12/12/2025
ဘာလို့ AIA Critical Illness Care ရှိထားသင့်တာလဲ။
AIA Critical Illness Care ဆိုတာ ပြင်းထန်ရောဂါ ဖြစ်လာခဲ့တဲ့အခါ ငွေကြေးအကာအကွယ်ကို ပေးရုံသာမက သင့်ကို စိတ်အေးချမ်းသာစွာနဲ့ နေထိုင်စေနိုင်မှာဖြစ်ပါတယ်။
ပြင်းထန်ရောဂါတစ်ခုခုဖြစ်လာပြီဆိုရင် အလုပ်မလုပ်နိုင်တဲ့အတွက် ဝင်ငွေများက ရပ်တန့်သွားသလို ကုန်ကျစရိတ်တွေဆိုတာကလည်း တစ်ဖြည်းဖြည်းနဲ့ ဆက်လက်ကုန်ကျနေမှာဖြစ်တယ်။
ဒီလိုအခက်အခဲတွေကို စိတ်အေးချမ်းသာစွာ ကျော်လွှားနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက AIA Critical Illness Care လိုမျိုး ပြင်းထန်ရောဂါ အာမခံအကာအကွယ် ရှိထားဖို့ပါပဲ။ သတ်မှတ်ထားတဲ့ ပြင်းထန်ရောဂါ (၃၉) မျိုးထဲက တစ်မျိုးမျိုးနဲ့ ကြုံတွေ့လာတဲ့အခါ အာမခံထားငွေကို တစ်လုံးတည်း ထုတ်ပေးမဲ့အပြင် AIA Critical Illness Care ကို သီးသန့်အကာအကွယ် (Standalone) အနေနဲ့ရော၊ တွဲဖက်အကာအကွယ် (Rider) အနေနဲ့ပါ ရရှိနိုင်တာကြောင့် မိမိနဲ့သင့်တော်မဲ့ အကာအကွယ်ကို ရွေးချယ်နိုင်ပါတယ်။
AIA Critical Illness Care အကြောင်း အသေးစိတ်သိရှိလိုပါက https://bit.ly/4oO5PiA မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။
Why should you consider getting AIA Critical Illness Care?
AIA Critical Illness Care is more than just protection. It is peace of mind when you need it most. One critical illness can change everything. Your income may stop but the bills won’t.
The best way to overcome these challenges is by having AIA Critical Illness Care. AIA Critical Illness Care not only provides a lump sum benefit for 39 critical illnesses but also allows you to choose it as either a standalone plan or a rider, giving you flexible protection to fit your needs.
Learn more about AIA Critical Illness Care here https://bit.ly/4oJJliJ
09/10/2025
ကိုယ့်သားသမီးတွေရဲ့အနာဂတ်ခိုင်မာစေရေး ပညာအမွေပေးနိုင်ဖို့ လုံလောက်အောင်စုဆောင်းပြင်ဆင်ထားပြီးပြီလား။
AIA Universal Life နဲ့ဆိုရင်တော့ သားသမီးတွေတောင့်တတဲ့ပညာရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်စေဖို့ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ နှစ်ရှည်ငွေကြေးစုဆောင်းမှုနဲ့ အကာအကွယ်အကျိုးခံစားခွင့်တွေက သူတို့သမီးလေးအနာဂတ်အတွက်ပြင်ဆင်ထားချင်တဲ့ကိုကိုနဲ့ သစ္စာတို့လိုပဲ သင်လည်း
