Life Insurance Agent by Thet Mon

Life Insurance Agent by Thet Mon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Life Insurance Agent by Thet Mon, Financial planner, Pyin Oo Lwin, Maymyo.

Photos from Life Insurance Agent by Thet Mon's post 22/03/2024

မှတ်တိုင်‌‌ သေးသေးလေးပါပဲ။ခုမှ တင်ဖြစ်တယ်။ ဆရာရော ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့လို့ ကိုယ်စားယူပေးတဲ့သူငယ်ချင်းပါ ကျေးဇူးအထူးတင်ပါတယ်။
မိသားစုတွေအတွက် အာမခံအကာအကွယ်တွေရယူချင်တယ်ဆိုရင်ဖြင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။

Thet Mon Oo
Licensed Financial Advisor
IA(N)LI-08265
Chubb Life Insurance Myanmar
09448775552, 099832273

26/12/2023

CHUBB မှာ အာမခံအကာအကွယ် ယူခဲ့ကြသော ကိုယ့်ရဲ့ ချစ်သောကာကာများအတွက် ခရစ်စမတ် လက်ဆောင်တွေ ရောက်ပါပြီ။

18/12/2023

အာမခံမထားခင် လုပ်ဆောင်သင့်တဲ့အချက်များ

(၁) ကုမ္ပဏီကိုအရင်လေ့လာပါ

မိမိထားမယ့်ကုမ္ပဏီဟာ ဘယ်လိုမျိုးလဲ
ကုမ္ပဏီအသေးလား အကြီးလား
ပြည်တွင်းမှာပဲလည်ပတ်နေတဲ့ကုမ္ပဏီလား
Global company အနေနဲ့ တကမ္ဘာလုံးမှာ
လည်ပတ်နေတဲ့ကုမ္ပဏီလား
Facebook မှာရှာကြည့်နိုင်တယ်
Google မှာ website တွေမှာဝင်ကြည့်နိုင်တယ်
ရုံးကိုသွားရောက်လေ့လာနိုင်တယ်

(၂) ဝန်ဆောင်မှုပေးမယ့် agent ကိုလေ့လာပါ

သူကဘယ်လိုလူမျိုးလဲ
လုပ်ငန်းပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့သူလား
Customer service ကိုသေချာဂရုစိုက်နိုင်တဲ့သူလား
မိမိအတွက်လိုအပ်တဲ့ အာမခံအမျိုးအစားကို
ဖုန်းနဲ့ဖြစ်စေ online meeting နဲ့ဖြစ်စေ
လူကိုယ်တိုင်တွေ့ပြီးဖြစ်စေ သေချာအချိန်ပေးရှင်းပြနိုင်တဲ့သူလား
တရားဝင်အသိအမှတ်ပြုထားတဲ့လိုင်စင်ကိုင်ဆောင်ထားတဲ့သူလား
ဒါတွေကို သေချာလေ့လာရမှာဖြစ်ပါတယ်

(၃) မိမိထားမယ့် plan ကို အသေးစိတ်မေးပါ

ဘယ်ဟာဆို ခံစားခွင့်ရှိပြီး
ဘယ်ဟာကို ခံစားခွင့်မရှိဘူးဆိုတာ သိရပါမယ်

( ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးရုံဆေးခန်းစားရိတ်တွေကို ဖြစ်သမျှအကုန်လျော်မယ် ဘယ်လောက်ကုန်ကုန်အတိုင်းအဆမရှိ
ပျောက်တဲ့အထိလျော်မယ် ဆိုတာမျိုး
မြန်မာပြည်မှာလည်းမရှိသလိုကမ္ဘာမှာလည်းမရှိပါဘူး
စင်ကာပူလိုနိုင်ငံမျိုးမှာတောင်
ဒေါ်လာဘယ်လောက်အထိပဲလျော်မယ်ဆိုတာမျိုး
သက်မှတ်ထားပါတယ် )

မိမိအသက်အပေါ်မူတည်ပြီး တနှစ်ကိုဘယ်လောက်သွင်းရမယ်ဆိုတာ အသေးစိတ်တွက်ခိုင်းလို့ရပါတယ် သဘောတူမှအာမခံထားရှိပါ

