16/04/2026
💥ဟွာဆောင်းအခွန်ရုံးဆီက ဒီနေ့ 81born အကိုတယောက်ရဲ့မြန်မာဘက် သမီးလေးသုံးယောက်အတွက်သားသမီးမှီခိုအခွန်ပြန်အမ်းငွေ ၄နှစ်စာပြန်ဝင်လာတာလေးပါ🤩
ပုံမှန်ဟွာဆောင်းအခွန်ရုံးကတော်တော်စိစစ်တဲ့ထဲပါပြီး မြန်မာဘက်ကတင်ပြတဲ့စာရွက်တွေကိုရီးယား သံရုံးတံဆိပ်တွေပါမှ လက်ခံပေးပြီး additional documents တွေဖုန်းဆက်တောင်းပြီး မပေးနိုင်ရင်ပယ်ချတဲ့အခွန်ရုံးပေမယ့် ကံကောင်းစွာဖြင့် ဘာတံဆိပ်မှ မယူရပဲ ဖုန်းဆက်ရှင်းပြတာနဲ့တခါတည်း ငွေပြန်ဝင်တာလေးပါ💥💥
မိသားစုသားသမီးရှိရင် မြန်မာဘက်စာရွက်ပြင်တာကအစ အသေးစိတ်ညွှန်ပေးတာမို့ လျှောက်ကြည့်ကြပ့ါနော်... နောက်ပိုင်းမြန်မာဘက်စာရွက်တွေ တခြားနိုင်ငံငနဲ့ယှဉ် ရစ်တာတွေကြုံရပေမယ့် မိမိဘက်ကသေချာရှင်းပြပြီး တင်ပြပေးနိုင်ရင် လက်ခံပေးတာမို့ မိမိပေးဆောင်ခဲ့တဲ့ အခွန်ငွေတွေပြန်လည်လျှောက်ယူကြည့်ကျပါရှင်💌
31/03/2026
✅အမျိုးသမီး, သားသမီး မှီခွန်ဗီဇာနဲ့ ကိုရီးယားရောက်ပြီးရင်လည်း စရောက်တဲ့နှစ်ကစပြီး ကုမဏိီဘက်က မှီခွန်ဇနီးသားသမီး အခွန်လျော့ပေါ့အကျိုးခံစားခွင့် လျှောက်ထားပေးထားတယ်ဆိုပေမယ့် မရောက်ခင်အရင်နှစ်တွေအတွက်လည်း မှီခွန်အခွန်ပြန်အမ်းငွ လျှောက်ယူလို့ရပါတယ်နော်...
✅ဒီဟာလေးက မြန်မာအကိုတယောက်ရဲ့ ဇနီး 2024 မှာကိုရီးယားဘက်စရောက်ပေမယ့် 2021 2022 203 တို့အတွက် လူငယ်ခွန် လျှောက်ထားပြီးလို့ အခွန်ရုံးက
처리 완료 လုပ်ထားပင်မယ့် မှီခိုအခွန်ထပ်လျှောက်ခွင့်ရနေသေးတာမို့ အခွန်ရုံးတင်လျှောက်ပြီး ပြန်ရတဲ့မှိီခိုအခွန်ပြန်အမ်းငွေပါ
(1)လူငယ်ခွန်လျှောက်ထားပြီး
(2)လူငယ်ခွန်ရှေးအရင်နှစ်တွေကအကျုံးဝင်ပြီးထပ်လျှောက်ခွင့်မရသူများ
(3)အမျိုးသမီးသားသမီးဖိတ်ခေါ်ဗီဇာနဲ့ခေါ်ထားပြီး အမျိုးသမီးမရှိခင်နှစ်တွေအတွက်လည်း စစ်ဆေးကြည့်ကြပါနော်📌📌📌
17/03/2026
Notice 📌📌📌
✅အခွန်ပြန်အမ်းငွေအမောင့်တွေစစ်ပေးရင်းနဲ့ အများကြီးတွေ့လာရတာလေးရှိလို့ အသိပေးစရာလေးရှိလို့ပါ...
✅မြန်မာတင်မဟုတ် GTCရဲ့ ကမ္ဘောဒီယား, ဖိလပင်း in charge တွေမှာစစ်ရင်းအများဆုံးတွေ့ပြီး အတွေ့များတာက တခြားမှာ free service နဲ့လျှောက်ပေးလို့လျှောက်ထားတာပါဆိုပြီး အဲ့ကလျှောက်ပေးတာက ပုံမှန်ရရမယ့် amount ထက်ကို 33% လျော့နေတာမျိုးပါ... 📌📌
✅ဘယ်ကလဲတော့မပြောလိုပေမယ့် သေချာ နှစ်နေရာလောက်စစ်ပြီးမှ မိမိလျှောက်ချင်တဲ့နေရာက သေချာလျှောက်ကြပါနော်...
