Echoes of Untold Stories

Echoes of Untold Stories

Share

Storytelling...

21/05/2026

စာပေရနံ့ သင်းပျံ့နေတဲ့ မိန်းကလေးတစ်ယောက်အတွက်
ဘာလို့ ယောကျာ်းတစ်ယောက်ရဲ့
ဖျော်ဖြေမှုနဲ့ တည်ရှိမှုကို
လိုနေသေးတယ်လို့ ထင်နေကြတာလဲဟင်း...

10/05/2026

"အရပ်တချို့ (Some Places)"

ကိုယ်ဘာမှမပေးကမ်းလည်း ကြိုဆိုနေမဲ့ အရပ်တချို့ကို သဘောကျတယ်...

ကိုယ်ထူးထူးခြားခြားလှပမနေလည်း ခင်မင်ရင်းနှီးနေမယ့် အရပ်တချို့ကိုချစ်ခင်တယ်...

ကိုယ်ပညာမတတ်ပေမဲ့လည်း အထင်မသေးမဲ့ အရပ်တချို့ကို လေးစားတယ်...

ကိုယ်အမှားတွေ လုပ်နေလည်း အပြစ်မမြင်တဲ့ အရပ်တချို့ကို ကျေးဇူးတင်တယ်...

ကိုယ့်အပြောအဆိုတွေ တခါတလေမှားနေမိလည်း မုန်းမသွားဘဲ နားလည်ပေးတဲ့ အရပ်တချို့မှာ နေပျော်တယ်...

ကုန်အောင်ပြောရရင် ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်၊ ကိုယ့်ရဲ့ စကားလုံးတွေထက် ကိုယ့်ရဲ့စိတ်နှလုံးကို မြင်အောင်ကြည့်နိုင်တဲ့ အရပ်တချို့ကို ဒီလောကမှာ တန်ဖိုးအထားရဆုံးပါဘဲ...

💛💛

10/05/2023

21/04/2026

အချစ်က နေရာတခုကို (သို့) လူတစ်ယောက်ကိုတောင် ရာဇာဝင် သွင်သွားစေနိုင်တယ် ...
ဥပမာ ဂျပန်မှာ ရှိတဲ့ Nara တောင်တန်းပေါ်က Sukura အလှလိုမျိုးပေါ့ ...
Nara တောင်ပေါ်မှာရှိတဲ့ အမျိုးသားတစ်ယောက်က သူအမျိုးသမီးအတွက် Sakura အပင်ပေါင်း တစ်ထောင်စိုက်ပေးတယ်တဲ့လေ...

Want your business to be the top-listed Accountant in Mawlamyine?

Click here to claim your Sponsored Listing.

Location

Website

Address

Mawlamyine
12010