(၄) ဘယ်နှစ်ရောက်ရင် ခံစားခွင့်ဘယ်လောက်ရမယ်
ဘယ်နှစ်မှာပြန်ထုတ်ရင် ဘယ်လောက်ပြန်ရမယ်
ဘယ်နှစ်မှာဆက်မသွင်းတော့ဘဲ ရပ်မယ်ဆို
ဘယ်လိုအကာအကွယ်တွေဆက်ရမယ်ဆိုတာ
အာမခံစာချုပ် လက်ထဲမရောက်ခင်အဆင့်မှာ
တခါထဲကြည့်လို့ရပါတယ်
သဘောတူမှ လက်မှတ်ထိုးရတာပါ။

အဲဒါတွေပေးမဖတ်တာက
agent ရဲ့လိုအပ်ချက်ဖြစ်ပြီး
ပေးဖတ်ရဲ့သားနဲ့မဖတ်တာက
မိမိရဲ့လိုအပ်ချက်ဖြစ်ပါတယ်

(၅) စာချုပ်လက်ထဲရောက်လာပြီး
၁၄ရက်အတွင်း ပြန်လည်ငြင်းပိုင်ခွင့်ရှိပါတယ်
အခုဆို ၂၁ရက်အထိ တိုးမြှင့်ထားပါတယ်။
အဲဒီ ၂၁ရက်အတွင်း စာချုပ်ကိုသေချာဖတ်ပြီး
အဆင်မပြေရင် မကြိုက်ရင် အာမခံကိုငြင်းပယ်ပြီး
ငွေ ၁၀၀% ပြန်ထုတ်ခွင့်ရှိပါတယ်
🍀အဲဒီအခွင့်အရေးက လူတိုင်းမှာရှိပါတယ်
🍀ကုမ္ပဏီတိုင်းမှာ ပြုလုပ်လို့ရပါတယ်
၂၁ရက်ကျော်သွားရင်တော့
ငွေကြေးဆိုင်ရာလုပ်ငန်းတွေစတင်ပြီဖြစ်တဲ့အတွက် စာချုပ်အသက်ဝင်သွားပါပြီ

(၆) စာချုပ်လက်ထဲရောက်ပြီးရင် သေချာဖတ်ပါ

မရှင်းတာတွေကို သေချာမေးပါ
ကျွန်တော့်မိတ်ဆွေတွေဆို စာချုပ်ရောက်ပြီးမှ
မေးခွန်းအကြိမ်ရေ ရာနဲ့ချီမေးတာမျိုးကြုံဖူးပါတယ်
စိတ်ကူးပေါက်တိုင်းမေးပါ
Agent phone number နဲ့ office phone number တွေက အာမခံစာချုပ်ထဲမှာ တခါထဲပါပါတယ်

**********

အာမခံရဲ့သဘောက
ဘဏ်ရဲ့လည်ပတ်မှုနဲ့ ပုံစံခြင်းမတူပါဘူး
( အဲဒီနှစ်မျိုးကိုသေချာကွဲကွဲပြားပြား သိထားရမှာဖြစ်ပါတယ် )

ဘဏ်မှာအပ်ထားတဲ့ငွေက
အချိန်မရွေးပြန်ထုတ်လို့ရပါတယ်
သက်မှတ်အတိုးရပါတယ်

အာမခံရဲ့သဘောတရားက
သက်မှတ်ကာလအတိုင်း ငွေသွင်းနေရတာမျိုးပါ
ငွေဆက်မသွင်းနိုင်ရင် ဖြစ်လာနိုင်တဲ့ရလာဒ်တွေကို
စာချုပ်ထဲမှာ တရားဝင်ဖော်ပြပါတယ်
✅သက်မှတ်ပမာဏနဲ့ပြန်ထုတ်ပေးတာ
✅သွင်းထားသလောက်နဲ့ပဲ
အာမခံဆက်ယူထားတာအပြင်
✅သွင်းထားတဲ့ငွေထဲက ပြန်လည်ချေးယူနိုင်တာ
ဒါမျိုးတွေလည်း ရှိပါတယ်

