05/03/2025
UAE မှာရှိတဲ့ ကျန်းမာရေးအာမခံလိုအပ်ချက်တွေအကြောင်း မျှဝေချင်ပါတယ်။
UAE မှာ ကျန်းမာရေးအာမခံဆိုတာ မဖြစ်မနေလိုအပ်တဲ့အရာဖြစ်ပြီး၊ လူတိုင်းအတွက် လိုအပ်ပါတယ်။
Policy သက်တမ်းက တစ်နှစ်ဖြစ်ပြီး အခြေခံအားဖြင့်
Group Medical Insurance နဲ့ Individual Plan ဆိုပြီး နှစ်မျိုးရှိပါတယ်။
၁။ Group Medical Insurance ဆိုတာ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေအတွက် ထုတ်ပေးတဲ့အာမခံဖြစ်ပါတယ်။
Basic Plan): UAE ဥပဒေအရ၊ ကုမ္ပဏီတိုင်းက ဝန်ထမ်းတွေအတွက် အနည်းဆုံး အခြေခံအစီအစဉ် (Basic Plan) ကို ထုတ်ပေးရပါတယ်။ ဒီအစီအစဉ်က စျေးသက်သာပြီး အခြေခံကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပါတယ်။
အဆင့်မြင့်အစီအစဉ် (Enhanced Plan): ဒီအစီအစဉ်က Medical Benefits တွေနဲ့ Medical Network တွေမှာအားသာပါတယ်။
၂။ Individual Health Insurance Plan
တစ်ဦးချင်းအာမခံဆိုတာ လူတစ်ယောက်ချင်းစီအတွက် သီးသန့်ထုတ်ပေးတဲ့အာမခံဖြစ်ပါတယ်။
Individual Health Insurance Plan ဝယ်ယူတော့မယ်ဆိုရင် ကိုယ်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့ Plan ကိုရွေးချယ်ဝယ်ယူသင့်ပါတယ်။
Premium က တစ်နှစ်တစ်ခါပေးရပြီး Date of Birth, Gender, Copay % , Pre Diagnosis Condition တွေပေါ်မူတည်ပြီး လူတစ်ယောက်ချင်းစီစျေးနှုန်းမတူပါ။
(၁) နှစ်စဉ်အာမခံပမာဏ (Annual Limit Coverage)
ဒီအချက်က သင့်အာမခံပေါ်လစီရဲ့ တစ်နှစ်အတွက် အများဆုံးအာမခံပမာဏ ကိုဖော်ပြပါတယ်။
ဥပမာ - AED 500,000 သို့မဟုတ် AED 1 Million စသည်ဖြင့် ရှိနိုင်ပါတယ်။
(၂) Copay
Copay ဆိုတာ ကုသမှုခံယူတဲ့အခါ သင့်အနေနဲ့ ကိုယ်တိုင်ပေးရမယ့် ရာခိုင်နှုန်း ကိုဆိုလိုပါတယ်။
ဥပမာ - 10% Copay ဆိုရင်၊ ကုသမှုစရိတ် AED 1,000 အတွက် သင့်အနေနဲ့ AED 100 ပေးရမှာဖြစ်ပြီး Insurance Company က AED 900 ကျခံမှာဖြစ်ပါတယ်။
(၃) အာမခံပါဝင်မှုများ (Inclusions)
ဘယ်လိုကုသမှုတွေ ပါဝင်သလဲဆိုတာ သိထားရပါမယ်။
ဥပမာ - ဆေးရုံတက်ကုသမှု၊ ဆေးခန်းပြခြင်း၊ ဓာတ်မှန်၊ MRI၊ ဆေးဝါးများ စသည်တို့ ပါဝင်ပါတယ်။
(၄) အာမခံမပါဝင်မှုများ (Exclusions)
ဘယ်လိုကုသမှုတွေ မပါဝင်ဘူးလဲဆိုတာ သိထားရပါမယ်။
ဥပမာ - အလှအပဆိုင်ရာကုသမှုများ၊ ကြိုတင်ရောဂါများ (Pre-existing Conditions) စသည်တို့ မပါဝင်ပါ။ Pre Existing Condition Declare မလုပ်ထားရင်
