Khun Tun Oo - Insurance & Financial Consultant
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khun Tun Oo - Insurance & Financial Consultant, Financial Consultant, Taunggyi.
အာမခံဆိုတာကြိုတင်ခန့်မှန်း၍မရနိုင်သောအခြေအနေများကြောင့် ကြုံတွေ့လာနိုင်ခြေရှိတဲ့ ငွေကြေးဆုံးရှုံးမှုအန္တရာယ်မှ ကာကွယ်ပေးနိုင်သောစီမံခန့်ခွဲမှု နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မိတ်ဆွေများအနေဖြင့် မိမိမိသားစုရဲ့အနာဂတ်အတွက်ကြိုတင်စီမံလိုပါကအချိန်မရွေးဆက်သွယ်လိုက်ပါ။
လူအများစုက “ကျန်းမာရေး” ဆိုတာကို နေမကောင်းမှ ဆေးရုံသွားရတာ၊ ဆေးသောက်ရတာနဲ့ပဲ ဆက်စပ်တွေးလေ့ရှိကြပါတယ်။
တကယ်တော့ ကျန်းမာတဲ့ဘဝဆိုတာ…
🏌️♂️ ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ အားကစားလုပ်ခြင်း
🥗 မျှတတဲ့ အစားအသောက်ရွေးချယ်စားသုံးခြင်း
😌 စိတ်ဖိစီးမှုကို စီမံခန့်ခွဲနိုင်ခြင်း
💰 မမျှော်လင့်ထားတဲ့ ကျန်းမာရေးအသုံးစရိတ်တွေအတွက် ကြိုတင်ငွေကြေးစီမံထားခြင်း
ဆိုတဲ့ အရာတွေ အားလုံးပေါင်းစည်းထားတဲ့ ဘဝပုံစံတစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ လူအများစုက အိမ်၊ ကား၊ စီးပွားရေးအတွက် စီမံတတ်ကြပေမယ့်…
မိမိရဲ့ ကျန်းမာရေးအတွက်တော့ “နောက်မှကြည့်မယ်” ဆိုပြီး ရွှေ့ထားတတ်ကြပါတယ်။
ဒါပေမယ့်…
ငွေရှာလို့ရတဲ့အချိန်ကို ပြန်ဝယ်လို့မရသလို
ဆုံးရှုံးသွားတဲ့ ကျန်းမာရေးကိုလည်း ငွေတစ်ခုတည်းနဲ့ အပြည့်အဝ ပြန်မရနိုင်ပါဘူး။
ဒါကြောင့် ဒီနေ့ကစပြီး ကျန်းမာရေးကို ပြန်စဉ်းစားကြည့်ရအောင်…
✔️ အားကစားလုပ်ဖို့ အချိန်ပေးပါ
✔️ အစားအသောက်ကို သတိထားရွေးချယ်ပါ
✔️ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပါ
✔️ မမျှော်လင့်ထားတဲ့ ကျန်းမာရေးကုန်ကျစရိတ်တွေအတွက် အာမခံအကာအကွယ်နှင့် ငွေကြေးအစီအစဉ်များကို ကြိုတင်စီမံထားပါ
ကျန်းမာရေးကောင်းခြင်းဟာ ကံကောင်းခြင်းမဟုတ်ပါဘူး…
နေ့စဉ်ပြုလုပ်တဲ့ ရွေးချယ်မှုတွေရဲ့ ရလဒ်တစ်ခုပါ။
⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️ 095215573 ( WhatsApp/ Viber/ Telegram )
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
Khun Tun Oo
IA(N)LI - 15939
Financial Service Associate Manager
MDRT - 2026 🏆
AIA - Golden Life Team
26/06/2026
မိတ်ဆွေ…ယခုခေတ်ကာလမှာ