တစ်ခုသိရမှာက
ဘဏ်မဟုတ်တဲ့အတွက်
သွင်းချင်တဲ့အချိန်သွင်း
စာချုပ်သက်တမ်းမ‌စေ့သေးဘဲပြန်ထုတ်ရင်
ဘယ်အချိန်ပြန်ထုတ်ထုတ် ၁၀၀%အပြည့်ရတယ်ဆိုတာ
ဘယ်ကုမ္ပဏီမှာမှ မရှိပါဘူး
ကြိုက်တဲ့အချိန်ပြန်ထုတ် ၁၀၀%စလုံးပြန်ရမယ်ဆိုရင်လည်း အဲဒါမှန်ကန်တဲ့အာမခံကုမ္ပဏီမဟုတ်ပါဘူး
ချေးငွေလုပ်ငန်းနဲ့ ရပ်ကွက်ထဲကအပေါင်ဆိုင်သာ
ဖြစ်ပါလိမ့်မယ်

ဒါ အာမခံရဲ့သဘောဖြစ်ပါတယ်

*******

အကြောင်းတခုခုဖြစ်လို့ အပြည့်အဝလျော်ကြေးပေးတဲ့အခါ
Customer privacy ဖြစ်လို့ လိုင်းပေါ်တင်လို့မရပါဘူး
ငွေပုံကြီးရှေ့ချဓာတ်ပုံရိုက်တင်ပြီး
ကြော်ငြာလို့လည်း မရပါဘူး
မိသားစုကိစ္စ ကျန်းမာရေးကိစ္စဆိုတာ
Top secret ထားရမယ့်ကိစ္စပါ

အာမခံရဲ့အနှစ်သာရကိုသေချာသိရှိဖို့
လေ့လာပါ စာဖတ်ပါ
သွားရောက်ဆွေးနွေးပါ
အားလုံးက လက်ကမ်းကြိုဆိုနေပါတယ်
Credit: Min Yel Kyaw Swar

ချစ်ခင်လေးစားစွာဖြင့်
Licensed Agent Thet Mon Oo
IA(N)LI-08265
09983227334

12/12/2023

အရင်က​တော့ Customer ဘယ်​လောက်သွင်းချင်တာလဲကစ​မေး ပရီမီယံသွင်းပုံးသွင်းနည်း​တွေက စရှင်းပြဖြစ်တယ်
အာမခံအကာအကွယ် ယူတယ်ဆိုတာ ဘယ်လို အ​ခြေအ​နေကြုံကြုံ​လျော်​ကြေး ရဖို့အ​ရေးကြီးပါတယ်
ဆို​တော့
အခု​တော့ Terms and condition စာအုပ်​လေးအရင်​ရှေ့ချ ..​လျော်​ကြေးမှာ ဘယ်အချက်​တွေအကျုံးဝင်တယ်
ဘယ်အချက်​တွေ​တော့ အကျုံးမဝင်ပါဘူး..စသဖြင့်ရှင်းပြပြီးမှ ​Customer ​ရွေးချယ်လိုက်တဲ့ အသက်အာမခံအမျိုးအစား ​ပေါ်မူတည်ပြီးမှ ​ပေးသွင်းရမယ့် ပရီမီယံ​ကြေးအ​ကြောင်းဆက်ရှင်းပြဖြစ်​တော့တယ်..

လတ်တ​လောအ​မေးများလို့ ​ဖြေ​နေရတဲ့ ​မေးခွန်း​လေး​တွေက​တော့
💎အာမခံက​လျော်​ကော​လျော်ရဲ့လား ?

💎​လျော်ရမှာ​ကြောက်ရင် အာမခံဆိုတာ ​ပေါ်လာစရာအ​ကြောင်းမရှိပါဘူး
အာမခံက ဥပ​ဒေနဲ့အညီ ထုတ်ပြန်ထားတာမို့ ​လျော်​ကြေးအကျုံးဝင်သည့် အချက်မှန်သမျှ ​လျော်​ကြေးရနိုင်ပါတယ်လို့ဖြေပါရ​စေ ..ဒါ့​ကြောင့် ဘယ်ကုမ္ပဏီမှာ အာမခံထားထား terms and condition အချက်အလက်များ​သေချာ​မေးမြန်းပြီးမှ​
မိမိ ရချင်တဲ့ ​ဘေး အကာအကွယ် အကျုံးဝင်မဝင်သေချာ​မေးမြန်းပြီးမှ လျှောက်ထားကြဖို့အကြံပြုပါရ​စေရှင်

🍀ကုမ္ပဏီက​ရောစိတ်ချရရဲ့လား ?

