Amazing Consulting

Amazing Consulting

Share

Amazing Consulting had founded in April 2019 and we had working for 100 clients for Monthly Accounti

22/10/2020

ခုလိုဘယ်အချိန်ပြီးဆုံးမှန်းမမှန်းဆနိုင်တဲ့
ကာလကြီးမှာ လုပ်ငန်းတွေခဏနားထားရင်း အမြဲတမ်းမျှော်လင့်နေခဲ့တဲ့
လုပ်ငန်းတွင်းစာရင်းအင်းနဲ့ စနစ်တွေကို
Update လုပ်ချင်ပါသလား ??? 🧏‍♂️🧏‍♂️🧏‍♂️

စာရင်းတွေကို မှန်မှန်ကန်ကန်တိတိကျကျ
လုပ်ချင်တယ်.. အသုံးပြုရင်လည်းကောင်းမယ်ဆိုတာတွေကိုလည်းသိနေရက်နဲ့ ..

စာရင်းအင်းကို ဘယ်ကနေစတင်လုပ်ဆောင်ရမလဲ ? 🧏🧏🧏
👩‍💻စာရင်းစနစ်တစ်ခုလုံး ပြီးဖို့ ကိုယ့်ဘာသာ အစအဆုံး လုပ်နိုင်ပါ့မလား ?
👨‍💻ကိုယ့်ဘာသာ လုပ်တတ်သလိုလုပ်လိုက်တဲ့ စာရင်းတွေကြောင့် လုပ်ငန်းရဲ့ အရှုံးအမြတ်တွေသေချာဝေခွဲမရနိုင်ဘူး ဖြစ်နေလား ?
👩‍💻လုပ်တော့မယ်ဆိုရင်လဲ ဘယ်ကနေစလုပ်ရမှာလဲ?
🔥ဒီလိုစိုးရိမ်စရာတွေနဲ့ပဲ စာရင်းဆိုတာကြီးနဲ့ ဝေးကွာနေခဲ့ပါတယ်..
🤟ခုတော့ အချိန်လေးလည်း ရတုန်း
အခွင့်အရေးကောင်းကြီးတစ်ခု
သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါပြီ..

😘လူကြီးမင်းလုပ်ငန်းရဲ့ စာရင်းစနစ်ကြီးတစ်ခုလုံး စနစ်တကျလေး ဖြစ်ပြီးအကောင်းဆုံးနဲ့ အသေချာဆုံး ရလဒ်တွေထွက်အောင်
ကျွန်တော်တို့ Amazing Consulting မှ ကူညီပါရစေ..

အသေးစိတ်သိရှိလိုပါက
💡+95 ( 9 ) 252584280 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်





19/06/2020

မွေးနေ့မှ စ နောင်နှစ်ပေါင်းများစွာ
ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာပါစေ အမေ
💜💜💜💜💜💜💜💜💜💜
အသက်ရာကျော်ရှည်ပြီး
ပြည်ထောင်စုမြန်မာနိုင်ငံကို
ဦးဆောင်လမ်းညွှန်မှုတွေပေးနိုင်ပါစေ..
🙏🙏🙏🙏🙏

29/03/2020

COVID-19 က ပေးတဲ့အခွင့်အရေးကို အပြည့်အ၀ အသုံးချကြပါစို့
📣📣📣📣📣📣📣📣📣📣📣📣
ရုံးပိတ်ရက်ရှည် ( သို့မဟုတ် ) မိသားစုနဲ့ ရက်ရှည်ပြန်နေခွင့်ရဖို့ဆိုတာ ၀န်ထမ်းတွေ အတွက် အင်မတန် ရတောင့်ရခဲ အခွင့်အရေးပါပဲ ..

Virus ကိုကြောက်တာလဲ ကြောက်တာပေါ့ ..
ကြောက်လဲ ကြောက်သင့်စရာပါပဲ ...

