24/03/2026
We are hiring for our Firm
Accounting & Auditing Service
24/03/2026
We are hiring for our Firm
16/02/2026
16/02/2026
Stock taking for Accounting Setup
Mart
# Accounting Setup
Mar Lwin & Associates
05/02/2026
12/01/2026
"လုပ်ငန်း ၁ ခုမှာ Inventory (ကုန်လက်ကျန်) ကို စနစ်တကျထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးလဲ ?"
လုပ်ငန်းရှင်တော်တော်များများက "ပစ္စည်းရောင်းရမှ အမြတ်ထွက်တာ" လို့ပဲ ထင်တတ်ကြ ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ဂိုဒေါင်ထဲမှာ ကျန်နေတဲ့ ကုန်ပစ္စည်းလက်ကျန် (Closing Stock) က သင့်လုပ် ငန်းရဲ့ အရှုံး ၊ အမြတ်ကို တိုက်ရိုက် အတိုးအလျှော့ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သိပါသလား?
နိုင်ငံတကာစာရင်းစံနှုန်း IAS 2 ရဲ့ အခြေခံမူတွေအရ လုပ်ငန်းရှင်နဲ့ စာရင်းကိုင်တွေ သတိထားရမယ့် အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။
၁။ ကုန်ပစ္စည်းလက်ကျန်နဲ့ အမြတ်ရဲ့ ဆက်စပ်မှု (The Logic)
စာရင်းအင်းသဘောတရားအရ ရောင်းလိုက်ရတဲ့ ပစ္စည်းဖိုး (Cost of Sale ) ကို တွက်ချက်တဲ့ အခါ:
Cost of Sale = အဖွင့်လက်ကျန် + ဝယ်ယူမှု - အပိတ်လက်ကျန်
ဒါကြောင့် လကုန်မှာ စာရင်းအပိတ်လက်ကျန် (Closing Stock) စာရင်း မှားယွင်းပြီး နည်းနေမယ်ဆိုရင် ရောင်းရစရိတ် (COGS) များသွားပြီး သင့်လုပ်ငန်းရဲ့ အမြတ်ကို အမှန်တကယ်ထက် လျော့နည်းသွားစေမှာဖြစ်ပါ တယ်။ မှားယွင်းပြီး Closing Stock များနေမယ်ဆိုရင်တော့ အမှန် အမြတ်ထက်ပိုနေမှာဖြစ်ပါတယ်။
၂။ တန်ဖိုးသတ်မှတ်ခြင်း - "ဘယ်ဈေးနဲ့ စာရင်းသွင်းမလဲ?" (IAS 2 Valuation)
ဒါဟာ လုပ်ငန်းရှင်တွေ နဲ့ ကျမတို့ စာရင်းကိုင်တွေ သတိထားရမဲ့ အချက်ပါ။ IAS 2 အရ Inventory ကို အောက်ပါ (၂) ခုထဲကမှ "ပိုနည်းတဲ့တန်ဖိုး" တစ်ခုနဲ့ပဲ စာရင်းသွင်းရပါမယ်။
• Cost (ဝယ်ရင်းဈေး): ပစ္စည်းဝယ်တုန်းက ပေးရတဲ့ဈေး။
• Net Realizable Value - NRV (လက်ရှိရောင်းဈေး): အခုလက်ရှိရောင်းရင်ရမဲ့ ခန့်မှန်းရောင်းဈေး ထဲက အခုလက်ရှိရောင်းရင် ကုန်ကျမဲ့ ကုန်ကျစရိတ်ကို နှုတ်ထားသည့် တန်ဖိုး။
ဥပမာ:
သင်က ဖုန်းတစ်လုံးကို ၁၀ သိန်းနဲ့ ဝယ်ထားပေမဲ့ မော်ဒယ်ဟောင်းသွားလို့ အခု ၈ သိန်းပဲ ရတော့မယ် ဆိုရင် စာရင်းထဲမှာ ၈ သိန်းပဲ ပြရပါမယ်။ ဒီနေရာမှာ ဖုန်းရဲ့ မူရင်းဝယ်ဈေးက - Cost ဖြစ်ပြီး ၊ လက်ရှိပြန်ရောင်း လျှင်ရမဲ့ ခန်းမှန်းရောင်းဈေးက ၈ သိန်းက - NRV ဖြစ်တယ်။ ဒါကြောင့်နည်းတဲ့ ဈေးကိုယူရမှာဖြစ်တဲ့အတွက် Inventory တန်ဖိုးသင့်တဲ့အခါ ပစ္စည်းရဲ့ဈေးကို ၈ သိန်းပဲယူရတာဖြစ်ပါ တယ်။