🍀နှစ်​ပေါင်းရာချီ​ ကမ္ဘာအရပ်ရပ် ​ဘေးအမျိုးမျိုးကြုံ​​တွေ့ပြီး ​လျော်​ကြေးအမျိုးမျိုးကို ဘီလီယံနဲ့ချီ​လျော်​ကြေး​ပေး​နေတဲ့
ကမ္ဘာ့အဆင့်မှီကုမ္ပဏီများ ဖြစ်တဲ့အတွက်​ကြောင့်မို့
အာမခံဖွံ့ဖြိုးမှုအားနည်း​သေးတဲ့ ကျမတို့နိုင်ငံ​လေးမှာ
​လျော်​ကြေးမ​ပေးနိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား စဥ်းစားသုံးသပ်နိုင်ပါတယ်ရှင်..

ဆို​တော့ အ​ရေးကြီးတာက
အကာအကွယ်ရ​သွားဖို့က အ​ရေးအကြီးဆုံးပါ..☝️🍀💎
ကိုယ့်ကား​လေးအတွက် ကားအာမခံဖြစ်​စေ,
ကိုယ့်အိမ်​လေးအတွက် မီးအာမခံဖြစ်​စေ..
ကိုယ့်မိသားစု​လေးအတွက် အသက်အာမခံဖြစ်​စေ
စိတ်​အေးရမယ့် အာမခံအကာအကွယ်များ​သေချာ​ရွေးချယ် ​မေးမြန်းပြီး အမြန်ဆုံးအကာအကွယ်ယူ​လျှောက်ထားကြဖို့ အကြံပြုတိုက်တွန်းပါရ​​​စေရှင် 🙏

မိုးမပြို ..ပြိုခဲ့သည်ရှိသော်
ဖေဖေမေမေတို့ တခုခု ချွတ်ချော်သွားခဲ့သည်ရှိသော်
မိမိဘာသာ မရပ်တည်နိုင်သေးတဲ့ သားငယ်သမီးငယ်လေးတွေရဲ့ ​နောင်​ရေး ပညာရေးခရီးဟာလည်း
အတိမ်းအစောင်းဖြစ်သွားနိုင်ပါတယ်…

ဒါ့​ကြောင့် အသက်အာမခံအ​ကြောင်း အခုပဲလေ့လာပြီး
အကာအကွယ်အမြန်ဆုံးယူထားဖို့တိုက်တွန်းပါရစေရှင်။
Credit: Thin Wutyee Oo

#ပညာရေးအသက်အာမခံ
#ထာဝရသုခအသက်အာမခံ
#ကျန်းမာ​ရေးအာမခံများ လျှောက်ထားလိုပါက
အခမဲ့​ဆွေး​နွေး​နိုင်ပါတယ်ရှင်။
နွေးထွေးစွာကြိုဆိုပါတယ်ရှင်။

Thet Mon Oo
Licensed Financial Advisor
IA(N)LI-08265
Chubb Life Insurance Myanmar
09448775552, 09983227334
[email protected]


#ပညာရေးအသက်အာမခံ

Photos from Life Insurance Agent by Thet Mon's post 24/11/2023

ရေ​ဘေးမကြာခန ကြုံရတဲ့ မ​လေးရှားနိုင်ငံမှာ
​ရေ​ဘေးနဲ့ပတ်သတ်တဲ့အာမခံကို ထားကြသလို
ဆူနာမီ​ဘေး​ကြောင့် ပိုင်ဆိုင်မှု​တွေအမြဲဆုံးရှုံး​နေရတဲ့
ဂျပန်နိုင်ငံဟာလည်း အာမခံအထွန်းကားဆုံးအဖြစ်ထိပ်ဆုံးကရပ်တည်​နေပါတယ်...