👉 အရည်အချင်းရှိတဲ့ ဝန်ထမ်းတစ်ယောက်ကို ရှာဖို့ခက်သလို…
👉 သူတို့ကို လုပ်ငန်းမှာ ပျော်ရွှင်စွာ ရေရှည်တည်မြဲစေဖို့က ပိုအရေးကြီးပါတယ်။
❇️ ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ လုပ်ငန်းရှင်တိုင်း စဉ်းစားသင့်တဲ့ အချက် (၃) ချက်ကတော့—
✅ မျှတပြီး ထိုက်တန်တဲ့ လစာနှင့် အကျိုးခံစားခွင့်
✅ လူမှန်ကို နေရာမှန်မှာ တာဝန်ပေးနိုင်တဲ့ စီမံခန့်ခွဲမှု
✅ ကျန်းမာရေးနှင့် မတော်တဆအန္တရာယ်များအတွက် အာမခံအကာအကွယ် စီမံပေးထားမှု
#ဝန်ထမ်းတွေကို တန်ဖိုးထားတဲ့ လုပ်ငန်းက…
သစ္စာရှိတဲ့ ဝန်ထမ်းတွေကို ရရှိတတ်ပါတယ်။
#လူကိုတန်ဖိုးထားတဲ့ လုပ်ငန်းယဉ်ကျေးမှုကပဲ လုပ်ငန်းကို ရေရှည်တိုးတက်စေပြီး ပိုမိုကောင်းမွန်တဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ပေးနိုင်ပါတယ်။
❇️ ဝန်ထမ်းတွေကိုတန်ဖိုးထားတဲ့ မိတ်ဆွေများအနေနဲ့
⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️ 095215573 ( WhatsApp/ Viber/ Telegram )
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
Khun Tun Oo
IA(N)LI - 15939
Financial Service Associate Manager
MDRT - 2026 🏆
AIA - Golden Life Team
AIA အာမခံကုမ္ပဏီမှာ
#ကျန်းမာရေးအလုံးစုံအာမခံဝယ်ယူထားတဲ့
#အသက်၅နှစ်အရွယ်မတော်မဆဖြစ်ပွါးမှုကြောင့်
#ဆေးကုသမှုစရိတ်အလျော်သုံးသိန်းခွဲဝန်းကျင်ရှိသဖြင့်
#ဝမ်းသာပီတိမျှဝေပေးခြင်း
#အသက်အာမခံ
#ကျန်းမာရေးအာမခံ
30/05/2026
#ဆေးရုံတက်ရတဲ့အခါ_ငါအာမခံ_ကြိုထားခဲ့ရင်_ကောင်းမှာဘဲလို့_မတွေးမိစေဖို့⁉️
❇️ “ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရပြီ" ဆိုတာနဲ့ လူတိုင်း စိတ်ပူကြတာ အချက် (၂) ချက်ပဲ ရှိပါတယ်။
၁။ ရောဂါပျောက်ပါ့မလား?
၂။ ဆေးဖိုးဝါးခ ဘယ်လောက်ကုန်ကျမလဲ?
- ပထမအချက်က ဆရာဝန်တွေရဲ့ တာဝန်ပါ။
- ဒုတိယအချက်ဖြစ်တဲ့ "ငွေကြေးပူပန်မှု" ကိုတော့ အာမခံ (Insurance) ကုမ္ပဏီက တာဝန်ယူပေးနိုင်ပါတယ်။
❇️ ကျန်းမာရေးကောင်းနေတုန်း၊ အဆင်ပြေနေတုန်းမှာ အာမခံအတွက် ဖယ်ထားရတဲ့ ပမာဏက "မပြောပလောက်တဲ့ စုဆောင်းမှု" လေးတစ်ခုပါ။ ဒါပေမဲ့ တကယ် အရေးကြုံလာတဲ့အခါမှာတော့ ဒီအာမခံကပဲ သင့်မိသားစုရဲ့ "စုဘူးကြီး" ကို မပြိုကွဲအောင် အကာအကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
❇️ မိတ်ဆွေ… တစ်ခုပဲ သတိရပေးပါ….