•တိုးရင်းပေါင်းရယူပြီး တက္ကသိုလ်ပညာသင်စရိတ် စုဆောင်းတိုးပွားနိုင်ခြင်း
•အာမခံထားငွေတိုးမြှင့်နိုင်မှု အကျိုးခံစားခွင့်ဖြင့် သင့်ကလေးပညာရေးအတွက် အကာအကွယ်တိုးမြှင့်နိုင်ခြင်း
•ကင်ဆာလိုမျိုး မမျှော်လင့်တဲ့ ဘဝအလှည့်အပြောင်းနဲ့ကြုံလာတဲ့အခါ ရောဂါရှာဖွေတွေ့ရှိတာနဲ့တစ်ပြိုင်နက်ကုသနိုင်ဖို့ အာမခံထားငွေရဲ့ ၂၅% ကို တစ်လုံးတည်းထုတ်ယူနိုင်လို့ သင့်သားသမီးအတွက်စုဆောင်းငွေကိုထိခိုက်မှုမရှိစေခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။
သင့်သားသမီးရဲ့အနာဂတ်အတွက် မှန်ကန်တဲ့ ရေရှည်စုဆောင်းခြင်းနှင့် အာမခံအကာအကွယ်တို့ဖြင့် ကြိုတင်စီမံဖို့ AIA Universal Life က သင့်ဘဝခြေလှမ်းတိုင်းအတွက် သင်နှင့်အတူ ရှိနေမှာပါ။
သင့်ကလေးအနာဂတ်ကို ကာကွယ်ပေးနိုင်တဲ့ AIA Universal Life အကြောင်း ပိုမိုသိရှိလိုပါက chat box (or) ဖုန်းဆက်၍ အသေးစိတ်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်❤️❤️❤️
Khin Htet Htet Hlaing
Financial Service Consultant
09797040362
Ref- AIA Myanmar fb page
08/10/2025
✨ဘဝရဲ့ဒုတိယခြေလှမ်းတစ်ခု✨
ပထမခြေလှမ်းဖြစ်ခဲ့တဲ့စာရင်းကိုင်အလုပ်က အကြောင်းအမျိုးမျိုးကြောင့် ကံမကောင်းစွာနဲ့ပဲအနားယူလိုက်ရပါတယ် အနားယူလိုက်တဲ့နှစ်မှာပဲအိမ်ထောင်ကျ ကလေးတန်းယူလိုက်တော့အလုပ်လက်မဲ့ဖြစ်ခဲ့တာ၂နှစ်ရှိခဲ့ပြီပေါ့
အသုံးစရိတ်အတွက်ပူစရာမလိုဘူးဆိုပေမယ့် ကိုယ့်သူငယ်ချင်းတွေနဲ့ဆုံတိုင်း အလုပ်မရှိ ဝင်ငွေမရှိတော့ အားငယ်သလိုလို မျက်နှာငယ်သလိုလိုပါပဲ
အဲ့လိုနဲ့တစ်ရက်ကြ ကိုယ့်Leaderအကိုက AIA Myanmarမှာ Financial Advisorလုပ်ဖို့ စိတ်ဝင်စားလားလို့မေးရင်းကနေ ကိုယ်ကလဲအလုပ်လုပ်ချင်နေတာနဲ့အသက်အာမခံလိုင်စင်စာမေးပွဲဖြေဖို့ကိုကြိုးစားခဲ့တယ်
ကလေးထိန်းရင်းနဲ့လဲသင်ခန်းစာတွေကိုဖွင့်ထားပြီးနားထောင်တယ် မေးခွန်းဟောင်းတွေနားမလည်မခြင်းရှင်းပြပေးတဲ့မန်နေဂျာအမရဲ့ကျေးဇူးတွေကြောင့်ရောအာမခံလိုင်စင်စာမေးပွဲကိုအခက်အခဲသိပ်မရှိဘဲအောင်မြင်ခဲ့ပါတယ်
ခုတော့ကိုယ့်ကိုလက်တွဲခေါ်လာပေးတဲ့အကိုတွေအမတွေကျေးဇူးနဲ့ Financial advisorလုပ်ခဲ့တာ၃လတောင်ရှိခဲ့ပြီ ဒီအလုပ်ကကိုယ်တစ်ယောက်တည်းအောင်မြင်ဖို့မကဘဲ တစ်ခြားသူတွေရဲ့ဘဝကိုပါပိုမိုကောင်းမွန်အောင်ဖန်တီးပေးနိုင်တဲ့အလုပ်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုလဲအရမ်းဂုဏ်ယူမိတယ်
နောက်ရက်တွေမှာအာမခံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေရေးတင်ပေးအုံးမှာဖြစ်လို့ ထက်ရဲ့ Pageလေးကိုfollowလေးလုပ်ပေးသွားကြပါအုံးရှင့်❤️❤️❤️