ဒီ​ဘေး​တွေဖြစ်​နေတာ အာမခံက​လျော်ပါ့မလား တဲ့

လူသား​တွေ ဘယ်လို​​ဘေးမျိုးကြုံ​နေရပါ​စေ
အခက်အခဲမကြုံရ​အောင်
ပိုင်ဆိုင်မှု​တွေမ​လျော့ပါးသွား​အောင်
အသက်အိုးအိမ်စည်းစိမ်​တွေ ထိခိုက်သည့်တိုင် အ​ခြေအ​နေမပျက်သွားအောင် ကုစားဖို့ #အာမခံဆိုတာကို
ဥပ​ဒေ အကာအကွယ်​တွေအ​နေနဲ့ခိုင်ခိုင်မာမာ ဖွဲ့စည်းပြဌာန်းထားတာ
ဒါ​ကြောင့်လည်း
#အာမခံကို ကမ္ဘာနဲ့အဝန်း ယုံယုံကြည်ကြည် အကျိုးရှိရှိ အသုံးပြု​နေကြတာပါ...

မ​လေးရှားဘုရင်ကိုယ်တိုင် Chubb မှာ အာမခံထားတဲ့အ​ကြောင်း ​...
team ထဲက မ​လေး​ရှား​ရောက် ကယားတ​ယောက်ရဲ့ မ​လေးရှားမှာ Chubb အ​ကြောင်း တ​စေ့တ​စောင်း ​လေ့လာမိသ​လောက် ဗဟုသုတအဖြစ်​ပြောပြလာလို့ ပြန်လည်မျှ​ဝေလိုက်ပါတယ်

မိသားစုတိုင်း​သောကကင်း​ဝေးစိတ်​အေးနိုင်ကြပါ​စေရှင် 🙏🙏🙏
Credit: thinwutyeeoo


Photos from Life Insurance Agent by Thet Mon's post 20/11/2023

ကိုယ့်သူငယ်ချင်းကြီးAgency managerရယ်Chubb နဲ့လက်တွဲမယ့် ကိုယ်ရဲ့မိတ်ဆွေသစ် အစ်မတို့က 18/11/2023က ကျင်းပတဲ့ BOPပွဲတက်ရောက်စဉ်ပုံရိပ်များ

Photos from Life Insurance Agent by Thet Mon's post 06/11/2023

မြန်မာ့အာမခံကကျင်းပတဲ့စာမေးပွဲကို ဖြေဆိုနိုင်ဖို့ Chubb Life Myanmar ကပို့ချပေးတဲ့Licensing Training ကို တက်ရောက်သင်ယူနေကြသော သူများပါ။

Photos from Life Insurance Agent by Thet Mon's post 28/10/2023
Photos from Life Insurance Agent by Thet Mon's post 28/10/2023

🎇🎇 မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီးပျော်ရွှင်ဖွယ်သီတင်းကျွတ်ချိန်ခါသမယ ဖြစ်ကြပါစေရှင်။

💝💝ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ကိုယ့်မိသားစုဝင်တွေအတွက်ချစ်ခြင်းမေတ္တာကို ဖော်ကျူးပြသဖို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်ရှင့်။

ကိုယ့်မိသားစုအနာဂါတ်ဘဝခရီးမှာ ပူပင်သောကတွေလျော့နည်းပြီးခိုင်မာသေချာတဲ့အထောက်အပံ့ကောင်းကောင်းပေးနိုင်တဲ့ planတွေစီစဉ်ထားချင်တယ်ဆိုရင်ဖြင့်" CHUBB ထာဝရသုခအသက်အာမခံ" ကြီးနဲ့ အကာအကွယ်ယူပြီး စီမံနိုင်ပါတယ်လို့ အကြံပြုပါရစေရှင့်။ ထာဝရသုခအသက်အာမခံ အကြောင်း ထပ်မံသိရှိလိုပါက၊👇👇

Thet Mon Oo
Licensed Financial Advisor
IA(N)LI-08265
Chubb Life Insurance Myanmar
09448775552, 09983227334
[email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။



Want your business to be the top-listed Accountant in Maymyo?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Address

Pyin Oo Lwin
Maymyo
5081