(၅) Medical Network
Insurance Plan မှာပါတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို သိထားရပါမယ်။
ဝယ်ယူထားတဲ့ Plan က Medical Network မှာပဲ Insurance Plan က Cover ဖြစ်မှာပါ။
Out of Network ဆိုရင် policy ပေါ်မူတည်ပြီး Coverage တွေမတူနိုင်ပါ။
(၆) ကြိုတင်ရောဂါများ (Pre-existing Conditions)
ကြိုတင်ရောဂါများအတွက် အာမခံပမာဏနဲ့ ကန့်သတ်ချက်တွေကို သိထားရပါမယ်။
ဥပမာ - ကြိုတင်ရောဂါများအတွက် အာမခံပမာဏမှာ AED 150,000 သတ်မှတ်ထားတာမျိုး ဖြစ်နိုင်ပါတယ်။
(၇) အာမခံသက်တမ်းနှင့် သက်တမ်းတိုးခြင်း (Policy Duration and Renewal)
အာမခံပေါ်လစီရဲ့ သက်တမ်းကို သိထားရပါမယ်။
သက်တမ်းကုန်ဆုံးပါက သက်တမ်းတိုးရန် လိုအပ်ပါတယ်။
17/08/2024
Transfers the financial risks to an insurance provider,
Stay Protected and Secure your future!
22/06/2024
Choosing RL360 for your saving and investment needs offers numerous benefits:
Expert Financial Management: RL360 provides access to skilled financial advisors who craft personalized strategies to help you meet your specific financial goals.
Diverse Investment Options: RL360 offers a broad range of investment products, including savings plans, mutual funds, and insurance-linked investments, allowing for effective portfolio diversification.
Global Flexibility: As an international provider, RL360's solutions are designed to be flexible and adaptable to clients worldwide, ensuring that your investments are managed with a global perspective.
16/06/2024
May this Eid bring peace, happiness, and prosperity to everyone.
Eid Mubarak!
13/04/2024
ယနေ့ကျရောက်သော 2024 နှစ်သစ်မှ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းများနှင့်ပြည့်စုံပြီး၊ ရောဂါဘယအပေါင်းမှ ကင်းဝးကြပါစေ။
13/04/2024
✅ Joint Life Insurance Policy
ပူးတွဲအသက်အာမခံသည် အာမခံစာချုပ်တစ်ခုအောက်တွင် လူနှစ်ဦးကို အကျုံးဝင်သော မူဝါဒတစ်ခုဖြစ်ပါတယ်။
✅ဥပမာ အိမ်ထောင်ဖက်နှစ်ယောက်ကို policy တစ်ခုထဲမှာအာမခံထားခြင်းဖြစ်ပြီး နှစ်ယောက်စလုံးမှာ Critical illness (လေဖြတ်ခြင်း သို့ ကင်ဆာ , ကျောက်ကပ် ၊အသဲ၊ နှလုံးရောဂါ) ဖြစ်ခဲ့ရင်လဲ အာမခံပေါ်လစီမှ ဆေးဖိုးစရိတ်အတွက် ငွေကြေးထုတ်ယူနိုင်မှာဖြစ်သလို နှစ်ယောက်ထဲက တစ်ယောက်သေဆုံးသွားခဲ့လျှင်လဲ အာမခံငွေကြေးရရှိမှာဖြစ်တဲ့အတွက် ကျန်တဲ့အိမ်ထောင်ဖက်မှာ ငွေကြေးအခက်အခဲမရှိဘဲ ဆက်လက်နေထိုင်သွားနိုင်မှာဖြစ်ပါတယ်။
✅သေဆုံးသည့်ဖြစ်ရပ်တွင် နှစ်ဖက်စလုံးအတွက် ငွေကြေးအကာအကွယ်ပေးရန်အတွက် အိမ်ထောင်ဖက် သို့မဟုတ် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များက အသုံးများသည်။
✅ပူးတွဲအသက်အာမခံဖြင့်၊ သေခြင်းအကျိုးခံစားခွင့်ကို ပထမအာမခံသူသေဆုံးပြီးနောက် ပုံမှန်အားဖြင့် ပေးဆောင်ရပြီး မူဝါဒသည် ရပ်စဲသွားပါသည်။
24/03/2024
မြန်မာနိုင်ငံမှာ တပေါင်းလပြည့်နေ့ရဲ့ ထူးထူးခြားခြား မင်္ဂလာအခါသမယ ညကောင်းကင်ယံမှာ လင်းထိန်နေတဲ့ လပြည့်ညရဲ့ အလှတရားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဖြူစင်ခြင်း ဉာဏ်အလင်းကို ကိုယ်စားပြုပါတယ်။ ဤနေ့သည် မြန်မာပြက္ခဒိန်၏ နိဂုံးချုပ်ခြင်းဖြစ်ပြီး ဝိညာဏ ကျင့်စဉ်အမျိုးမျိုးဖြင့် ကုသိုလ်ကောင်းမှု ပြုလုပ်သော နေ့ထူးနေ့မြတ်ဖြစ်သည်။
ထို့အပြင် ဤတပေါင်းလပြည့်နေ့တွင် ကျွန်ုပ်တို့၏ဘဝတွင် ဖခင်များနှင့် ဖခင်များ၏ လမ်းညွှန်မှုကို မယိမ်းယိုင်သော ချစ်ခြင်းမေတ္တာ၊ ပံ့ပိုးမှု၊ လမ်းညွှန်မှုများအတွက် ကျေးဇူးအထူးတင်ပြီး ဖခင်များနေ့ကိုလည်း ဂုဏ်ပြုပါသည်။ သူတို့ရဲ့ အနစ်နာခံမှုတွေကနေ သူတို့ရဲ့ ဆိုဆုံးမစကားတွေအထိ၊ ဖခင်တွေဟာ ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာကို ပုံဖော်ပြီး အိပ်မက်တွေကို ပြုစုပျိုးထောင်ရာမှာ အဖိုးမဖြတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
နေရာတိုင်းတွင် ဖခင်များ၏ ကိုယ်ကျိုးမဖက်မှုတို့ကို အသိအမှတ်ပြုကာ ဖခင်များကို ဂုဏ်ပြုလိုက်ပါတယ်။
ဤတပေါင်းလပြည့်နေ့နှင့် အဖေများနေ့သည် မိသားစုနှောင်ကြိုးများနှင့် ရိုးရာဓလေ့များ သာယာလှပစေရန် အတူတကွ ဆင်နွှဲရင်း ပျော်ရွှင်ခြင်း၊ ချစ်ခြင်းမေတ္တာများနှင့် အဓိပ္ပါယ်ရှိသော ဆက်သွယ်မှုများနှင့် ပြည့်စုံကြပါစေ။ ဤနေ့ထူးနေ့မြတ်တွင် အားလုံးကို ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
23/03/2024
✅သင်ဟာ အမှီအခိုကင်းတဲ့လူရွယ်တစ်ယောက်ဆိုပါစို့
လစဉ်ဘဏ်မှာ AED 500 စုမယ်ဆိုပါစို့။
1 month-500 AED
1 year မှာ 6000 AED
10 years 60,000 AED ပဲရရှိမှာဖြစ်ပါတယ်
UAE ငွေကြေးဟာ ခိုင်မာတာကြောင့် ရေရှည်မှာဘဏ်တွေဟာ အတိုးနှုန်းနည်းပါးလေ့ရှိပြီး
AED 60,000 ဝန်းကျင်ပဲရရှိမှာဖြစ်ပါတယ်။
✅အကယ်၍ မိတ်ဆွေဟာ Life protection policy မှာ လစဉ် Premium ကြေး 500 AED သွင်းခဲ့မယ်ဆိုရင်
1 month -500 AED
(သင် နာမကျန်းဖြစ်ခဲ့ရင်ဆေးကုသစရိတ် AED 185,000 , သင်သာတစ်ခုခုဖြစ်သွားခဲ့ရင် မိသားစုဟာ
AED 600,000 ချန်ထားခဲ့နိုင်ပါတယ်)
1 year - 6000 AED
သင် နာမကျန်းဖြစ်ခဲ့ရင်ဆေးကုသစရိတ် AED 185,000 , သင်သာတစ်ခုခုဖြစ်သွားခဲ့ရင် မိသားစုဟာ
AED 600,000 ချန်ထားခဲ့နိုင်ပါတယ်)
10 years- 60,000 AED
သင် နာမကျန်းဖြစ်ခဲ့ရင်ဆေးကုသစရိတ် AED 185,000 , သင်သာတစ်ခုခုဖြစ်သွားခဲ့ရင် မိသားစုဟာ
AED 600,000 ချန်ထားခဲ့နိုင်ပါတယ်)
✅ဆယ်နှစ်ပြည့်တာနဲ့ သင်ဟာ premiumကြေးဆက်လက်သွင်းစရာမလိုတော့ပဲ သင်သွင်းထားခဲ့တဲ့ ငွေတွေဟာ အာမခံပေါ်လစီအောက်မှာဆက်လက်တိုးပွါးသွားမှာဖြစ်တဲ့အတွက် Policy maturity stage ရောက်တဲ့အခါမှာ AED 600,000 ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
✅ဒီကြားကာလမှာလဲ အရေးပေါ်ငွေကြေးလိုအပ်လာခဲ့ရင် policy မှ ငွေကြေးပြန်လည်ထုတ်ယူနိုင်ပါတယ်။
08/03/2024
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ ခံနိုင်ရည်နှင့် ခွန်အားကို ဂုဏ်ပြုကြပါစို့။
Insurance ဟာ policy တစ်ခုတင်မဟုတ်ပါဘူး ၊ အမျိုးသမီးများ စိတ်အေးချမ်းသာမှု၊ လုံခြုံမှုနှင့် အကြောက်တရားကင်းကင်း အိပ်မက်မက်ခွင့်တို့ကို ပေးဆောင်ခြင်းဖြစ်ပါတယ်။
ကျန်းမာရေးကို အကာအကွယ်ပေးခြင်းမှသည် စွန့်ဦးတီထွင်မှု အားကောင်းလာသည်အထိ အာမခံသည် အမျိုးသမီးများ ဘဝ၏မသေချာမရေရာမှုများကို သတ္တိနှင့်ယုံကြည်မှုဖြင့် ရင်ဆိုင်နိုင်စေရန် အာမခံခြင်းဖြင့် စိတ်ပူပန်မှု့မရှိပဲနေထိုင်နိုင်ပါတယ်။
ဒီနေ့မှာတော့ အမျိုးသမီးတွေရဲ့ ခရီးစဉ်တွေကို ဂုဏ်ပြုပြီး သူတို့ရဲ့ အသံတွေကို မြှင့်တင်ပြီး သူတို့ရဲ့ အခွင့်အရေးတွေကို အနိုင်ယူပြီး အမျိုးသမီးတိုင်းရဲ့ အိပ်မက်တွေ ရှင်သန်နိုင်တဲ့ ကမ္ဘာကို အတူတကွ ဖန်တီးနိုင်တယ်ဆိုတာ ဂုဏ်ပြုကြပါစို့။
Happy International Women Day🥳