတွေဟာ ဒေါသပယ်ကြောင်း ငြိမ်းအေးရာ တရားတွေ ပါပဲ။

Kyaw Kyaw - Real Estate & Insurance Agent


Want your business to be the top-listed Accountant in Taungoo?

Click here to claim your Sponsored Listing.

Location

Website

Address

Taungoo