သို့ပေမဲ့လည်း ကြောက်တာကို အကြောင်းပြပြီး ဒီကာလကို အကျိုးမဲ့စွာဖြတ်သန်းမိရင်တော့ ကိုယ်ရတဲ့ အခွင့်အရေး ကို ထိထိမိမိအသုံးမချလိုက်နိုင်မှာ တစ်ခုခုတိုးတက်အောင်မလုပ်နိုင်လိုက်တဲ့အတွက် နောင်တ ရနိုင်ပါတယ်..

လူတွေဟာ အချိန်တွေကို တန်ဖိုးရှိရှိအသုံးမချပဲ ဆုံးရှုံးသွားရတော့မှ တန်ဖိုးရှိမှန်းသိလိုက်ရတဲ့အခါ နောင်တတွေ ရတတ်ကြပါတယ်..

ဒါဆိုဘာတွေလုပ်ရင်းဖြတ်သန်းကြမလဲ ???
💡💡💡💡💡💡💡💡💡💡
ဒီကာလတွေ ဒါတွေလုပ်ရင်း ဖြတ်သန်းနိုင်ပါတယ်
၁. ကိုယ်အားသန်ရာ ဝါသနာပါရာ ပညာရပ်တစ်ခုခုကို လေ့လာမယ်..
၂. ဘာသာရေးနဲ့ပတ်သတ်ပြီး ဘုရားစာတွေ ၊ ဘုရားသမိုင်းတွေ ၊ ပါဠိတော်တွေ လေ့လာမယ်..
၃. တရားနာ တရားထိုင်လုပ်မယ်..

ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆောင်ရန် ရှောင်ရန်တွေကတော့..
🍓🍈🍒🍑🥭🍍🍏🍎🍐🍊🍋🍋🍌
၁. လက်ကိုမကြာခဏဆေးကြောပါ..
၂. လူအများကြားကိုသွားပါက မျက်နှာဖုံးတပ်ဆင်ပါ…
၃. ကိုယ်ခံအားကောင်းအောင်နေထိုင်ပြီး အိပ်ရေး၀၀ အိပ်ပါ..
၄. တတ်နိုင်သမျှမလိုအပ်ပဲ အပြင်မထွက်ပါနဲ့..

အားလုံး ဥာဏ်ရှိရှိ သတိ ဝီရိယ ရှိရှိ ဖြတ်ကျော်ကြပါစို့..

27/03/2020

Amazing Technologies နှင့် Amazing Consulting ဌာနခွဲလက်အောက်ရှိ လက်ရှိ Services ၊ Software Implementation နှင့် Software Training များအားလုံးကို ယနေ့ 27 March 2020 ရက်နေ့မှ စတင်၍ ရပ်ဆိုင်းမည်ဖြစ်ပါသည်။

Service ကာလအတွင်းအကျုံး၀င်သော Amazing မှ System ( သို့မဟုတ် ) Services များကို အသုံးပြုနေသော Customer များအတွက် Service ကာလကို Resume ပြန်လည်ရရှိမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

01/01/2020

နှစ်သစ်ဆုတောင်း
🙏🏻 🙏🏻 🙏🏻 🙏🏻 🙏🏻

🙏🏻 2020 ခုနှစ်ရဲ့ နှစ်ဆန်း(1)ရက်ကစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးပျော်ရွှင်ငြိမ်းချမ်းသော ဘ၀ကို ရရှိ ပိုင်ဆိုင်ကြပါစေ...

🙏🏻 နှစ်ဟောင်းက အပြစ်များကို အပြန်အလှန်ခွင့်လွှတ်ကြပြီး နှစ်သစ်ကို အချစ်သစ်များနှင့်ဖွင့်နိုင်ကြပါစေ...

🙏🏻 အမုန်းတရားများကိုဖယ်ခွါပြီး အပြုံးတရားများနဲ့ဖွင့်နှိုင်ကြပါစေ...

🙏🏻 အမင်္ဂလာဖြစ်စေတဲ့ အမူအကျင့်တွေကိုဖယ်ခွါပြီး မင်္ဂလာဖြစ်စေမည့် အမူကျင့်တွေနဲ့ဖွင့်လှစ်နိုင်ကြပါစေ...

🙏 စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်အောင်မြင်နိုင်ပါစေ ...

🙏🏻 လူသားအားလုံး မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ...လို့

✨✨ ကျွန်တော်များ Amazing Technologies နှင့် Amazing Consulting Group မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

09/12/2019

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ စတင် အသက်ဝင်ရောက်သည့် ၁-၁၀-၂၀၁၉ ရက်နေ့မှစတင်၍ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်တိုင်းကို သတိပြု ဆောင်ရွက်နိုင်ရန် အသိပေးထုတ်ပြန်ပါသည်

Photos from Amazing Consulting's post 23/10/2019
12/10/2019

သီတင်းကျွတ်ဆုတောင်း
++++++++++++++++
ဝါလ ကင်းလွတ် သီတင်းကျွတ် မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း Amazing Consulting Firm မိသားစု မှ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်
🙏🙏🙏🙏

Photos from Amazing Consulting's post 20/09/2019

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရသတ်မှတ်ဖော်ပြထားသည့် အခကြေးငွေများ ပြင်ဆင်သတ်မှတ်ခြင်း။

အောက်တိုဘာလ ၁ ရက်နေ့မှ စတင်သက်ရောက်မည်ဖြစ်ပါသည်။

15/08/2019

Audit ဘာလုပ်

Audit နှစ်မျိုး External Audit နဲ့Internal Audit ရယ်လို့ရှိတဲ့ အထဲကမှ Audit လို့သုံးနှုန်းရင် External Audit ကိုရည်ညွှန်းပါတယ်။

Auditor များဟာ financial statement ပေါ်မှာ true & fair opinion ပေးရပါတယ်။

Assurance ကတော့ resonable insurance ပါ 100% assurance မဟုတ်ပါဘူး

ကြီးကြီးမားမား အမှားများတော့ ကင်းရှင်းရပါမယ်။ ( free from material misstatement )

အရင်ကတော့ရေးဆွဲထားတဲ့ Accounting Framework ကို သိရှိရပါမယ် ။
Myanmar မှာ MAS
USA မှာ USGAAP
UK မှာ SSAP
Singapore မှာ FRS

ယခုဆိုရင်တော့ တစ်ကမ္ဘာလုံးလက်ခံတဲ့ IAS/ IFRS framwork နဲ့ စစ်ကြပါတယ် ။

👉 Audit ဆိုတဲ့ သ​ဘောတရား​လေး နည်းနည်း ရှင်းပြပီး​တော့

💎 Auditor တစ်​​ယောက်​ရဲ့ Ethic (ကျင့်​ဝတ်​​တွေ)၊ Professional Skepticism (ထားရှိရမယ့်​ စိတ်​​နေသ​ဘောထား) ​တွေကို ဆက်​​ပြော​ပေးပါမယ်​။

နောက်​ထပ်​လည်း Ethic ဆိုရင်​ Threat နဲ့ Risk ​တွေနဲ့ ပါ တွဲ​နေလို့ Auditor's Rights & Duties ​တွေ နဲ့ အားသားချက်​ ၊ အားနည်းချက်​​တွေဆက်​​ပြောသွားပါ့မယ်​။

👍 Auditor တစ်​​ယောက်​အတွက်​ Skill ချင်းတူရင်​​တောင်​ Ethic ရှိမှ တကယ့်​ အနှစ်​ပြည့်​ဝ တဲ့ Auditor တစ်​​ယောက်​ဖြစ်​မှာပါ။

------------------------------------

💎 💎 💎 Auditor's Ethic

1. Intregrity (Straight Forward)
ရရှိတဲ့ evidences ​တွေက​နေ ​ဖြောင့်​မတ်​ မှန်​ကန်​စွာ​တွေး​ခေါ် ဆုံးဖြတ်​နိုင်​ရပါမယ်​။

2. Objectivity (free from bias and not to permit influence decision making)
ဘက်​လိုက်​မှု ကင်းရှင်းစွာနဲ့ ကိုယ့်​ ရဲ့ ဆုံးဖြတ်​ချက်​ကို ဘယ်​သူက မှ လွမ်းမိုးမှု မရှိ​စေရပါဘူး။

3. Professional Competence and Due Care
(Duty to maintain professional knowledge and skill at a level require. Based onup to date developments in auditing practice and relevant legislation. Carry out work with a proper degree of care)
ဒီ အရာ က​တော့ skills & knowledges နဲ့ ဆိုင်​သွားပါပီ။
Auditor တစ်​​ယောက်​ ဟာ သူ့ လုပ်​ရမယ့်​ အလုပ်​နဲ့
Business natures ​တွေ နဲ့ ပတ်​သတ်​တဲ့ ဗဟုသုတ​တွေ ကျွမ်းကျင်​မှု အရမ်းလိုအပ်​ပါတယ်​။ (Audit မှ မဟုတ်​ပါဘူး၊ ဘယ်​ အလုပ်​မှာ မဆို အလုပ်​ ရဲ့ ရာထူး level ကြီးလာ​လေ​လေ၊ ရပိုင့်​ခွင့်​ ခံစားပိုင်​ခွင့်​​တွေ ပိုတိုးလာ သလို၊ တာဝန်​​ယူမှု တာဝန်​ခံမှု​ ​တွေ ပိုများလာ​လေ​လေပါ။ )
Audit ပိုင်းဆိုင်​ရာမှာ ပါမက ချိတ်​ဆက်​ ဆက်​စပ်​ ဖြန့်​ကျက်​ ​တွေး​ခေါ်ရမှု၊ ​ရှေ့​နောက်​ညီ​စေမှု​တွေ အတွက်​ Audit Standards , Accounting Standards နဲ့ legislation ပိုင်းဆိုင်​ရာများ၊ အခွန်​နဲ့ Company ဆိုင်​ရာ များ၊ Costing တွက်​ချက်​ ယူဆပုံ များ က အစ Audit အ​နေနဲ့ leader (Senior,Manager,Partner) ​တွေဟာ မသိမဖြစ်​ မတတ်​ မဖြစ်​ သိရပါ့မယ်​။ကိုယ့်​​အောက်​က အငယ်​​တွေ မ​တွေ့ မမြင်​ရင်​​တောင်​ မြင်​နိုင်​ရမယ်​သိနိုင်​ရမယ်​။ ကိုယ့်​ ရဲ့ အဖွဲ့ Audit Team ကိုလည်း သိ​အောင်​ တတ်​​အောင်​ Knowledge Sharing လုပ်​​ပေးနိုင်​ရပါမယ်​။ ကိုယ်​တိုင်​ကလည်း knowledge & skill up to date ဖြစ်​​နေနိုင်​​အောင်​ ကြိုးစားရမယ်​၊

ခုဆို Paper Less Society ဖြစ်​လာတဲ့ အတွက်​ အဖွဲ့ အစည်းတိုင်း Paper work ​တွေ​လျှော့ချ​နေတာဖြစ်​တဲ့ အတွက်​ Auditors ​တွေ လည်း အမှီလိုက်​ နိုင်​ရမယ်​။ ရှိသင့်​ရှိထိုက်​တဲ့၊ ရသင့်​ရထိုက်​တဲ့ စာရွက်​စာတမ်း Evident ​တွေ​တော့ ရရမှာ​ပေါ့။ (အဲ့​နေရာမှာ Audit Evidences ကိုသပ်​သပ်​ထပ်​ရှင်းပါမယ်​။ ) ​ပြောစကား နဲ့ လက်​​တွေ့ ကိုက်​ညီ မှု ရှိမရှိလည်း ချိန်​ဆ ​နေရပါမယ်​။
ထိုက်​သင့်​တဲ့ သတိ၊ ဝိရိယ ၊ သမ္မာဇဉ်​ များရှိရပါ့မယ်​။ (Professional Skepticism ကို ​နောက်​ကျရင်​ ဆက်​ရှင်းပါ့မယ်​။)

4. Confidentiality
(Shoud not disclose any information to third party without proper and specific authority unless there is a legal or professional right or duty to disclose)
အဓိက က​တော့ Audit စစ်​ရင်​ အကုန်​လုံး သိရမှာ ဖြစ်​လို့ Business မှာ ပြိုင်​ဆိုင်​ ရမှု​တွေ ရှိတဲ့ အတွက်​ ကိုယ့်​ Client ရဲ့ information ​တွေကို မ​ပေါက်​ကြား​အောင်​ ​စောင့်​ထိန်း​ပေးရခြင်းပါ။ အဲ့​နေရာမှာ ခြွင်းချက်​​လေး​တွေ​တော့ ရှိပါတယ်​။ ​နောက်​မှ ထပ်​ရှင်းပြပါ့မယ်​။

5. Professional Behavior
(Comply with relevant laws and regulation and avoide any action that discredits the profession)
သက်​ဆိုင်​ရာ ဥပ​ဒေ များ၊ စည်းမျဉ်းများကို လိုက်​နာ ရမည့်​အပြင်​၊ ကိုယ့်​ရဲ့ Profesdional Body တစ်​ခုကို ထိခိုက်​ နစ်​နာ​စေမယ့်​ အရာများကို ​ရှောင်​ကျဉ်​ ရပါ့မယ်​။ အလွယ်​​ပြောရရင်​ ရန်​​တွေ ချင်​​ပြောချင်​၊ ရမ်းကား ချင်​ရင်​​တောင်​ ငါက ဘာလဲ? ဘယ်​အရာ​တွေ ပတ်​သတ်​​နေလဲ ? ဆိုတာပါ စဉ်းစားရပါမယ်​၊ CPA , ACCA​တွေမှာ သူ့နဲ့ သက်​ဆိုင်​​သော အဖွဲ့ အစည်းများ ရှိပါတယ်​၊ ကိုယ့်​ရဲ့ အပြုအမူ​ကြောင့်​ ကိုယ့်​ရဲ့ အဖွဲ့ အစည်း တစ်​ခု တစ်​ခု ထိခိုက်​သွား​စေမယ့်​ ကိစ္စရပ်​မျိုး ဆို မလုပ်​ရပါဘူး၊ Ethic နဲ့ အညီ ပါ ​နေထိုင်​နိုင်​ရပါ့မယ်​။
------------------------------------
နောက်​ဆုံး Ethic ​တွေ အကုန်​ ချုပ်​လိုက်​ရင်​ Independence in mind and Apperance ပါ..
------------------------------------
✨ Ethic ဆိုတာ​တွေက အလုပ်​ကိစ္စမှာ ပါမဟုတ်​ဘူး၊ ​နေထိုင်​မှု ဘဝ မှာပါ ကျင့်​သုံးနိုင်​​အောင်​ ကြိုးစားရပါ့မယ်​။
✨ ပထမ အဆင့်​ အလုပ်​မှာ နဲ့ အလုပ်​နဲ့ ပတ်​သက်​ပီး Ethic ညီ​အောင်​ လုပ်​ကိုင်​ရင်းနဲ့ ​နေထိုင်​မှု ဘဝ မှာပါ Ethic က အကျင့်​ပါလာပါလိမ့်​မယ်​။
ဒါ​ပေမယ့်​ ပုထုဇဉ်​​တွေမို့ တခါ တရံ ​ဒေါသ လည်း ရှိမယ်​၊ မ​ကျေနပ်​မှု အမြင်​​စောင်းမှု​တွေ ရှိနိုင်​​ပေမယ့်​၊ သတိနဲ့ ကပ်​ပီးထိန်း :D
🙏 တရားကျင့်​ပီးသား ပါရတာ​ပေါ့ :D

နောက်​ အပိုင်း Audit Risks ပါ၊ Ethics ,Threatနဲ့ risk ​တွေက တဆက်​တည်း​တွေပါ။ ခု​တော့ ခန ခွဲ​ရေးပါရ​စေ​နော်​ :D

Credit SKK

13/08/2019

စာရင်းတွေက စိတ်ရှုပ်စရာ၊ Accountant တွေကလည်း ရှာရခက်၊ စာရင်းမချုပ်နိုင်တော့ ဘာဆက်လုပ်ကြမလဲ ???

အချိန်မီမရတဲ့ စာရင်းတွေကြောင့်​တော့ ရှေ့ဆက်ချမှတ်ရမယ့် ဆုံးဖြတ်ချက်တွေကို အနှောင့်အယှက် အဖြစ်မခံပါနဲ့.

မိမိတို့ရဲ့ ပင်​မလုပ်​ငန်းစဉ်​ (main operation) များ​ပေါ်တွင်​သာ အပြည့်​အ၀ အာရုံစိုက်​ထားလိုက်​ပါ။
စာရင်းဆိုင်​ရာ ကိစ္စရပ်​များအတွက်​ Accounting outsourcing service များရှိ​နေပါတယ်​။

ဘဏ္ဍာရေးရှင်းတမ်းတွေ ရေးဆွဲရန်အတွက်
▪️၀န်ထမ်းအင်အား မလုံလောက်ခြင်း၊
▪️ရှေ့လုပ်ငန်းစဉ် ကို မဆောင်ရွက်နိုင်ပဲ ဘဏ္ဍာရေးရှင်းတမ်း ရရှိသည်အထိ မဆောင်ရွက်နိုင်ခြင်း စတဲ့ လိုအပ်ချက်များ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းပြုစုရေးဆွဲပေးခြင်းဆိုင်ရာ ၀န်ဆောင်မှုများနဲ့ အားဖြည့်​​ပေးလျက်​ရှိပါတယ်​။

ဒါ့အပြင်
🧩စာရင်းလုပ်​ငန်းစဉ်​ အ၀၀အား ဆောင်ရွက်ပြီးသော်လည်း ဆောင်ရွက်ထားတဲ့ လုပ်​​ဆောင်​ချက်​​တွေကို ပြန်လည်ကြီးကြပ် စစ်ဆေးပေးစေလိုခြင်း၊
🧩Chief Accountant အပြောင်းအလဲကာလတွင် စာရင်းများ အဆက်မပြတ်စေရန်အတွက် ယာယီ လက်လွှဲ တာဝန်ယူစေလိုခြင်း၊
🧩Manual မှ software စာရင်းအကူးအပြောင်းကာလအတွင်း manual နှင့် software ပြိုင်တူ စာရင်းဆောင်ရွက်ချက်များ (parallel run) ဆောင်ရွက်လိုခြင်း စတဲ့ လိုအပ်ချက်များအတွက် အတွေ့အကြုံ ဆယ်နှစ်အထက်ရှိသော member များမှ ယာယီဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ တာဝန်ယူ ကြီးကြပ်ပေးတဲ့ ၀န်ဆောင်မှုများနဲ့ ကူညီပေး​နေပါပြီ

ဆက်​သွယ်​ရန်
အမှတ်​ သ-၁၁/၇ , ၆၃ လမ်း ၊ သာယာဝတီမင်းကြီးလမ်းနှင့် ပျူ စောထီးလမ်းကြား ၊ ကျွဲဆည်ကန် ၊ ပြည်ကြီးတံခွန် မြို့နယ် ၊ မန္တလေးမြို့။
✆ ဖုန်း: 09 261442292
Email - [email protected]

Want your business to be the top-listed Accountant in Mandalay?

Click here to claim your Sponsored Listing.

Location

Address

63th Street , Between 115th X 116th Street, Pyigyi Tagon
Mandalay

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30