- ဆေးရုံကုတင်ပေါ် ရောက်သွားတဲ့အခါ အာမခံကုမ္ပဏီကို ဖုန်းဆက်ပြီး အာမခံဝယ်လို့ မရတော့ပါဘူး။
👉 ဒါကြောင့် နောင်တတွေနဲ့အတူ "ငါ အာမခံထားခဲ့ရင် ကောင်းမှာဘဲ" လို့ မတွေးမိစေဖို့... အခုပဲ သင့်မိသားစုရဲ့ ကျန်းမာရေးနဲ့ အနာဂတ်ကို ကြိုတင်ကာကွယ်ထားလိုက်ပါ။
⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️ 095215573 ( WhatsApp/ Viber/ Telegram )
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
Khun Tun Oo
IA(N)LI - 15939
Financial Service Associate Manager
MDRT - 2026 🏆
AIA - Golden Life Team
#အသက်အာမခံ #ကျန်းမာရေးအာမခံ
;
23/05/2026
ားထိုင်းဆေးရုံမှာ_ဆေးကုသစရိတ်_မြန်မာကျပ်ငွေ_သိန်း(၁၀၀)ကျော်_ကုန်ကျခဲ့ပေမယ့်
AIA Health Passport (Cashless Service) ရှိထားလို့ စိတ်အေးချမ်းစွာ ကုသမှုခံယူနိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ဦး…
❇️ တောင်ကြီးမြို့ရှိ Coffee Shop ပိုင်ရှင် မိတ်ဆွေတစ်ဦးသည် ၂၀၂၅ ခုနှစ်တွင် AIA ၏ အလုံးစုံကျန်းမာရေးအာမခံ
ကျပ်သိန်း(၃၀၀) အကာအကွယ်ရှိသော Plan 4 ကို
ကျွန်တော့်ထံမှ တစ်နှစ်ပရီမီယံ ကျပ်(၁၀)သိန်းဝန်းကျင်ဖြင့် ကြိုတင်စီမံဝယ်ယူထားခဲ့ပါသည်။
❇️ မကြာသေးမီက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ “Phyathai 2 Hospital” တွင် AIA Health Passport (Cashless Service) ကို အသုံးပြု၍ အသည်းစစ်ဆေးခြင်းနှင့် အစာအိမ်မှန်ပြောင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ
ဆေးကုသစရိတ် Baht 95,000 ( မြန်မာကျပ်ငွေ သိန်း ၁၁၅ ဝန်းကျင်) ကို AIA အာမခံကုမ္ပဏီမှ အဆင်ပြေစွာ ကူညီပေးနိုင်ခဲ့ပါသည်။
❇️ မမျှော်လင့်ထားတဲ့ ကျန်းမာရေးအခြေအနေတွေမှာ
ကြိုတင်စီမံထားတဲ့ အာမခံတစ်ခုက မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထပ်မံမြင်တွေ့ရတဲ့ အခိုက်အတန့်တစ်ခုပါ။
👉မိတ်ဆွေ… “အာမခံဆိုတာ ကုန်ကျစရိတ်မဟုတ်ပါဘူး…
မမျှော်လင့်ထားတဲ့အချိန်တွေမှာ ကိုယ့်ဘက်က ရပ်တည်ပေးမယ့် အကာအကွယ်တစ်ခုပါ။”
Remark; client ခွင့်ပြုချက်ဖြင့် မျှဝေပေးခြင်းဖြစ်ပါတယ်။
⭐️ အာမခံအကြောင်း အသေးစိတ် သိရှိလိုပါက
☎️ 095215573 (WhatsApp / Viber / Telegram)
အားမနာတမ်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Khun Tun Oo
IA(N)LI - 15939
Financial Service Associate Manager
MDRT 2026 🏆
AIA – Golden Life Team
➡️ Together, Let’s build a better future for our community!