၃။ Inventory နည်းလမ်းရွေးချယ်မှု (FIFO Vs Weighted Average)
ပစ္စည်းတွေ တစ်ခေါက်နဲ့ တစ်ခေါက် ဝယ်ဈေးမတူတဲ့အခါ အမြတ်တွက်ပုံ ကွာခြားသွားပါတယ်။ IAS 2 က ခွင့်ပြုထားတဲ့ နည်းလမ်း (၂) ခုရှိပါတယ်။
• FIFO (First-In, First-Out): အရင်ဝယ်တဲ့ဈေးနဲ့ အရင်ရောင်းတယ်လို့ ယူဆတာပါ။ ကုန်ဈေးနှုန်း တက်နေတဲ့ အချိန်မှာ FIFO ကိုသုံးရင် အမြတ်ပိုထွက်လေ့ရှိပါတယ်။
• Weighted Average: ဝယ်ထားတဲ့ဈေးတွေအားလုံးကို ပျမ်းမျှတွက်တာပါ။
________________________________________
💡 စာရင်းကိုင်နှင့် လုပ်ငန်းရှင်များအတွက် အကြံပြုချက်
• Stock Count (မြေပြင်စာရင်းတိုက်ခြင်း): စာရင်းထဲမှာတော့ ရှိတယ်၊ အပြင်မှာ ပစ္စည်းက ပျက်စီးနေပြီ ဒါမှမဟုတ် ပျောက်နေပြီဆိုရင် သင့်လုပ်ငန်းဟာ အမှန်တကယ်တော့ ရှုံးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်စာရင်း နဲ့ မြေပြင်လက်ကျန်် ကိုက်ညီမှန်ကန်မှုရှိဖို့ စာရင်းများမှန်ကန်စွာရေးသွင်းရန် နှင့် မြေပြင်လက်ကျန်များ ကောက်ယူခြင်းကို လုပ်ငန်းတွေက မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
• Slow-moving Inventory: ဂိုဒေါင်ထဲမှာ ကြာရှည်အိပ်နေတဲ့ ပစ္စည်းတွေဟာ Out of Date ဖြစ်နိုင်သော ၊ ပျက်စီးနိုင်သော ပစ္စည်းများဖြစ်လျှင် လုပ်ငန်းရဲ့ အမြတ်ကို ဝါးမြိုနေတဲ့ အသုံးစရိတ်တွေ ဖြစ်လာနိုင် ပါတယ်။
Inventory စာရင်းသွင်းမှုက Statement of Profit or Loss ရဲ့ Cost of Sale အောက်နဲ့ Statement of Financial Position ရဲ့ Current Assets အောက်မှာပါ စာရင်းသွင်းရခြင်းဖြစ်တဲ့ အတွက် Financial Statements ( ဘဏ္ဍာရေးရှင်းတမ်း) တစ်ခုလုံး မှန်ကန်ဖို့အတွက် အသက် သွေးကြောဖြစ်ပါတယ်။
Business
Tips
10/01/2026
"အမြတ်ကတော့ ရှိတယ်၊ လက်ထဲမှာ ပိုက်ဆံက ဘာလို့မကျန်တာလဲ?" 💸🤔
"အရောင်းတွေလည်း သွက်တယ်၊ စာရင်းချုပ်ကြည့်တော့လည်း အမြတ်ကရှိတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်ငန်းလည်ပတ်ဖို့ ကျတော့ လက်ထဲမှာ ငွေသားမကျန်တော့ဘူး" ဆိုတဲ့ အခြေအနေမျိုးကို လုပ်ငန်းရှင်တိုင်း ကြုံဖူးကြမှာပါ။
စာရင်းကိုင်ပညာရပ်မှာ အမြတ် (Profit) ရှိခြင်းနဲ့ ငွေသားစီးဆင်းမှု (Cash Flow) ကောင်းခြင်းဟာ တစ်ခုနဲ့တစ်ခု မတူညီ ပါဘူး။
အမြတ်ရှိနေပါလျက်နဲ့ လက်ထဲမှာ ငွေသားဘာကြောင့် မကျန်ရသလဲဆိုတဲ့ အဓိကအကြောင်းရင်း (၅) ချက်ကို ရှင်းပြပေးချင်ပါတယ်။
(၁) ပိုင်ဆိုင်မှုအသစ်များ ဝယ်ယူခြင်း (Fixed Assets)