✅တကယ်တမ်းက ဘယ်အခွန်ရုံးကမှ မိမိနာမည်နှငိ့ ID နဲ့ဖွငိ့ထားတဲ့ ဘဏ်နာမည် ဘဏ်နပါတ်ကလွဲပြီး လွဲပေးလို့မရပေမယ့် 세무 자격증 (အခွန်ရေးရာ certificate ရထားတဲ့အခွန်မှူးဆို လျှောက်ပေးတဲ့သူက service fee free လို့ပြောပြီး အခွန်မှူးကတဆင့်လျှောက်ထားရင် မိမိကိုယ်တိုင်တောင်မသိလိုက်ပဲ မိမိနဂိုရရမယ့်amount ထဲက service fee တချို့ကို ခွဲလွဲခိုင်းလို့ရတယ့် power ရှိပါတယ်)📌📌📌
✅အာ့ကြောင့် (ဒီတိုင်း အခွန်ပြန်အမ်းငွေ အလကားလျှောက်ပေးတယ်) ပြော မယုံကြပါနဲ့... Korea မှာ နေရာတိုင်း fee ရှိပါတယ် ..: fees မယူဘူးပြောထားပြီး နောက်မိမိတောင်မသိလိုက်ပဲ မိမိ ပြန်အမ်းငွေထဲက ဖြတ်လို့ရပါတယ်
✅မေးကြည့်တော့ လျှောက်ဖို့ ပြင်ဆင်ပေးတာပဲ free, အခွန်မှူးအတွက်တော့ပေးရမှာပဲ ဆိုပြီးပြောတာမို့ပါ
နဂိုထဲက အတိအကျအဲ့လိုမပြောပဲ အလကားလျှောက်ပေးပါတယ်ပဲပြောထားပြီးမှ process သိလို့ပြန်မေးမှ အဲ့လိုဖြစ်တာမျိုးတွေ တခြားနိုင်ငံသားတွေပါ ဖြစ်နေတာမို့
(အဲ့အတွက် တခုခုလက်မှတ်ထိုးယူရမယ်ဆိုရင် သေချာဖတ်ပြီး လက်မှတ်ထိုးကြပါနော်)
📌 အောက်ကတော့ တခြားမှာလျှောက်ပြီး ကံကောင်းတယ်ပဲပြောရမလား ပယ်ချခံရလို့ ထပ်လျှောက်ဖို့စစ်ဆေးကြည့်မှ အရင်လျှောက်ပေးထားတာထက် ၅သိန်းကွာဟနေတာတွေ့လို့ example အနေနဲ့ဖော်ပြပေးတာပါ📌
16/03/2026
✅ကိုရီးယားစရောက်ချိန် အသက် ၃၅နှစ်ကို လပိုင်းကျော်သွားလို့ လူငယ်ခွန် လုံးဝမရတော့တာမှန်ပေမယ့် တချို့ အခွန်ရုံး အခွန်တာဝန်ခံတွေက request သေချာလုပ်ပြီး လျှောက်ရင် တခါတလေ လက်ခံပေးတာမို့ အသက်ကျော်ပြီးထင်ပြီးလျှောက်မရတော့တဲ့ မြန်မာအကိုတယောက်ရယ်
✅၂၀၁၄ နဲ့ ၂၀၁၅ စရောက်ထဲက ကုမဏိတခုတည်းမှာပဲခုချိန်ထိလုပ်တာ စရောက်ချိန်ကစ ၂၀၁၅-၂၀၂၀ နှစ်အတွင်းပဲ လျှောက်လို့ရမှာဖြစ်ပေမယ့် ဒုတိယအကြိမ်ပြန်ဝင်တဲ့ ၂၀၂၀-၂၀၂၄ ဟာ request လုပ်ပြီးလျှောက်တာ ဒီနေ့ပြန်ဝင်လာတဲ့ မြန်မာအကိုနှစ်ဦးတို့ရဲ့ ရစရာရှိတဲ့ အခွန်ပြန်အမ်းငွေတွေပါရှငိ
📌📌စရောက်ချိန် အသက် ၃၅နှစ်ကို၁လကနေ ၆လထိကျော်သွားတဲ့အကိုတွေရယ်
တကုမ္မဏီထဲမှာ အကြာကြီးလုပ်နေတဲ့အကိုတွေ လျှောက်ဖို့သက်တမ်းကျော်နေပြီထင်ပေမယ့် စစ်ကြည့်ပြီး လျှောက်ကြည့်ကြည့်ကြပါနော်📌📌 လက်ခံပေးရင် နောင် ၅နှစ်အများဆုံးထိ ပြန်အမ်းငွေပြန်ရတာမို့ပါ😍
အခွန်ပြန်အမ်းငွေ စစ်ဖို့ လျှောက်ဖို့အတွက်လည်း cbကနေ မေးမြန်းစစ်ဆေးနိုင်ပါတယ် ☑️
27/02/2026
✅2025 연말정산 ဘယ်လောက် ဆောင်ရ\ပြန်ရ ငွေကို စက်ရုံတွေဘက်ကမပြောလို့ စစ်ဆေးချင်တာဖြစ်ဖြစ်
✅2020-2024 ကတ်သုံးစွဲမှုအပါ အထွေထွေစရိတ်တွေထဲ ပြန်အမ်းငွေထပ်ရှိ,မရှိ စစ်ဆေးချင်သူများက Kakao Talk Verification Card လေးအရင်ရှိမရှိ အောက်ပါလင့်အတိုင်း စစ်ဆေးပြီး ရရင်ပို့ပေးရင်ရပါတယ်နော်
❗️❗️ကုမဏိဘက်ကလူငယ်ခွန်လျော့ပေါ့ထားတဲ့ သူများ,
လူငယ်ခွန် ၅နှစ်စာ ရပြီးနောက်နှစ်တွေအခွန်လျော့ပေါ့မရသူများအတွက်
တခြားရစရာရှိမရှိကို အခမဲ့ စစ်ဆေးပေးနေပါတယ်✔️
Kakao verification Card လုပ်နည်း
https://www.facebook.com/share/p/1K5yo3FTGZ/?mibextid=wwXIfr
26/02/2026
မနေ့ကနဲ့ ဒီနေ့ဝင်လာတဲ့ 🇲🇲 အကိုတို့လျှောက်ထားတဲ့ လူငယ်အခွန် , အိမ်ငှားအခွန်, မှီခွိန်အခွန်ပြအမ်းငွေတွေပါ✅✅
📮2020 စာကနောက်လအထိပဲလျှောက်လို့ရတော့တာမို့ 2020 စာလျှောက်ဖို့ကျန်နေရင် အမြန်လျှောက်ဖို့တိုက်တွန်းပါတယ်ရှင့်❗️❗️❗️
📮ရစရာရှိတာများကို အကုန်သေချာစစ်ပေးတာမို့ ပြန်အမ်းငွေရှိမရှိ စစ်ချင်သူများ, လျှောက်ချင်သူများ cb ကနေသော်လည်းကောင်း
GTC Myanmar 🇲🇲-010-3969-4979 သိူ့လည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်
20/02/2026
✅မနေ့က 평택 နဲ့ 충주 세무서 ကနေ ပြန်ဝင်လာတဲ့ လူငယ်ခွန် + မြန်မာဘက် မှီခိုဇနီးသားသမီး အခွန်ပြန်အမ်းငွေပါ 🧧
✅လူငယ်ခွန် ၅နှစ်စာပြန်ရပြီးတဲ့သူတွေကလည်း တနှစ်တနှစ် ဝင်ငွေခွန်ပေးဆောင်ပြီး အလုပ်လုပ်နေကြရင် ကိုရီးယားဘက်မှာမဟုတ် မြန်မာဘက်မှာလည်း ဇနီး, သားသမီးရှိရင် မှီခိုပြန်အမ်းငွေ လျှောက်ယူလို့ရနိုင်ပါတယ်နော်
✅လူငယ်ခွန်အကျုံးဝင်နေသေးတဲ့သူတွေကလည်း ပေါင်းလျှောက်ရင် မိမိ လူငယ်ခွန်ရရမယ့်အမောင့်ထက်ကို ပို များများရတာမို့ ပြန်လည်လျှောက်ယူကြပါနော် ‼️‼️‼️
2020ကနောက်လဆန်းထိပဲလျှောက်လို့ရတာမို့
2020-2024 အတွင်း ပြန်လျှောက်ယူလို့ရတဲ့ အခွန်ငွေမှန်သမျှ အသေးစိတ်တွက်ချက်ပေးနေတာမို့ လာရောက်စစ်ဆေးပြီးလျှောက်ယူနိုင်ပါပြီရှင့်
30/01/2026
မဂ်လာပါရှင့်...page messenger မှာအမေးများတဲ့မေးခွန်းတခုဖြစ်တဲ့
💬အမေးများတဲ့ အခွန်တွေဒီနှစ်မှာအများကြီးဖြတ်သွားပြီး ဘာလို့ လူငယ်ခွန်လျှောက်မရတာလဲ???
💢ကိုရီးယားမှာ အလုပ်လုပ်ကိုင်နေကြသောသူများ အများဆုံး 5နှစ်လျှောက်လို့ရတဲ့ မြန်မာလိုအခေါ်များတဲ့ လူငယ်ခွန်(ဝင်ငွေခွန် ) (ကုမဏိအခွန်) 5နှစ်စာပဲအခွန်လျော့ပေါ့အကျိုးခံစားခွင့် (or) အခွန်ပြန်အမ်းငွေ ရထားပြီးဖြစ်တဲ့အခါ လူငယ်အခွန်ပြန်မရတော့ပါဘူး
💢တဖက်ကလည်း ပုံမှန်အတိုင်း မိမိဝင်ငွေပေါ်လိုက်ပြီး ဝင်ငွေအခွန်က ပေးဆောင်နေရဆဲပါနော်...
မိမိဆောင်ခဲ့တဲ့ဝင်ငွေခွန်များရင် လူငယ်ခွန်လျှောက်လို့မရတာ့ပေမယ့်
မိမိမှာ
(1) လက်ရှိကိုရီးယားမှာ မိမိနာမည်ဖြင့် အိမ်ဌားနေပြီးတလတလအိမ်ရှင်ကို bank transfer ငွေလွဲပြီးနေထိုင်ရင်⬅️
(2) ကိုရီးယားဘက်ဖြစ်ဖြစ် မြန်မာဘက်ဖြစ်ဖြစ် မှီခို ဇနီးနဲ့ သားသမီးတို့ရှိခဲ့မယ်ဆိုရင်⬅️
(3)2024,2025ထဲ အိမ်ထောင်ပြုခဲ့မယ်ဆိုရင်
(2024,2025 ထဲသာ အိမ်ထောင်ပြုသူများသာအများဆုံးထောက်ပံ့ကြေး၅သိန်းဝမ်ထိ)⬅️
(4) ဆေးကုသစရိတ်, card သုံးစွဲမှုတွေ ကုမဏိဘက်ကနှစ်ကုန်စာရင်းရှင်းတမ်းထဲ ထည့်မလျှောက်ပေးခဲ့ရင်⬅️
မိမိတို့မှာရှိကြောင်းသိပြီး ပြန်လျှောက်မှ အစိုးရဘက်မှပြန်ပေးမယ့် အခွန်ငွေ ဖြစ်တာမို့ အခွန်လျော့ပေါ့ပြန်အမ်းငွေ or ထောက်ပံ့ကြေးတွေ ရနိုင်တာမို့ စစ်ဆေးပြီး လျှောက်ယူကြပါနော်...💢💢💢
ပြန်ရစရာရှိမရှိက်ု GTC အသေးစိတ် Tax Service Consulting လုပ်ပေးနေပြီး အခွန်ပိုင်းဆိုင်ရာအတွက် one stop service ရယူနိုင်တာမို့ page messenger မှာသော်လည်းကောင်း ph မှာသော်လည်းကောင်းမေးမြန်းနိုင်ပါတယ်
29/01/2026
☘️ကျွန်မမနေ့ကတင်ပေးတဲ့2025 지급명세서 or 2025 နှစ်ကုန်စာရင်းရှင်းတမ်းဆောင်ရလား ပြန်ရမလားကြည့်နည်း
https://www.facebook.com/share/p/1AX3JdrhiS/?mibextid=wwXIfr
2025 အတွက်က မိမိသက်ဆိုင်ရာကုမဏိတွေကလက်ရှိ အခွန်ရုံးတင်နေဆဲကာလမို့ Hometax မှာမပေါ်သေးပါဘူးနော်
💢တစ်လပိုင်းကနေ သုံးလပိုင်း ၁၀ရက်နေ့နောက်ဆုံးတင်ရမှာမို့ Hometax မှာ 2025 စာအတွက်က နောက် လနှစိလပိုင်းကစစပြီး ကြည့်လို့ရမှာမို့ အချိန်အတိအကျအားဖြင့်တော့ တစ်စက်ရုံနဲ့တစ်စက်ရုံ မတူကြပါဘူး
စက်ရုံ ကုမဏိတွေများတဲ့ မြို့နယ်တွေတော့ နှစိလပိုင်းကုန် နောက်ဆုံး တင်ရမယ့်ရက်ဖြစ်တဲ့ 3လပိုင်း 10ရက်နေ့ထိလည်းကြာတတ်ပါတယ်
☘️၂၀၂၅ အတွင်း ကုမဏိနှစ်ခုအထက်ပြောင်းတဲ့သူတွေလည်း နှစ်နေရာလုပ်ခဲ့တဲ့ အချိန်အပိုင်းခြားအတွက် နှစ်နေရာလုံးကHometax မှာတင်မှာဖြစ်လို့ အမြဲတမ်းဝင်မကြည့်ချင်ရင် 3လပိုင်း 10ရက်နေ့နောက်ပိုင်းကစပြီးဝင်ကြည့်ရင်ရပါတယ်ရှင်
28/01/2026
မဂ်လာပါရှင်...
⭕️연말정산 နှစ်ကုန်စာရင်းရှင်းတမ်း ပြန်အမ်းငွေရမရစစ်ဆေးနည်းလေးမေးထားလို့ mobile phone 📱ကစစ်နည်းလေးတင်ပေးလိုက်ပါတယ်
☘️လောလောဆယ်က ကုမဏိီတွေဘက် 연말정산 간소화 자료 တွေတင်နေချိန် တင်ဆဲကာလမို့ ကုမဏီတွေကအခွန်ရုံးဘက်ကို တွက်ချက်ပြီး တိုင်ကြားနေ, တိုင်ကြားပြီးကောင်းရှိပါလိမ့်မယ်ရှင့်...
☘️တွက်ချက်ပြီး ပြန်ရမရအတွက်က နောက်လဆန်းလောက်ကစပြီး Hometax website မှာ အခွန်ရုံးဘက်ကတင်လောက်ပြီဖြစ်လီု့ စစ်ဆေးချင်သူများ အောက်ပါပုံအတိုင်းစစ်ဆေးလို့ရပါတယ်
☘️နောက်ဆုံး 2025 지급명세서 Hometax မှာပေါ်နေပြီဆိုရင်တော့အောက်ဆုံးနေရာမှာ
မိမိပြန်ရရမယ့်အမောင့်ဆို - (minus )နဲ့ပြပါလိမ့်မယ်
မိမိဘက်ကဆောင်ရမယ့်အမောင့်ဆို - (minus) မပါပါဘူး
(စာရင်းရှင်းတမ်းအတွက် တင်ပေးရမယ့် 자료ကဒီလနောက်ဆုံးမို့ Hometax မှာ အောက်ပါlink အတိုင်းdownload ပြီးကုမဏီဘက်တင်ပြကြဖို့မမေ့ပါနဲ့နော်)
https://www.facebook.com/share/p/16EgJ5P72y/?mibextid=wwXIfr
16/01/2026
မဂ်လာပါရှင်....☘️
-လက်ရှိ နှစ်ကုန်စာရင်းရှင်းတမ်းအတွက် မိမိရဲ့ ၂၀၂၅ နှစ်မှာ သုံးစွဲခဲ့တာတွေ Hometax မှာမနေ့ကစပြီးစစ်ဆေးလို့ရနေပြီးဖြစ်လို့
ကုမဏိီဘက်ကို နှစ်ကုန်စာရင်းရှင်းတမ်းလျှောက်တဲ့အခါ တင်ပြပေးဖို့လိုတဲ့ စာရွက်လေးထုတ်ဖို့ နည်းလေး တင်ပြပေးလိုက်ပါတယ်ရှင်
Phone 📱ကနေထုတ်ယူတဲ့နည်းလေးပါ
(မနက်ကတော့ PCကနေထုတ်ယူတဲ့နည်းလေးတင်ပေးထားပါတယ်)
-ဘယ်ကနေထုတ်ယူယူ KakaoTalk verification card လေးအရင်ရှိဖို့လိုပါတယ်
အရင်ဆုံးKakao card လေးရှိမရှိ စစ်ဆေးပြီး လုပ်တဲ့နည်းကတော့ အောက်ပါlinkအတိုင်းပါရှင့်
https://www.facebook.com/share/p/1Fcj7M4QYb/?mibextid=wwXIfr
-ရလာတဲ့ pdf file ကို save ပြီးမိမိကုမဏီတာဝန်ခံဘက်ကို လကုန်နောက်ဆုံးထားပြီးပို့ပေးရင်ရပါတယ်ရှင့်