18/05/2026
#အာမခံလောကသို့_ဘာကြောင့်_ဝင်ရောက်ခဲ့ရတာလဲ⁉️
❇️ ကျွန်တော့်ကို အာမခံအလုပ်လုပ်တယ်၊ အာမခံရောင်းတယ်လို့ပဲမြင်ကြတာများပါတယ်။ကျွန်တော် Insurance Advisor လုပ်ရတဲ့ အကြောင်းရင်းရည်ရွယ်ချက်ကို တော်တော်များများကလည်း မသိရှိကြပါဘူး။
❇️ ဒီလုပ်ငန်းနယ်ပယ်ကို မဝင်ခင် ရှေ့(၂)နှစ်မှာ ကျွန်တော် အာမခံနဲ့ပတ်သက်ပြီး တော်တော်များများလေ့လာဖြစ်ပါတယ်။ လေ့လာရင်းနဲ့ အာမခံအကျိုးတရားဆိုတာ လူတိုင်းအတွက် လိုအပ်ပါလားဆိုတာ မြင်မိပါတယ်။
❇️ ဒီအလုပ်ကိုမလုပ်ခင်မှာလဲ တော်တော်လေး တွေဝေခဲ့ဘူးတယ်။ ကိုယ့်မှာ တခြားသောလုပ်ငန်းတွေရှိရဲ့သားနဲ့ ဒီအလုပ်ကိုလုပ်ရင် လူတွေ ကိုယ့်ကို ဘယ်လိုထင်ကြမလဲ၊ မြင်ကြမလဲ၊ ဝေဖန်ကြမလဲဆိုပြီးတော့ တော်တော်လေးစဉ်းစားခဲ့မိဘူးပါတယ်။
❇️ ဒါပေမယ့် ဘယ်လိုဘဲထင်ကြပါစေ လူသားအကျိုးပြုလုပ်ငန်း ၊ လူတွေအတွက် အကျိုးရှိမယ့်ကိစ္စဖြစ်လို့ ကြိုးစားပြီး လုပ်ကြည့်မယ်ဆိုပြီး လုပ်ဖြစ်လာတာ ခုဆို (၂)နှစ်တောင်ရှိသွားပါပြီ။
❇️ တချို့သူတွေဆိုလည်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးတော့ဖြစ်စေ အာမခံရောင်းလို့ အထင်သေး နှိမ့်ချသလို ပြောဆိုဆက်ဆံတာမျိုးလည်း ကြုံရဖူးပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းမဖြစ်ခဲ့ပါဘူး။ သူတို့မှ အာမခံအကျိုးတရားကို သေချာမသိတာလို့ပဲ တွေးမိပါတယ်။ မိမိအနေနဲ့ အာမခံရဲ့ သဘောတရားတွေကို မိတ်ဆွေတွေ ပိုမိုသိရှိလာအောင် ကြိုးစားရမှာပါ။
❇️ အာမခံလုပ်သက် (၂)နှစ်အတွင်းမှာ ရာနဲ့ချီတဲ့မိတ်ဆွေတွေကို ကျန်းမာရေးအာမခံ၊ အသက်အာမခံအကာအကွယ် ရရှိအောင် ကြိုတင်စီမံ ထားရှိပေးနိုင်ခဲ့သလို၊ မိမိကို ယုံကြည်ပြီး အာမခံထားရှိတဲ့ မိတ်ဆွေတွေများစွာကိုလည်း (အလျော်) Claims တွေရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ်လည်း ကျေနပ်မိပါတယ်။ ကိုယ့်ကိုယုံကြည်ပြီးတိုင်ပင်လာကြတဲ့ မိတ်ဆွေတွေကိုလည်းကျေးဇူးတင်ပါတယ်။
❇️ လူသားအကျိုးပြုလုပ်ငန်း တနည်းအားဖြစ် မိတ်ဆွေတွေရဲ့ မိသားစုဘဝ “ လုံခြုံမှု ”ကို အာမခံအကာအကွယ် ရရှိနိုင်စေရန် အကျိုးဆောင်ပေးရတဲ့လုပ်ငန်းဖြစ်လို့ ကျွန်တော့်ရဲ့စေတနာ၊ ဝါသနာနဲ့ကိုက်ညီတဲ့အလုပ်ဖြစ်လို့ ကျွန်တော်စွမ်းသလောက် အာမခံလောကမှာ ဆက်လက်လုပ်ကိုင်နေဦးမှာပါ။
⭐️အာမခံအကြောင်းကို အသေးစိတ် သိရှိလိုပါက
☎️ 095215573 ( WhatsApp/ Viber/ Telegram )
အားမနာတမ်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
Khun Tun Oo
IA(N)LI - 15939
Financial Service Associate Manager
MDRT - 2026 🏆
AIA - Golden Life Team
➡️Together, Let’s build a better future for our community!
👉 AIA Company ဟာ လွန်ခဲ့တဲ့ ၁၉၁၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိတဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ တစ်ခုဖြစ်ပါတယ်❤️
08/05/2026
"လူငယ်တစ်ယောက်ရဲ့ ဘဝတန်ဖိုး" ဆိုတာဟာ
သူပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ဒါမှမဟုတ် အောင်မြင်မှု အဆောင်အယောင်တွေနဲ့ တိုင်းတာရတာမျိုး မဟုတ်ပါဘူး။
အားမာန်အပြည့်ရှိတဲ့ အရွယ်မှာ မိမိကိုယ်ကိုယ် ဘယ်လိုတည်ဆောက်သလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။
လူငယ်တစ်ယောက်အတွက် တန်ဖိုးရှိတဲ့ ဘဝတစ်ခု ဖြစ်လာစေဖို့ အောက်ပါအချက်တွေက အဓိကကျတယ်လို့ မြင်မိပါတယ်...
၁။ အချိန်ကို စီမံခန့်ခွဲနိုင်စွမ်း
လူငယ်ဘဝရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဟာ "အချိန်" ဖြစ်ပါတယ်။ အချိန်ကို အလဟဿ
မကုန်ဆုံးစေဘဲ မိမိရဲ့ အရည်အချင်း တိုးတက်ဖို့အတွက် စနစ်တကျ အသုံးချနိုင်ခြင်းဟာ ဘဝတန်ဖိုးကို မြှင့်တင်ရာရောက်ပါတယ်။
"ဒီနေ့ လုပ်နိုင်တာကို မနက်ဖြန်အတွက် ချန်မထားခြင်း" ဟာ တန်ဖိုးရှိတဲ့ လူငယ်တစ်ယောက်ရဲ့ အလေ့အထပါ။
၂။ အမှားကို သင်ခန်းစာယူဝံ့တဲ့ သတ္တိ
လူငယ်ဆိုတာ မှားပိုင်ခွင့်ရှိသလို၊ ပြင်ဆင်ပိုင်ခွင့်လည်း ရှိပါတယ်။ အမှားတစ်ခုလုပ်မိလို့ စိတ်ဓာတ်ကျနေမယ့်အစား အဲဒီအမှားကနေ ဘာသင်ခန်းစာရလဲဆိုတာကို ရှာဖွေနိုင်ခြင်းက ပိုအရေးကြီးပါတယ်။ ကျရှုံးမှုကို ရင်ဆိုင်ရဲတဲ့ သတ္တိဟာ လူငယ်တစ်ယောက်ရဲ့ ရင့်ကျက်မှုနဲ့ တန်ဖိုးကို ပေါ်လွင်စေပါတယ်။
၃။ ကိုယ်ကျင့်တရားနဲ့ စာနာစိတ်
ပညာတွေ ဘယ်လောက်တတ်ပါစေ၊ ငွေကြေးတွေ ဘယ်လောက်ချမ်းသာပါစေ... ကိုယ်ကျင့်တရား မရှိရင် အဲဒီလူငယ်ဟာ တန်ဖိုးမဲ့ပါတယ်။ မိမိထက် နိမ့်ပါးသူကို စာနာတတ်ခြင်း၊ အမှန်တရားဘက်က ရပ်တည်ခြင်းနဲ့ အများအကျိုးကို တတ်နိုင်သလောက် ကူညီခြင်းက လူငယ်တစ်ယောက်ကို လူ့အဖွဲ့အစည်းကြားမှာ လေးစားစရာ ဖြစ်စေပါတယ်။
၄။ အမြဲမပြတ် လေ့လာသင်ယူလိုစိတ်
လောကကြီးဟာ အမြဲပြောင်းလဲနေပါတယ်။
အဲဒီအပြောင်းအလဲနဲ့အညီ အသစ်သစ်သော
နည်းပညာနဲ့ ဗဟုသုတတွေကို စူးစမ်းလေ့လာနေတဲ့ လူငယ်ဟာ ဘယ်တော့မှ နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး။ "ငါအားလုံးသိပြီးပြီ" ဆိုတဲ့ မာန်မာနကို ဘေးဖယ်ထားနိုင်ခြင်းက တိုးတက်မှုရဲ့ သော့ချက်ပါ။
လူငယ်တစ်ယောက်ရဲ့ ဘဝတန်ဖိုးဆိုတာ "မိမိကြောင့် သူတစ်ပါး ပျော်ရွှင်ရခြင်း" နဲ့ "မိမိကိုယ်ကိုယ် ယမန်နေ့ကထက် ပိုကောင်းအောင် ထုဆစ်နိုင်ခြင်း" တို့မှာ ကိန်းအောင်းနေပါတယ်။
ငွေကြေးဆိုတာ ရှာရင်ရနိုင်ပေမဲ့၊ တန်ဖိုးရှိတဲ့ လူသားတစ်ယောက် ဖြစ်ဖို့ကတော့ အစဉ်တစိုက် ကြိုးစားတည်ဆောက်ယူရမှာ ဖြစ်ပါတယ်။
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်လှမ်းပါ၊ သင်ဟာ တန်ဖိုးရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာမှာပါ။
#သုတပဒေသာမှတ်စု
#စာပေမှတ်စု
17/04/2026
#နမော_တဿ_ဘဂဝတော_အရဟတော_သမ္မာသမ္ဗုဒ္ဓဿ (၃ကြိမ်) 🙏🙏🙏
✳️ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
✳️ ဓမ္မံ သရဏံ ဂစ္ဆာမိ
✳️ သံဃံ သရဏံ ဂစ္ဆာမိ
✳️ ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
✳️ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
✳️ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
✳️ တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
✳️ တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ
✳️ တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ
သာဓု သာဓု သာဓု ပါဘုရား 🙏🙏🙏
“ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊
🙏 ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
🙏 ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
🙏 ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။ “
❇️ ဤမှန်သော သစ္စာ စကားကြောင့်
မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလမှစ၍
- မိမိတို့မိသားစုနဲ့အတူ (၇)ရက်သားသမီးများအားလုံး
- မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး၊ ၃၁-ဘုံ တွင်ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါများ အားလုံး ....
- ဘေးအမျိုးမျိုး၊ ရန်အမျိုးမျိုး၊ ရောဂါအမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။
- ပူပင်သောက အပေါင်းမှ ကင်းဝေးကြပါစေ။
- စိုးရိမ်ကြောင့်ကြ ဗျာပါဒများလည်း ကင်းဝေးကြပါစေ။
- စိတ္တ သုခ နှင့် ကာယသုခ တို့ ပြည့်စုံကြပါစေ။ 🙏🙏🙏
✡️ သတ္တဝါများစွာ ဘေးရန်ကွာ ချမ်းသာကြပါစေ။ (၃)ကြိမ်
✡️ မေတ္တာရေချမ်း သွန်းကာဖြန်း ငြိမ်းချမ်းကြပါစေ။ (၃)ကြိမ်
✡️ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ။ (၃)ကြိမ်
🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
🙏 ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
( သာဓု သာဓု သာဓု ပါအရှင်ဘုရား )🙏🙏🙏
🙏 #မြန်မာနှစ်သစ်ဆုတောင်း🙏
❇️ ဘဝ အဆက်ဆက်မှ ယနေ့ယခုအချိန်ထိ
- သီလ သမာဓိ ပညာ ကြီးမားသောသူတို့အားလည်းကောင်း
- ကျေးဇူးရှိသော သူတို့အားလည်းကောင်း
- သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
- ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ
- မှတ်မိ၍ဖြစ်စေ မမှတ်မိ၍ဖြစ်စေ
- ကာယကံ ဝစီကံ မနောကံ နှင့် ပြစ်မှားမိခဲ့သမျှကို
- ယနေ့ နှစ်သစ်ကူးသည့် သင်္ကြန်ကာလအတွင်း၌
- ဝန်ချတောင်းပန် ရှီခိုးကန်တော့အပ်ပါသည်။ “
🙏🙏🙏
#ခွန်ထွန်းဦး
#င်္သကြန်နှစ်သစ်ကူးဆုတောင်း
၁၇.၀၄.၂၀၂၆(သောကြာနေ့)
10/04/2026
ပြင်းထန်ရောဂါနဲ့ကြုံတွေ့လာတဲ့အခါ တစ်လုံးတည်းပေးငွေ အကျိုးခံစားခွင့်က ဘာကြောင့်အရေးကြီးလဲဆိုတာ စဥ်းစားဖူးပါသလား။
ပြင်းထန်ရောဂါဖြစ်လာတဲ့အခါမှာ များပြားလှတဲ့ ဆေးကုသမှုကုန်ကျစရိတ်တွေအပြင် နေ့စဉ်အသုံးစရိတ်တွေကြောင့် အချိန်တိုအတွင်း ဝင်ငွေဆုံးရှုံးမှုဖြစ်လာနိုင်ပြီး အထူးသဖြင့် အချိန်ကြာမြင့်စွာ အလုပ်မလုပ်နိုင်တဲ့အခါ ငွေကြေးဆိုင်ရာ စိတ်ဖိစီးမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်လုံးတည်းပေးငွေရရှိခြင်းက များစွာအထောက်အကူဖြစ်စေပါတယ်။
AIA Critical Illness Care နဲ့သာဆိုရင် အကာအကွယ်ပေးထားတဲ့ ပြင်းထန်ရောဂါတစ်မျိုးမျိုးဖြစ်လာတဲ့အခါ တစ်လုံးတည်းပေးငွေအကျိုးခံစားခွင့်ကို တိုက်ရိုက်ရရှိနိုင်တာကြောင့် ငွေကြေးဆိုင်ရာ စိတ်သက်သာမှုရှိစေပြီး ရေရှည်ဆေးကုသမှု ခံယူတဲ့အခါမှာပဲဖြစ်ဖြစ်၊ မိသားစုအနာဂတ်ကို ကြိုတင်ကာကွယ်တဲ့အခါမှာပဲဖြစ်ဖြစ် စိတ်ကြိုက် စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်။
AIA Critical Illness Care နဲ့အတူ မခန့်မှန်းနိုင်တဲ့ ဘဝအလှည့်အပြောင်းတွေအတွက် အခုပဲ ကြိုတင်ပြင်ဆင်ထားလိုက်ပါ။ AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4oO5PiA မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။
Have you ever wondered why a lump sum payout for critical illness matters?
When a critical illness is diagnosed, life can take an unexpected turn. Beyond medical treatment, daily living expenses and the potential loss of regular income can place significant financial strain on individuals. In such circumstances, a lump‑sum payout can provide vital support.
AIA Critical Illness Care provides a lump‑sum payout directly to you upon diagnosis of a covered critical illness. This allows greater flexibility in managing what matters most, whether it is immediate financial relief, long‑term treatment, safeguarding a family’s future, or addressing other priority needs.
When uncertainty arises, having the right protection can make a meaningful difference. Being prepared for life’s uncertainties starts with thoughtful planning through AIA Critical Illness Care.
Learn more about AIA Critical Illness Care here: https://bit.ly/4oJJliJ
Click here to claim your Sponsored Listing.