လုပ်ငန်းသုံး စက်ပစ္စည်း၊ ကား သို့မဟုတ် ရုံးသုံးပစ္စည်းတွေကို ဝယ်ယူတဲ့အခါ ငွေသားတွေ အများကြီး သုံးလိုက်ရပါတယ်။ ဒါပေမဲ့ ဒါဟာ "အသုံးစရိတ်" မဟုတ်ဘဲ လုပ်ငန်းရဲ့ "ပိုင်ဆိုင်မှု" ဖြစ်တဲ့အတွက် အရှုံးအမြတ်စာရင်းမှာ တစ်ခါတည်း သွားမနှုတ်ပါဘူး။ ဒါကြောင့် စာရင်းမှာ အမြတ်ရှိနေပေမဲ့ လက်ထဲမှာတော့ ငွေထွက်သွားတာမျိုး ဖြစ်တတ်ပါတယ်။
(၂) အကြွေးရောင်းရမှုများခြင်း (Trade Receivables)
ပစ္စည်းတွေ အမြတ်တင်ပြီး ရောင်းလိုက်ရပေမဲ့ ဝယ်သူဆီက ငွေချက်ချင်းမရဘဲ "အကြွေး" ဖြစ်နေတဲ့အခါမျိုးပါ။ စာရင်းအရ အရောင်းတက်ပြီး အမြတ်ပြနေပေမဲ့ လက်ကောက်ထဲကို ငွေသားမရောက်လာသေးတဲ့အတွက် ငွေပြတ်လပ်မှုကို ကြုံရတတ်ပါတယ်။
(၃) ကုန်ပစ္စည်း (Stock) များ အမြောက်အများ ဝယ်ထားခြင်း
ရောင်းရမယ့် ပမာဏထက် ကုန်စည်တွေကို ပိုပြီး ဝယ်ယူစုဆောင်းထားတဲ့အခါ ကိုယ့်ရဲ့ ငွေသားတွေဟာ ဂိုဒေါင်ထဲမှာ ကုန်ပစ္စည်းအဖြစ် "အိပ်နေ" တတ်ပါတယ်။ ဒါဟာ အသုံးစရိတ်မဟုတ်ဘဲ "လက်ငင်းပိုင်ဆိုင်မှု" ဖြစ်နေတဲ့အတွက် အမြတ် စာရင်းကို မထိခိုက်ပေမဲ့ လက်ထဲမှာတော့ ငွေမကျန်တော့တာမျိုးပါ။
(၄) အကြွေးများ ပြန်လည်ပေးဆပ်ခြင်း (Repayment of Loans & Payables)
ဘဏ်ချေးငွေ ဒါမှမဟုတ် ကုန်ကြွေးတွေကို ပြန်ဆပ်တဲ့အခါမှာ လက်ထဲက ငွေသားတွေ ထွက်သွားပါတယ်။ အထူးသဖြင့် ချေးငွေ "အရင်း" ကို ပြန်ဆပ်တာဟာ အသုံးစရိတ်မဟုတ်တဲ့အတွက် အမြတ်ကို မလျော့စေပေမဲ့ လက်ထဲက ငွေကိုတော့ သိသိသာသာ လျော့နည်းသွားစေပါတယ်။
(၅) ကြိုတင်ပေးငွေများ ပေးလိုက်ရခြင်း (Advances & Prepayments)
ရုံးခန်းငှားခကို (၆) လစာ ကြိုပေးလိုက်တာမျိုး၊ ဒါမှမဟုတ် ပစ္စည်းဝယ်ဖို့ အစရန်ငွေ (Deposit) ကြိုပေးလိုက်တာမျိုးတွေဟာ ပေးချေလိုက်တဲ့အချိန်မှာ အသုံးစရိတ်အဖြစ် စာရင်းမသွင်းရသေးပါဘူး။ ငွေသားကတော့ လက်ထဲက ကြိုထွက်သွားပြီဖြစ် တဲ့အတွက် အမြတ်နဲ့ ငွေသား မကိုက်ညီတော့တဲ့ အခြေအနေမျိုး ဖြစ်ပေါ်စေပါတယ်။
________________________________________
ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ အမြတ်ရှိရုံတင်မကဘဲ လုပ်ငန်းရေရှည်တည်တံ့ဖို့အတွက် ငွေသားစီးဆင်းမှု (Cash Flow) ကို စနစ်တကျ စီမံခန့်ခွဲဖို့ အလွန်အရေးကြီးပါတယ်။
အထက်ပါအချက်တွေအပြင် မိတ်ဆွေတို့ရဲ့ လုပ်ငန်းမှာရော ဘယ်လိုအကြောင်းရင်းတွေကြောင့် လက်ထဲမှာ ငွေမကျန်တာမျိုး ကြုံဖူးကြလဲ?
သိချင်တာရှိရင်ဖြစ်ဖြစ်၊ ဖြည့်စွက်ချင်တာရှိရင်ဖြစ်ဖြစ် Comment မှာ ဝင်ရောက်ဆွေးနွေးခဲ့ပါဦးနော်။ 👇
# Wai Mar Lwin & Associates
# Audit & Accounting Firm
# Accounting Tips
# Cash Flow Management
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |